ရန်ကုန်တိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို အလုပ်ဖြစ်-မဖြစ်

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
(Unicode)⤵⤵⤵
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ အဆိုကို ရန်ကုန်တိုင်းလွှတ်တော်မှာ တင်သွင်းတာနဲ့ ပတ်သက်လို့ ဒီဟာက နိုင်ငံရေးအရ ဘယ်လောက်ထိ သက်ရောက်မှု ရှိနိုင်မလဲဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမြင်ကို ပြောပြပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက တင်ဆက်ပေးပါမယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (ဓာတ်ပုံ - U Phyo Min Thein's Facebook)
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို တိုင်းလွတ်တော်ကိုယ်စားလှယ် ၃၀ ကျော်က လက်မှတ်ရေးထိုးပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌကို ဇွန်လ ၅ ရက် လွှတ်တော်အရေးပေါ် အစည်းအဝေးရဲ့ နောက်ဆုံးနေ့က တင်ပြခဲ့ကြတာပါ။

ဒီအဆိုကို လွှတ်တော်မှာ တင်သွင်းထားပေမယ့် လက်ရှိအစိုးရရဲ့ သက်တမ်း ကုန်ခါနီးနေပြီးဖြစ်တာကြောင့် သိပ်ပြီးတော့ အကျိုးသက်ရောက်မှု ထူးထူးခြားခြားရှိလာမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါမေစိုးက သုံးသပ်ပါတယ်။

“လုပ်တာကတော့ သူက စတက်ကတည်းကကို အလုပ်ကတော့ လုပ်နေတာပေါ့နော်။ လုပ်တယ်ဆိုပေမဲ့လည်း တကယ်ပြည်သူလူထုအတွက် ကောင်းတဲ့ဟာတွေ လုပ်ထားတာတွေလည်း ရှိတယ်ပေါ့နော်။ ဒါပေမဲ့ အကြီးတွေကျတော့ မလုပ်နိုင်သေးတာ၊ မဖြစ်နိုင်သေးတာတွေလည်း ပါတာပေါ့နော်။ အဲ့ဒီအပေါ်မှာတော့ ဝေဖန်မှုတွေက အရမ်းကို မြင့်တက်တာပေါ့နော်၊ ရန်ကုန်တိုင်းဆိုတာကလည်း အရင်ကဆိုရင် မြို့တော် အခုဆိုရင် စီးပွားရေးမြို့တော်ပေါ့ဆိုတော့ လူနေမှုလည်း သိပ်သည်းတယ်။ လူတန်းစားအလွှာတွေကလည်း အစုံရှိတယ်။ အဲ့တော့လည်း ဝေဖန်သုံးသပ်ချင်စရာတွေကလည်း ပိုများတာပေါ့။ သုံးသပ်စရာကောင်းတဲ့ အကြောင်းအရာတွေက များလာတာပေါ့။ အဲ့တာကြောင့်မို့လို့လည်း ဒီလိုမျိုးဖြစ်တာပေါ့။”

ဗိုလ်တထောင်ဘုရားမှာ ကိုဗစ်ကာလ လူစုလူဝေးဖြစ်စေခဲ့တဲ့ကိစ္စ အပါအဝင် ဘတ်ဂျက် စီမံခန့်ခွဲမှု ကိစ္စတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ အဆိုတင်သွင်းဖို့ လက်မှတ်ထိုး ထောက်ခံခဲ့တာဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ရန်ကုန်တိုင်းလွှတ်တော်အမတ်လည်းဖြစ်သူ ဦးကျော်ဇေယျက ပြောပါတယ်။

ဒီလို လုပ်ရတာက နိုင်ငံရေးအရ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ နိုင်ငံရဲ့ ဥပဒေပြုမဏ္ဍိုင်ကို အဓိကထားပြီး တာဝန်ထမ်းဆောင်တာဖြစ်တယ်လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

“ကျနော်တို့ အခုဒါ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပေါ့၊ ဒီလွှတ်တော်မှာ ဒါကမဖြစ်မနေ အတည်ပြုနိုင်ဖို့အတွက် လုပ်တဲ့အခါမှာ မဲခွဲပြီး ဆုံးဖြတ်ရမှာပေါ့၊ သို့သော်လည်းပဲ အဲ့က မဲရလာဒ်က အတည်ပြုနိုင်သည်ဖြစ်စေ၊ မှတ်တမ်းပဲ ထားနိုင်သည်ဖြစ်စေ ကျနော်တို့ကတော့ ဒါဟာ အားပါတဲ့ပါတီရဲ့ မဲရလာဒ်ကြောင့် ဒီဟာ ပြည်သူလူထုရဲ့ သဘောထားမမှန်ဘူးလို့ပဲ ယူဆတယ်။ တကယ့်အဖြေ၊ တကယ်အတည်ပြုနိုင်၊ မပြုနိုင်ဆိုတာက ကျနော့်အမြင်တော့ ၂၀၂၀ ရွေးကောက်ပွဲကာလ အဖြေထွက်မှပဲ သိမယ်။ ကျနော်တို့ကတော့ ဒါနိုင်ငံရေးအရ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ဥပဒေပြုရေမဏ္ဍိုင်ကို အဓိကထား တာဝန်ထမ်းဆောင် နေတာဖြစ်တယ်။ ကျနော်တို့ ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ အတည်ပြုလိုက်တဲ့ ဥပဒေဟာ ကိုယ်တင်မြှောက်လိုက်တဲ့ အစိုးရကတော့ လိုက်နာခြင်းမရှိဘူးဆိုရင် ပြည်သူကလည်း ဘယ်လိုမှ လိုက်နာမှာမဟုတ်ဘူး။ အဲ့ဒီအတွက် ရည်ရွယ်ချက်နဲ့ကို ကျနော်တို့က လုပ်လိုက်တာပဲ။”

အခုလက်ရှိ လွှတ်တော်နားနေချိန်မှာ ဒီအဆိုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေကို လုပ်နေရမှာဖြစ်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောအရ လွှတ်တော် ပုံမှန်ပြန်စချိန် ဒါမှမဟုတ် အရေးပေါ် ပြန်ခေါ်ရင် ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြမယ်လို့ဆိုပါတယ်။

ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်တဲ့အဆိုတင်တာနဲ့ပတ်သက်လို့ ဦးဖြိုးမင်းသိန်းရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ လူထုရဲ့ ထောက်ခံမှုတွေက ပိုမိုမြင့်တက်လာနေတာကို တွေ့ရတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

“ကျနော်တို့ ဟို တင်တယ်ဆိုတဲ့ သတင်းကြားတာပေါ့နော်။ အဲ့သတင်းကြားတယ်လို့ အပြင်မှာ မီဒီယာတွေမှာ ရေးသားလာတယ် ပြောဆိုလာတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ လူထုရဲ့ ထောက်ခံမှု အရှိန်ကတော့ ကျနော်တို့ ပိုပြီးတော့ မြင့်တက်လာတာကို တွေ့ရတယ်၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ထောက်ခံပါသည်၊ ဝန်းရံပါသည်၊ ကြိုဆိုပါသည်၊ ဆက်လက်ပြီးတော့ ဆောင်ရွက်ပါ ဆိုတဲ့ဟာတွေတောင်မှ ကျနော်တို့တွေ့ရတယ်ပေါ့နော်။ အဲ့လိုဆိုတော့ လွှတ်တော်ကနေပြီးတော့ ဘယ်လိုမျိုးအနေနဲ့ ဆုံးဖြတ်မယ်ဆိုတာတော့ ကျနော်တို့ မသိရသေးဘူးပေါ့၊ ဒါပေမဲ့ အခုလိုမျိုးဆောင်ရွက်လိုက်တဲ့အပေါ်မှာတော့ ဝန်ကြီးချုပ်ကိုထောက်ခံတဲ့ဟာက ပိုပြီးတော့ မြင့်တက်လာတယ်ဆိုတာကိုတော့ ကျနော်ပြောချင်တယ်။”

အခြေခံဥပဒေအရ ဝန်ကြီးချုပ်ကို လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံက လက်မှတ်ရေးထိုးပြီး စွပ်စွဲပြစ်တင်ချက်ကို လွှတ်တော်ဥက္ကဋ္ဌကို တင်ပြရမှာဖြစ်ပါတယ်။ ဒါကို လွှတ်တော်ဥက္ကဋ္ဌက စုံစမ်း စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စွပ်စွဲချက်ကို စစ်ဆေးရမှာပါ။ ဒီစွပ်စွဲပြစ်တင်မှု အထမြောက်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် ၃ပုံ ၂ ပုံရဲ့ ထောက်ခံမဲ ရရှိဖို့လိုအပ်ပါတယ်။ လက်ရှိ ရန်ကုန်တိုင်းလွတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ ၉၅ ရာခိုင်နှုန်းက NLD အမတ်တွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ပြည်သူ့လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ပြန်လည်ရုပ်သိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် NLD ပါတီ ဦးဆောင်တဲ့ လွတ်တော်ရဲ့ ထောက်ခံမှုမရရှိခဲ့တဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ပါတယ်ရှင်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္အေပၚ အယုံအၾကည္မရွိအဆို အလုပ္ျဖစ္-မျဖစ္

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္တဲ့ အဆိုကို ရန္ကုန္တိုင္းလႊတ္ေတာ္မွာ တင္သြင္းတာနဲ႔ ပတ္သက္လို႔ ဒီဟာက ႏိုင္ငံေရးအရ ဘယ္ေလာက္ထိ သက္ေရာက္မႈ ရွိႏိုင္မလဲဆိုတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အျမင္ကို ေျပာျပေပးပါမယ္။ ဒီအေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက တင္ဆက္ေပးပါမယ္။

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို အယုံအၾကည္မရွိေၾကာင္း စြပ္စြဲ ျပစ္တင္တဲ့ အဆိုကို တိုင္းလြတ္ေတာ္ကိုယ္စားလွယ္ ၃၀ ေက်ာ္က လက္မွတ္ေရးထိုးၿပီး ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠ႒ကို ဇြန္လ ၅ ရက္ လႊတ္ေတာ္အေရးေပၚ အစည္းအေဝးရဲ႕ ေနာက္ဆုံးေန႔က တင္ျပခဲ့ၾကတာပါ။

ဒီအဆိုကို လႊတ္ေတာ္မွာ တင္သြင္းထားေပမယ့္ လက္ရွိအစိုးရရဲ႕ သက္တမ္း ကုန္ခါနီးေနၿပီးျဖစ္တာေၾကာင့္ သိပ္ၿပီးေတာ့ အက်ိဳးသက္ေရာက္မႈ ထူးထူးျခားျခားရွိလာမွာ မဟုတ္ဘူးလို႔ ရန္ကုန္တိုင္း ဗိုလ္တေထာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါေမစိုးက သုံးသပ္ပါတယ္။

“လုပ္တာကေတာ့ သူက စတက္ကတည္းကကို အလုပ္ကေတာ့ လုပ္ေနတာေပါ့ေနာ္။ လုပ္တယ္ဆိုေပမဲ့လည္း တကယ္ျပည္သူလူထုအတြက္ ေကာင္းတဲ့ဟာေတြ လုပ္ထားတာေတြလည္း ရွိတယ္ေပါ့ေနာ္။ ဒါေပမဲ့ အႀကီးေတြက်ေတာ့ မလုပ္ႏိုင္ေသးတာ၊ မျဖစ္ႏိုင္ေသးတာေတြလည္း ပါတာေပါ့ေနာ္။ အဲ့ဒီအေပၚမွာေတာ့ ေဝဖန္မႈေတြက အရမ္းကို ျမင့္တက္တာေပါ့ေနာ္၊ ရန္ကုန္တိုင္းဆိုတာကလည္း အရင္ကဆိုရင္ ၿမိဳ႕ေတာ္ အခုဆိုရင္ စီးပြားေရးၿမိဳ႕ေတာ္ေပါ့ဆိုေတာ့ လူေနမႈလည္း သိပ္သည္းတယ္။ လူတန္းစားအလႊာေတြကလည္း အစုံရွိတယ္။ အဲ့ေတာ့လည္း ေဝဖန္သုံးသပ္ခ်င္စရာေတြကလည္း ပိုမ်ားတာေပါ့။ သုံးသပ္စရာေကာင္းတဲ့ အေၾကာင္းအရာေတြက မ်ားလာတာေပါ့။ အဲ့တာေၾကာင့္မို႔လို႔လည္း ဒီလိုမ်ိဳးျဖစ္တာေပါ့။”

ဗိုလ္တေထာင္ဘုရားမွာ ကိုဗစ္ကာလ လူစုလူေဝးျဖစ္ေစခဲ့တဲ့ကိစၥ အပါအဝင္ ဘတ္ဂ်က္ စီမံခန႔္ခြဲမႈ ကိစၥေတြနဲ႔ ပတ္သက္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္တဲ့ အဆိုတင္သြင္းဖို႔ လက္မွတ္ထိုး ေထာက္ခံခဲ့တာျဖစ္တယ္လို႔ ျပည္သူ႔ေရွ႕ေဆာင္ပါတီရဲ႕ ဒုတိယဥကၠ႒လည္းျဖစ္ ရန္ကုန္တိုင္းလႊတ္ေတာ္အမတ္လည္းျဖစ္သူ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

ဒီလို လုပ္ရတာက ႏိုင္ငံေရးအရ လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ ႏိုင္ငံရဲ႕ ဥပေဒျပဳမ႑ိဳင္ကို အဓိကထားၿပီး တာဝန္ထမ္းေဆာင္တာျဖစ္တယ္လို႔ ဦးေက်ာ္ေဇယ်က ဆိုပါတယ္။

“က်ေနာ္တို႔ အခုဒါ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ေပါ့၊ ဒီလႊတ္ေတာ္မွာ ဒါကမျဖစ္မေန အတည္ျပဳႏိုင္ဖို႔အတြက္ လုပ္တဲ့အခါမွာ မဲခြဲၿပီး ဆုံးျဖတ္ရမွာေပါ့၊ သို႔ေသာ္လည္းပဲ အဲ့က မဲရလာဒ္က အတည္ျပဳႏိုင္သည္ျဖစ္ေစ၊ မွတ္တမ္းပဲ ထားႏိုင္သည္ျဖစ္ေစ က်ေနာ္တို႔ကေတာ့ ဒါဟာ အားပါတဲ့ပါတီရဲ႕ မဲရလာဒ္ေၾကာင့္ ဒီဟာ ျပည္သူလူထုရဲ႕ သေဘာထားမမွန္ဘူးလို႔ပဲ ယူဆတယ္။ တကယ့္အေျဖ၊ တကယ္အတည္ျပဳႏိုင္၊ မျပဳႏိုင္ဆိုတာက က်ေနာ့္အျမင္ေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲကာလ အေျဖထြက္မွပဲ သိမယ္။ က်ေနာ္တို႔ကေတာ့ ဒါႏိုင္ငံေရးအရ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အေနနဲ႔ ဥပေဒျပဳေရမ႑ိဳင္ကို အဓိကထား တာဝန္ထမ္းေဆာင္ ေနတာျဖစ္တယ္။ က်ေနာ္တို႔ ထုတ္ျပန္လိုက္တဲ့ ဥပေဒဟာ အတည္ျပဳလိုက္တဲ့ ဥပေဒဟာ ကိုယ္တင္ေျမႇာက္လိုက္တဲ့ အစိုးရကေတာ့ လိုက္နာျခင္းမရွိဘူးဆိုရင္ ျပည္သူကလည္း ဘယ္လိုမွ လိုက္နာမွာမဟုတ္ဘူး။ အဲ့ဒီအတြက္ ရည္႐ြယ္ခ်က္နဲ႔ကို က်ေနာ္တို႔က လုပ္လိုက္တာပဲ။”

အခုလက္ရွိ လႊတ္ေတာ္နားေနခ်ိန္မွာ ဒီအဆိုနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးတာေတြကို လုပ္ေနရမွာျဖစ္ၿပီးေတာ့ လႊတ္ေတာ္ဥကၠ႒ရဲ႕ သေဘာအရ လႊတ္ေတာ္ ပုံမွန္ျပန္စခ်ိန္ ဒါမွမဟုတ္ အေရးေပၚ ျပန္ေခၚရင္ ဒီအဆိုကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေဆြးေႏြးၾကမယ္လို႔ဆိုပါတယ္။

ဦးၿဖိဳးမင္းသိန္းကို စြပ္စြဲျပစ္တင္တဲ့အဆိုတင္တာနဲ႔ပတ္သက္လို႔ ဦးၿဖိဳးမင္းသိန္းရဲ႕ လုပ္ေဆာင္မႈေတြအေပၚမွာ လူထုရဲ႕ ေထာက္ခံမႈေတြက ပိုမိုျမင့္တက္လာေနတာကို ေတြ႕ရတယ္လို႔ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက ေျပာပါတယ္။

“က်ေနာ္တို႔ ဟို တင္တယ္ဆိုတဲ့ သတင္းၾကားတာေပါ့ေနာ္။ အဲ့သတင္းၾကားတယ္လို႔ အျပင္မွာ မီဒီယာေတြမွာ ေရးသားလာတယ္ ေျပာဆိုလာတယ္ဆိုတဲ့ အေပၚမွာ မူတည္ၿပီးေတာ့ လူထုရဲ႕ ေထာက္ခံမႈ အရွိန္ကေတာ့ က်ေနာ္တို႔ ပိုၿပီးေတာ့ ျမင့္တက္လာတာကို ေတြ႕ရတယ္၊ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို ေထာက္ခံပါသည္၊ ဝန္းရံပါသည္၊ ႀကိဳဆိုပါသည္၊ ဆက္လက္ၿပီးေတာ့ ေဆာင္႐ြက္ပါ ဆိုတဲ့ဟာေတြေတာင္မွ က်ေနာ္တို႔ေတြ႕ရတယ္ေပါ့ေနာ္။ အဲ့လိုဆိုေတာ့ လႊတ္ေတာ္ကေနၿပီးေတာ့ ဘယ္လိုမ်ိဳးအေနနဲ႔ ဆုံးျဖတ္မယ္ဆိုတာေတာ့ က်ေနာ္တို႔ မသိရေသးဘူးေပါ့၊ ဒါေပမဲ့ အခုလိုမ်ိဳးေဆာင္႐ြက္လိုက္တဲ့အေပၚမွာေတာ့ ဝန္ႀကီးခ်ဳပ္ကိုေထာက္ခံတဲ့ဟာက ပိုၿပီးေတာ့ ျမင့္တက္လာတယ္ဆိုတာကိုေတာ့ က်ေနာ္ေျပာခ်င္တယ္။”

အေျခခံဥပေဒအရ ဝန္ႀကီးခ်ဳပ္ကို လႊတ္ေတာ္ကိုယ္စားလွယ္ ၄ ပုံ ၁ ပုံက လက္မွတ္ေရးထိုးၿပီး စြပ္စြဲျပစ္တင္ခ်က္ကို လႊတ္ေတာ္ဥကၠ႒ကို တင္ျပရမွာျဖစ္ပါတယ္။ ဒါကို လႊတ္ေတာ္ဥကၠ႒က စုံစမ္း စစ္ေဆးေရးအဖြဲ႕ဖြဲ႕ၿပီး စြပ္စြဲခ်က္ကို စစ္ေဆးရမွာပါ။ ဒီစြပ္စြဲျပစ္တင္မႈ အထေျမာက္ဖို႔အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ ၃ပုံ ၂ ပုံရဲ႕ ေထာက္ခံမဲ ရရွိဖို႔လိုအပ္ပါတယ္။ လက္ရွိ ရန္ကုန္တိုင္းလြတ္ေတာ္မွာ ေ႐ြးေကာက္ခံကိုယ္စားလွယ္ေတြရဲ႕ ၉၅ ရာခိုင္ႏႈန္းက NLD အမတ္ေတြျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကလည္း ျပည္သူ႔လႊတ္ေတာ္မွာ ျပည္ခိုင္ၿဖိဳးပါတီက ဦးေဆာင္ၿပီး တပ္မေတာ္သားကိုယ္စားလွယ္ေတြရဲ႕ ေထာက္ခံမႈနဲ႔ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို တာဝန္က ျပန္လည္႐ုပ္သိမ္းဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ NLD ပါတီ ဦးေဆာင္တဲ့ လြတ္ေတာ္ရဲ႕ ေထာက္ခံမႈမရရွိခဲ့တဲ့အတြက္ အဆိုရႈံးနိမ့္ခဲ့ပါတယ္ရွင္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/yangon-pm-phyo-min-thein/5453764.html
ရန်ကုန်တိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို အလုပ်ဖြစ်-မဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို အလုပ်ဖြစ်-မဖြစ် Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.