မိုးကုတ်က ရဲ နှစ်ဦး ပြန်လွတ်မြောက်လာ


(Unicode)⤵⤵⤵
 တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က ဖမ်းဆီးသွားတဲ့ မိုးကုတ်မြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ ဝင်နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီလို့ မိုးကုတ်မြို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ဒီကနေ့ နေ့လယ်ပိုင်းမှာ အတည်ပြုပြောပါတယ်။

မိုးကုတ်မြို့မရဲစခန်းက ရဲ ဒုတပ်ကြပ်နဲ့ ရဲတပ်သား နှစ်ဦးကို ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းမှာ မိုးကုတ်မြို့ ညောင်ကုန်းအောက်ရွာနားမှာ TNLA တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ရဲတပ်ကြပ်ကြီး အောင်ကျော်ဦးနဲ့ ရဲတပ်သား ခိုင်ခန့်အောင်တို့ဟာ ယာဉ်မောင်း ဦးအောင်ကျော်မိုး မောင်းနှင်တဲ့ HIJET ယာဉ် နဲ့ တာဝန်ထမ်းဆောင်ဖို့ အရပ်ဝတ်နဲ့ ထွက်ခွာလာမှာ ညောင်ကုန်း (အောက်) ရွာမှာ TNLA အဖွဲ့က အင်အား ၅၀ ဦးခန့်က ဟိုးဝိတ်ရွာဘက်ကို ဖမ်းဆီးသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

မိုးကုတ်-လယ်ကြီး ကားလမ်းမပေါ်က အောက်ညောင်ကုန်းရွာနားမှာ ဇွန်လ ၁၃ ရက်နေ့က မူးယစ် ဆေးဝါးစစ်ဆေးရေး၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအသိပညာပေး လုပ်ငန်းလုပ်ကိုင်နေချိန် ကားပေါ် မှာ ရဲယူနီဖောင်းနဲ့ အမျိုးသားနှစ်ဦးကိုတွေ့လို့ ခေါ်ယူစစ်ဆေးမေးမြန်းတာမှာ မိုးကုတ်ရဲစခန်းက ရဲဝန်ထမ်းတွေဖြစ်တယ်လို့ သိရကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။ အရင်တုန်းကလည်း ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေကို လုံခြုံရေးဆောင်ရွက်ချိန် စစ်ဆေးတွေ့ရှိရလေ့ရှိပြီး ပြန်လွှတ်ပေးနေကျဖြစ်တယ်လို့ ပြောပါတယ်။

မိုးကုတ်မြို့ ရဲတပ်ဖွဲ့တာဝန်ရှိသူကတော့ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပြန်လွတ်လာပြီဖြစ်သလို သူတို့ကို လက်ရှိမှာ စစ်ဆေးမေးမြန်းမှုတွေလုပ်နေကြောင်း အသေးစိတ်ကိုတော့ မသိရကြောင်း ပြောပါတယ်။

မိုးကုတ်-မိုင်းလုံလမ်း ပြင်ဦးလွင် -မိုးကုတ်လမ်းပိုင်းတွေမှာ TNLA အဖွဲ့တွေ မကြာခဏ လှုပ်ရှားလေ့ရှိတဲ့နေရာတွေ ဖြစ်ပါတယ်။

RFA Burmese
---------------------------------
(Zawgyi)⤵⤵⤵
မိုးကုတ္က ရဲ ႏွစ္ဦး ျပန္လြတ္ေျမာက္လာ

 တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ TNLA က ဖမ္းဆီးသြားတဲ့ မိုးကုတ္ၿမိဳ႕မ ရဲစခန္းက ရဲတပ္ဖြဲ႕ ဝင္ႏွစ္ဦး ျပန္လည္လြတ္ေျမာက္လာၿပီလို႔ မိုးကုတ္ၿမိဳ႕ ရဲတပ္ဖြဲ႕ တာဝန္ရွိသူတစ္ဦးက RFA ကို ဒီကေန႔ ေန႔လယ္ပိုင္းမွာ အတည္ျပဳေျပာပါတယ္။
မိုးကုတ္ၿမိဳ႕မရဲစခန္းက ရဲ ဒုတပ္ၾကပ္နဲ႔ ရဲတပ္သား ႏွစ္ဦးကို ဇြန္လ ၁၃ ရက္ေန႔ ေန႔လယ္ပိုင္းမွာ မိုးကုတ္ၿမိဳ႕ ေညာင္ကုန္းေအာက္႐ြာနားမွာ TNLA တပ္ဖြဲ႕က ဖမ္းဆီးသြားခဲ့တာျဖစ္ပါတယ္။

ရဲတပ္ၾကပ္ႀကီး ေအာင္ေက်ာ္ဦးနဲ႔ ရဲတပ္သား ခိုင္ခန႔္ေအာင္တို႔ဟာ ယာဥ္ေမာင္း ဦးေအာင္ေက်ာ္မိုး ေမာင္းႏွင္တဲ့ HIJET ယာဥ္ နဲ႔ တာဝန္ထမ္းေဆာင္ဖို႔ အရပ္ဝတ္နဲ႔ ထြက္ခြာလာမွာ ေညာင္ကုန္း (ေအာက္) ႐ြာမွာ TNLA အဖြဲ႕က အင္အား ၅၀ ဦးခန႔္က ဟိုးဝိတ္႐ြာဘက္ကို ဖမ္းဆီးသြားတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကလည္း သတင္းထုတ္ျပန္ထားပါတယ္။

မိုးကုတ္-လယ္ႀကီး ကားလမ္းမေပၚက ေအာက္ေညာင္ကုန္း႐ြာနားမွာ ဇြန္လ ၁၃ ရက္ေန႔က မူးယစ္ ေဆးဝါးစစ္ေဆးေရး၊ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအသိပညာေပး လုပ္ငန္းလုပ္ကိုင္ေနခ်ိန္ ကားေပၚ မွာ ရဲယူနီေဖာင္းနဲ႔ အမ်ိဳးသားႏွစ္ဦးကိုေတြ႕လို႔ ေခၚယူစစ္ေဆးေမးျမန္းတာမွာ မိုးကုတ္ရဲစခန္းက ရဲဝန္ထမ္းေတြျဖစ္တယ္လို႔ သိရေၾကာင္း TNLA ေျပာခြင့္ရ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္ က ေျပာပါတယ္။ အရင္တုန္းကလည္း ရဲတပ္ဖြဲ႕နဲ႔ တပ္မေတာ္သားေတြကို လုံၿခဳံေရးေဆာင္႐ြက္ခ်ိန္ စစ္ေဆးေတြ႕ရွိရေလ့ရွိၿပီး ျပန္လႊတ္ေပးေနက်ျဖစ္တယ္လို႔ ေျပာပါတယ္။

မိုးကုတ္ၿမိဳ႕ ရဲတပ္ဖြဲ႕တာဝန္ရွိသူကေတာ့ ရဲတပ္ဖြဲ႕ဝင္ ႏွစ္ဦး ျပန္လြတ္လာၿပီျဖစ္သလို သူတို႔ကို လက္ရွိမွာ စစ္ေဆးေမးျမန္းမႈေတြလုပ္ေနေၾကာင္း အေသးစိတ္ကိုေတာ့ မသိရေၾကာင္း ေျပာပါတယ္။

မိုးကုတ္-မိုင္းလုံလမ္း ျပင္ဦးလြင္ -မိုးကုတ္လမ္းပိုင္းေတြမွာ TNLA အဖြဲ႕ေတြ မၾကာခဏ လႈပ္ရွားေလ့ရွိတဲ့ေနရာေတြ ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
မိုးကုတ်က ရဲ နှစ်ဦး ပြန်လွတ်မြောက်လာ မိုးကုတ်က ရဲ နှစ်ဦး ပြန်လွတ်မြောက်လာ Reviewed by THITHTOOLWIN on 05:12 Rating: 5
Powered by Blogger.