social distancing ကို ပြည်သူများ အထူးလိုက်နာရန် ဒေါ်အောင်ဆန်းစုကြည် ထမ်မံတိုက်တွန်း


(Unicode)⤵⤵⤵
Covid နဲ့ပတ်သက်လို့ အခေါက်ခေါက်အခါခါ သတိပေးနေရတော့ ဖတ်ရတဲ့သူတွေကို အားနာလာပါတယ်။ ဒါပေမယ့်လည်း Facebook သုံးရတာကိုက covid ကိစ္စ အတွက်ဖြစ်တယ်လေ။ နောက်ပြီး စိတ္တဗေဒပညာရှင်တွေက လူတစ်ယောက် စွဲစွဲမြဲမြဲမှတ်သွားဖို့ အကြိမ် (၂၀၀)လောက်ပြောရတယ်လို့ ဆိုပါတယ်။ ကျွန်မပြောတာ အ ကြိမ်(၂၀၀)တော့ မရှိသေးပါဘူးထင်ပါတယ်။

အခုပြောမဲ့ စကားကတော့ ကျွန်မပြောတာထက် ကျန်းမာရေးဝန်ကြီး ကပြောတာလို့ဆိုရပါမယ်။ ကျန်းမာရေးဝန်ကြီးနဲ့ကျန်းမာရေး ဝန် ထမ်း တွေစိတ်ပူနေရတဲ့ covid ကာကွယ်ရေးအတွက် အလိုအပ်ဆုံးနဲ့ လုပ်ရအခက်ခဲဆုံး ကိစ္စတစ်ခုပါ။ Social distancing ဆိုတဲ့အသုံးအနှုန်းနဲ့ကျွန်မတို့တွေဒီနှစ်မှအကျွမ်းတဝင်ဖြစ်လာတာပါ။

စကားလုံးရွေးတာနဲ့ပတ်သက်လို့ကလည်း ဆွေးနွေးစရာရှိပါတယ်။ Covid ရောဂါမကူးဖို့အတွက် ရောဂါ ပိုးရှိသူနဲ့ ခွါခွါနေရမယ်ဆိုတာ covid နဲ့ ပတ်သက်လို့ အစောဆုံးသိရတဲ့ အချက်တစ်ခုပါပဲ။ ဘယ်သူ့မှာရောဂါပိုးဝင်နေပြီလဲဆိုတာ ကြည့်ရုံနဲ့မသိနိုင်တော့ လူတိုင်းနဲ့ဝေးဝေးနေရမယ်ဆိုတဲ့ သဘောဖြစ်သွားတာပေါ့။ ဒါကြောင့် ‘လူမှုရေးဆက်ဆံရာမှာ ခွါခွါနေခြင်း’လို့ အဓိပ္ပါယ် ရောက်တဲ့ social distancing ဆော်ဩသံဟာ တစ်ကမ္ဘာလုံးပျံ့နှံ့သွားပါတယ်။

အချို့က social distancing အစား ‘ခန္ဓာကိုယ် အရခွါခွါနေခြင်း’ လို့အဓိပ္ပါယ်သက်ရောက်တဲ့ physical distancing ဆိုတဲ့အသုံးအနှုန်းကပိုပြီးသင့်တော်တယ်လို့ယူဆပါတယ်။ ဘယ်အသုံ့းအနှုန်းကိုပဲရွေးရွေး၊ လုပ်ရတာကတော့သိပ်မလွယ်တဲ့ကိစ္စပါ။

တစ်သက်တာအလေ့အကျင့်အရ လူသားများအကြားအထိအတွေ့ကတော့ရှိနေတတ်တာပါပဲ။ ဒါဟာကျွန်မတို့ကျန်းမာရေးကိုတာဝန် ယူရတဲ့ဝန်ကြီးဌာနအတွက်စိုးရိမ်စရာဖြစ်ပါတယ်။ အထူးသဖြင့် ဈေးတွေမှာ social/physical distancing ကိုလားလားမှဂရုမစိုက်သလိုတိုးနေကြတာကရောဂါပျံ့ဖို့အားပေးနေသလိုပါပဲ။

ကျွန်မတို့ကိုအင်မတန်ဂရုစိုက်တဲ့ကျန်းမာရေးဝန်ကြီးစိတ်သက်သာစေဖို့ ကြိုးစားပြီးညွှန်ကြားချက်များနဲ့အညီ ခွါခွါနေကြပါ။

ဈေးရောင်း၊ဈေးသွားသူများအထူးဂရုစိုက်စေချင်ပါတယ်။ Maskတပ်ဖို့၊ လက်ဆေးဖို့လည်းမမေ့ပါနဲ့။

(၂၀၁)ကြိမ်အထိ ......

Aung San Suu Kyi
---------------------------------------
(Zawgyi)⤵⤵⤵
social distancing ကို ျပည္သူမ်ား အထူးလိုက္နာရန္ ေဒၚေအာင္ဆန္းစုၾကည္ ထမ္မံတိုက္တြန္း

Covid နဲ႔ပတ္သက္လို႔ အေခါက္ေခါက္အခါခါ သတိေပးေနရေတာ့ ဖတ္ရတဲ့သူေတြကို အားနာလာပါတယ္။ ဒါေပမယ့္လည္း Facebook သုံးရတာကိုက covid ကိစၥ အတြက္ျဖစ္တယ္ေလ။ ေနာက္ၿပီး စိတၱေဗဒပညာရွင္ေတြက လူတစ္ေယာက္ စြဲစြဲၿမဲၿမဲမွတ္သြားဖို႔ အႀကိမ္ (၂၀၀)ေလာက္ေျပာရတယ္လို႔ ဆိုပါတယ္။ ကြၽန္မေျပာတာ အ ႀကိမ္(၂၀၀)ေတာ့ မရွိေသးပါဘူးထင္ပါတယ္။

အခုေျပာမဲ့ စကားကေတာ့ ကြၽန္မေျပာတာထက္ က်န္းမာေရးဝန္ႀကီး ကေျပာတာလို႔ဆိုရပါမယ္။ က်န္းမာေရးဝန္ႀကီးနဲ႔က်န္းမာေရး ဝန္ ထမ္း ေတြစိတ္ပူေနရတဲ့ covid ကာကြယ္ေရးအတြက္ အလိုအပ္ဆုံးနဲ႔ လုပ္ရအခက္ခဲဆုံး ကိစၥတစ္ခုပါ။
Social distancing ဆိုတဲ့အသုံးအႏႈန္းနဲ႔ကြၽန္မတို႔ေတြဒီႏွစ္မွအကြၽမ္းတဝင္ျဖစ္လာတာပါ။

စကားလုံးေ႐ြးတာနဲ႔ပတ္သက္လို႔ကလည္း ေဆြးေႏြးစရာရွိပါတယ္။ Covid ေရာဂါမကူးဖို႔အတြက္ ေရာဂါ ပိုးရွိသူနဲ႔ ခြါခြါေနရမယ္ဆိုတာ covid နဲ႔ ပတ္သက္လို႔ အေစာဆုံးသိရတဲ့ အခ်က္တစ္ခုပါပဲ။ ဘယ္သူ႔မွာေရာဂါပိုးဝင္ေနၿပီလဲဆိုတာ ၾကည့္႐ုံနဲ႔မသိႏိုင္ေတာ့ လူတိုင္းနဲ႔ေဝးေဝးေနရမယ္ဆိုတဲ့ သေဘာျဖစ္သြားတာေပါ့။ ဒါေၾကာင့္ ‘လူမႈေရးဆက္ဆံရာမွာ ခြါခြါေနျခင္း’လို႔ အဓိပၸါယ္ ေရာက္တဲ့ social distancing ေဆာ္ဩသံဟာ တစ္ကမာၻလုံးပ်ံ႕ႏွံ႔သြားပါတယ္။

အခ်ိဳ႕က social distancing အစား ‘ခႏၶာကိုယ္ အရခြါခြါေနျခင္း’ လို႔အဓိပၸါယ္သက္ေရာက္တဲ့ physical distancing ဆိုတဲ့အသုံးအႏႈန္းကပိုၿပီးသင့္ေတာ္တယ္လို႔ယူဆပါတယ္။ ဘယ္အသုံ႔းအႏႈန္းကိုပဲေ႐ြးေ႐ြး၊ လုပ္ရတာကေတာ့သိပ္မလြယ္တဲ့ကိစၥပါ။

တစ္သက္တာအေလ့အက်င့္အရ လူသားမ်ားအၾကားအထိအေတြ႕ကေတာ့ရွိေနတတ္တာပါပဲ။ ဒါဟာကြၽန္မတို႔က်န္းမာေရးကိုတာဝန္ ယူရတဲ့ဝန္ႀကီးဌာနအတြက္စိုးရိမ္စရာျဖစ္ပါတယ္။ အထူးသျဖင့္ ေဈးေတြမွာ social/physical distancing ကိုလားလားမွဂ႐ုမစိုက္သလိုတိုးေနၾကတာကေရာဂါပ်ံ႕ဖို႔အားေပးေနသလိုပါပဲ။

ကြၽန္မတို႔ကိုအင္မတန္ဂ႐ုစိုက္တဲ့က်န္းမာေရးဝန္ႀကီးစိတ္သက္သာေစဖို႔ ႀကိဳးစားၿပီးၫႊန္ၾကားခ်က္မ်ားနဲ႔အညီ ခြါခြါေနၾကပါ။

ေဈးေရာင္း၊ေဈးသြားသူမ်ားအထူးဂ႐ုစိုက္ေစခ်င္ပါတယ္။ Maskတပ္ဖို႔၊ လက္ေဆးဖို႔လည္းမေမ့ပါနဲ႔။

(၂၀၁)ႀကိမ္အထိ ......

Aung San Suu Kyi
https://www.facebook.com/aungsan.suukyi.5661
social distancing ကို ပြည်သူများ အထူးလိုက်နာရန် ဒေါ်အောင်ဆန်းစုကြည် ထမ်မံတိုက်တွန်း social distancing ကို ပြည်သူများ အထူးလိုက်နာရန် ဒေါ်အောင်ဆန်းစုကြည် ထမ်မံတိုက်တွန်း Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.