ကော့ကရိတ်မြို့ ရဲစခန်းလမ်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား


(Unicode)⤵⤵⤵
ကော့ကရိတ် ဇွန် ၈

 ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်၊ ရဲစခန်းလမ်းရှိ ဘိုဘိုဖုန်းအရောင်းဆိုင်ရှေ့ တွင် ဇွန်လ ၈ရက် ည ၈နာရီ ၅မိနစ် အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသည်။

 ဖြစ်စဉ်မှာ ဇွန်လ ၈ရက် ည ၈နာရီ၅မိနစ်အချိန်ခန့်က ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက် ရဲစခန်း လမ်း၊ ဘိုဘိုဖုန်းအရောင်းဆိုင်ရှေ့တွင် အမည်မသိ ဆိုင်ကယ်မောင်းနှင်လာသူ(၂)ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ချခဲ့ရာ တစ်လုံးပေါက်ကွဲပြီး တစ်လုံးမှာမပေါက်ကွဲပဲ ကျန်ရှိခဲ့သည်။

 ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားဖြစ်သူ ဦးဝင်းနိုင်ဦး၊ (၂၈)နှစ်၊(ဘ)ဦးမြင့်လှိုင်၊ ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်နေသူတွင် ရင်ဘတ်ပေါက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးဟိန်းဝင်းကျော်(၃၃)နှစ်၊(ဘ) ဦးတင်ဝင်း၊ လိပ်စာတူတွင် ဝဲဘက်ဒူးပေါက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မောင်ကောင်းခန့်(၁၃)နှစ်၊(ဘ)ဦးကိုဦး အမှတ်(၃)ရပ်ကွက်၊ စက်ကုန်းရပ်နေသူတွင် ဝဲပေါင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် ရဲဆေးစာနှင့်အတူ ကော့ကရိတ်ပြည်သူ့ဆေးရုံသို့ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိသည်။

 ကျန်ရှိမပေါက်ကွဲသေးသည့် လက်ပစ်ဗုံး(၁)လုံးအား အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး မင်းထင်အောင်ဦးဆောင်သော မိုင်းရှင်းလင်းရေးအဖွဲ့မှ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စိုးထက်အောင်(ပြန်/ဆက်)-Iprd Kawkareik
-----------------------------
(Zawgyi)⤵⤵⤵
ေကာ့ကရိတ္ၿမိဳ႕ ရဲစခန္းလမ္းတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြား

ေကာ့ကရိတ္ ဇြန္ ၈

 ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ အမွတ္(၃)ရပ္ကြက္၊ ရဲစခန္းလမ္းရွိ ဘိုဘိုဖုန္းအေရာင္းဆိုင္ေရွ႕ တြင္ ဇြန္လ ၈ရက္ ည ၈နာရီ ၅မိနစ္ အခ်ိန္ခန႔္က ဗုံးေပါက္ကြဲမႈျဖစ္ပြားေၾကာင္း သိရွိရသည္။

 ျဖစ္စဥ္မွာ ဇြန္လ ၈ရက္ ည ၈နာရီ၅မိနစ္အခ်ိန္ခန႔္က ေကာ့ကရိတ္ၿမိဳ႕ အမွတ္(၃)ရပ္ကြက္ ရဲစခန္း လမ္း၊ ဘိုဘိုဖုန္းအေရာင္းဆိုင္ေရွ႕တြင္ အမည္မသိ ဆိုင္ကယ္ေမာင္းႏွင္လာသူ(၂)ဦးမွ လက္ပစ္ဗုံးျဖင့္ ပစ္ခ်ခဲ့ရာ တစ္လုံးေပါက္ကြဲၿပီး တစ္လုံးမွာအေပါက္ကြဲပဲ က်န္ရွိခဲ့သည္။

 ဗုံးေပါက္ကြဲမႈေၾကာင့္ အရပ္သားျဖစ္သူ ဦးဝင္းႏိုင္ဦး၊ (၂၈)ႏွစ္၊(ဘ)ဦးျမင့္လႈိင္၊ ေကာ့ကရိတ္ၿမိဳ႕ အမွတ္(၃)ရပ္ကြက္ေနသူတြင္ ရင္ဘတ္ေပါက္ဒဏ္ရာ(မစိုးရိမ္ရ)၊ ဦးဟိန္းဝင္းေက်ာ္(၃၃)ႏွစ္၊(ဘ) ဦးတင္ဝင္း၊ လိပ္စာတူတြင္ ဝဲဘက္ဒူးေပါက္ဒဏ္ရာ(မစိုးရိမ္ရ)၊ ေမာင္ေကာင္းခန႔္(၁၃)ႏွစ္၊(ဘ)ဦးကိုဦး အမွတ္(၃)ရပ္ကြက္၊ စက္ကုန္းရပ္ေနသူတြင္ ဝဲေပါင္ဒဏ္ရာ(မစိုးရိမ္ရ)ရရွိသျဖင့္ ရဲေဆးစာႏွင့္အတူ ေကာ့ကရိတ္ျပည္သူ႔ေဆး႐ုံသို႔ ျပင္ပလူနာအျဖစ္ ေဆးကုသမႈခံယူလ်က္ရွိသည္။

 က်န္ရွိမေပါက္ကြဲေသးသည့္ လက္ပစ္ဗုံး(၁)လုံးအား အမွတ္(၁၂)စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွ စစ္ဦးစီး(ပထမတန္း) ဒုတိယဗိုလ္မႉးႀကီး မင္းထင္ေအာင္ဦးေဆာင္ေသာ မိုင္းရွင္းလင္းေရးအဖြဲ႕မွ ဆက္လက္ေဆာင္႐ြက္လ်က္ရွိၿပီး တရားခံအား ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရသည္။

စိုးထက္ေအာင္(ျပန္/ဆက္)-Iprd Kawkareik
https://www.facebook.com/iprd.kawkareik
ကော့ကရိတ်မြို့ ရဲစခန်းလမ်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ကော့ကရိတ်မြို့ ရဲစခန်းလမ်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.