ဂျော့ဖလွိုက်သေဆုံးမှု-အမေရိကန်က ဆန္ဒပြပွဲတွေအတွင်း နယူးယောက်မြို့တော်ဝန် သမီး အဖမ်းခံရ

 ငြိမ်းချမ်းစွာဆန္ဒပြသူတွေလည်းရှိသလို မြို့တော်တော်များများမှာ လုယက်အကြမ်းဖက်မှုတွေလည်း ရှိနေပါတယ်။
(Unicode)⤵⤵⤵
အမေရိကန်မှာ လူမည်းအမျိုးသားတစ်ဦး ရဲတွေလက်ထဲ သေဆုံးခဲ့မှုကအစပြုတဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေပြီး အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ နယူးယောက်မြို့တော်ဝန်ရဲ့ သမီး ဖမ်းဆီးခံထားရပါတယ်။

လူမည်းအမျိုးသား မစ္စတာ ဂျော့ဖလွိုက် ရဲတွေလက်ထဲ သေဆုံးခဲ့မှုအပေါ် တရားမျှတမှု တောင်းဆိုဆန္ဒပြပွဲတွေကတစ်ဆင့် အစပြုခဲ့တဲ့ ဆန္ဒပြပွဲတွေ အမေရိကန်က မြို့ကြီးလေးဆယ်ကျော်မှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။

နယူးယောက်မြို့တော်ဝန် မစ္စတာ ဘီဒီဘလာစီယိုရဲ့ သမီးဖြစ်သူ ချီယာရာဟာ စနေနေ့(မေ ၃၀) ရက် ညပိုင်းက ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ကို ရဲတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

မြို့တော်ဝန်ရဲ့ သမီးဟာ လူထောင်ပေါင်းများစွာ လမ်းကို ပိတ်ဆို့ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့အထဲ ပါဝင်ခဲ့ပြီး လူမည်းအမျိုးသားအသတ်ခံရတဲ့အပေါ် တရားမျှတမှုရှိရေးနဲ့ ကျူးလွန်သူတွေကို ဥပဒေအရအရေးယူရေး တောင်းဆိုခဲ့တာဖြစ်ပါတယ်။
 ဒီဆန္ဒပြပွဲတွေ ပြင်းထန်နေတာ ခြောက်ရက်ရှိလာပြီး မြို့ပေါင်းလေးဆယ်ကျော်ကို ကူးစက်သွားပါပြီ။
ဂျော့ဖလွိုက်သေဆုံးမှုကို တရားမျှတရရှိရေး ဆန္ဒပြပွဲတွေဟာ မူလက ငြိမ်းချမ်းစွာဆန္ဒပြကြတာတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဆန္ဒပြမှုတွေနဲ့ရောပြီး လုယက်အကြမ်းဖက်မှုတွေ မြို့ကြီးအချို့မှာ ပေါ်ပေါက်ပါတယ်။

အခုဆို ဒီဆန္ဒပြပွဲတွေ ပြင်းထန်နေတာ ခြောက်ရက်ရှိလာပြီး မြို့ပေါင်းလေးဆယ်ကျော်ကို ကူးစက်သွားပါပြီ။

ညမထွက်ရအမိန့်တွေကို မြို့ပေါင်းလေးဆယ်ကျော်မှာ ထုတ်ပြန်ထားပေမယ့် ဆန္ဒပြသူတွေဟာ ဒီအမိန့်ကို ဖီဆန်ပြီး ဆက်လက်ဆန္ဒပြနေလို့ တင်းမာမှု တွေလည်း မြင့်တက်နေပါတယ်။

အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့ကို အသင့်ပြင်ထားပြီး အခြေအနေအဆိုးဆုံးဖြစ်နေတဲ့ အခင်းစတင်ဖြစ်ပွားရာ မင်နီးဆိုးတားပြည်နယ်ကို တပ်တွေ ဖြန့်ချစေလွှတ်ထားပါတယ်။

နယူးယောက်၊ ချီကာဂို၊ ဖီလာဒဲဖီးယားနဲ့ လော့စ်အိန်ဂျလိစ်တို့မှာ အဓိကရုဏ်းနှိမ်နင်းတဲ့ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့ပြီး ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ ငြုတ်ရည်ပါတဲ့ ကျည်ဆန်တွေနဲ့ ပစ်ခတ်ပြီး လူစုခွဲတာတွေ လုပ်ခဲ့ပါတယ်။

ရဲကားတွေ မီးတင်ရှို့ခံရသလို မြို့တော်တော်များများမှာလည်း လုယက်အကြမ်းဖက်မှုတွေရှိနေပါတယ်။

ဝါရှင်တန်ဒီစီအပါအဝင် ပြည်နယ် ၁၅ ခုမှာ အရေးပေါ်အခြေအနေအတွက် အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့က တပ်ဖွဲ့ဝင် ငါးထောင်ကို အရံသင့် ပြင်ထားပါတယ်။

မနေ့က တနင်္ဂနွေနေ့မှာလည်း ရဲကားတွေ မီးရှို့ဖျက်ဆီးခံရသလို ရဲတွေကလည်းလူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ၊မီးရှူးမီးပန်းဗုံးတွေ အသုံးပြုခဲ့ပါတယ်။

ဖီလားဒဲဖီးယားအခြေစိုက် ရုပ်သံတွေမှာဆိုရင် လူတွေက ရဲကားတွေကို ဖျက်ဆီးပစ်နေတာတွေနဲ့ စတိုးဆိုင်တစ်ဆိုင် လုယက်ခံနေရတာကို ပြသခဲ့ပါ တယ်။

ဆန်တာမိုနီကာနဲ့ ကယ်လီဖိုးနီးယားမှာလည်း လုယက်ခံရမှုတွေရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဂျော့ဖလွိုက်သေဆုံးခဲ့တဲ့ မင်နီးယားပိုလစ်စ် မြို့မှာတော့ အဓိကဟိုင်းဝေးလမ်းမကြီးတစ်လျှောက် ပိတ်ဆို့ဆန္ဒပြနေတဲ့ လူအုပ်ထဲ မောင်းဝင်ခဲ့တဲ့ လော်ရီကားဒရိုင်ဘာတစ်ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာ ကားရပ်တန့်သွားတဲ့နောက် ဒါဇင်နဲ့ချီတဲ့ လူတွေဟာ ကားအနီး ဝိုင်းထားကြပြီး ဘီးနောက်ပိုင်းရောက်နေတဲ့ ဒရိုင်ဘာကို ကားထဲကနေ ဆွဲထုတ်နေတာတွေ့ရပါတယ်။

ဒရိုင်ဘာမှာ ဒဏ်ရာအနည်းငယ်ရရှိထားပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဒရိုင်ဘာရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

ဒန်ဗာမြို့မှာတော့ ထောင်ချီတဲ့ဆန္ဒပြသူတွေဟာ ကော်လိုရာဒိုပြည်နယ်လွှတ်တော်ရှေ့မှာ အေးချမ်းစွာ ဆန္ဒပြနေပြီး မစ္စတာဖလွိုက် ဖမ်းဆီးခံရတဲ့ အနေအထားဖြစ်တဲ့ သူတို့မျက်နှာတွေကို လမ်းမပေါ် ကပ်၊ လက်တွေကို နောက်ဘက်မှာ ထားရှိပြီး ငါအသက်ရှူလို့မရတော့ဘူး လို့ ကြွေးကြော် ဆန္ဒပြနေပါတယ်။

ဆန္ဒပြလူအုပ်ကြီးတွေဟာ အတ္တလန္တာ၊ ဘော်စတွန်၊ မီယာမီနဲ့ အိုကလာဟိုးမားမြို့တွေမှာလည်း ထွက်ပေါ်လာနေပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြသူတွေလည်း ရှိပါတယ်။
ဆန္ဒပြသူတွေကို ရဲတွေက အင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းတဲ့ ဖြစ်စဉ်တွေ ရှိထားပြီး ဂျော်ဂျီယာမြို့မှာ ကောလိပ်ကျောင်းသားနှစ်ဦးကို အင်အားအလွန်အကျွံသုံးခဲ့တဲ့ ရဲနှစ်ဦးကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။

ဖလွိုက်သေဆုံးမှုဟာ အမေရိကန်တစ်ဝန်းအမျက်ဒေါသထွက်စေခဲ့ပြီး ဒီဖြစ်စဉ်က နှစ်ပေါင်းများစွာ အသားအရောင်ခွဲခြားမှုနဲ့ စီးပွားရေးမညီမျှမှုတွေကို ထင်ဟပ်စေခဲ့ပါတယ်။

ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့ တစ်ပတ်တာအတွင်း ရာနဲ့ချီတဲ့လူတွေဖမ်းဆီးခံထားရပါတယ်။

ဖလွိုက်ရဲ့ လည်ပင်းကို ဒူးနဲ့နင်းထားတဲ့ ရဲ ကို လူသတ်မှု၊ ကြိုတင်ရည်ရွယ်ချက်မပါဘဲ လူသတ်မှု တွေနဲ့ တရားစွဲထားပြီး ဒီနေ့ တနင်္လာနှောင်းပိုင်းမှာ တရားရုံးမှာ စတင်စစ်ဆေးတော့မှာပါ။

BBC Burmese
---------------------------------------------
(Zawgyi)⤵⤵⤵
ေဂ်ာ့ဖလြိဳက္ေသဆုံးမႈ-အေမရိကန္က ဆႏၵျပပြဲေတြအတြင္း နယူးေယာက္ၿမိဳ႕ေတာ္ဝန္ သမီး အဖမ္းခံရ

အေမရိကန္မွာ လူမည္းအမ်ိဳးသားတစ္ဦး ရဲေတြလက္ထဲ ေသဆုံးခဲ့မႈကအစျပဳတဲ့ ဆႏၵျပပြဲေတြ အႀကီးအက်ယ္ျဖစ္ပြားေနၿပီး အဲဒီဆႏၵျပပြဲမွာ ပါဝင္ခဲ့သူ နယူးေယာက္ၿမိဳ႕ေတာ္ဝန္ရဲ႕ သမီး ဖမ္းဆီးခံထားရပါတယ္။

လူမည္းအမ်ိဳးသား မစၥတာ ေဂ်ာ့ဖလြိဳက္ ရဲေတြလက္ထဲ ေသဆုံးခဲ့မႈအေပၚ တရားမွ်တမႈ ေတာင္းဆိုဆႏၵျပပြဲေတြကတစ္ဆင့္ အစျပဳခဲ့တဲ့ ဆႏၵျပပြဲေတြ အေမရိကန္က ၿမိဳ႕ႀကီးေလးဆယ္ေက်ာ္မွာ ျဖစ္ပြားေနတာျဖစ္ပါတယ္။

နယူးေယာက္ၿမိဳ႕ေတာ္ဝန္ မစၥတာ ဘီဒီဘလာစီယိုရဲ႕ သမီးျဖစ္သူ ခ်ီယာရာဟာ စေနေန႔(ေမ ၃၀) ရက္ ညပိုင္းက ဆႏၵျပပြဲအတြင္း ဖမ္းဆီးခံရတာျဖစ္တယ္လို႔ အာဏာပိုင္ေတြကေျပာပါတယ္။

ဒါေပမဲ့ ေနာက္ပိုင္းမွာ သူ႔ကို ရဲေတြက ျပန္လႊတ္ေပးခဲ့ပါတယ္။

ၿမိဳ႕ေတာ္ဝန္ရဲ႕ သမီးဟာ လူေထာင္ေပါင္းမ်ားစြာ လမ္းကို ပိတ္ဆို႔ၿပီး ၿငိမ္းခ်မ္းစြာဆႏၵျပေနတဲ့အထဲ ပါဝင္ခဲ့ၿပီး လူမည္းအမ်ိဳးသားအသတ္ခံရတဲ့အေပၚ တရားမွ်တမႈရွိေရးနဲ႔ က်ဴးလြန္သူေတြကို ဥပေဒအရအေရးယူေရး ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ေဂ်ာ့ဖလြိဳက္ေသဆုံးမႈကို တရားမွ်တရရွိေရး ဆႏၵျပပြဲေတြဟာ မူလက ၿငိမ္းခ်မ္းစြာဆႏၵျပၾကတာေတြရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဆႏၵျပမႈေတြနဲ႔ေရာၿပီး လုယက္အၾကမ္းဖက္မႈေတြ ၿမိဳ႕ႀကီးအခ်ိဳ႕မွာ ေပၚေပါက္ပါတယ္။

အခုဆို ဒီဆႏၵျပပြဲေတြ ျပင္းထန္ေနတာ ေျခာက္ရက္ရွိလာၿပီး ၿမိဳ႕ေပါင္းေလးဆယ္ေက်ာ္ကို ကူးစက္သြားပါၿပီ။

ညမထြက္ရအမိန႔္ေတြကို ၿမိဳ႕ေပါင္းေလးဆယ္ေက်ာ္မွာ ထုတ္ျပန္ထားေပမယ့္ ဆႏၵျပသူေတြဟာ ဒီအမိန႔္ကို ဖီဆန္ၿပီး ဆက္လက္ဆႏၵျပေနလို႔ တင္းမာမႈ ေတြလည္း ျမင့္တက္ေနပါတယ္။

အေမရိကန္ အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ကို အသင့္ျပင္ထားၿပီး အေျခအေနအဆိုးဆုံးျဖစ္ေနတဲ့ အခင္းစတင္ျဖစ္ပြားရာ မင္နီးဆိုးတားျပည္နယ္ကို တပ္ေတြ ျဖန႔္ခ်ေစလႊတ္ထားပါတယ္။

နယူးေယာက္၊ ခ်ီကာဂို၊ ဖီလာဒဲဖီးယားနဲ႔ ေလာ့စ္အိန္ဂ်လိစ္တို႔မွာ အဓိက႐ုဏ္းႏွိမ္နင္းတဲ့ရဲေတြနဲ႔ ဆႏၵျပသူေတြ ထိပ္တိုက္ေတြ႕ခဲ့ၿပီး ရဲေတြက မ်က္ရည္ယို ဗုံးေတြနဲ႔ ျငဳတ္ရည္ပါတဲ့ က်ည္ဆန္ေတြနဲ႔ ပစ္ခတ္ၿပီး လူစုခြဲတာေတြ လုပ္ခဲ့ပါတယ္။

ရဲကားေတြ မီးတင္ရႈိ႕ခံရသလို ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာလည္း လုယက္အၾကမ္းဖက္မႈေတြရွိေနပါတယ္။

ဝါရွင္တန္ဒီစီအပါအဝင္ ျပည္နယ္ ၁၅ ခုမွာ အေရးေပၚအေျခအေနအတြက္ အေမရိကန္အမ်ိဳးသားအေစာင့္တပ္ဖြဲ႕က တပ္ဖြဲ႕ဝင္ ငါးေထာင္ကို အရံသင့္ ျပင္ထားပါတယ္။

မေန႔က တနဂၤေႏြေန႔မွာလည္း ရဲကားေတြ မီးရႈိ႕ဖ်က္ဆီးခံရသလို ရဲေတြကလည္းလူစုခြဲဖို႔ မ်က္ရည္ယိုဗုံးေတြ၊မီးရႉးမီးပန္းဗုံးေတြ အသုံးျပဳခဲ့ပါတယ္။

ဖီလားဒဲဖီးယားအေျခစိုက္ ႐ုပ္သံေတြမွာဆိုရင္ လူေတြက ရဲကားေတြကို ဖ်က္ဆီးပစ္ေနတာေတြနဲ႔ စတိုးဆိုင္တစ္ဆိုင္ လုယက္ခံေနရတာကို ျပသခဲ့ပါ တယ္။

ဆန္တာမိုနီကာနဲ႔ ကယ္လီဖိုးနီးယားမွာလည္း လုယက္ခံရမႈေတြရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။

ေဂ်ာ့ဖလြိဳက္ေသဆုံးခဲ့တဲ့ မင္နီးယားပိုလစ္စ္ ၿမိဳ႕မွာေတာ့ အဓိကဟိုင္းေဝးလမ္းမႀကီးတစ္ေလွ်ာက္ ပိတ္ဆို႔ဆႏၵျပေနတဲ့ လူအုပ္ထဲ ေမာင္းဝင္ခဲ့တဲ့ ေလာ္ရီကားဒ႐ိုင္ဘာတစ္ေယာက္ ဖမ္းဆီးခံခဲ့ရပါတယ္။

လူမႈကြန္ရက္မွာပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္မွာ ကားရပ္တန႔္သြားတဲ့ေနာက္ ဒါဇင္နဲ႔ခ်ီတဲ့ လူေတြဟာ ကားအနီး ဝိုင္းထားၾကၿပီး ဘီးေနာက္ပိုင္းေရာက္ေနတဲ့ ဒ႐ိုင္ဘာကို ကားထဲကေန ဆြဲထုတ္ေနတာေတြ႕ရပါတယ္။

ဒ႐ိုင္ဘာမွာ ဒဏ္ရာအနည္းငယ္ရရွိထားၿပီး ေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။ မင္နီဆိုးတားျပည္နယ္အုပ္ခ်ဳပ္ေရးမႉးကေတာ့ ဒ႐ိုင္ဘာရဲ႕ ရည္႐ြယ္ခ်က္ကို ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ ဆိုပါတယ္။

ဒန္ဗာၿမိဳ႕မွာေတာ့ ေထာင္ခ်ီတဲ့ဆႏၵျပသူေတြဟာ ေကာ္လိုရာဒိုျပည္နယ္လႊတ္ေတာ္ေရွ႕မွာ ေအးခ်မ္းစြာ ဆႏၵျပေနၿပီး မစၥတာဖလြိဳက္ ဖမ္းဆီးခံရတဲ့ အေနအထားျဖစ္တဲ့ သူတို႔မ်က္ႏွာေတြကို လမ္းမေပၚ ကပ္၊ လက္ေတြကို ေနာက္ဘက္မွာ ထားရွိၿပီး ငါအသက္ရႉလို႔မရေတာ့ဘူး လို႔ ေႂကြးေၾကာ္ ဆႏၵျပေနပါတယ္။

ဆႏၵျပလူအုပ္ႀကီးေတြဟာ အတၱလႏၲာ၊ ေဘာ္စတြန္၊ မီယာမီနဲ႔ အိုကလာဟိုးမားၿမိဳ႕ေတြမွာလည္း ထြက္ေပၚလာေနပါတယ္။

ဆႏၵျပသူေတြကို ရဲေတြက အင္အားအလြန္အကြၽံသုံးၿပီး ႏွိမ္နင္းတဲ့ ျဖစ္စဥ္ေတြ ရွိထားၿပီး ေဂ်ာ္ဂ်ီယာၿမိဳ႕မွာ ေကာလိပ္ေက်ာင္းသားႏွစ္ဦးကို အင္အားအလြန္အကြၽံသုံးခဲ့တဲ့ ရဲႏွစ္ဦးကို အလုပ္က ထုတ္ပယ္ခဲ့ပါတယ္။

ဖလြိဳက္ေသဆုံးမႈဟာ အေမရိကန္တစ္ဝန္းအမ်က္ေဒါသထြက္ေစခဲ့ၿပီး ဒီျဖစ္စဥ္က ႏွစ္ေပါင္းမ်ားစြာ အသားအေရာင္ခြဲျခားမႈနဲ႔ စီးပြားေရးမညီမွ်မႈေတြကို ထင္ဟပ္ေစခဲ့ပါတယ္။

ဆႏၵျပမႈေတြျဖစ္ခဲ့တဲ့ တစ္ပတ္တာအတြင္း ရာနဲ႔ခ်ီတဲ့လူေတြဖမ္းဆီးခံထားရပါတယ္။

ဖလြိဳက္ရဲ႕ လည္ပင္းကို ဒူးနဲ႔နင္းထားတဲ့ ရဲ ကို လူသတ္မႈ၊ ႀကိဳတင္ရည္႐ြယ္ခ်က္မပါဘဲ လူသတ္မႈ ေတြနဲ႔ တရားစြဲထားၿပီး ဒီေန႔ တနလၤာေႏွာင္းပိုင္းမွာ တရား႐ုံးမွာ စတင္စစ္ေဆးေတာ့မွာပါ။

BBC Burmese
https://www.bbc.com/burmese/burma-52857970
ဂျော့ဖလွိုက်သေဆုံးမှု-အမေရိကန်က ဆန္ဒပြပွဲတွေအတွင်း နယူးယောက်မြို့တော်ဝန် သမီး အဖမ်းခံရ ဂျော့ဖလွိုက်သေဆုံးမှု-အမေရိကန်က ဆန္ဒပြပွဲတွေအတွင်း နယူးယောက်မြို့တော်ဝန် သမီး အဖမ်းခံရ Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.