ကိုဗစ်ကာလ ပုဂံမှာ ဌာပနာ အဖောက်ခံရတာ ဘယ်ဘုရားတွေလဲ

လောလောလတ်လတ် ဖောက်ခံရတာ စေတီ ၅ ဆူပါဝင်
(Unicode)⤵⤵⤵
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ ဇွန်လ ၁၁ ရက်နေ့အထိ ဌာပနာဖွင့်ဖောက်ခံရတဲ့ ယူဆရတဲ့ စေတီပေါင်းဟာ ၃၃ ဆူအထိ တွေ့ရှိလာရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာသန်းထိုက်က ဘီဘီစီကို ပြောပါတယ်။

အဲဒီထဲမှာ လောလောလတ်လတ် အဖောက်ခံရတဲ့ စေတီ ၅ ဆူပါဝင်ပြီးတော့ ပြီးခဲ့တဲ့ လပိုင်းတွေက ဖောက်ခံရတဲ့ စေတီဘုရားတွေက ၇ ဆူ ရှိတယ် လို့သူကပြောပါတယ် ။

ကျန်တဲ့ စေတီဘုရား၂၁ ဆူ ကို သေချာပြန်စစ်ကြည့်တဲ့အခါ ဌာပနထည့်ဖို့ အပေါက် ကလေးတွေ ထားခဲ့တာသာဖြစ်ပြီး ဒါကို ဌာပနာ ဖောက်ခံရတယ်လို့ ယူဆရကြတာဖြစ်ကြောင်း အဲဒီဘုရားတွေဟာ ဌာပနာ မထည့်ရသေးကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာသန်းထိုက်က ရှင်းပြပါတယ် ။

အခုအဖောက်ခံရတဲ့ ဘုရားအများစုဟာ ၁၉၉၀ ကနေ၂၀၀၇ ခုနှစ် အတွင်းပြန်လည်မွမ်းမံပြီး ဌာပန သွင်းခဲ့တဲ့ ဘုရားတွေဖြစ်တယ်လို့လည်းသူပြောပါတယ်။
၂၀၀၅ ခုနှစ်က ပြန်လည်မွမ်းမံထားသော ပုဂံဘုရားတစ်ဆူ
ဇွန် လ ၈ရက်နေ့ က ရွာဟောင်းကြီးဘုရားမြောက်ဖက် ဘုရားစုများထဲက ဘုရားငါးဆူ ရဲ့ ပြန်လည်ပြုပြင်ထား တဲ့ ကွမ်းတောင်တွေမှာ ဖောက်ထွင်းခံထားရတာဖြစ်သလို ဇွန်လ၉ ရက်နေ့က စူဌာမဏိ ဘုရား နဲ့ ဓမ္မရံကြီး ဘုရားနှစ်ဆူကြားမှာရှိတဲ့ ဘုရားသုံးဆူ ၇၅၃/၇၅၁/၇၅၁(က) အစရှိ တဲ့ဘုရားတွေ မှာ ဖောက်ထွင်းခံထား ရတယ်လို့လည်း ပုဂံညောင်ဦး ဧည့်လမ်းညွှန်များအသင်းကထုတ်ပြန်ပါတယ် ။

ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ဘုရားဌာပနာကွမ်းတောင်တွေ ပေါက်နေကြောင်း ဇွန်လ ၈ ရက်နေ့က ၅ ဆူကို စတင်တွေ့ရှိပြီး နောက် ဇွန် ၉ ရက်မှာ နောက်ထပ် ၁၄ ဆူ၊ ဇွန် ၁၀ ရက်မှာ ၁၄ ဆူ ဌာပနာဖွင့်ဖောက်ခံရတဲ့ ယူဆရတာတွေ ဆက်လက်တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ၃၃ ဆူအထိ ရှိလာ တယ်လို့လည်းဒေါက်တာသန်းထိုက်ကပြောပါတယ် ။

"ကျွန်တော်တို့ သေချာစစ်ကြည့်လိုက်တော့ အမှန်တကယ် ဌာပနာ အဖောက်ခံ ရတာ က ၁၂ ဆူ ဖြစ်ပါတယ်၊ ကျန်တဲ့ ၂၁ ဆူက ဘုရားဌာပနာ ကိုမထည့်ရသေးတာပါလို့ "လည်း သူကပြောပါတယ်။

ဌာပနာ အဖောက်ခံရ ပြီး ကျန်ခဲတဲ့ ဌာပနာတွေ မှာ ကျောက်စိမ်းလက်ကောက်တို့ ရွှေလက်စွပ်တို့ ကြေးရုပ်တို့ တွေ့ရပြီး အဲဒီကျန်ဌာပနာတွေ ရဲ့လက်ရာတွေဟာ ဒီဘက်ခေတ် လက်ရာ တွေဖြစ်ကြပြီးတော့ ရှေးဟောင်းလက်ရာတွေ မတွေ့ရဘူးလို့လည်းသူက ရှင်းပြပါတယ်။
ဘုရားဌာပနာဖောက်ပြီး အပြင်မှာ ကျန်ခဲ့တဲ့ ကြေးရုပ်များ
ဘုရားဌာပနာဖောက်ပြီး အပြင်မှာ ကျန်ခဲ့တဲ့ လက်ရာတွေထဲမှာ မန္တလေး ဘက် က ယခုခေတ်လက်ရာကြေးရုပ်တွေ တွေ့ရသလို အကြွေ ငါးမူးစေ့ ဆယ်ပြားစေ့တွေ စတာတွေလည်းတွေ့ရတယ်လို့ လည်းဒေါက်တာသန်းထိုက် ကပြောပါတယ်။

ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ဖောက်ထွင်းခံထားရတဲ့ စေတီ တွေ ဌာပနာ အဖောက်ခံရတာတွေရှိလာပြီးတဲ့နောက် ပုဂံဇုန်အတွင်းလုံခြုံရေးကို ထပ်တိုးဆောင်ရွက်သွားဖို့ စီစဉ်နေ ပါတယ်။

ပုဂံရှေးဟောင်းနယ်မြေအတွင်းဌာနေပါင်းစုံနဲ့ လုံခြုံရေး လှည့်လည် စစ်ဆေးတာတွေကို အရင်ထက်ပိုတိုးပြီးဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနဌာန ပုဂံဌာနခွဲ ကနေသိရပါတယ်

လုံခြုံရေးလှည့်လည်ဖို့အတွက် အရံမီးသတ်အင်အား ၃၀ ၊ ပုဂံဧည့်လမ်းညွှန်အသင်းက အင်အား ၁၀၀ ၊ ရဲအင်အား ၇၀ ကိုပါ ထပ်တိုးချထားပြီး ရှေးဟောင်းသုတေသနဌာန အပါအဝင် သက်ဆိုင်ရာ ဌာနပေါင်းစုံနဲ့ နေ့ည လှည့်လည်စစ်ဆေးတာတွေကို အရင် ၄ကြိမ်ကနေ ၈ကြိမ်အထိ တိုးမြှင့်ဆောင်ရွက်သွားဖို့ရှိတယ် လို့ လည်း ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ဘီဘီစီကိုပြောပါတယ်။
ကိုဗစ်ကာလ ပုဂံမှာ ခရီးသွားတွေမလာကြ
မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ပုဂံဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ အမွေအနှစ်စာရင်း ၂၀၁၉ က ထည့်သွင်း သတ်မှတ်ခြင်းခံခဲ့ရပါတယ် ။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားအဆူ ၃ထောင်ကျော်ရှိပြီး ဒီထဲကမှ ဂေါပကအဖွဲ့ရှိတဲ့ ဘုရားအဆူ ၁၉ဆူရှိပါတယ်။

ဒီထဲမှာ အာနန္ဒာဘုရားအပါအဝင် ဘုရားကြီးအချို့မှာ CCTV စောင့်ကြည့်ကင်မရာ တွေတပ်ဆင်ထားတာ ရှိပေမယ့်လည်းအချို့သော ကင်မရာတွေမှာ အသုံးပြုမရတာတွေလည်း ရှိနေတဲ့ အတွက် ပြန်လည်ပြင်ဆင် ဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။
ဖောက်ထွင်းခံရတဲ့ ဘုရားတွေကို လိုက်လံစစ်ဆေးကြစဉ်
အခုလို ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းက စေတီပုထိုးတွေဖောက်ထွင်းဖျက်ဆီးခံရတာတွေ ရှိလာတဲ့အပေါ် ဒေသခံတွေကလည်းစိုးရိမ်ကြပြီးသူတို့ ကလည်း ဝိုင်းပြီးထိန်းသိမ်းဖို့ အတွက် စိတ် ဆန္ဒရှိကြတယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကလည်း မြန်မာနိုင်ငံက ယူနက်စကိုစာရင်း ဝင်နေရာတစ်ခုဖြစ်တဲ့ ဟန်လင်း ပျုမြို့ဟောင်းမှာလည်း ရှေးဟောင်းပစ္စည်းအရိုးအိုးတချို့ ဖျက်ဆီးခံရတယ် ဒေသခံအမတ် ဦးစိုးဝင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အခုဖောက်ထွင်းခံရ တဲ့ ဘုရားတွေ ဟာ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်နေချိန် လူသွားလူလာနည်းတာကို အခွင့်ကောင်းယူပြီး ဖောက်ထွင်းခဲ့တာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒုတိယဝန်ကြီး က ဘီဘီစီကိုပြောပါတယ်။

ပုဂံဒေသတခုလုံးကို ထိမ်းသိန်းစောင့်ရှောက်ဖို့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်အရှိဆုံးဖြစ်ပြီး နယ်မြေခံဒေသခံပြည်သူတွေလည်း ပါဝင်ထိန်းသိမ်းလာအောင် ဆောင်ရွက်သွားမယ်လို့လည်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒုတိယဝန်ကြီး ကဘီဘီစီကိုပြောခဲ့ပါတယ်။

BBC Burmese
----------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ကာလ ပုဂံမွာ ဌာပနာ အေဖာက္ခံရတာ ဘယ္ဘုရားေတြလဲ

ပုဂံေရွးေဟာင္းယဥ္ေက်းမႈေဒသမွာ ဇြန္လ ၁၁ ရက္ေန႔အထိ ဌာပနာဖြင့္ေဖာက္ခံရတဲ့ ယူဆရတဲ့ ေစတီေပါင္းဟာ ၃၃ ဆူအထိ ေတြ႕ရွိလာရေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီးဌာန ပုဂံဌာနခြဲ ၫႊန္ၾကားေရးမႉးေဒါက္တာသန္းထိုက္က ဘီဘီစီကို ေျပာပါတယ္။

အဲဒီထဲမွာ ေလာေလာလတ္လတ္ အေဖာက္ခံရတဲ့ ေစတီ ၅ ဆူပါဝင္ၿပီးေတာ့ ၿပီးခဲ့တဲ့ လပိုင္းေတြက ေဖာက္ခံရတဲ့ ေစတီဘုရားေတြက ၇ ဆူ ရွိတယ္ လို႔သူကေျပာပါတယ္ ။

က်န္တဲ့ ေစတီဘုရား၂၁ ဆူ ကို ေသခ်ာျပန္စစ္ၾကည့္တဲ့အခါ ဌာပနထည့္ဖို႔ အေပါက္ ကေလးေတြ ထားခဲ့တာသာျဖစ္ၿပီး ဒါကို ဌာပနာ ေဖာက္ခံရတယ္လို႔ ယူဆရၾကတာျဖစ္ေၾကာင္း အဲဒီဘုရားေတြဟာ ဌာပနာ မထည့္ရေသးေၾကာင္းလည္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီးဌာန ပုဂံဌာနခြဲ ၫႊန္ၾကားေရးမႉးေဒါက္တာသန္းထိုက္က ရွင္းျပပါတယ္ ။

အခုအေဖာက္ခံရတဲ့ ဘုရားအမ်ားစုဟာ ၁၉၉၀ ကေန၂၀၀၇ ခုႏွစ္ အတြင္းျပန္လည္မြမ္းမံၿပီး ဌာပန သြင္းခဲ့တဲ့ ဘုရားေတြျဖစ္တယ္လို႔လည္းသူေျပာပါတယ္။

ဇြန္ လ ၈ရက္ေန႔ က ႐ြာေဟာင္းႀကီးဘုရားေျမာက္ဖက္ ဘုရားစုမ်ားထဲက ဘုရားငါးဆူ ရဲ႕ ျပန္လည္ျပဳျပင္ထား တဲ့ ကြမ္းေတာင္ေတြမွာ ေဖာက္ထြင္းခံထားရတာျဖစ္သလို ဇြန္လ၉ ရက္ေန႔က စူဌာမဏိ ဘုရား နဲ႔ ဓမၼရံႀကီး ဘုရားႏွစ္ဆူၾကားမွာရွိတဲ့ ဘုရားသုံးဆူ ၇၅၃/၇၅၁/၇၅၁(က) အစရွိ တဲ့ဘုရားေတြ မွာ ေဖာက္ထြင္းခံထား ရတယ္လို႔လည္း ပုဂံေညာင္ဦး ဧည့္လမ္းၫႊန္မ်ားအသင္းကထုတ္ျပန္ပါတယ္ ။

ယူနက္စကိုစာရင္းဝင္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမက ဘုရားဌာပနာကြမ္းေတာင္ေတြ ေပါက္ေနေၾကာင္း ဇြန္လ ၈ ရက္ေန႔က ၅ ဆူကို စတင္ေတြ႕ရွိၿပီး ေနာက္ ဇြန္ ၉ ရက္မွာ ေနာက္ထပ္ ၁၄ ဆူ၊ ဇြန္ ၁၀ ရက္မွာ ၁၄ ဆူ ဌာပနာဖြင့္ေဖာက္ခံရတဲ့ ယူဆရတာေတြ ဆက္လက္ေတြ႕ရွိခဲ့တာေၾကာင့္ စုစုေပါင္း ၃၃ ဆူအထိ ရွိလာ တယ္လို႔လည္းေဒါက္တာသန္းထိုက္ကေျပာပါတယ္ ။

"ကြၽန္ေတာ္တို႔ ေသခ်ာစစ္ၾကည့္လိုက္ေတာ့ အမွန္တကယ္ ဌာပနာ အေဖာက္ခံ ရတာ က ၁၂ ဆူ ျဖစ္ပါတယ္၊ က်န္တဲ့ ၂၁ ဆူက ဘုရားဌာပနာ ကိုမထည့္ရေသးတာပါလို႔ "လည္း သူကေျပာပါတယ္။

ဌာပနာ အေဖာက္ခံရ ၿပီး က်န္ခဲတဲ့ ဌာပနာေတြ မွာ ေက်ာက္စိမ္းလက္ေကာက္တို႔ ေ႐ႊလက္စြပ္တို႔ ေၾကး႐ုပ္တို႔ ေတြ႕ရၿပီး အဲဒီက်န္ဌာပနာေတြ ရဲ႕လက္ရာေတြဟာ ဒီဘက္ေခတ္ လက္ရာ ေတြျဖစ္ၾကၿပီးေတာ့ ေရွးေဟာင္းလက္ရာေတြ မေတြ႕ရဘူးလို႔လည္းသူက ရွင္းျပပါတယ္။

ဘုရားဌာပနာေဖာက္ၿပီး အျပင္မွာ က်န္ခဲ့တဲ့ လက္ရာေတြထဲမွာ မႏၲေလး ဘက္ က ယခုေခတ္လက္ရာေၾကး႐ုပ္ေတြ ေတြ႕ရသလို အေႂကြ ငါးမူးေစ့ ဆယ္ျပားေစ့ေတြ စတာေတြလည္းေတြ႕ရတယ္လို႔ လည္းေဒါက္တာသန္းထိုက္ ကေျပာပါတယ္။

ယူနက္စကိုစာရင္းဝင္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမက ေဖာက္ထြင္းခံထားရတဲ့ ေစတီ ေတြ ဌာပနာ အေဖာက္ခံရတာေတြရွိလာၿပီးတဲ့ေနာက္ ပုဂံဇုန္အတြင္းလုံၿခဳံေရးကို ထပ္တိုးေဆာင္႐ြက္သြားဖို႔ စီစဥ္ေန ပါတယ္။

ပုဂံေရွးေဟာင္းနယ္ေျမအတြင္းဌာေနပါင္းစုံနဲ႔ လုံၿခဳံေရး လွည့္လည္ စစ္ေဆးတာေတြကို အရင္ထက္ပိုတိုးၿပီးေဆာင္႐ြက္ေနတယ္လို႔ ေရွးေဟာင္းသုေတသနဌာန ပုဂံဌာနခြဲ ကေနသိရပါတယ္

လုံၿခဳံေရးလွည့္လည္ဖို႔အတြက္ အရံမီးသတ္အင္အား ၃၀ ၊ ပုဂံဧည့္လမ္းၫႊန္အသင္းက အင္အား ၁၀၀ ၊ ရဲအင္အား ၇၀ ကိုပါ ထပ္တိုးခ်ထားၿပီး ေရွးေဟာင္းသုေတသနဌာန အပါအဝင္ သက္ဆိုင္ရာ ဌာနေပါင္းစုံနဲ႔ ေန႔ည လွည့္လည္စစ္ေဆးတာေတြကို အရင္ ၄ႀကိမ္ကေန ၈ႀကိမ္အထိ တိုးျမႇင့္ေဆာင္႐ြက္သြားဖို႔ရွိတယ္ လို႔ လည္း ေညာင္ဦးခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေက်ာ္အုန္းက ဘီဘီစီကိုေျပာပါတယ္။

ျမန္မာ့ ေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမ ပုဂံေဒသဟာ ယူနက္စကိုရဲ႕ ကမာၻ႔ အေမြအႏွစ္စာရင္း ၂၀၁၉ က ထည့္သြင္း သတ္မွတ္ျခင္းခံခဲ့ရပါတယ္ ။

ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္း ဘုရားအဆူ ၃ေထာင္ေက်ာ္ရွိၿပီး ဒီထဲကမွ ေဂါပကအဖြဲ႕ရွိတဲ့ ဘုရားအဆူ ၁၉ဆူရွိပါတယ္။

ဒီထဲမွာ အာနႏၵာဘုရားအပါအဝင္ ဘုရားႀကီးအခ်ိဳ႕မွာ CCTV ေစာင့္ၾကည့္ကင္မရာ ေတြတပ္ဆင္ထားတာ ရွိေပမယ့္လည္းအခ်ိဳ႕ေသာ ကင္မရာေတြမွာ အသုံးျပဳမရတာေတြလည္း ရွိေနတဲ့ အတြက္ ျပန္လည္ျပင္ဆင္ ဖို႔ စီစဥ္ေနတယ္လို႔လည္းသိရပါတယ္။

အခုလို ပုဂံယဥ္ေက်းမႈနယ္ေျမအတြင္းက ေစတီပုထိုးေတြေဖာက္ထြင္းဖ်က္ဆီးခံရတာေတြ ရွိလာတဲ့အေပၚ ေဒသခံေတြကလည္းစိုးရိမ္ၾကၿပီးသူတို႔ ကလည္း ဝိုင္းၿပီးထိန္းသိမ္းဖို႔ အတြက္ စိတ္ ဆႏၵရွိၾကတယ္လို႔လည္း ေဒသခံေတြ ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ကလည္း ျမန္မာႏိုင္ငံက ယူနက္စကိုစာရင္း ဝင္ေနရာတစ္ခုျဖစ္တဲ့ ဟန္လင္း ပ်ဳၿမိဳ႕ေဟာင္းမွာလည္း ေရွးေဟာင္းပစၥည္းအ႐ိုးအိုးတခ်ိဳ႕ ဖ်က္ဆီးခံရတယ္ ေဒသခံအမတ္ ဦးစိုး၀င္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

အခုေဖာက္ထြင္းခံရ တဲ့ ဘုရားေတြ ဟာ ကိုဗစ္ ၁၉ ကပ္ေရာဂါ ျဖစ္ေနခ်ိန္ လူသြားလူလာနည္းတာကို အခြင့္ေကာင္းယူၿပီး ေဖာက္ထြင္းခဲ့တာျဖစ္တယ္လို႔ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနက ဒုတိယဝန္ႀကီး က ဘီဘီစီကိုေျပာပါတယ္။

ပုဂံေဒသတခုလုံးကို ထိမ္းသိန္းေစာင့္ေရွာက္ဖို႔က သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနက တာဝန္အရွိဆုံးျဖစ္ၿပီး နယ္ေျမခံေဒသခံျပည္သူေတြလည္း ပါဝင္ထိန္းသိမ္းလာေအာင္ ေဆာင္႐ြက္သြားမယ္လို႔လည္း သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနက ဒုတိယဝန္ႀကီး ကဘီဘီစီကိုေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53010358
ကိုဗစ်ကာလ ပုဂံမှာ ဌာပနာ အဖောက်ခံရတာ ဘယ်ဘုရားတွေလဲ ကိုဗစ်ကာလ ပုဂံမှာ ဌာပနာ အဖောက်ခံရတာ ဘယ်ဘုရားတွေလဲ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.