အထောက်အထားမဲ့တရုတ်နိုင်ငံသား(၈)ဦးအားမြဝတီတွင်ဖမ်းမိ


(Unicode)⤵⤵⤵
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးဘက်ကနေ ကရင်ပြည်နယ် မြဝတီမြို့ကို ယာဉ် ၂ စီး စင်းလုံးငှါးလာတဲ့ အထောက်အထားမဲ့ တရုတ်နိုင်ငံသား၈ ဦးကိုဇွန်လ ၁၁ ရက် မနက်(၁၀)နာရီခွဲက နယ်မြေခံတပ်မတော်နဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပါတယ်။

အဲ့ဒီတရုတ်နိုင်ငံသား(၈)ဦးအနက် ပတ်စပို့စ်စာအုပ်သာပါပြီး ပြည်ဝင်ခွင့်ဗီဇာမပါရှိသူ(၆)ဦးနဲ့  အထောက်အထားတစ်ခုမှ မပါတဲ့သူက(၂)ဦးရှိတယ်လို့ သိရပါတယ်။

အခုဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကို ရှမ်းပြည်နယ် လားရိူးမြို့ကနေ ကရင်ပြည်နယ် မြဝတီမြို့ကို ကားခ (၅)သိန်းကျပ်နဲ့ တင်ဆောင်လာတာဖြစ်ပြီး အထောက်အထား ပြည်စုံမှုရှိမရှိကို မသိဘဲ သာမာန်ခရီးသွားပုံစံနဲ့ တင်ဆောင်လာခြင်းသာ ဖြစ်တယ်လို့ ယာဉ်မောင်း ၂ ဦး က ပြောပါတယ်။

အဲ့ဒါကြောင့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၈ ဦး နဲ့ တင်ဆောင်လာသူ ယာဉ်မောင်း၂ ဦးကို မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကစစ်ဆေးပြီး တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

သတင်း-နေနော်(မြဝတီ) - One News Myanmar
------------------------------------
(Zawgyi)⤵⤵⤵
အေထာက္အထားမဲ့တ႐ုတ္ႏိုင္ငံသား(၈)ဦးအားျမဝတီတြင္ဖမ္းမိ

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးဘက္ကေန ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ကို ယာဥ္ ၂ စီး စင္းလုံးငွါးလာတဲ့ အေထာက္အထားမဲ့ တ႐ုတ္ႏိုင္ငံသား၈ ဦးကိုဇြန္လ ၁၁ ရက္ မနက္(၁၀)နာရီခြဲက နယ္ေျမခံတပ္မေတာ္နဲ႔ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိပါတယ္။

အဲ့ဒီတ႐ုတ္ႏိုင္ငံသား(၈)ဦးအနက္ ပတ္စပို႔စ္စာအုပ္သာပါၿပီး ျပည္ဝင္ခြင့္ဗီဇာမပါရွိသူ(၆)ဦးနဲ႔  အေထာက္အထားတစ္ခုမွ မပါတဲ့သူက(၂)ဦးရွိတယ္လို႔ သိရပါတယ္။

အခုဖမ္းမိတဲ့ တ႐ုတ္ႏိုင္ငံသားေတြကို ရွမ္းျပည္နယ္ လား႐ိူးၿမိဳ႕ကေန ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ကို ကားခ (၅)သိန္းက်ပ္နဲ႔ တင္ေဆာင္လာတာျဖစ္ၿပီး အေထာက္အထား ျပည္စုံမႈရွိမရွိကို မသိဘဲ သာမာန္ခရီးသြားပုံစံနဲ႔ တင္ေဆာင္လာျခင္းသာ ျဖစ္တယ္လို႔ ယာဥ္ေမာင္း ၂ ဦး က ေျပာပါတယ္။

အဲ့ဒါေၾကာင့္ အေထာက္အထားမဲ့ တ႐ုတ္ႏိုင္ငံသား ၈ ဦး နဲ႔ တင္ေဆာင္လာသူ ယာဥ္ေမာင္း၂ ဦးကို ျမဝတီခ႐ိုင္လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕ကစစ္ေဆးၿပီး တည္ဆဲဥပေဒအရ အေရးယူေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

သတင္း-ေနေနာ္(ျမဝတီ) - One News Myanmar
https://www.facebook.com/onenewsmyan/
အထောက်အထားမဲ့တရုတ်နိုင်ငံသား(၈)ဦးအားမြဝတီတွင်ဖမ်းမိ အထောက်အထားမဲ့တရုတ်နိုင်ငံသား(၈)ဦးအားမြဝတီတွင်ဖမ်းမိ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.