တရားမဝင်နယ်စပ်ဖြတ် ရိုဟင်ဂျာ ၁၀၀ ထက်မနည်း ရှိနေ

ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့ကနေ မြင်ရတဲ့ မြင်ကွင်း။ (မတ် ၃၁၊ ၂၀၁၈)
(Unicode)⤵⤵⤵
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကနေ မြန်မာနိုင်ငံဘက်ခြမ်းနယ်စပ်ဖြတ်ပြီး တရားမဝင် ပြန်ဝင်လာကြတဲ့သူဦးရေ ၃ လ အတွင်းမှာ ၁၀၀ ကျော်ရှိနေပြီဆိုတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ ရှိတဲ့ Cox's Bazar ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးကိစ္စနဲ့ ပတ်သက်လို့ အစိုးရအစီအစဉ်နဲ့ရော၊ ကိုယ့်သဘောဆန္ဒအလျောက် ပြန်ဝင်လာကြသူတွေကိုပါ မြန်မာနိုင်ငံက ပြန်ဝင်ခွင့်ကို ရပ်ဆိုင်းထားတာပါ။ ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင်းမှာရော ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာပါ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုတွေ ရှိလာတာကြောင့် စခန်းတွင်း စိုးရိမ်မှုတွေရှိပြီး စခန်းကနေ ထွက်ပြေးတာတွေ ရှိနေပါတယ်။ တချို့က ပင်လယ်လမ်းကြောင်းကနေ မလေးရှား၊ ထိုင်းဘက်ကို ပြေးသူရှိသလို၊ တချို့ကလည်း နယ်စပ်က မြန်မာဘက်ခြမ်း ပြန်ခိုးဝင်ကြပါတယ်။

လက်ရှိမှာ နယ်စပ်ဝင်ပေါက်တွေကနေတဆင့် တရားမဝင် ပြန်လည်ဝင်ရောက်လာကြသူတွေက ပိုများလာနေပြီးတော့၊ ၃ လအတွင်းမှာ ဖမ်းဆီးပြီး ကယ်ဆယ်ရေးစခန်းကို ပြန်ပို့ခဲ့သူ ၁၀၀ ကျော်လောက်ရှိသွားပြီလို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက ပြောပါတယ်။

“ဒီရောဂါဖြစ်နေတဲ့ ကာလအတွင်းထဲမှာတော့ ဒီ ကိုဗစ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့လေ COVID - 19 ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ ဒီ ၃ လလောက်အတွင်းထဲမှာ ဝင်လာတာ ကျနော် ခန့်မှန်းခြေ သိရသလောက်တော့ ၁၀၀ ဝန်းကျင်ရှိမှာပေါ့။”

ဒီလို နယ်စပ်ရဲ့ တရားမဝင် ဝင်ပေါက်တွေကနေ ဝင်လာသူတွေရှိရင် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနကို ချက်ချင်း အကြောင်းကြားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ တရားမဝင် ဝင်လာသူတွေရှိတယ်လို့ သတင်းရရင် ချက်ချင်း သူတို့တွေအတွက် လုပ်ထားတဲ့ သီးသန့်စောင့်ကြည့်နေရာတွေကို အမြန်ဆုံးပို့တာတွေကို လုပ်ပေးတယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အရင်ကတည်းက ဒီလို တရားမဝင်ဝင်လာသူတွေနဲ့ ပတ်သက်လို့ အရေးယူမယ့် ဥပဒေရှိပြီးဖြစ်ပေမဲ့ ဒီဥပဒေနဲ့ အရေးယူဆောင်ရွက်တာတွေ မလုပ်ဘဲ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက အကြောင်းကြားပေးရမယ်ဆိုတာမျိုး ဒီစီမံမှုက မှားယွင်းတယ်လို့ သုံးသပ်ကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

“တရားမဝင်ဝင်လာတဲ့ သူတွေကို အရေးယူဖို့ ကြေညာချက် ထုတ်လိုက်ပြီးတော့မှ ကျနော်တို့ ဘာမှ မကြားရသေးဘူး။ ကိုဗစ်လူနာတွေ့တာတွေ ကြားပေမဲ့ အသံမကြားရသေးဘူး၊ အမှန်က လုပ်နည်းလုပ်ဟန်က မှားနေတယ်လို့ ကျနော် မြင်တယ်လေ။ ပထမက အရေးမယူဖို့ မစစ်ဆေးဖို့ဆိုပြီး လျှို့ဝှက်စာထုတ်တယ်၊ လျှို့ဝှက်စာထုတ်တော့ သက်ဆိုင်တဲ့ လဝကတို့ ဘာတို့က ဘာမှ လုပ်လို့မရတော့ဘူး။ အခုကျမှ ကမ္ဘာသိကြေညာလိုက်တယ်ဗျာ အဲ့လိုကြေညာလိုက်တော့ ဒီလို တရားမဝင် ဝင်လာသူတွေကို ဘယ်သူက ဖမ်းပေးမှာလဲ ရွာက လူတွေက။ ရောဂါပိုးရှိ၊ မရှိကတော့ ဒါတော့ မပြောလိုဘူး။ ဖမ်းပေးလို့ရှိရင်လည်း အဲ့ဒီက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကလည်း ဖမ်းပေးလို့ရှိရင် သူတို့ အသတ်ခံရမှာလည်း စိုးတယ်လေ။ အချင်းချင်းမုန်းတီးမှာလည်း စိုးတယ်၊ အမှန်က အဲ့လို့ ကြေညာချက်ထုတ်စရာမှ မလိုတာ။ နဂိုကတည်းက ဥပဒေရှိပြီးသားပဲ လဝက ဥပဒေ၊ အဲ့ဒါက ပြဿနာတက်တာပေါ့။”

တဘက် ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်တချို့ နယ်စပ်ကနေ ခိုးဝင်နေတယ်ဆိုပြီး သတင်းတွေပြန့်ပြီး ဒေသတွင်းမှာတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ဒီရက်ပိုင်း ပြန်ဝင်လာကြသူတွေထဲ တချို့မှာ COVID-19 ရောဂါပိုး ဓါတ်ခွဲစမ်းသပ်တွေ့ရှိခဲ့တာမို့ ပြန်ဝင်လာသူတွေနဲ့အတူ ရောဂါပိုးတွေ ပါလာမှာကို စိုးရိမ်ကြတာပါ။ နယ်စပ်လမ်းကြောင်းကနေ ဝင်လာတဲ့အထိ ဖမ်းဆီးမိသူ ရှိသလို၊ လွတ်မြောက်နေသူတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ယူဆပါတယ်။

မောင်တောမြို့နယ်မှာ COVID - 19 နဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပညာပေးတာတွေ လုပ်တယ်ဆိုပေမဲ့ ဒီလို တရားဝင်ဝင်လာသူတွေရှိနေရင် ရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ဖို့က မလွယ်ဘူးလို့ မောင်တောမြို့နယ်မှာ ကိုဗစ်အရေး ဆောင်ရွက်နေတဲ့ ဂရုဏာ လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးချစ်ထူးခိုင်က ဆိုပါတယ်။

“ကျနော်တို့ ပြည်သူတွေ စိုးရိမ်တာ တစ်ချက်က ဒီခိုးဝင်တွေက တော်တော်လေးများနေပါတယ်။ သူတို့က ခုမှ စာတစ်စောင်ထုတ်လာပါတယ်။ ခိုးဝင်တွေကို တရားစွဲမယ်၊ အရေးယူမယ်ပေါ့နော်။ ဒါပေမဲ့ သူတို့က အရင်တုန်းက ဘယ်လိုနည်းနဲ့မဆို ဝင်လာရင် လက်ခံရမယ်ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ ခု အဲ့ဒီစာ ထုတ်တာကလည်း နောက်ကျတော့ ဝင်နေဆဲလို့ပဲ ထင်ပါတယ်။ အဲ့ဒါနဲ့ တော်တော်လေး စိုးရိမ်နေကြပါတယ် ပြည်သူတွအများကတော့။ မောင်တောမြို့နယ်ခံတွေကလည်း အကုန်လုံးသိပါတယ်။ ကိုဗစ်နဲ့ ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေ၊ ကူးစက်တာတွေကို အကုန်လုံး နားလည်တယ်၊ သဘောပေါက်တယ်။ ဒါပေမဲ့ အခု ဒုက္ခဖြစ်နေတာက အဲ့ဒီခိုးဝင်တွေနဲ့ ပြဿနာဖြစ်နေတော့ ကျနော်တို့ ဘယ်လောက်လုပ်လုပ် သဲထဲရေသွန်သလိုပဲ ဖြစ်နေတာပါ။”

လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေမှာ မေလလယ်နောက်ပိုင်း ကိုဗစ်ရောဂါပိုး စစ်ဆေးသူ အရေအတွက်က ၃၀၀ ကျော်ပဲ ရှိပြီးတော့ အဲ့ဒီထဲက ၂၉ ဦးမှာ ပိုးတွေ့ထားပါတယ်။ အဲ့ဒီ ဒုက္ခသည် စခန်းတွေမှာ ကိုဗစ်အတည်ပြုလူနာ တစ်ဦးလည်း သေဆုံးပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲကို ဒီလို နယ်စပ်ဖြတ်တရားမဝင် ဝင်ရောက်လာသူတွေထဲက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ ၅ ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိရပြီးဖြစ်ပါတယ်။

အခု ဇွန်လ ၁၅ ရက်နေ့အထိ စာရင်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID 19 ရောဂါပိုး တွေရှိရသူ အရေအတွက်က ၉၀,၀၀၀ ကျော် ရှိနေပါတယ်။ ဒီနေ့ တစ်ရက်ထဲမှာပဲ ရောဂါပိုးတွေ့ရှိရသူအသစ်က ၃,၀၀၀ ကျော် ရှိခဲ့တာပါ။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------------
(Zawgyi)⤵⤵⤵
တရားမဝင္နယ္စပ္ျဖတ္ ႐ိုဟင္ဂ်ာ ၁၀၀ ထက္မနည္း ရွိေန

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံနယ္စပ္မွာ ရွိတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြကေန ျမန္မာႏိုင္ငံဘက္ျခမ္းနယ္စပ္ျဖတ္ၿပီး တရားမဝင္ ျပန္ဝင္လာၾကတဲ့သူဦးေရ ၃ လ အတြင္းမွာ ၁၀၀ ေက်ာ္ရွိေနၿပီဆိုတဲ့ အေၾကာင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပေပးပါမယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံနယ္စပ္မွာ ရွိတဲ့ Cox's Bazar ဒုကၡသည္စခန္းက ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ျပန္လည္လက္ခံေရးကိစၥနဲ႔ ပတ္သက္လို႔ အစိုးရအစီအစဥ္နဲ႔ေရာ၊ ကိုယ့္သေဘာဆႏၵအေလ်ာက္ ျပန္ဝင္လာၾကသူေတြကိုပါ ျမန္မာႏိုင္ငံက ျပန္ဝင္ခြင့္ကို ရပ္ဆိုင္းထားတာပါ။ ဒါေပမဲ့လည္း ဘဂၤလားေဒ့ရ္ွႏိုင္ငံတြင္းမွာေရာ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းထဲမွာပါ COVID-19 ေရာဂါကူးစက္ျပန႔္ပြားမႈေတြ ရွိလာတာေၾကာင့္ စခန္းတြင္း စိုးရိမ္မႈေတြရွိၿပီး စခန္းကေန ထြက္ေျပးတာေတြ ရွိေနပါတယ္။ တခ်ိဳ႕က ပင္လယ္လမ္းေၾကာင္းကေန မေလးရွား၊ ထိုင္းဘက္ကို ေျပးသူရွိသလို၊ တခ်ိဳ႕ကလည္း နယ္စပ္က ျမန္မာဘက္ျခမ္း ျပန္ခိုးဝင္ၾကပါတယ္။

လက္ရွိမွာ နယ္စပ္ဝင္ေပါက္ေတြကေနတဆင့္ တရားမဝင္ ျပန္လည္ဝင္ေရာက္လာၾကသူေတြက ပိုမ်ားလာေနၿပီးေတာ့၊ ၃ လအတြင္းမွာ ဖမ္းဆီးၿပီး ကယ္ဆယ္ေရးစခန္းကို ျပန္ပို႔ခဲ့သူ ၁၀၀ ေက်ာ္ေလာက္ရွိသြားၿပီလို႔ ေမာင္ေတာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေငြထြန္းက ေျပာပါတယ္။

“ဒီေရာဂါျဖစ္ေနတဲ့ ကာလအတြင္းထဲမွာေတာ့ ဒီ ကိုဗစ္ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ေပါ့ေလ COVID - 19 ျဖစ္ပြားၿပီးေနာက္ပိုင္းမွာေတာ့ ဒီ ၃ လေလာက္အတြင္းထဲမွာ ဝင္လာတာ က်ေနာ္ ခန႔္မွန္းေျခ သိရသေလာက္ေတာ့ ၁၀၀ ဝန္းက်င္ရွိမွာေပါ့။”

ဒီလို နယ္စပ္ရဲ႕ တရားမဝင္ ဝင္ေပါက္ေတြကေန ဝင္လာသူေတြရွိရင္ ရပ္ကြက္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြအေနနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာနကို ခ်က္ခ်င္း အေၾကာင္းၾကားဖို႔ ၫႊန္ၾကားထားတယ္လို႔ ဆိုပါတယ္။ တရားမဝင္ ဝင္လာသူေတြရွိတယ္လို႔ သတင္းရရင္ ခ်က္ခ်င္း သူတို႔ေတြအတြက္ လုပ္ထားတဲ့ သီးသန႔္ေစာင့္ၾကည့္ေနရာေတြကို အျမန္ဆုံးပို႔တာေတြကို လုပ္ေပးတယ္လို႔ ေမာင္ေတာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

အရင္ကတည္းက ဒီလို တရားမဝင္ဝင္လာသူေတြနဲ႔ ပတ္သက္လို႔ အေရးယူမယ့္ ဥပေဒရွိၿပီးျဖစ္ေပမဲ့ ဒီဥပေဒနဲ႔ အေရးယူေဆာင္႐ြက္တာေတြ မလုပ္ဘဲ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးေတြက အေၾကာင္းၾကားေပးရမယ္ဆိုတာမ်ိဳး ဒီစီမံမႈက မွားယြင္းတယ္လို႔ သုံးသပ္ေၾကာင္း ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္အုန္းက ေျပာပါတယ္။

“တရားမဝင္ဝင္လာတဲ့ သူေတြကို အေရးယူဖို႔ ေၾကညာခ်က္ ထုတ္လိုက္ၿပီးေတာ့မွ က်ေနာ္တို႔ ဘာမွ မၾကားရေသးဘူး။ ကိုဗစ္လူနာေတြ႕တာေတြ ၾကားေပမဲ့ အသံမၾကားရေသးဘူး၊ အမွန္က လုပ္နည္းလုပ္ဟန္က မွားေနတယ္လို႔ က်ေနာ္ ျမင္တယ္ေလ။ ပထမက အေရးမယူဖို႔ မစစ္ေဆးဖို႔ဆိုၿပီး လွ်ိဳ႕ဝွက္စာထုတ္တယ္၊ လွ်ိဳ႕ဝွက္စာထုတ္ေတာ့ သက္ဆိုင္တဲ့ လဝကတို႔ ဘာတို႔က ဘာမွ လုပ္လို႔မရေတာ့ဘူး။ အခုက်မွ ကမာၻသိေၾကညာလိုက္တယ္ဗ်ာ အဲ့လိုေၾကညာလိုက္ေတာ့ ဒီလို တရားမဝင္ ဝင္လာသူေတြကို ဘယ္သူက ဖမ္းေပးမွာလဲ ႐ြာက လူေတြက။ ေရာဂါပိုးရွိ၊ မရွိကေတာ့ ဒါေတာ့ မေျပာလိုဘူး။ ဖမ္းေပးလို႔ရွိရင္လည္း အဲ့ဒီက ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးေတြကလည္း ဖမ္းေပးလို႔ရွိရင္ သူတို႔ အသတ္ခံရမွာလည္း စိုးတယ္ေလ။ အခ်င္းခ်င္းမုန္းတီးမွာလည္း စိုးတယ္၊ အမွန္က အဲ့လို႔ ေၾကညာခ်က္ထုတ္စရာမွ မလိုတာ။ နဂိုကတည္းက ဥပေဒရွိၿပီးသားပဲ လဝက ဥပေဒ၊ အဲ့ဒါက ျပႆနာတက္တာေပါ့။”

တဘက္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းက ဒုကၡသည္တခ်ိဳ႕ နယ္စပ္ကေန ခိုးဝင္ေနတယ္ဆိုၿပီး သတင္းေတြျပန႔္ၿပီး ေဒသတြင္းမွာေတာ့ စိုးရိမ္မႈေတြ ရွိေနပါတယ္။ အထူးသျဖင့္ ဒီရက္ပိုင္း ျပန္ဝင္လာၾကသူေတြထဲ တခ်ိဳ႕မွာ COVID-19 ေရာဂါပိုး ဓါတ္ခြဲစမ္းသပ္ေတြ႕ရွိခဲ့တာမို႔ ျပန္ဝင္လာသူေတြနဲ႔အတူ ေရာဂါပိုးေတြ ပါလာမွာကို စိုးရိမ္ၾကတာပါ။ နယ္စပ္လမ္းေၾကာင္းကေန ဝင္လာတဲ့အထိ ဖမ္းဆီးမိသူ ရွိသလို၊ လြတ္ေျမာက္ေနသူေတြလည္း ရွိႏိုင္တယ္လို႔ ေဒသခံေတြက ယူဆပါတယ္။

ေမာင္ေတာၿမိဳ႕နယ္မွာ COVID - 19 နဲ႔ ပတ္သက္တဲ့ က်န္းမာေရး အသိပညာေပးတာေတြ လုပ္တယ္ဆိုေပမဲ့ ဒီလို တရားဝင္ဝင္လာသူေတြရွိေနရင္ ေရာဂါကို ထိန္းခ်ဳပ္ကာကြယ္ႏိုင္ဖို႔က မလြယ္ဘူးလို႔ ေမာင္ေတာၿမိဳ႕နယ္မွာ ကိုဗစ္အေရး ေဆာင္႐ြက္ေနတဲ့ ဂ႐ုဏာ လူမႈကူညီေရးအသင္းရဲ႕ ဥကၠ႒ ဦးခ်စ္ထူးခိုင္က ဆိုပါတယ္။

“က်ေနာ္တို႔ ျပည္သူေတြ စိုးရိမ္တာ တစ္ခ်က္က ဒီခိုးဝင္ေတြက ေတာ္ေတာ္ေလးမ်ားေနပါတယ္။ သူတို႔က ခုမွ စာတစ္ေစာင္ထုတ္လာပါတယ္။ ခိုးဝင္ေတြကို တရားစြဲမယ္၊ အေရးယူမယ္ေပါ့ေနာ္။ ဒါေပမဲ့ သူတို႔က အရင္တုန္းက ဘယ္လိုနည္းနဲ႔မဆို ဝင္လာရင္ လက္ခံရမယ္ဆိုၿပီးေတာ့ ေျပာထားတာ ရွိပါတယ္။ ခု အဲ့ဒီစာ ထုတ္တာကလည္း ေနာက္က်ေတာ့ ဝင္ေနဆဲလို႔ပဲ ထင္ပါတယ္။ အဲ့ဒါနဲ႔ ေတာ္ေတာ္ေလး စိုးရိမ္ေနၾကပါတယ္ ျပည္သူတြအမ်ားကေတာ့။ ေမာင္ေတာၿမိဳ႕နယ္ခံေတြကလည္း အကုန္လုံးသိပါတယ္။ ကိုဗစ္နဲ႔ ပတ္သက္လို႔ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္ေတြ၊ ကူးစက္တာေတြကို အကုန္လုံး နားလည္တယ္၊ သေဘာေပါက္တယ္။ ဒါေပမဲ့ အခု ဒုကၡျဖစ္ေနတာက အဲ့ဒီခိုးဝင္ေတြနဲ႔ ျပႆနာျဖစ္ေနေတာ့ က်ေနာ္တို႔ ဘယ္ေလာက္လုပ္လုပ္ သဲထဲေရသြန္သလိုပဲ ျဖစ္ေနတာပါ။”

လက္ရွိ ဘဂၤလားေဒ့ရွ္ဘက္က ဒုကၡသည္စခန္းေတြမွာ ေမလလယ္ေနာက္ပိုင္း ကိုဗစ္ေရာဂါပိုး စစ္ေဆးသူ အေရအတြက္က ၃၀၀ ေက်ာ္ပဲ ရွိၿပီးေတာ့ အဲ့ဒီထဲက ၂၉ ဦးမွာ ပိုးေတြ႕ထားပါတယ္။ အဲ့ဒီ ဒုကၡသည္ စခန္းေတြမွာ ကိုဗစ္အတည္ျပဳလူနာ တစ္ဦးလည္း ေသဆုံးၿပီးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံထဲကို ဒီလို နယ္စပ္ျဖတ္တရားမဝင္ ဝင္ေရာက္လာသူေတြထဲက က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ေတြအရ ၅ ဦးမွာ ကိုဗစ္ေရာဂါပိုး ေတြ႕ရွိရၿပီးျဖစ္ပါတယ္။

အခု ဇြန္လ ၁၅ ရက္ေန႔အထိ စာရင္းေတြအရ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ COVID 19 ေရာဂါပိုး ေတြရွိရသူ အေရအတြက္က ၉၀,၀၀၀ ေက်ာ္ ရွိေနပါတယ္။ ဒီေန႔ တစ္ရက္ထဲမွာပဲ ေရာဂါပိုးေတြ႕ရွိရသူအသစ္က ၃,၀၀၀ ေက်ာ္ ရွိခဲ့တာပါ။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/rohingya-rakhine-covid/5463118.html
တရားမဝင်နယ်စပ်ဖြတ် ရိုဟင်ဂျာ ၁၀၀ ထက်မနည်း ရှိနေ တရားမဝင်နယ်စပ်ဖြတ် ရိုဟင်ဂျာ ၁၀၀ ထက်မနည်း ရှိနေ Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.