တိုင်းရင်းသားပါတီများကိုယ်စားလှယ်လောင်းရွေးချယ်ရန်ပြင်ဆင်


တိုင်းရင်းသားပါတီတွေအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်အသီးသီးမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေး ကော်မတီတွေ ဖွဲ့စည်းနေပြီဖြစ်တယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူုး ဦးစိုင်းလိတ်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တာနဲ့ ပတ်သက်ပြီး "အရည်အချင်းသတ်မှတ်ချက်ကတော့ အရည်အချင်းခြင်းတူတယ်ဆိုလို့ရှိရင် အမျိုးသမီးနဲ့ လူငယ်ကို ဦးစားပေးပါတယ်။ နောက် လွှတ်တော်ကိုယ်စားလှယ် အရင်ဖြစ်ခဲ့ဖူး တဲ့သူတွေ ဝင်ပြိုင်မယ်ဆိုလို့ရှိရင် သူတို့ကို ဦးစားပေးအနေနဲံ ထားပါတယ်"လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ SNLD ပါတီက မဲဆန္ဒနယ် (၁၅၀) ခန့်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားပါတယ်။

ကချင်ပါတီသုံးပါတီပေါင်းပြီး ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီကလည်းပြင်ဆင်နေတာ ရှိပါတယ်။ ကိုယ်စားလှယ်လောင်းတွေကို ဇွန်လကုန်အထိ ရွေးချယ်သွားမယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဌ တစ်ဦးဖြစ်သူ ဒေါ်ဒွဲဘူက ပြောပါတယ်။

"ကျွန်မတို့ကတော့ ဒီလကုန်အထိတော့ သတ်မှတ်ချက်ထားတာပေါ့။ ရွေးချယ်တဲ့ ပုံစံကတော့ အရင်တုန်းကတော့ မြို့နယ်ကော်မတီကနေ မှ အမည်စာရင်းပေးတယ်ပေါ့နော်။ နောက်မှ ရွေးချယ်ရေး ကော်မတီကနေ ပြန်စိစစ်တယ်။ အတည်ပြုတာတော့ CEC ကနေ အတည်ပြုမှာပါ။ ကျွန်မတို့က ကချင်ပြည်နယ်မှာပဲ အခြေစိုက်တဲ့ ပါတီပါ။ ပါတီမှတ်ပုံတင်ထားတာလည်း ကချင်ပြည်နယ်အတွင်းပဲ ကျွန်မတို့က လှုပ်ရှားဆောင်ရွက်ဖို့ တင်ထားတာဖြစ်တဲ့အတွက် ဒီကချင်ပြည်နယ်အတွင်းမှာတော့  မဲဆန္ဒယ်အားလုံး ကျွန်မတို့ ပြိုင်မှာပေါ့"လို့ ဒေါ်ဒွဲဘူက ပြောပါတယ်။

ချင်းပြည်နယ်တစ်ခုလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)ပါတီကတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်တာတွေ တချို့ပြီးစီးနေပြီလို့ ပါတီရဲ့ ဥက္ကဌ တစ်ဦးဖြစ်သူ နိုထန်ကပ်က ပြောပါတယ်။

CNLD ပါတီဟာ မဲဆန္ဒနယ် (၆၀) ခန့်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားပြီး သုံးပုံ နှစ်ပုံ အနိုင်ရဖို့ မျှော်မှန်းထားတယ်လို့ နိုထန်ကပ်က ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

သတင်း - ဝေယံထက်ဝင်း / One News Myanmar
----------------------------------------------
တိုင္းရင္းသားပါတီမ်ားကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္ရန္ျပင္ဆင္

တိုင္းရင္းသားပါတီေတြအေနနဲ႔ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။
ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ပါတီကေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ၿမိဳ႕နယ္အသီးသီးမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း စိစစ္ေ႐ြးခ်ယ္ေရး ေကာ္မတီေတြ ဖြဲ႕စည္းေနၿပီျဖစ္တယ္လို႔ ပါတီရဲ႕ အေထြေထြအတြင္းေရးမႉုး ဦးစိုင္းလိတ္က ေျပာပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ေ႐ြးခ်ယ္တာနဲ႔ ပတ္သက္ၿပီး "အရည္အခ်င္းသတ္မွတ္ခ်က္ကေတာ့ အရည္အခ်င္းျခင္းတူတယ္ဆိုလို႔ရွိရင္ အမ်ိဳးသမီးနဲ႔ လူငယ္ကို ဦးစားေပးပါတယ္။ ေနာက္ လႊတ္ေတာ္ကိုယ္စားလွယ္ အရင္ျဖစ္ခဲ့ဖူး တဲ့သူေတြ ဝင္ၿပိဳင္မယ္ဆိုလို႔ရွိရင္ သူတို႔ကို ဦးစားေပးအေနနဲံ ထားပါတယ္"လို႔ ဦးစိုင္းလိတ္က ေျပာပါတယ္။
ေ႐ြးေကာက္ပြဲမွာ SNLD ပါတီက မဲဆႏၵနယ္ (၁၅၀) ခန႔္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ လ်ာထားပါတယ္။

ကခ်င္ပါတီသုံးပါတီေပါင္းၿပီး ဖြဲ႕စည္းထားတဲ့ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီကလည္းျပင္ဆင္ေနတာ ရွိပါတယ္။ ကိုယ္စားလွယ္ေလာင္းေတြကို ဇြန္လကုန္အထိ ေ႐ြးခ်ယ္သြားမယ္လို႔ ပါတီရဲ႕ ဒုတိယဥကၠဌ တစ္ဦးျဖစ္သူ ေဒၚဒြဲဘူက ေျပာပါတယ္။

"ကြၽန္မတို႔ကေတာ့ ဒီလကုန္အထိေတာ့ သတ္မွတ္ခ်က္ထားတာေပါ့။ ေ႐ြးခ်ယ္တဲ့ ပုံစံကေတာ့ အရင္တုန္းကေတာ့ ၿမိဳ႕နယ္ေကာ္မတီကေန မွ အမည္စာရင္းေပးတယ္ေပါ့ေနာ္။ ေနာက္မွ ေ႐ြးခ်ယ္ေရး ေကာ္မတီကေန ျပန္စိစစ္တယ္။ အတည္ျပဳတာေတာ့ CEC ကေန အတည္ျပဳမွာပါ။ ကြၽန္မတို႔က ကခ်င္ျပည္နယ္မွာပဲ အေျခစိုက္တဲ့ ပါတီပါ။ ပါတီမွတ္ပုံတင္ထားတာလည္း ကခ်င္ျပည္နယ္အတြင္းပဲ ကြၽန္မတို႔က လႈပ္ရွားေဆာင္႐ြက္ဖို႔ တင္ထားတာျဖစ္တဲ့အတြက္ ဒီကခ်င္ျပည္နယ္အတြင္းမွာေတာ့  မဲဆႏၵယ္အားလုံး ကြၽန္မတို႔ ၿပိဳင္မွာေပါ့"လို႔ ေဒၚဒြဲဘူက ေျပာပါတယ္။

ခ်င္းျပည္နယ္တစ္ခုလုံးမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CNLD)ပါတီကေတာ့ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္တာေတြ တခ်ိဳ႕ၿပီးစီးေနၿပီလို႔ ပါတီရဲ႕ ဥကၠဌ တစ္ဦးျဖစ္သူ ႏိုထန္ကပ္က ေျပာပါတယ္။

CNLD ပါတီဟာ မဲဆႏၵနယ္ (၆၀) ခန႔္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ လ်ာထားၿပီး သုံးပုံ ႏွစ္ပုံ အႏိုင္ရဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ ႏိုထန္ကပ္က ဆိုပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလအတြင္း က်င္းပသြားမွာ ျဖစ္တယ္လို႔  ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားပါတယ္။

သတင္း - ေဝယံထက္ဝင္း / One News Myanmar
https://www.facebook.com/onenewsmyan
တိုင်းရင်းသားပါတီများကိုယ်စားလှယ်လောင်းရွေးချယ်ရန်ပြင်ဆင် တိုင်းရင်းသားပါတီများကိုယ်စားလှယ်လောင်းရွေးချယ်ရန်ပြင်ဆင် Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.