ကိုဗစ်၁၉ ကူးစက်မှုထပ်တွေ့လာတဲ့ ဘေဂျင်းကကျောင်းတွေပိတ်ဖို့ အမိန့်ထုတ်

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် တစ်ရာကျော် တွေ့ရှိထားပါတယ်။
(Unicode)⤵⤵⤵
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေထပ်ဖြစ်လာရတာကြောင့် ကျောင်းတွေပြန်ပိတ်ဖို့ အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။

အွန်လိုင်းပေါ်က သင်ကြားမှုတွေ ဆက်လက်သွားမှာဖြစ်ပြီး တက္ကသိုလ်ကျောင်းတွေကိုလည်း ဆက်ပိတ်ထားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကျောင်းတွေကို ဇွန်လအစောပိုင်းမှာ ပြန်ဖွင့်ဖို့ ကြိုးစားခဲ့တာပါ။ ဘေဂျင်းမြို့မှာ ပြည်တွင်းကူးစက်မှုတွေမရှိတာ နှစ်လကြာရှိခဲ့တဲ့နောက် အစားအသောက်ရောင်းတဲ့ဈေးတစ်ခုကနေ ကူးစက်မှုတွေ ပြန်တွေ့လာရတာပါ။

အဲဒီကနေ လူတစ်ရာကျော်လောက် ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိထားတာဖြစ်ပါတယ်။

ဖျော်ဖြေရေးနဲ့ အားကစားခန်းမတွေကို ပိတ်ပင်ထားတာအပါအဝင် တခြားတားမြစ်ချက်တွေလည်းချမှတ်ထားပြီး ဒေသခံတွေအနေနဲ့ မြို့ပြင်မထွက်ဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာ ဒီရောဂါကြောင့် သေဆုံးသူ ၄,၆၀၀ ကျော်ရှိပြီး ကူးစက်ခံရသူပေါင်း ၈၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာတော့ ကိုဗစ် ၁၉ ရောဂါကူးစက်သူ ရှစ်သန်းကျော်သွားပြီဖြစ်ပါတယ်။ ကူးစက်မှုဒဏ်ကိုအဆိုးဆုံးခံထားရတဲ့အမေရိကန်မှာတော့ သေဆုံးသူ တစ်သိန်းကျော်ရှိထားပြီး ပိုးတွေ့လူနာ နှစ်သန်းကျော်ရှိပါတယ်။

BBC Burmese
----------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္၁၉ ကူးစက္မႈထပ္ေတြ႕လာတဲ့ ေဘဂ်င္းကေက်ာင္းေတြပိတ္ဖို႔ အမိန႔္ထုတ္

တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအသစ္ေတြထပ္ျဖစ္လာရတာေၾကာင့္ ေက်ာင္းေတြျပန္ပိတ္ဖို႔ အာဏာပိုင္ေတြက ၫႊန္ၾကားလိုက္ပါတယ္။

အြန္လိုင္းေပၚက သင္ၾကားမႈေတြ ဆက္လက္သြားမွာျဖစ္ၿပီး တကၠသိုလ္ေက်ာင္းေတြကိုလည္း ဆက္ပိတ္ထားမွာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ေက်ာင္းေတြကို ဇြန္လအေစာပိုင္းမွာ ျပန္ဖြင့္ဖို႔ ႀကိဳးစားခဲ့တာပါ။ ေဘဂ်င္းၿမိဳ႕မွာ ျပည္တြင္းကူးစက္မႈေတြမရွိတာ ႏွစ္လၾကာရွိခဲ့တဲ့ေနာက္ အစားအေသာက္ေရာင္းတဲ့ေဈးတစ္ခုကေန ကူးစက္မႈေတြ ျပန္ေတြ႕လာရတာပါ။

အဲဒီကေန လူတစ္ရာေက်ာ္ေလာက္ ဗိုင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ စစ္ေဆးေတြ႕ရွိထားတာျဖစ္ပါတယ္။

ေဖ်ာ္ေျဖေရးနဲ႔ အားကစားခန္းမေတြကို ပိတ္ပင္ထားတာအပါအဝင္ တျခားတားျမစ္ခ်က္ေတြလည္းခ်မွတ္ထားၿပီး ေဒသခံေတြအေနနဲ႔ ၿမိဳ႕ျပင္မထြက္ဖို႔ တိုက္တြန္းထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာ ဒီေရာဂါေၾကာင့္ ေသဆုံးသူ ၄,၆၀၀ ေက်ာ္ရွိၿပီး ကူးစက္ခံရသူေပါင္း ၈၄,၀၀၀ ေက်ာ္ရွိခဲ့ပါတယ္။

ကမာၻတစ္ဝန္းမွာေတာ့ ကိုဗစ္ ၁၉ ေရာဂါကူးစက္သူ ရွစ္သန္းေက်ာ္သြားၿပီျဖစ္ပါတယ္။ ကူးစက္မႈဒဏ္ကိုအဆိုးဆုံးခံထားရတဲ့အေမရိကန္မွာေတာ့ ေသဆုံးသူ တစ္သိန္းေက်ာ္ရွိထားၿပီး ပိုးေတြ႕လူနာ ႏွစ္သန္းေက်ာ္ရွိပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53074650
ကိုဗစ်၁၉ ကူးစက်မှုထပ်တွေ့လာတဲ့ ဘေဂျင်းကကျောင်းတွေပိတ်ဖို့ အမိန့်ထုတ် ကိုဗစ်၁၉ ကူးစက်မှုထပ်တွေ့လာတဲ့ ဘေဂျင်းကကျောင်းတွေပိတ်ဖို့ အမိန့်ထုတ် Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.