ကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း လုံးဝရပ်တန့်လုနီးပါးဖြစ်နေဟု ဒုဝန်ကြီးပြော

(ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်လတ် ကို တွေ့ရစဉ်) ဓာတ်ပုံ - သီဟထွန်း/ RFA
(Unicode)⤵⤵⤵
ကိုရိုနာကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း လုံးဝရပ်တန့်လုနီးပါးဖြစ်နေကြောင်း ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်လတ်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန စတုတ္ထ တစ်နှစ်တာ ရှင်းလင်းပွဲမှာ အဲဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ဇန်နဝါရီလမှာ နိုင်ငံခြားခရီးသွား လေးသိန်းလောက် ဝင်ရောက်လည်ပတ်ရာကနေ၊ ကိုရိုနာကပ်ရောဂါ ဖြစ်ပွားနေတဲ့ ဧပြီလမှာတော့ ခရီးသွားဧည့်သည် (၁၀၀) တောင် မပြည့်တေ့ာဘူးလို့ ဒုဝန်ကြီး ဦးတင်လတ် က ပြောပါတယ်။ ဧည့်သည်ဝင်ရောက်မှု ရာခိုင်နှုန်းအားဖြင့် ပြီးခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီလကနေ မေလထိ နဲ့အခု ၂၀၂၀ ဇန်နဝါရီလကနေ မေလထိ ကာလတူ နှိုင်းယှဉ်ရင်၊ ခရီးသွားလည်ပတ်သူ ၅၅ ရာခိုင်နှုန်း လျော့နည်း ကျဆင်းသွားတယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။ ဝင်ငွေအားဖြင့်ဆိုရင်တော့ ၅၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ခရီးသွားလုပ်ငန်းတိုးတက်ရေးကို အဆင့် (၃) ဆင့်ခွဲ ဆောင်ရွက်နေတယ်လို့ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်း ဒုဝန်ကြီးက ရှင်းပြသွားတယ်။ ပထမအဆင့်က ဆက်လက်ရပ်တည်နိုင်ဖို့၊ ကြံ့ကြံခံနိုင်ဖို့ဖြစ်ပြီး၊ အဲဒီအဆင့်ကို ပြီးခဲ့တဲ့ ဧပြီ၊ မေနဲ့ အခု ဇွန်လမှာဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယအဆင့်အနေနဲ့ကတေ့ာ ဇွန်နဲ့ ဇူလိုင်လမှာ ဟော်တယ်တွေ ပြန်ဖွင့်ဖို့ စီစဉ်နေပြီး၊ ကျန်းမာရေးနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာ ရေးဌာနက ဟ်ောတယ်ဝန်ထမ်းတွေကို သင်တန်းတွေပေးနေကြောင်းလည်း ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်လတ်က ရှင်းပြသွားပါတယ်။

RFA Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ကပ္ေရာဂါေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္း လုံးဝရပ္တန႔္လုနီးပါးျဖစ္ေနဟု ဒုဝန္ႀကီးေျပာ

ကို႐ိုနာကပ္ေရာဂါေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္း လုံးဝရပ္တန႔္လုနီးပါးျဖစ္ေနေၾကာင္း ေဟာ္တယ္နဲ႔ ခရီးသြားလုပ္ငန္းဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးတင္လတ္က ေျပာၾကားလိုက္ပါတယ္။

ဒီကေန႔ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ ေဟာ္တယ္နဲ႔ ခရီးသြားလုပ္ငန္းဝန္ႀကီးဌာန စတုတၳ တစ္ႏွစ္တာ ရွင္းလင္းပြဲမွာ အဲဒီလိုေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

၂၀၂၀ ဇန္နဝါရီလမွာ ႏိုင္ငံျခားခရီးသြား ေလးသိန္းေလာက္ ဝင္ေရာက္လည္ပတ္ရာကေန၊ ကို႐ိုနာကပ္ေရာဂါ ျဖစ္ပြားေနတဲ့ ဧၿပီလမွာေတာ့ ခရီးသြားဧည့္သည္ (၁၀၀) ေတာင္ မျပည့္ေတ့ာဘူးလို႔ ဒုဝန္ႀကီး ဦးတင္လတ္ က ေျပာပါတယ္။ ဧည့္သည္ဝင္ေရာက္မႈ ရာခိုင္ႏႈန္းအားျဖင့္ ၿပီးခဲ့တဲ့ ၂၀၁၉ ဇန္နဝါရီလကေန ေမလထိ နဲ႔အခု ၂၀၂၀ ဇန္နဝါရီလကေန ေမလထိ ကာလတူ ႏႈိင္းယွဥ္ရင္၊ ခရီးသြားလည္ပတ္သူ ၅၅ ရာခိုင္ႏႈန္း ေလ်ာ့နည္း က်ဆင္းသြားတယ္လို႔ ဒုဝန္ႀကီးက ဆိုပါတယ္။ ဝင္ေငြအားျဖင့္ဆိုရင္ေတာ့ ၅၃ ရာခိုင္ႏႈန္း က်ဆင္းသြားတယ္လို႔ ဆိုပါတယ္။

ဒါ့ေၾကာင့္ ခရီးသြားလုပ္ငန္းတိုးတက္ေရးကို အဆင့္ (၃) ဆင့္ခြဲ ေဆာင္႐ြက္ေနတယ္လို႔ ေဟာ္တယ္နဲ႔ ခရီးသြားလုပ္ငန္း ဒုဝန္ႀကီးက ရွင္းျပသြားတယ္။ ပထမအဆင့္က ဆက္လက္ရပ္တည္ႏိုင္ဖို႔၊ ႀကံ့ႀကံခံႏိုင္ဖို႔ျဖစ္ၿပီး၊ အဲဒီအဆင့္ကို ၿပီးခဲ့တဲ့ ဧၿပီ၊ ေမနဲ႔ အခု ဇြန္လမွာေဆာင္႐ြက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒုတိယအဆင့္အေနနဲ႔ကေတ့ာ ဇြန္နဲ႔ ဇူလိုင္လမွာ ေဟာ္တယ္ေတြ ျပန္ဖြင့္ဖို႔ စီစဥ္ေနၿပီး၊ က်န္းမာေရးနဲ႔အညီ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ က်န္းမာ ေရးဌာနက ဟ္ောတယ္ဝန္ထမ္းေတြကို သင္တန္းေတြေပးေနေၾကာင္းလည္း ေဟာ္တယ္နဲ႔ ခရီးသြားလုပ္ငန္း ဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးတင္လတ္က ရွင္းျပသြားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း လုံးဝရပ်တန့်လုနီးပါးဖြစ်နေဟု ဒုဝန်ကြီးပြော ကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း လုံးဝရပ်တန့်လုနီးပါးဖြစ်နေဟု ဒုဝန်ကြီးပြော Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.