ကိုဗစ်ကာလ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်လာသူများရှိနေ၍ မောင်တောဒေသခံများစိုးရိမ်


(Unicode)⤵⤵⤵
နိရဉ္စရာ၊ ဇွန် ၈/၂ဝ၂ဝ

ကိုဗစ်အနီရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား ခရိုင် အတွင်းမှ မူဆလင်ဒုက္ခသည်များ နယ်စပ် ဝင်ပေါက်များမှ တစ်ဆင့် မောင်တောခရိုင်အတွင်းသို့ တရားမဝင် ပြန်လည် ဝင်ရောက်မှုများရှိနေ၍ ကိုဗစ်အန္တရာယ်ကို အထူးစိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

 “ဒီမှာက လူမျိုးပေါင်းစုံနေတဲ့နေရာဖြစ်နေတယ်။ လူမျိုးရေးခွဲခြားလို့ပြောတာလည်း မဟုတ်ဘူး။ သူတို့က မြို့ထဲမှာသွားလာတာတွေ အတော်များတယ်။ ဖြစ်လာရင်ဘယ်သူ့ဆီမှာ ကူးစက်မယ်မှန်း မသိဘူး။ အသွားအလာကများတာကိုး။ ကျွန်မတို့မောင်တောအတွက်တော့ သိပ်ရင်လေးစရာပါ။ ဟင်းသီးဟင်းရွက်တွေဆိုလည်း မူဆလင်လည်း ရောင်းတယ်။ ရခိုင်လည်း ရောင်းတယ်။ အဲဒီ ဟင်းသီးဟင်းရွက်တွေ ရောင်းဝယ်တဲ့အခါ ကူးစက်နိုင်လားဆိုပြီး ကျွန်မတို့ အမျိုးမျိုး ကြောင့်ကြ နေရတယ်”ဟု မောင်တောမြို့ ရပ်ကွက် (၃)မှ မခင်သန္တာက နိရဉ္စရာသတင်းဌာနအား ပြောသည်။

မောင်တောဒေသနှင့် နတ်မြစ်တစ်ခုတည်းသာခြားသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင်တစ်ခုတည်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂ဝ သေဆုံးပြီး လူပေါင်း ၈၉ဝ ဦးတွင် ရောဂါကူးစက်ခံရပြီးနောက် ၎င်းခရိုင်အား နိုင်ငံ၏ပထမဆုံး ကိုဗစ်အနီရောင်ဇုန် အဖြစ် မေလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးတွင်လည်း ဇွန်လပထမပတ်အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ခြောက်သောင်းကျော်ရှိပြီး သေဆုံးသူ ၈ဝဝ ကျော်သွားပြီဖြစ်သည်။ မောင်တောဒေသမှ ထွက်ပြေး သွားသည့် မူဆလင်များနေထိုင်သည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းများတွင်လည်း ရောဂါ ကူးစက်မှုများရှိနေသည်ဟု သိရသည်။

မြန်မာဘက်မှထွက်ပြေးသွားသည့်မူဆလင်များနေထိုင်သော ဘင်္ဂလာဒေ့ရှ်နိုင်ငံ သံခါလီ ဒုက္ခသည်စခန်းမှ မူဆလင် (၅)ဦးသည် မေလ ၃ဝ ရက်နေ့က မောင်တောမြို့နယ် လိပ်ရကျေးရွာမှတဆင့် လူဦးရေထောင်ချီရှိသည့် ဦးရှည်ကျကျေးရွာသို့ ခိုးဝင်လာခဲ့သည်။

ယင်းနောက် ၎င်းတို့ထဲမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းနေ့တွင်ပင် ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ တရားမဝင် ပြန်လည် ဝင်ရောက် လာသည့် မူဆင်အမျိုးသားတစ်ဦးနှင့် ဟိန္ဒူအမျိုးသားတစ်ဦးတို့ကို ဖမ်းမိခဲ့သည်။ ဇွန်လ ၅ ရက် နေ့တွင်လည်း မောင်တောမြို့နယ်စပ်မှ တစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် အမျိုးသမီး၊ ကလေးငယ်များအပါအဝင် မူဆလင် ၈ ဦးကို ဘူးသီးတောင်မြို့နယ်တွင် ထပ်မံဖမ်းမိခဲ့ပြန်သည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ တရားမဝင် ဝင်လာတာ ဘူးသီးတောင်မှာ အယောက် တစ်ဆယ်ကျော် ရှိတယ်။ သူတို့က ရှစ်ယောက်လို့ပြောပေမဲ့ မကဘူး။ မောင်တောကဝင်လာတာ။ မောင်တောက ဝင်မှ ဘူးသီးတောင်ကိုရောက်တာ။ မောင်တောမှာဘယ်လောက်ရှိမယ်မှန်းမသိဘူး။ သတင်းအတိအကျ မထုတ်ပြန်တာပဲရှိမယ်။ တာဝန်ရှိတဲ့အစိုးရတွေက ဒီဟာကိုစီမံခန့်ခွဲမှုမလုပ်ဘူး။ လွှတ်ထားတာက တမင်တကာဒီလိုလုပ်နေတာလားလို့ထင်မိတယ်”ဟု ပြောသည်။

 မောင်တောခရိုင်ဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ နယ်စပ်မှ မူဆလင်များ တရားမဝင် ဝင်ရောက်နေကြခြင်းမှာ နယ်စပ်ခြံစည်းရိုးမလုံသည့်အပြင် နယ်ခြားစောင့်တပ်များအား အေအေနှင့် အာဆာအဖွဲ့များက တိုက်ခိုက်မှုများရှိနေခြင်းကြောင့် တားဆီးရန် မတတ်နိုင်ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိရဉ္စရာကို ပြောသည်။

“ကျွန်တော်တို့နယ်စပ်မှာ အပေါက်တွေလည်းအများကြီးပဲ။ ဝင်လို့ရတဲ့ခြံစည်းရိုးမကာနိုင်သေးတဲ့နေရာ အားနည်းချက်တွေလည်း အများကြီးပဲ။ ခြံစည်းရိုးကာလည်း လုံခြုံရေးတွေကလည်း အခုကာလ မှာ ARSA က တိုက်လိုက်၊ အေအေက တိုက်လိုက်နဲ့မို့ လုံခြုံရေးလည်း သိပ် သွားလို့ မရတာတွေ အများကြီးပဲ”ဟု သူက ပြောသည်။

 မောင်တောနယ်စပ်သို့ တစ်ဘက်ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ခိုးဝင်မှုများမရှိစေရန်အတွက် ပေါက်ပြဲ ပျက်စီးနေသည့် နယ်စပ်ခြံစည်းရိုးများအား ပြန်ပြင်ရန်နှင့် အဆင့်မြှင့်တင်ရန်အတွက်ဟုဆိုကာ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်ကြီးများ၊ အဖွဲ့အစည်းများထံမှ အလှူငွေများလည်း ကောက်ခံခဲ့သေးသည်။

ယင်းနောက် ဒီဇင်ဘာလအထိ အလှူရှင်များထံမှ လှူဒါန်းငွေ ၁၈ ဘီလီယံခန့် ရရှိထားပြီး နယ်စပ် ခြံစည်းရိုး ကာရံရန်အတွက် ဘီလီယံ ၆ဝ ခွင့်ပြုပေးထားကြောင်း၊ ခြံစည်းရိုးကို ခိုင်မာ တောင့်တင်း အောင်ကာရံပြီး နယ်စပ်လုံခြုံရေးတပ်ဖွဲ့များဖြင့် အဆင့်ဆင့် ကာကွယ်သွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ပြည်နယ်၊ မြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှ ဆရာတော်ကြီးများအား လျှောက်ထားခဲ့သည်။

သို့သော် ယနေ့အချိန်ထိ နယ်စပ်ခြံစည်းရိုးများ ပေါက်ပြဲပျက်စီးနေ၍ တစ်ဘက်နိုင်ငံမှ မူဆလင်များ နေ့စဉ်ဆိုသလို ခိုးဝင်နေနိုင်ခြင်းဖြစ်ပြီး ခိုးဝင်သူများထံမှ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိလာပြီဖြစ်သည့် အတွက် ဒေသခံများမှာ ဗိုင်းရပ်စ်အန္တရာယ်ကို အထူးစိုးရိမ်နေကြခြင်းလည်းဖြစ်သည်။
 
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ မောင်တောတွင် ၁ ဦး၊ သံတွဲတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၁ ဦး၊ စုစုပေါင်း (၃)ဦးရှိသွားပြီဖြစ်သည်။

 မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၂၄၃ ဦးရှိသွားပြီဖြစ်ပြီး ယင်းအနက် ၆ ဦးသေဆုံးသွားခဲ့ပြီဖြစ်သည်။ ရောဂါပြန်သက်သာသူ ၁၅၆ ဦးရှိပြီး ၁၃၆ ဦးမှာ ဆေးရုံက ဆင်းသွားပြီဖြစ်ကာ ၅၂၈၁ ဦးကို စောင့်ကြည့်ထားသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)၊ အိမ်စိုးဖြူ / Narinjara
-------------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ကာလ ျမန္မာႏိုင္ငံတြင္းသို႔ တရားမဝင္ ဝင္လာသူမ်ားရွိေန၍ ေမာင္ေတာေဒသခံမ်ားစိုးရိမ္

နိရၪၥရာ၊ ဇြန္ ၈/၂ဝ၂ဝ

ကိုဗစ္အနီေရာင္နယ္ေျမအျဖစ္ သတ္မွတ္ခံထားရသည့္ ဘဂၤလာေဒ့ရွ္ႏိုင္ငံ ေကာ့စ္ဘဇား ခ႐ိုင္ အတြင္းမွ မူဆလင္ဒုကၡသည္မ်ား နယ္စပ္ ဝင္ေပါက္မ်ားမွ တစ္ဆင့္ ေမာင္ေတာခ႐ိုင္အတြင္းသို႔ တရားမဝင္ ျပန္လည္ ဝင္ေရာက္မႈမ်ားရွိေန၍ ကိုဗစ္အႏၲရာယ္ကို အထူးစိုးရိမ္ေနၾကသည္ဟု ေဒသခံမ်ားက ေျပာသည္။

 “ဒီမွာက လူမ်ိဳးေပါင္းစုံေနတဲ့ေနရာျဖစ္ေနတယ္။ လူမ်ိဳးေရးခြဲျခားလို႔ေျပာတာလည္း မဟုတ္ဘူး။ သူတို႔က ၿမိဳ႕ထဲမွာသြားလာတာေတြ အေတာ္မ်ားတယ္။ ျဖစ္လာရင္ဘယ္သူ႔ဆီမွာ ကူးစက္မယ္မွန္း မသိဘူး။ အသြားအလာကမ်ားတာကိုး။ ကြၽန္မတို႔ေမာင္ေတာအတြက္ေတာ့ သိပ္ရင္ေလးစရာပါ။ ဟင္းသီးဟင္း႐ြက္ေတြဆိုလည္း မူဆလင္လည္း ေရာင္းတယ္။ ရခိုင္လည္း ေရာင္းတယ္။ အဲဒီ ဟင္းသီးဟင္း႐ြက္ေတြ ေရာင္းဝယ္တဲ့အခါ ကူးစက္ႏိုင္လားဆိုၿပီး ကြၽန္မတို႔ အမ်ိဳးမ်ိဳး ေၾကာင့္ၾက ေနရတယ္”ဟု ေမာင္ေတာၿမိဳ႕ ရပ္ကြက္ (၃)မွ မခင္သႏၲာက နိရၪၥရာသတင္းဌာနအား ေျပာသည္။

ေမာင္ေတာေဒသႏွင့္ နတ္ျမစ္တစ္ခုတည္းသာျခားသည့္ ဘဂၤလာေဒ့ရွ္ႏိုင္ငံ၏ ေကာ့စ္ဘဇား (ဖေလာင္းခ်ိတ္) ခ႐ိုင္တစ္ခုတည္းအတြင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူေပါင္း ၂ဝ ေသဆုံးၿပီး လူေပါင္း ၈၉ဝ ဦးတြင္ ေရာဂါကူးစက္ခံရၿပီးေနာက္ ၎ခ႐ိုင္အား ႏိုင္ငံ၏ပထမဆုံး ကိုဗစ္အနီေရာင္ဇုန္ အျဖစ္ ေမလ ၄ ရက္ေန႔က ထုတ္ျပန္ထားသည္။

တစ္ႏိုင္ငံလုံးတြင္လည္း ဇြန္လပထမပတ္အထိ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုး ကူးစက္ခံရသူ ေျခာက္ေသာင္းေက်ာ္ရွိၿပီး ေသဆုံးသူ ၈ဝဝ ေက်ာ္သြားၿပီျဖစ္သည္။ ေမာင္ေတာေဒသမွ ထြက္ေျပး သြားသည့္ မူဆလင္မ်ားေနထိုင္သည့္ ဘဂၤလာေဒ့ရွ္ ဒုကၡသည္စခန္းမ်ားတြင္လည္း ေရာဂါ ကူးစက္မႈမ်ားရွိေနသည္ဟု သိရသည္။

ျမန္မာဘက္မွထြက္ေျပးသြားသည့္မူဆလင္မ်ားေနထိုင္ေသာ ဘဂၤလာေဒ့ရွ္ႏိုင္ငံ သံခါလီ ဒုကၡသည္စခန္းမွ မူဆလင္ (၅)ဦးသည္ ေမလ ၃ဝ ရက္ေန႔က ေမာင္ေတာၿမိဳ႕နယ္ လိပ္ရေက်း႐ြာမွတဆင့္ လူဦးေရေထာင္ခ်ီရွိသည့္ ဦးရွည္က်ေက်း႐ြာသို႔ ခိုးဝင္လာခဲ့သည္။

ယင္းေနာက္ ၎တို႔ထဲမွ အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးတြင္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုး ေတြ႕ရွိသည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဇြန္လ ၄ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။ ယင္းေန႔တြင္ပင္ ဘဂၤလာေဒ့ရွ္ႏိုင္ငံမွ ေမာင္ေတာၿမိဳ႕နယ္သို႔ တရားမဝင္ ျပန္လည္ ဝင္ေရာက္ လာသည့္ မူဆင္အမ်ိဳးသားတစ္ဦးႏွင့္ ဟိႏၵဴအမ်ိဳးသားတစ္ဦးတို႔ကို ဖမ္းမိခဲ့သည္။ ဇြန္လ ၅ ရက္ ေန႔တြင္လည္း ေမာင္ေတာၿမိဳ႕နယ္စပ္မွ တစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာသည့္ အမ်ိဳးသမီး၊ ကေလးငယ္မ်ားအပါအဝင္ မူဆလင္ ၈ ဦးကို ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ ထပ္မံဖမ္းမိခဲ့ျပန္သည္ဟု ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ဘူးသီးေတာင္ၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊက “ တရားမဝင္ ဝင္လာတာ ဘူးသီးေတာင္မွာ အေယာက္ တစ္ဆယ္ေက်ာ္ ရွိတယ္။ သူတို႔က ရွစ္ေယာက္လို႔ေျပာေပမဲ့ မကဘူး။ ေမာင္ေတာကဝင္လာတာ။ ေမာင္ေတာက ဝင္မွ ဘူးသီးေတာင္ကိုေရာက္တာ။ ေမာင္ေတာမွာဘယ္ေလာက္ရွိမယ္မွန္းမသိဘူး။ သတင္းအတိအက် မထုတ္ျပန္တာပဲရွိမယ္။ တာဝန္ရွိတဲ့အစိုးရေတြက ဒီဟာကိုစီမံခန႔္ခြဲမႈမလုပ္ဘူး။ လႊတ္ထားတာက တမင္တကာဒီလိုလုပ္ေနတာလားလို႔ထင္မိတယ္”ဟု ေျပာသည္။

 ေမာင္ေတာခ႐ိုင္ျဖစ္သည့္ ေမာင္ေတာႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္မ်ားသို႔ နယ္စပ္မွ မူဆလင္မ်ား တရားမဝင္ ဝင္ေရာက္ေနၾကျခင္းမွာ နယ္စပ္ၿခံစည္း႐ိုးမလုံသည့္အျပင္ နယ္ျခားေစာင့္တပ္မ်ားအား ေအေအႏွင့္ အာဆာအဖြဲ႕မ်ားက တိုက္ခိုက္မႈမ်ားရွိေနျခင္းေၾကာင့္ တားဆီးရန္ မတတ္ႏိုင္ဟု ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က နိရၪၥရာကို ေျပာသည္။

“ကြၽန္ေတာ္တို႔နယ္စပ္မွာ အေပါက္ေတြလည္းအမ်ားႀကီးပဲ။ ဝင္လို႔ရတဲ့ၿခံစည္း႐ိုးမကာႏိုင္ေသးတဲ့ေနရာ အားနည္းခ်က္ေတြလည္း အမ်ားႀကီးပဲ။ ၿခံစည္း႐ိုးကာလည္း လုံၿခဳံေရးေတြကလည္း အခုကာလ မွာ ARSA က တိုက္လိုက္၊ ေအေအက တိုက္လိုက္နဲ႔မို႔ လုံၿခဳံေရးလည္း သိပ္ သြားလို႔ မရတာေတြ အမ်ားႀကီးပဲ”ဟု သူက ေျပာသည္။

 ေမာင္ေတာနယ္စပ္သို႔ တစ္ဘက္ဘဂၤလာေဒ့ရွ္ႏိုင္ငံမွ ခိုးဝင္မႈမ်ားမရွိေစရန္အတြက္ ေပါက္ၿပဲ ပ်က္စီးေနသည့္ နယ္စပ္ၿခံစည္း႐ိုးမ်ားအား ျပန္ျပင္ရန္ႏွင့္ အဆင့္ျမႇင့္တင္ရန္အတြက္ဟုဆိုကာ ၂ဝ၁၇ ခုႏွစ္ စက္တင္ဘာလေနာက္ပိုင္းတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ကာ ျမန္မာႏိုင္ငံရွိ လုပ္ငန္းရွင္ႀကီးမ်ား၊ အဖြဲ႕အစည္းမ်ားထံမွ အလႉေငြမ်ားလည္း ေကာက္ခံခဲ့ေသးသည္။

ယင္းေနာက္ ဒီဇင္ဘာလအထိ အလႉရွင္မ်ားထံမွ လႉဒါန္းေငြ ၁၈ ဘီလီယံခန႔္ ရရွိထားၿပီး နယ္စပ္ ၿခံစည္း႐ိုး ကာရံရန္အတြက္ ဘီလီယံ ၆ဝ ခြင့္ျပဳေပးထားေၾကာင္း၊ ၿခံစည္း႐ိုးကို ခိုင္မာ ေတာင့္တင္း ေအာင္ကာရံၿပီး နယ္စပ္လုံၿခဳံေရးတပ္ဖြဲ႕မ်ားျဖင့္ အဆင့္ဆင့္ ကာကြယ္သြားမည္ဟု သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ၂ဝ၁၇ ခုႏွစ္၊ ဒီဇင္ဘာလ အတြင္းက ရခိုင္ျပည္နယ္ခရီးစဥ္အတြင္း ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ား၊ ျပည္နယ္၊ ၿမိဳ႕နယ္ သံဃာ့အဖြဲ႕အစည္းအဆင့္ဆင့္မွ ဆရာေတာ္ႀကီးမ်ားအား ေလွ်ာက္ထားခဲ့သည္။

သို႔ေသာ္ ယေန႔အခ်ိန္ထိ နယ္စပ္ၿခံစည္း႐ိုးမ်ား ေပါက္ၿပဲပ်က္စီးေန၍ တစ္ဘက္ႏိုင္ငံမွ မူဆလင္မ်ား ေန႔စဥ္ဆိုသလို ခိုးဝင္ေနႏိုင္ျခင္းျဖစ္ၿပီး ခိုးဝင္သူမ်ားထံမွ ဗိုင္းရပ္စ္ပိုး စတင္ေတြ႕ရွိလာၿပီျဖစ္သည့္ အတြက္ ေဒသခံမ်ားမွာ ဗိုင္းရပ္စ္အႏၲရာယ္ကို အထူးစိုးရိမ္ေနၾကျခင္းလည္းျဖစ္သည္။
 
လက္ရွိတြင္ ရခိုင္ျပည္နယ္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးေတြ႕ရွိသူ ေမာင္ေတာတြင္ ၁ ဦး၊ သံတြဲတြင္ ၁ ဦးႏွင့္ ေတာင္ကုတ္တြင္ ၁ ဦး၊ စုစုေပါင္း (၃)ဦးရွိသြားၿပီျဖစ္သည္။

 ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာအရ ဇြန္လ ၈ ရက္ေန႔ နံနက္ပိုင္းအထိ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုး ေတြ႕ရွိသူ ၂၄၃ ဦးရွိသြားၿပီျဖစ္ၿပီး ယင္းအနက္ ၆ ဦးေသဆုံးသြားခဲ့ၿပီျဖစ္သည္။ ေရာဂါျပန္သက္သာသူ ၁၅၆ ဦးရွိၿပီး ၁၃၆ ဦးမွာ ေဆး႐ုံက ဆင္းသြားၿပီျဖစ္ကာ ၅၂၈၁ ဦးကို ေစာင့္ၾကည့္ထားသည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။

မာန္ယုေက်ာ္ (ေ႐ႊဝေျမ)၊ အိမ္စိုးျဖဴ / Narinjara
https://burmese.narinjara.com/news/detail/5eddc95d00c3371e71bc8e48
ကိုဗစ်ကာလ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်လာသူများရှိနေ၍ မောင်တောဒေသခံများစိုးရိမ် ကိုဗစ်ကာလ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်လာသူများရှိနေ၍ မောင်တောဒေသခံများစိုးရိမ် Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.