ဟန်လင်းက နှစ်ပေါင်း ၃၅၀၀ ကျော်ရှိ အရိုးစုနဲ့ မြေအိုးတချို့ ဖျက်ဆီးခံရ

တူးဖော်မှုကုန်း ၂၉ က အရိုးစုတချို့နဲ့ ရှေးဟောင်းမြေအိုးတွေ ဖျက်ဆီးခံရတာလို့ သိရပါတယ်။
(Unicode)⤵⤵⤵
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဟန်လင်းရှေးဟောင်းအမွေအနှစ်ဒေသ ရှေးဟောင်းပစ္စည်းအရိုးအိုးတချို့ ဖျက်ဆီးခံရတယ်လို့ ဒေသခံအမတ် ဦးစိုးဝင်းထွန်းက ဘီဘီစီကို အတည်ပြုပါတယ်။

ဟန်လင်းရှေးဟောင်းပြတိုက်အနောက်ဘက်က တူးဖော်ကုန်း ၂၉ မှာရှိတဲ့ သင်္ချုင်းမှာ မြုပ်နှံထားတဲ့ အရိုးအိုး ငါးအိုး အနက် တစ်အိုးမှာ ဖျက်ဖျက်ဆီး ခံထားရပြီး ကျန်အိုးတွေမှာလည်း ယူဆောင်သွားလို့မရတဲ့အခြေအနေမို့ မြေထဲနစ်ဝင်တဲ့အနေအထားအတိုင်း ထားခဲ့တာတွေ့ရတယ်လို့ ဦးစိုးဝင်းထွန်း ကပြောပါတယ်။

"ဘုရားအနောက်ဘက်က သင်္ချိုင်းခေါ်တာပေါ့။ အရိုးအိုးတွေမြှုပ်တဲ့ သင်္ချိုင်းနေရာ လူအရိုးစုတွေ မြှုပ်ထားတဲ့နေရာက အိုးတွေကို ခွဲသွားတာပေါ့။ အဲဒီအိုးတွေထဲမှာ ရွှေငွေရတနာတွေရှိမယ်ထင်ပြီး လုပ်တာ။ ရှေးဟောင်းတာဝန်ရှိသူတွေက ဒီအိုးတွေကိုမူလအနေအထားအပျက်အောင် မြေသားတွေဘာတွေခြံရံပြီး တစ်ဝက်ကိုမြေပေါ် ဖော်ထားတာဆိုတော့အဲဒီမှာ ရွှေငွေတွေရှိတယ်ဆိုပြီးလုပ်တာမျိုးဖြစ်ဖို့များပါတယ်" လို့ သူက ပြောပါတယ်။

ခုလို ရှေးဟောင်းပစ္စည်းဖျက်ဆီးသူတွေကို ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဥပဒေနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပြီး တရားခံဖမ်းမိဖို့ဆောင် ရွက်နေတယ်လို့ ဝက်လက်မြို့မရဲစခန်းက မြို့နယ်မှူး ရဲမှူးဦးဌေးဦးက ဘီဘီစီကိုပြောပါတယ်။
ဟန်လင်းမြို့ဟောင်းက နှစ်ထောင်ချီ အရိုးစုတစ်ခု
ဇွန်လ ၃ ရက်က ခုလို ဖျက်ဆီးခံရတာကို သက်ဆိုင်ရာရှေးဟောင်းဌာနက တွေ့ရှိပြီး ဇွန် ၉ ရက်နေ့ကျမှ ရဲစခန်းကို လာရောက်အမှုဖွင့်တာလို့ သူက ဆက်ပြောပါတယ်။

"တူးဖော်ကုန်းတွေကလည်း အလှမ်းဝေးတော့ ဒီလိုတွေမတိုင်ခင်တည်းက ကမ္ဘာ့လှည့်ခရီးသွားရဲတပ်ဖွဲ့နဲ့ နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့တွေကတော့ ကင်းလှည့်နေတယ်။ ခုလိုဖြစ်သွားတော့ ပိုပြီး လုံခြုံရေးဂရုစိုက်ရမှာပေါ့။ ဒါပေမဲ့ ဒီရှေးဟောင်းတူးဖော်ကုန်းတွေက အလှမ်းလည်းဝေးတယ်။ မှောင် လည်းမှောင်တော့ ဒါကိုအကာအကွယ်ယူပြီးလုပ်တာဖြစ်တယ်။ ရည်ရွယ်ချက်နဲ့ လုပ်တာထက် အရင်တစ်ခါ ၂၀၁၆ တုန်းကလည်းတူးဖော်ကုန်း ၂၆ မှာ ကျောက်ကွင်းတစ်ကွင်းအခိုးခံရဖူးတယ်။ ဒီတစ်ခါလည်း ဒီလိုပုံစံမျိုးလို့ထင်ပါတယ်" လို့ သူကပြောပါတယ်။
ရှေးဟောင်းကျောက်ကွင်းလက်ကောက်တွေထဲကတချို့လည်း ၂၀၁၆ ခုနှစ်က ခိုးယူခံရပါတယ်။
ကိုဗစ်ကာလမှာ ဟန်လင်းမြို့ဟောင်းကို ခရီးသွားလာခွင့်တော့ တားမြစ်ထားတာမရှိဘဲ ခရီးသွားလည်း နည်းနေတုန်းပဲဖြစ်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ခရီးသွားတွေကို သွားလာဖို့ ညွှန်ကြားတာတော့ရှိတယ်လို့ ဦးစိုးဝင်းထွန်းကပြောပါတယ်။

ဟန်လင်းပျူမြို့ဟောင်းဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့မှာ တည်ရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဟန်လင်းအပါအဝင် ပြည်မြို့က သရေခေတ္တရာနဲ့ မကွေးတိုင်းတောင်တွင်းကြီးက ဗိဿနိုးမြို့ဟောင်း သုံးခုဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရှေးဟောင်းပုဂံဒေသက ဘုရားအဆူပေါင်း ၁၀ ဆူ ဌာပနာဖောက်ထွင်းခံထားရသလို မီးရှို့ဖျက်ဆီးခံရတာတချို့ရှိထားပါတယ်။

BBC Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
ဟန္လင္းက ႏွစ္ေပါင္း ၃၅၀၀ ေက်ာ္ရွိ အ႐ိုးစုနဲ႔ ေျမအိုးတခ်ိဳ႕ ဖ်က္ဆီးခံရ

ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္စာရင္းဝင္ ဟန္လင္းေရွးေဟာင္းအေမြအႏွစ္ေဒသ ေရွးေဟာင္းပစၥည္းအ႐ိုးအိုးတခ်ိဳ႕ ဖ်က္ဆီးခံရတယ္လို႔ ေဒသခံအမတ္ ဦးစိုး၀င္းထြန္းက ဘီဘီစီကို အတည္ျပဳပါတယ္။

ဟန္လင္းေရွးေဟာင္းျပတိုက္အေနာက္ဘက္က တူးေဖာ္ကုန္း ၂၉ မွာရွိတဲ့ သခ်ၤုင္းမွာ ျမဳပ္ႏွံထားတဲ့ အ႐ိုးအိုး ငါးအိုး အနက္ တစ္အိုးမွာ ဖ်က္ဖ်က္ဆီး ခံထားရၿပီး က်န္အိုးေတြမွာလည္း ယူေဆာင္သြားလို႔မရတဲ့အေျခအေနမို႔ ေျမထဲနစ္ဝင္တဲ့အေနအထားအတိုင္း ထားခဲ့တာေတြ႕ရတယ္လို႔ ဦးစိုး၀င္းထြန္း ကေျပာပါတယ္။

"ဘုရားအေနာက္ဘက္က သခ်ႋဳင္းေခၚတာေပါ့။ အ႐ိုးအိုးေတြျမႇဳပ္တဲ့ သခ်ႋဳင္းေနရာ လူအ႐ိုးစုေတြ ျမႇဳပ္ထားတဲ့ေနရာက အိုးေတြကို ခြဲသြားတာေပါ့။ အဲဒီအိုးေတြထဲမွာ ေ႐ႊေငြရတနာေတြရွိမယ္ထင္ၿပီး လုပ္တာ။ ေရွးေဟာင္းတာဝန္ရွိသူေတြက ဒီအိုးေတြကိုမူလအေနအထားအပ်က္ေအာင္ ေျမသားေတြဘာေတြၿခံရံၿပီး တစ္ဝက္ကိုေျမေပၚ ေဖာ္ထားတာဆိုေတာ့အဲဒီမွာ ေ႐ႊေငြေတြရွိတယ္ဆိုၿပီးလုပ္တာမ်ိဳးျဖစ္ဖို႔မ်ားပါတယ္" လို႔ သူက ေျပာပါတယ္။

ခုလို ေရွးေဟာင္းပစၥည္းဖ်က္ဆီးသူေတြကို ေရွးေဟာင္းအေမြအႏွစ္ထိန္းသိမ္းေရးဥပေဒနဲ႔ ရဲစခန္းမွာ အမႈဖြင့္ထားၿပီး တရားခံဖမ္းမိဖို႔ေဆာင္ ႐ြက္ေနတယ္လို႔ ဝက္လက္ၿမိဳ႕မရဲစခန္းက ၿမိဳ႕နယ္မႉး ရဲမႉးဦးေဌးဦးက ဘီဘီစီကိုေျပာပါတယ္။

ဇြန္လ ၃ ရက္က ခုလို ဖ်က္ဆီးခံရတာကို သက္ဆိုင္ရာေရွးေဟာင္းဌာနက ေတြ႕ရွိၿပီး ဇြန္ ၉ ရက္ေန႔က်မွ ရဲစခန္းကို လာေရာက္အမႈဖြင့္တာလို႔ သူက ဆက္ေျပာပါတယ္။

"တူးေဖာ္ကုန္းေတြကလည္း အလွမ္းေဝးေတာ့ ဒီလိုေတြမတိုင္ခင္တည္းက ကမာၻ႔လွည့္ခရီးသြားရဲတပ္ဖြဲ႕နဲ႔ နယ္ေျမလုံၿခဳံေရးရဲတပ္ဖြဲ႕ေတြကေတာ့ ကင္းလွည့္ေနတယ္။ ခုလိုျဖစ္သြားေတာ့ ပိုၿပီး လုံၿခဳံေရးဂ႐ုစိုက္ရမွာေပါ့။ ဒါေပမဲ့ ဒီေရွးေဟာင္းတူးေဖာ္ကုန္းေတြက အလွမ္းလည္းေဝးတယ္။ ေမွာင္ လည္းေမွာင္ေတာ့ ဒါကိုအကာအကြယ္ယူၿပီးလုပ္တာျဖစ္တယ္။ ရည္႐ြယ္ခ်က္နဲ႔ လုပ္တာထက္ အရင္တစ္ခါ ၂၀၁၆ တုန္းကလည္းတူးေဖာ္ကုန္း ၂၆ မွာ ေက်ာက္ကြင္းတစ္ကြင္းအခိုးခံရဖူးတယ္။ ဒီတစ္ခါလည္း ဒီလိုပုံစံမ်ိဳးလို႔ထင္ပါတယ္" လို႔ သူကေျပာပါတယ္။

ကိုဗစ္ကာလမွာ ဟန္လင္းၿမိဳ႕ေဟာင္းကို ခရီးသြားလာခြင့္ေတာ့ တားျမစ္ထားတာမရွိဘဲ ခရီးသြားလည္း နည္းေနတုန္းပဲျဖစ္ၿပီး က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ ခရီးသြားေတြကို သြားလာဖို႔ ၫႊန္ၾကားတာေတာ့ရွိတယ္လို႔ ဦးစိုး၀င္းထြန္းကေျပာပါတယ္။

ဟန္လင္းပ်ဴၿမိဳ႕ေဟာင္းဟာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ိုင္၊ ဝက္လက္ၿမိဳ႕မွာ တည္ရွိပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ဟန္လင္းအပါအဝင္ ျပည္ၿမိဳ႕က သေရေခတၱရာနဲ႔ မေကြးတိုင္းေတာင္တြင္းႀကီးက ဗိႆႏိုးၿမိဳ႕ေဟာင္း သုံးခုဟာ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ကမာၻ႔အေမြအႏွစ္စာရင္းဝင္ေရွးေဟာင္းပုဂံေဒသက ဘုရားအဆူေပါင္း ၁၀ ဆူ ဌာပနာေဖာက္ထြင္းခံထားရသလို မီးရႈိ႕ဖ်က္ဆီးခံရတာတခ်ိဳ႕ရွိထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53003527
ဟန်လင်းက နှစ်ပေါင်း ၃၅၀၀ ကျော်ရှိ အရိုးစုနဲ့ မြေအိုးတချို့ ဖျက်ဆီးခံရ ဟန်လင်းက နှစ်ပေါင်း ၃၅၀၀ ကျော်ရှိ အရိုးစုနဲ့ မြေအိုးတချို့ ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.