အိန္ဒိယ - တရုတ် နယ်စပ်အငြင်းပွားမှု နောက်ကြောင်းအကျဉ်း

ဇွန်လ ၁၆ ရက်က လာဒါ့ခ်ကို သွားမယ့် အိန္ဒိယ စစ်သားတွေ
(Unicode)⤵⤵⤵
ဟိမဝန္တာဒေသအတွင်းက အိန္ဒိယနဲ့တရုတ်တို့ အငြင်းပွားနေတဲ့နယ်စပ်မှာ စစ်ရေးအရ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကနေ လူအသေအဆုံးတွေရှိလာတဲ့ အထိ ရန်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဘာတွေဖြစ်နေကြလဲ၊ နောက်ကြောင်းကဘာလဲ ဆိုတာ အကျဉ်းသိရအောင် ဒီမှာဖတ်လို့ရပါတယ်။

ရန်ပွဲမှာ ဘာတွေဖြစ်ခဲ့လဲ

ဇွန် ၁၅ တနင်္လာနေ့ညက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွင်း အနည်းဆုံး အိန္ဒိယစစ်သား အယောက်၂၀ အသတ်ခံခဲ့ရပါတယ်။ နှစ်နိုင်ငံကြားအငြင်းပွားနေတဲ့ လာဒါ့ခ်ဒေသအတွင်းက ဂယ်ဝမ်တောင်ကြားမှာ ဒီအဖြစ်ဖြစ်ခဲ့တာပါ။

တရုတ်တို့က အိန္ဒိယစစ်သားတွေဟာ နယ်စပ်ကို နှစ်ကြိမ်ကျော်လာခဲ့တယ်၊ "တရုတ်တွေကို ရန်စတယ်၊ တိုက်ခိုက်တယ်" လို့ စွပ်စွဲပါတယ်။

သေနတ်နဲ့ ပစ်ခတ်တာမျိုးတွေ မရှိခဲ့ဘူးလို့ နှစ်ဖက်စလုံးက အခိုင်အမာပြောပါတယ်။ ရန်သတ် တိုက်ခိုက်ပွဲတွေက လက်ဗလာချည်းသက်သက်နဲ့ တိုက်ခိုက်တာလည်း ပါသလို၊ သံတုတ်တွေ၊ ကျောက်ခဲတွေနဲ့ ချကြတာလည်းပါတယ်လို့ အိန္ဒိယအရာရှိတွေက ဖြစ်ပျက်ပုံကို ပြောပြပါတယ်။
လာဒါ့ခ်ဒေသ အရှေ့ဘက် နာသူလ နယ်စပ်အရပ်က သူတို့နယ်အတွင်းမှာ တရုတ်စစ်သားတွေ ကင်းစောင့်နေစဉ်
တရုတ်ဘက်မှာလည်း အထိအခိုက်အသေအပျောက်ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပါတယ်၊ ဒါပေမဲ့ တရားဝင်အတည်ပြုချက်မရသေးပါဘူး။

နောက်ပိုင်းမှာတော့ "တင်းမာနေတဲ့အခြေအနေကို လျော့ကျသွားအောင်ထိန်းဖို့" နှစ်နိုင်ငံက စစ်ရေးအရာရှိတွေတွေ့ဆုံခဲ့ကြတယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။

ဘာလို့ သူတို့တိုက်ခိုက်ကြတာလဲ

မြင့်မားတဲ့တောင်တန်းဒေသမှာရှိပြီး လူသူနေထိုင်မှု မရှိသလောက်ဖြစ်တဲ့ အဲဒီဒေသကို ဒီ စစ်ရေး ဆူပါ ပါဝါနိုင်ငံ ကြီး နှစ်နိုင်ငံက သူပိုင် ငါပိုင် ငြင်းခုံနေကြတာ ဆယ်စုနှစ်များစွာရှိလာပါပြီ။

မိုင်ပေါင်း ၂၁၀၀ ရှည်တဲ့ နယ်စပ်တလျောက်မှာ နှစ်ဖက်တပ်တွေ ထိပ်တိုက်ဆိုင်နေကြတဲ့ စခန်းနေရာတွေ အများအပြားရှိပါတယ်။
ကျောက်တောင်ထူထပ်တဲ့ ဂယ်ဝမ်တောင်ကြား ဇွန်လ ၁၆ ရက်က ဂြိုဟ်တုဓာတ်ပုံ
လွန်ခဲ့တဲ့ လပိုင်းတွေအတွင်းက လာဒါ့ခ်ဒေသအတွင်း နှစ်နိုင်ငံကြား ခြားထားတဲ့ ထိန်းချုပ်နယ်ခြားစည်း (Line of Actual Control) တလျှောက်မှာ အိန္ဒိယက လမ်းသစ်တခုဖောက်လုပ်တဲ့ နောက်ပိုင်း အခုထိပ်တိုက်တွေ့တာ ဖြစ်လာတာပါ။

အိန္ဒိယတို့ အဲဒီလိုလုပ်တာက အဲဒီဒေသမှာ သူပိုင်တယ်လို့ သတ်မှတ်ထားတဲ့နယ်အတွင်း သူတို့တပ်တွေချထားသလို၊ အခြေခံအဆောက်အဦတွေ အရင်ကတည်းက အများအပြားတည်ဆောက်ထားတဲ့ တရုတ်ကို ဒေါသထွက်စေခဲ့ပါတယ်။

ဒါနဲ့ နှစ်ဖက်တပ်တွေဟာ ပိုနီးကပ်စွာနေရာချထားလာသလို၊ ရန်သတ်တိုက်ခိုက်ပွဲဖြစ်ဖို့ အန္တရာယ်တွေလည်း ပိုများလာခဲ့ပါတယ်။

ဒီအဖြစ်က ဘာလို့ အရေးကြီးတာလဲ

ဒီ ဧရိယာဟာ သေနင်္ဂဗျူဟာအရ၊ စီးပွားရေးအရ၊ စစ်ရေးအရ အရေးကြီးတယ်ဆိုတာကို နှစ်နိုင်ငံလုံးက မြင်ထားပါတယ်။

တဖက်ကမှ အဖြေတစုံတရာမရှာဘူးဆိုရင် မတိုးသာမဆုတ်သာ ဆိုင်နေကြတဲ့ဒီအခြေအနေကနေ ဒေသတွင်းမှာ မတည်ငြိမ်တာတွေဖြစ်လာမယ့် ဆိုးကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။

အသက်တွေဆုံးတာတွေပါလာတော့ ပြိုင်ဆိုင်တာက ပိုပြင်းလာမှာပါ၊ အိန္ဒိယနဲ့ တရုတ်အကြား နယ်စပ်ထိပ်တိုက်တွေ့မှုတွေမှာ ၄၅ နှစ်အတွင်း ဒါပထမဆုံး လူသေဆုံးတာတွေဖြစ်လာတာလို့ မှတ်ယူနိုင်ပါတယ်။

၁၉၆၂ တုန်းကပဲ သူတို့ နှစ်ဖက် စစ်တခါဖြစ်ခဲ့ပါတယ်၊ အိန္ဒိယဘက်က အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

ဒီအဖြစ်က ဘယ်လို အန္တရာယ်မျိုးဖြစ်လာနိုင်လဲ

တင်းမာမှုတွေလျော့ကျအောင်လုပ်ကြတာ မအောင်မမြင်ဖြစ်လာရင်တော့ အန္တရာယ်က သိပ်ကိုများနိုင်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း အိန္ဒိယနဲ့တရုတ်က စစ်ဗိုလ်ချုပ်တွေ ဒီနယ်စပ်ရန်ပွဲအရေးကို ဖြေရှင်းဖို့ရည်ရွယ်ပြီး စကားပြောနေကြပါတယ်။

ဒါပေမဲ့ အရင်တုန်းကလည်း အဲဒီလို ပြန်ရင်ကြားစေ့ဖို့ ကြိုးစားချက်တွေက ဘယ်မှမရောက်ဘဲ ရပ်သွားခဲ့တာပါ။

ဗိုလ်ချုပ်တွေရဲ့ ဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်ရင် ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံတွေလည်းဖြစ်၊ နျူကလီးယားလက်နက်တွေလည်း ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေလည်းဖြစ်တဲ့ စင်ပြိုင်နိုင်ငံကြီး နှစ်နိုင်ငံကြား တင်းမာတာတွေ ပိုတိုးလာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

တနင်္လာနေ့က ရန်သတ်တိုက်ခိုက်ပွဲနဲ့ပတ်သက်ပြီး အိန္ဒိယ မြောက်ပိုင်းတိုင်းက တပ်မှူးဟောင်းတယောက်ဖြစ်တဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဒီအက်စ် ဟူဒါက "ဒီအဖြစ်အပျက်က သိပ်ကို၊ သိပ်ကို အရေးကြီးပါတယ်၊ ဆွေးနွေးပြောကြတာတွေ ဘာတွေဖြစ်လာခဲ့ပါစေ၊ ဒီအဖြစ်က အဲဒါတွေအားလုံးကို ဖျက်ဆီးလိုက်ပြီ" လို့ မှတ်ချက်ချပါတယ်။

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယ - တ႐ုတ္ နယ္စပ္အျငင္းပြားမႈ ေနာက္ေၾကာင္းအက်ဥ္း

ဟိမဝႏၲာေဒသအတြင္းက အိႏၵိယနဲ႔တ႐ုတ္တို႔ အျငင္းပြားေနတဲ့နယ္စပ္မွာ စစ္ေရးအရ ေရွ႕မတိုးေနာက္မဆုတ္သာ အေျခအေနကေန လူအေသအဆုံးေတြရွိလာတဲ့ အထိ ရန္ပြဲေတြ ျဖစ္ခဲ့ပါတယ္။

ဘာေတြျဖစ္ေနၾကလဲ၊ ေနာက္ေၾကာင္းကဘာလဲ ဆိုတာ အက်ဥ္းသိရေအာင္ ဒီမွာဖတ္လို႔ရပါတယ္။

ရန္ပြဲမွာ ဘာေတြျဖစ္ခဲ့လဲ

ဇြန္ ၁၅ တနလၤာေန႔ညက ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္အတြင္း အနည္းဆုံး အိႏၵိယစစ္သား အေယာက္၂၀ အသတ္ခံခဲ့ရပါတယ္။ ႏွစ္ႏိုင္ငံၾကားအျငင္းပြားေနတဲ့ လာဒါ့ခ္ေဒသအတြင္းက ဂယ္ဝမ္ေတာင္ၾကားမွာ ဒီအျဖစ္ျဖစ္ခဲ့တာပါ။

တ႐ုတ္တို႔က အိႏၵိယစစ္သားေတြဟာ နယ္စပ္ကို ႏွစ္ႀကိမ္ေက်ာ္လာခဲ့တယ္၊ "တ႐ုတ္ေတြကို ရန္စတယ္၊ တိုက္ခိုက္တယ္" လို႔ စြပ္စြဲပါတယ္။

ေသနတ္နဲ႔ ပစ္ခတ္တာမ်ိဳးေတြ မရွိခဲ့ဘူးလို႔ ႏွစ္ဖက္စလုံးက အခိုင္အမာေျပာပါတယ္။ ရန္သတ္ တိုက္ခိုက္ပြဲေတြက လက္ဗလာခ်ည္းသက္သက္နဲ႔ တိုက္ခိုက္တာလည္း ပါသလို၊ သံတုတ္ေတြ၊ ေက်ာက္ခဲေတြနဲ႔ ခ်ၾကတာလည္းပါတယ္လို႔ အိႏၵိယအရာရွိေတြက ျဖစ္ပ်က္ပုံကို ေျပာျပပါတယ္။

တ႐ုတ္ဘက္မွာလည္း အထိအခိုက္အေသအေပ်ာက္ရွိတယ္ဆိုတဲ့ သတင္းေတြထြက္ပါတယ္၊ ဒါေပမဲ့ တရားဝင္အတည္ျပဳခ်က္မရေသးပါဘူး။

ေနာက္ပိုင္းမွာေတာ့ "တင္းမာေနတဲ့အေျခအေနကို ေလ်ာ့က်သြားေအာင္ထိန္းဖို႔" ႏွစ္ႏိုင္ငံက စစ္ေရးအရာရွိေတြေတြ႕ဆုံခဲ့ၾကတယ္လို႔ အိႏၵိယစစ္တပ္က ေျပာပါတယ္။

ဘာလို႔ သူတို႔တိုက္ခိုက္ၾကတာလဲ

ျမင့္မားတဲ့ေတာင္တန္းေဒသမွာရွိၿပီး လူသူေနထိုင္မႈ မရွိသေလာက္ျဖစ္တဲ့ အဲဒီေဒသကို ဒီ စစ္ေရး ဆူပါ ပါဝါႏိုင္ငံ ႀကီး ႏွစ္ႏိုင္ငံက သူပိုင္ ငါပိုင္ ျငင္းခုံေနၾကတာ ဆယ္စုႏွစ္မ်ားစြာရွိလာပါၿပီ။

မိုင္ေပါင္း ၂၁၀၀ ရွည္တဲ့ နယ္စပ္တေလ်ာက္မွာ ႏွစ္ဖက္တပ္ေတြ ထိပ္တိုက္ဆိုင္ေနၾကတဲ့ စခန္းေနရာေတြ အမ်ားအျပားရွိပါတယ္။

လြန္ခဲ့တဲ့ လပိုင္းေတြအတြင္းက လာဒါ့ခ္ေဒသအတြင္း ႏွစ္ႏိုင္ငံၾကား ျခားထားတဲ့ ထိန္းခ်ဳပ္နယ္ျခားစည္း (Line of Actual Control) တေလွ်ာက္မွာ အိႏၵိယက လမ္းသစ္တခုေဖာက္လုပ္တဲ့ ေနာက္ပိုင္း အခုထိပ္တိုက္ေတြ႕တာ ျဖစ္လာတာပါ။

အိႏၵိယတို႔ အဲဒီလိုလုပ္တာက အဲဒီေဒသမွာ သူပိုင္တယ္လို႔ သတ္မွတ္ထားတဲ့နယ္အတြင္း သူတို႔တပ္ေတြခ်ထားသလို၊ အေျခခံအေဆာက္အဦေတြ အရင္ကတည္းက အမ်ားအျပားတည္ေဆာက္ထားတဲ့ တ႐ုတ္ကို ေဒါသထြက္ေစခဲ့ပါတယ္။

ဒါနဲ႔ ႏွစ္ဖက္တပ္ေတြဟာ ပိုနီးကပ္စြာေနရာခ်ထားလာသလို၊ ရန္သတ္တိုက္ခိုက္ပြဲျဖစ္ဖို႔ အႏၲရာယ္ေတြလည္း ပိုမ်ားလာခဲ့ပါတယ္။

ဒီအျဖစ္က ဘာလို႔ အေရးႀကီးတာလဲ

ဒီ ဧရိယာဟာ ေသနဂၤဗ်ဴဟာအရ၊ စီးပြားေရးအရ၊ စစ္ေရးအရ အေရးႀကီးတယ္ဆိုတာကို ႏွစ္ႏိုင္ငံလုံးက ျမင္ထားပါတယ္။

တဖက္ကမွ အေျဖတစုံတရာမရွာဘူးဆိုရင္ မတိုးသာမဆုတ္သာ ဆိုင္ေနၾကတဲ့ဒီအေျခအေနကေန ေဒသတြင္းမွာ မတည္ၿငိမ္တာေတြျဖစ္လာမယ့္ ဆိုးက်ိဳးဆက္ေတြျဖစ္လာႏိုင္ပါတယ္။

အသက္ေတြဆုံးတာေတြပါလာေတာ့ ၿပိဳင္ဆိုင္တာက ပိုျပင္းလာမွာပါ၊ အိႏၵိယနဲ႔ တ႐ုတ္အၾကား နယ္စပ္ထိပ္တိုက္ေတြ႕မႈေတြမွာ ၄၅ ႏွစ္အတြင္း ဒါပထမဆုံး လူေသဆုံးတာေတြျဖစ္လာတာလို႔ မွတ္ယူႏိုင္ပါတယ္။

၁၉၆၂ တုန္းကပဲ သူတို႔ ႏွစ္ဖက္ စစ္တခါျဖစ္ခဲ့ပါတယ္၊ အိႏၵိယဘက္က အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့ပါတယ္။

ဒီအျဖစ္က ဘယ္လို အႏၲရာယ္မ်ိဳးျဖစ္လာႏိုင္လဲ

တင္းမာမႈေတြေလ်ာ့က်ေအာင္လုပ္ၾကတာ မေအာင္မျမင္ျဖစ္လာရင္ေတာ့ အႏၲရာယ္က သိပ္ကိုမ်ားႏိုင္ပါတယ္။

ဒီရက္ပိုင္းေတြအတြင္း အိႏၵိယနဲ႔တ႐ုတ္က စစ္ဗိုလ္ခ်ဳပ္ေတြ ဒီနယ္စပ္ရန္ပြဲအေရးကို ေျဖရွင္းဖို႔ရည္႐ြယ္ၿပီး စကားေျပာေနၾကပါတယ္။

ဒါေပမဲ့ အရင္တုန္းကလည္း အဲဒီလို ျပန္ရင္ၾကားေစ့ဖို႔ ႀကိဳးစားခ်က္ေတြက ဘယ္မွမေရာက္ဘဲ ရပ္သြားခဲ့တာပါ။

ဗိုလ္ခ်ဳပ္ေတြရဲ႕ ေဆြးေႏြးပြဲေတြ မေအာင္မျမင္ျဖစ္ရင္ ကမာၻမွာ လူဦးေရအမ်ားဆုံး ႏိုင္ငံေတြလည္းျဖစ္၊ န်ဴကလီးယားလက္နက္ေတြလည္း ပိုင္ဆိုင္ထားတဲ့ႏိုင္ငံေတြလည္းျဖစ္တဲ့ စင္ၿပိဳင္ႏိုင္ငံႀကီး ႏွစ္ႏိုင္ငံၾကား တင္းမာတာေတြ ပိုတိုးလာႏိုင္တဲ့ အႏၲရာယ္ရွိေနပါတယ္။

တနလၤာေန႔က ရန္သတ္တိုက္ခိုက္ပြဲနဲ႔ပတ္သက္ၿပီး အိႏၵိယ ေျမာက္ပိုင္းတိုင္းက တပ္မႉးေဟာင္းတေယာက္ျဖစ္တဲ့ အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဒီအက္စ္ ဟူဒါက "ဒီအျဖစ္အပ်က္က သိပ္ကို၊ သိပ္ကို အေရးႀကီးပါတယ္၊ ေဆြးေႏြးေျပာၾကတာေတြ ဘာေတြျဖစ္လာခဲ့ပါေစ၊ ဒီအျဖစ္က အဲဒါေတြအားလုံးကို ဖ်က္ဆီးလိုက္ၿပီ" လို႔ မွတ္ခ်က္ခ်ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53079615
အိန္ဒိယ - တရုတ် နယ်စပ်အငြင်းပွားမှု နောက်ကြောင်းအကျဉ်း အိန္ဒိယ - တရုတ် နယ်စပ်အငြင်းပွားမှု နောက်ကြောင်းအကျဉ်း Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.