အကောက်အခွန်ညွှန်ချုပ် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရဲ့ ဒါရိုက်တာဖြစ်နေတဲ့ကိစ္စ ဥပဒေနဲ့ညီညွတ်မှုမရှိ

(စီမံကိန်း၊ ဘဏ္ဍာ‌ရေးနဲ့ စက်မှု၀န်ကြီးဌာနရဲ့ စတုတ္ထတစ်နှစ်တာ လုပ်ဆောင်ချက်များအကြောင်း သတင်းစာရှင်းပွဲကို ၂၀၂၀ ဇွန် ၂၄ရက်နေ့က နေပြည်တော်မှာ ကျင်းပစဉ်) Photo: Thiha Tun /RFA
(Unicode)⤵⤵⤵
တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဦးကျော်ထင်ဟာ၊ လက်ရှိ အကောက်အခွန်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတာဟာ၊ ဥပဒေနဲ့ မညီညွတ်တဲ့အတွက် သမ္မတက ပြန်လည်သုံးသပ်နေတယ်လို့ စီမံကိန်း၊ဘဏ္ဍာ‌ရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ စီမံကိန်း၊ ဘဏ္ဍာ‌ရေးနဲ့ စက်မှုဝန်ကြီးဌာနရဲ့ စတုတ္ထတစ်နှစ်တာ လုပ်ဆောင်ချက်များအကြောင်း သတင်းစာရှင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

စီမံကိန်း၊ ဘဏ္ဍာ‌ရေးနဲ့ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အကောက်အခွန်ဦးစီးဌာနရဲ့ ညွှန်ချုပ်ဟာ၊ တပ်မတော်အရာရှိဟောင်းဖြစ်ပြီး၊ လက်ရှိမှာလည်း တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်နေတာဟာ ပုဂ္ဂိုလ်အရေးအကျိုးစီးပွားအရ မေးခွန်းထုတ်စရာဖြစ်နေကြောင်း Myanmar Now သတင်းထောက်က မေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲဒီလို မေးမြန်းရာမှာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “အဲဒီကိစ္စ လူပြောများလာတဲ့အတွက် ရှေ့နေချုပ်ရုံးကို တင်ပြခဲ့ကြောင်း၊ ရှေ့နေချုပ်ရုံးက စိစစ်ပြီးတဲ့အခါ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ဒီအတွက် သမ္မတရုံးထံ တင်ပြထားပြီး၊ သမတရုံးရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ပြန်လည်ဖြေကြားခဲ့ပါတယ်။

တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်ကနေ၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် စစ်မှုထမ်းဟောင်းတောင်းလို့ ကျနော်တို့ ဌာနအနေနဲ့ ပေးထားတာဖြစ်ပါတယ်လို့လည်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းပြသွားပါတယ်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့- MATA က ဒီကိစ္စကို အရေးယူပေးဖို့ ဇွန်လ-၁၈ ရက် ရက်စွဲနဲ့ သမ္မတထံ တိုက်ရိုက်စာရေးတိုင်ကြားခဲ့ပြီးတဲ့နောက်၊ အဲဒီကိစ္စအပေါ် သတင်းမီဒီယာတွေက မေးခွန်းထုတ်မေးမြန်းခဲ့တာလည်း ဖြစ်ပါတယ်။

RFA Burmese
------------------------------------
(Zawgyi)⤵⤵⤵
အေကာက္အခြန္ၫႊန္ခ်ဳပ္ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္ရဲ႕ ဒါ႐ိုက္တာျဖစ္ေနတဲ့ကိစၥ ဥပေဒနဲ႔ညီၫြတ္မႈမရွိ

တပ္မေတာ္ပိုင္ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္ရဲ႕ ဒါ႐ိုက္တာဘုတ္အဖြဲ႕၀င္ ဦးေက်ာ္ထင္ဟာ၊ လက္ရွိ အေကာက္အခြန္ဦးစီးဌာနရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္အျဖစ္ တာ၀န္ထမ္းေဆာင္ေနတာဟာ၊ ဥပေဒနဲ႔ မညီၫြတ္တဲ့အတြက္ သမၼတက ျပန္လည္သုံးသပ္ေနတယ္လို႔ စီမံကိန္း၊ဘ႑ာ‌ေရးနဲ႔ စက္မႈ၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးေမာင္ေမာင္၀င္းက ေျပာၾကားလိုက္ပါတယ္။

ဒီကေန႔ ေနျပည္ေတာ္မွာက်င္းပတဲ့ စီမံကိန္း၊ ဘ႑ာ‌ေရးနဲ႔ စက္မႈ၀န္ႀကီးဌာနရဲ႕ စတုတၳတစ္ႏွစ္တာ လုပ္ေဆာင္ခ်က္မ်ားအေၾကာင္း သတင္းစာရွင္းပြဲမွာ အဲဒီလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

စီမံကိန္း၊ ဘ႑ာ‌ေရးနဲ႔ စက္မႈ၀န္ႀကီးဌာန လက္ေအာက္ရွိ အေကာက္အခြန္ဦးစီးဌာနရဲ႕ ၫႊန္ခ်ဳပ္ဟာ၊ တပ္မေတာ္အရာရွိေဟာင္းျဖစ္ၿပီး၊ လက္ရွိမွာလည္း တပ္မေတာ္ပိုင္ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္ရဲ႕ ဒါ႐ိုက္တာဘုတ္အဖြဲ႕၀င္ျဖစ္ေနတာဟာ ပုဂၢိဳလ္အေရးအက်ိဳးစီးပြားအရ ေမးခြန္းထုတ္စရာျဖစ္ေနေၾကာင္း Myanmar Now သတင္းေထာက္က ေမးခြန္းေမးျမန္းခဲ့တာျဖစ္ပါတယ္။

အဲဒီလို ေမးျမန္းရာမွာ ဒု၀န္ႀကီး ဦးေမာင္ေမာင္၀င္းက “အဲဒီကိစၥ လူေျပာမ်ားလာတဲ့အတြက္ ေရွ႕ေနခ်ဳပ္႐ုံးကို တင္ျပခဲ့ေၾကာင္း၊ ေရွ႕ေနခ်ဳပ္႐ုံးက စိစစ္ၿပီးတဲ့အခါ ဥပေဒနဲ႔ မညီၫြတ္ဘူးလို႔ ဆုံးျဖတ္ခဲ့ေၾကာင္း၊ ဒီအတြက္ သမၼတ႐ုံးထံ တင္ျပထားၿပီး၊ သမတ႐ုံးရဲ႕ လမ္းၫႊန္ခ်က္အတိုင္း ဆက္လက္ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း” ျပန္လည္ေျဖၾကားခဲ့ပါတယ္။

တပ္မေတာ္ပိုင္ ျမန္မာ့စီးပြားေရးဦးပိုင္လီမီတက္ကေန၊ ဒါ႐ိုက္တာဘုတ္အဖြဲ႕၀င္အျဖစ္ စစ္မႈထမ္းေဟာင္းေတာင္းလို႔ က်ေနာ္တို႔ ဌာနအေနနဲ႔ ေပးထားတာျဖစ္ပါတယ္လို႔လည္း ဒု၀န္ႀကီး ဦးေမာင္ေမာင္၀င္းက ရွင္းျပသြားပါတယ္။

ျမန္မာႏိုင္ငံ ပြင့္လင္းျမင္သာမႈနဲ႔ တာ၀န္ယူမႈ၊ တာ၀န္ခံမႈဆိုင္ရာ အရပ္ဘက္မဟာမိတ္အဖြဲ႕- MATA က ဒီကိစၥကို အေရးယူေပးဖို႔ ဇြန္လ-၁၈ ရက္ ရက္စြဲနဲ႔ သမၼတထံ တိုက္႐ိုက္စာေရးတိုင္ၾကားခဲ့ၿပီးတဲ့ေနာက္၊ အဲဒီကိစၥအေပၚ သတင္းမီဒီယာေတြက ေမးခြန္းထုတ္ေမးျမန္းခဲ့တာလည္း ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
အကောက်အခွန်ညွှန်ချုပ် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရဲ့ ဒါရိုက်တာဖြစ်နေတဲ့ကိစ္စ ဥပဒေနဲ့ညီညွတ်မှုမရှိ အကောက်အခွန်ညွှန်ချုပ် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရဲ့ ဒါရိုက်တာဖြစ်နေတဲ့ကိစ္စ ဥပဒေနဲ့ညီညွတ်မှုမရှိ Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.