တိုက်ပွဲပြင်းထန်လို့ ရသေ့တောင်ဒေသခံတွေ ထွက်ပြေးနေရ

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော စစ်ရှောင်များ။ (ဇန်နဝါရီ ၀၄၊ ၂၀၁၉)
(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်ဘက်မှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ထောင်ချီထွက်ပြေးနေရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရသေ့တောင်မြို့နယ် ရေဇိုးချောင်းဗျုးဟာအနီးက အုန်းချာင်းကျေးရွာအနီးမှာ မနေ့က ညနေပိုင်းက တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေကြရတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ဒေသခံတွေ အကုန်လုံး ၁,၀၀၀ ကျော်လောက်ရှိတယ်။ ရွာတွေကတော့ ၁၀ ရွာလောက်ရှိတယ်။ နဂိုကတည်းက အဲရွာတွေက ပြေးနေရတာ အခုက ရွာမှာကျန်ခဲတဲ့ သူတွေ ထပ်ပြီးတော့ ပြေးနေရတာ။ ပြီးခဲ့တဲ့ တပတ်လောက်ကတည်း စပြီးတော့ ပြေးနေကြတာ။ လွန်ခဲ့တဲ့ ၅ လလောက်ကတည်း ပြေးနေကြတာနဲ့ဆိုရင် လူ ၅,၀၀၀ လောက်ရှိမှာ။"

အုန်းချောင်းကျေးရွာဟာ ရသေ့တောင်မြို့ရဲ့ အနောက်ဘက် ၁၅ မိုင်လောက်အကွာမှာ ရှိတဲ့ သမီးလှကျွန်းမှာ တည်ရှိတာဖြစ်ပြီး တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။

ဒေသခံတွေအများစုဟာ ပြီးခဲ့လတွေက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရပြီး ရွာမှာကျန်ခဲ့တဲ့သူတွေဟာလည်း မနေ့က တိုက်ပွဲအတွင်းမှာ ဆက်လက်ထွက်ပြေးလာကြတာဖြစ်တယ်လို့ ရသေ့တောင် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ရှောင် အမျိုးသမီးတဦး။ (ဇန်နဝါရီ ၀၄၊ ၂၀၁၉)
"ဘယ်လိုပြောမလဲ အဲဒီနေရာက ရသေ့တောင်မြို့နယ်မှာ စဖြစ်ကတည်းက ကျောက်တန်းတိုက်နယ် ခေါ်မှာပေါ့ အုန်းချောင်းကလည်း ကျောက်တန်းတိုက်နယ်ထဲမှာပါတယ်။ သူတို့တွေက စကတည်းက ကျီးလန့်စာ စားနေရတယ်ဆိုတော့ မနေ့ ကဖြစ် သွားတဲ့ အခြေအနေမှာပိုပြီးတော့ သူ့ပတ်ဝန်းကျင်ကရွာတွေ သမီးလှ ရွာသစ်၊ ရွာဟောင်း နောက်ပြီးတော့ ရေဇိုးချောင်းတို့ ဘေးပတ်ဝန်းကျင်က ရွာတွေက အကုန်လုံး နေလို့မရတော့ ထွက်ပြေးနေကြရတယ်။"

မနေ့က တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တဲ့ သမီးလှကျွန်း အုန်းချောင်းကျေးရွာအနီးက ဒေသခံတွေဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရပြီး ဒီကနေ့အထိ ရသေ့တောင်မြို့ပေါ်ကို ထွက်ပြေးလာသူတွေ ရှိနေတယ်လို့ ကိုဘက္ကာက ဆက်ပြောပါတယ်။

"မြို့ပေါ်ကိုလည်း သူတို့လာလို့ရတဲ့ လမ်းကြောင်းကနေ စက်လှေတွေနဲ့အသီးသီး လာနေကြတယ်။ မနေ့ကတည်းက လာနေကြတာ ဒီနေ့လည်း လာနေကြတယ်။ ကျနော်တို့ စာရင်းအတိအကျကောက်လို့ မရသေးဘူး။"

ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်နဲ့ အမ်းမြို့နယ်တွေမှာ မနေ့က တိုက်ပွဲဖြစ်ပွားတာတွေရှိပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ရှိတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"ရခိုင်ဒေသမှာတော့ တိုက်ပွဲတွေက ရှိတယ်ဗျာ။ မနေ့ကလည်း ရှိတယ် ဒီနေ့လည်း ရှိတယ်။ မနေ့က အမ်းဘက်မှာလည်းပဲ ထပ်ဖြစ်တာ ရှိတယ်လို့ သိရတယ်။ ပြီးတော့ ရသေ့တောင်ဘက်မှာလည်း တိုက်ပွဲတွေတော့ ရှိတယ်ဗျာ။ ဒါပေမဲ့လည်းပဲ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီးတော့ အသေးစိတ် အချက်အလက်တွေကတော့ မသိရသေးဘူးခင်ဗျာ။ အကျအဆုံးတွေလည်း မသိရသေးဘူးဗျာ။"

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေအခြေအနေနဲ့ ပတ်သတ်ပြီး တပ်မတော်ဘက်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း အကြောင်းတစုံတရာ တုံ့ပြန်မှု မရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေလည်း ရှိနေသလို ပုဏ္ဏားကျွန်း ကျောက်တော်ဘက်တွေမှာလည်း တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း သတ်ဖြတ်ခံနေရတာတွေ ရှိနေပါတယ်။

သက်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
တိုက္ပြဲျပင္းထန္လို႔ ရေသ့ေတာင္ေဒသခံေတြ ထြက္ေျပးေနရ

ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ တိုက္ပြဲျပင္းထန္ေနတာေၾကာင့္ ေဒသခံ ေထာင္ခ်ီထြက္ေျပးေနရတဲ့ အေျခအေနကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေရဇိုးေခ်ာင္းဗ်ဳးဟာအနီးက အုန္းခ်ာင္းေက်း႐ြာအနီးမွာ မေန႔က ညေနပိုင္းက တိုက္ပြဲျပင္းထန္ ျဖစ္ပြားခဲ့တာေၾကာင့္ ေဒသခံေထာင္ခ်ီ ထြက္ေျပးေနၾကရတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

"ေဒသခံေတြ အကုန္လုံး ၁,၀၀၀ ေက်ာ္ေလာက္ရွိတယ္။ ႐ြာေတြကေတာ့ ၁၀ ႐ြာေလာက္ရွိတယ္။ နဂိုကတည္းက အဲ႐ြာေတြက ေျပးေနရတာ အခုက ႐ြာမွာက်န္ခဲတဲ့ သူေတြ ထပ္ၿပီးေတာ့ ေျပးေနရတာ။ ၿပီးခဲ့တဲ့ တပတ္ေလာက္ကတည္း စၿပီးေတာ့ ေျပးေနၾကတာ။ လြန္ခဲ့တဲ့ ၅ လေလာက္ကတည္း ေျပးေနၾကတာနဲ႔ဆိုရင္ လူ ၅,၀၀၀ ေလာက္ရွိမွာ။"

အုန္းေခ်ာင္းေက်း႐ြာဟာ ရေသ့ေတာင္ၿမိဳ႕ရဲ႕ အေနာက္ဘက္ ၁၅ မိုင္ေလာက္အကြာမွာ ရွိတဲ့ သမီးလွကြၽန္းမွာ တည္ရွိတာျဖစ္ၿပီး တိုက္ပြဲေတြ မၾကာခဏဆိုသလို ျဖစ္ပြားေနတဲ့ ေနရာ တစ္ခုလည္း ျဖစ္ပါတယ္။

ေဒသခံေတြအမ်ားစုဟာ ၿပီးခဲ့လေတြက ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးေနၾကရၿပီး ႐ြာမွာက်န္ခဲ့တဲ့သူေတြဟာလည္း မေန႔က တိုက္ပြဲအတြင္းမွာ ဆက္လက္ထြက္ေျပးလာၾကတာျဖစ္တယ္လို႔ ရေသ့ေတာင္ စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ ကိုဘကၠာက ေျပာပါတယ္။

"ဘယ္လိုေျပာမလဲ အဲဒီေနရာက ရေသ့ေတာင္ၿမိဳ႕နယ္မွာ စျဖစ္ကတည္းက ေက်ာက္တန္းတိုက္နယ္ ေခၚမွာေပါ့ အုန္းေခ်ာင္းကလည္း ေက်ာက္တန္းတိုက္နယ္ထဲမွာပါတယ္။ သူတို႔ေတြက စကတည္းက က်ီးလန႔္စာ စားေနရတယ္ဆိုေတာ့ မေန႔ ကျဖစ္ သြားတဲ့ အေျခအေနမွာပိုၿပီးေတာ့ သူ႔ပတ္ဝန္းက်င္က႐ြာေတြ သမီးလွ ႐ြာသစ္၊ ႐ြာေဟာင္း ေနာက္ၿပီးေတာ့ ေရဇိုးေခ်ာင္းတို႔ ေဘးပတ္ဝန္းက်င္က ႐ြာေတြက အကုန္လုံး ေနလို႔မရေတာ့ ထြက္ေျပးေနၾကရတယ္။"

မေန႔က တိုက္ပြဲျပင္းထန္ျဖစ္ပြားခဲ့တဲ့ သမီးလွကြၽန္း အုန္းေခ်ာင္းေက်း႐ြာအနီးက ေဒသခံေတြဟာ ေဘးလြတ္ရာေက်း႐ြာေတြကို ထြက္ေျပးေနၾကရၿပီး ဒီကေန႔အထိ ရေသ့ေတာင္ၿမိဳ႕ေပၚကို ထြက္ေျပးလာသူေတြ ရွိေနတယ္လို႔ ကိုဘကၠာက ဆက္ေျပာပါတယ္။

"ၿမိဳ႕ေပၚကိုလည္း သူတို႔လာလို႔ရတဲ့ လမ္းေၾကာင္းကေန စက္ေလွေတြနဲ႔အသီးသီး လာေနၾကတယ္။ မေန႔ကတည္းက လာေနၾကတာ ဒီေန႔လည္း လာေနၾကတယ္။ က်ေနာ္တို႔ စာရင္းအတိအက်ေကာက္လို႔ မရေသးဘူး။"

ရခိုင္ျပည္နယ္အတြင္းက ရေသ့ေတာင္နဲ႔ အမ္းၿမိဳ႕နယ္ေတြမွာ မေန႔က တိုက္ပြဲျဖစ္ပြားတာေတြရွိၿပီး ဒီကေန႔ မနက္ပိုင္းမွာလည္း တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနတာ ရွိတယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"ရခိုင္ေဒသမွာေတာ့ တိုက္ပြဲေတြက ရွိတယ္ဗ်ာ။ မေန႔ကလည္း ရွိတယ္ ဒီေန႔လည္း ရွိတယ္။ မေန႔က အမ္းဘက္မွာလည္းပဲ ထပ္ျဖစ္တာ ရွိတယ္လို႔ သိရတယ္။ ၿပီးေတာ့ ရေသ့ေတာင္ဘက္မွာလည္း တိုက္ပြဲေတြေတာ့ ရွိတယ္ဗ်ာ။ ဒါေပမဲ့လည္းပဲ တိုက္ပြဲေတြနဲ႔ ပတ္သတ္ၿပီးေတာ့ အေသးစိတ္ အခ်က္အလက္ေတြကေတာ့ မသိရေသးဘူးခင္ဗ်ာ။ အက်အဆုံးေတြလည္း မသိရေသးဘူးဗ်ာ။"

ရခိုင္ျပည္နယ္တြင္း တိုက္ပြဲေတြအေျခအေနနဲ႔ ပတ္သတ္ၿပီး တပ္မေတာ္ဘက္ကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့လည္း အေၾကာင္းတစုံတရာ တုံ႔ျပန္မႈ မရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ အခုရက္ပိုင္းအတြင္း တိုက္ပြဲေတြလည္း ရွိေနသလို ပုဏၰားကြၽန္း ေက်ာက္ေတာ္ဘက္ေတြမွာလည္း တပ္မေတာ္သားေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြလည္း သတ္ျဖတ္ခံေနရတာေတြ ရွိေနပါတယ္။

သက္ႏိုင္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/rakhine-conflict/5463079.html
တိုက်ပွဲပြင်းထန်လို့ ရသေ့တောင်ဒေသခံတွေ ထွက်ပြေးနေရ တိုက်ပွဲပြင်းထန်လို့ ရသေ့တောင်ဒေသခံတွေ ထွက်ပြေးနေရ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.