ဘူးသီးတောင်ဒေသခံ ဘင်္ဂလားဒေ့ရှ်ကဆေးကုအပြန်မှာ ကိုဗစ်ကူးစက်ခံရ


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်မြို့နယ်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ နောက်တစ်ယောက်ကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲ့ဒီပိုးတွေ့လူနာဟာ အမှတ်စဉ် ၂၆၂ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြန်လည်ဝင် ရောက်လာခဲ့သူ အသက် ၆၃ နှစ်အရွယ် အမျိုးသားဖြစ်ကာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး သူ့ကို ဘူးသီးတောင်မြို့ဆေးရုံမှာ ဆေးဝါးကုသမှုတွေပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီအမျိုးသားဟာ ဘူးသီးတောင်မြို့နယ်မှာနေထိုင်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ ကျန်းမာရေးမကောင်းတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားရောက် ဆေးကုသမှုခံယူခဲ့ပြီး မေလ ၂၂ ရက်နေ့ခန့်မှာ ပြန်လည်ဝင်ရောက်လာခဲ့ ကြောင်းနဲ့ ဆေးကုသမှုခံယူပြီးအပြန်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံလာရတာဖြစ်တယ်လို့ ဘူးသီးတောင်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

သူဟာ မောင်တောမြို့ မင်္ဂလာဈေးကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား မြို့က အမည်မသိဆေးခန်းတစ်ခု မှာ ဆေးကုသမှုခဲ့ယူခဲ့တယ်လို့ သိရပြီး အချက်အလက်တွေကို တော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။
ဘူးသီးတောင် ကပိုးတွေ့သူ နှစ်ဦးရှိပြီ
"အကြမ်းဖျင်းသိရတာက မေ ၂ ရက်နေ့မှာ ဘူးသီးတောင်ကနေ ဘင်္ဂလားဒေ့ရှ်ကိုသွားတယ်လို့ပြောတယ်။ မောင်တောမင်္ဂလာဈေးကနေတစ်ဆင့် ကူတူပါလောင်ဒုက္ခသည်စခန်းကိုသွားတယ်။ ကော့ဘဇား က အမည်မသိဆေးခန်းတစ်ခုမှာ ဆေးကုသမှုခံယူခဲ့တယ်လို့ပြောတယ်။ မြန်မာနိုင်ငံကိုတော့ ခန့်မှန်း မေလ ၂၂ ရက်နေ့မှာ ပြန်ရောက်လာတယ်။"လို့ ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။

သူဟာ အဲ့ဒီကနေ ဆေးကုသမှုခံယူပြီး ပြန်ဝင်ရောက်လာခဲ့တဲ့အချိန်မှာ ဘူးသီးတောင်မြို့နယ်အတွင်းက တောင်ဘဇာတိုက်နယ် ကျီးနှုတ်သီး ၁၂ ရပ်ကွက်မှာ ၆ ရက်နေ့အထိနေထိုင်ခဲ့ပြီးတော့ မြို့ပေါ်က အမှတ် ၄ ရပ်ကွက်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူ့ကို သတင်းရရှိတဲ့အတွက် လိုက်လံရှာဖွေတဲ့အချိန်မှာ ဘူးသီးတောင်နဲ့ တောင်ဘဇာတိုက်နယ်ကို အသွားအပြန် ထွက်ပြေးနေခဲ့ပြီးဇွန်လ ၁၂ ရက်နေ့မှာတွေ့ရှိခဲ့ကာ အဲ့ဒီနေ့မှာပဲ တို့ဖတ်နမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ပေးခဲ့ပြီး သူ့ရဲ့နေအိမ်မှာပဲ အသွားအလာကန့်သတ်ထားခဲ့တာဖြစ်တယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်။

ဘူးသီးတောင်မြို့ပေါ်က သူနဲ့အတူနေသူ နောက်ထပ် ၅ ဦးကိုတော့ ဆေးစစ်မှုတွေပြုလုပ်ထားပြီးဖြစ်ကာ ပိုးမတွေ့ရှိဘူးလို့ဆိုပါတယ်။
 ဆေးကုပြန်အလာမှာ တောင်ဘဇာ ဘက်ကိုထွက်ပြေ
ဘူးသီးတောင်မြို့နယ်အတွင်းကို ဇွန်လ ဒုတိယအပါတ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မိမိဆန္ဒအလျောက် တရားမဝင် ပြန်လည်ဝင်ရောက်လာခဲ့ကြသူ ၈ ဦးကို မြို့ပေါ် ၃ ရပ်ကွက်မှာရှိတဲ့ ဗလီကြီးမှာ သီးသန့်စောင့်ကြပ်မှုတွေပြုလုပ်ထားပြီး အဲ့ဒီထဲကအမျိုးသားတစ်ဦးမှာလည်း ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

အဲ့ဒီအမျိုးသားကတော့ အသက် ၂၄ နှစ်အရွယ် လူနာအမှတ်စဉ် ၂၅၀ ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့က ဓာတ်ခွဲအဖြေထွက်ရှိခဲ့ တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောမြို့နယ်အတွင်းမှာလည်း အခုလို မိမိဆန္ဒအလျောက် တရားမဝင် ပြန်လည်ဝင်ရောက်လာခဲ့ကြသူတွေ တော်တော်များများရှိနေပြီး အဲ့ဒီထဲက ၉၀ နီးပါးကို အသွားအလာကန့်သတ်ထား ရှိတယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြောဆိုထားပါတယ်။

တစ်ဖက်နိုင်ငံကပြန်လည်ဝင်ရောက်လာသူတွေကို လှဖိုးခေါင်ကြားစခန်းမှာ အနီးကပ်စောင့်ကြပ်စစ်ဆေးကြည့်ရှုမှု လုပ်ပေးနေသူတွေထဲက ၄ ဦးမှာလည်း ရောဂါပိုးကူး စက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လူနာ အမှတ် ၂၃၄ ဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ပြန်ဝင်လာသူ
မောင်တောခရိုင်ဆေးရုံကြီးမှာ ဆေးဝါးကုသပေးမှုတွေပြုလုပ်ပေးနေတဲ့ ပိုးတွေ့လူနာ ၄ ဦးအနက် ၂ ဦးကတော့ ဟိန္ဒူဘာသာဝင်တွေဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ သူတို့ရဲ့မိသားစုတွေဆီကို အလည်သွားပြီး ပြန်လာသူတွေဖြစ်ကြတယ်လို့ မောင်တောခရိုင် လက်ထောက်ဆရာဝန်ကြီး ဒေါက်တာနုကေသီစံက ပြောဆိုထားပါတယ်။

"သူတို့ကတော့ မောင်တောကနေ ဘင်္ဂလားကိုအလည်သွားတာပေါ့။ တစ်ယောက်ကတော့ မူဆိုနီ ဒုက္ခသည်စခန်းမှာရှိတဲ့ သူ့ညီမကိုသွားတွေ့တယ်။ နောက်တစ်ယောက်ကျတော့ ကူတူးပါလောင်က သူ့အမေဆီသွားတွေ့တယ်။ မေလ ၂၆ ရက်နေ့က မြန်မာနိုင်ငံကနေထွက်သွားပြီးတော့ အဲ့ဒီမှာ ၆ ရက်လောက်နေတယ်။ ၃ ရက်နေ့မှာ ပြန်ထွက်လာတယ်။ မြန်မာနိုင်ငံဘက်ကို ၄ ရက်နေ့ ပြန်ရောက်တယ်။"လို့ ဒေါက်တာနုကေသီစံက ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ မောင်တောမြို့ပေါ် ရွှေစားကျေးရွာကဖြစ်ပြီး ရွာကနေ သရက်အုပ်ကျေးရွာကိုသွားပြီးတော့ အဲ့ဒီကနေတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို လှေနဲ့ကူးသွားခဲ့ကြတာလို့ သိရပါတယ်။

ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရဲဝန်ထမ်းတွေကိုလည်း ကွာရန်တင်းထားခဲ့ရပြီး အဲ့ဒီဝန်ထမ်းတွေရဲ့ တို့ဖတ်နမှုနာတွေကိုလည်း ဆေးစစ်မှုတွေပြုလုပ်တဲ့အခါမှာတော့ ရောဂါပိုးကူးစက်ခံရတာ မတွေ့ရဘူးလို့ သိရပါတယ်။

မောင်တောနယ်စပ်ဟာ လုံခြုံရေးစခန်းတွေအများအပြားရှိနေပေမယ့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခုလိုမျိုး တရားမဝင်သွားလာနေသူတွေဟာ အလွယ်တကူသွားလာလို့ရနေကြပြီး အခုလိုမျိုး ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု ပြင်းထန်နေတဲ့ကာလတွေမှာ အဲ့ဒီနယ်စပ်ထွက်ပေါက်နေရာတွေကို တင်းတင်းကျပ်ကျပ်တားဆီးဖို့လိုအပ်တယ်လို့ သက်ဆိုင်ရာမြို့နယ်တွေရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြပြောဆိုနေကြတာတွေလည်းရှိနေပါတယ်။

ဇွန်လ ၁၅ ရက်နေ့အထိဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံနေရသူ ၈ ဦးအထိရှိလာ နေပြီဖြစ်ကာ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ သံတွဲမြို့နယ်ကတစ်ယောက်နဲ့ တောင်ကုတ်မြို့နယ်ကတစ်ယောက်တို့ဟာ မလေးရှားနိုင်ငံကပြန်လာသူတွေဖြစ်ကြပြီး မြောက်ပိုင်းနယ်စပ်မြို့တွေဖြစ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်း က ၆ ဦးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လ ၁၅ ရက် အထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၆၂ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိပါတယ်။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ဘူးသီးေတာင္ေဒသခံ ဘဂၤလားေဒ့ရွ္ကေဆးကုအျပန္မွာ ကိုဗစ္ကူးစက္ခံရ

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ကိုဗစ္ေရာဂါပိုး ကူးစက္ခံထားရသူ ေနာက္တစ္ေယာက္ကို ထပ္မံစစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ဇြန္လ ၁၅ ရက္ေန႔မနက္ပိုင္းက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အဲ့ဒီပိုးေတြ႕လူနာဟာ အမွတ္စဥ္ ၂၆၂ ျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံကေန ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ျပန္လည္ဝင္ ေရာက္လာခဲ့သူ အသက္ ၆၃ ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ကာ အသြားအလာကန႔္သတ္ထားသူျဖစ္ၿပီး သူ႔ကို ဘူးသီးေတာင္ၿမိဳ႕ေဆး႐ုံမွာ ေဆးဝါးကုသမႈေတြျပဳလုပ္ေပးသြားမွာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အဲ့ဒီအမ်ိဳးသားဟာ ဘူးသီးေတာင္ၿမိဳ႕နယ္မွာေနထိုင္သူတစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ ေမလ ၂ ရက္ေန႔မွာ က်န္းမာေရးမေကာင္းတဲ့ အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကိုသြားေရာက္ ေဆးကုသမႈခံယူခဲ့ၿပီး ေမလ ၂၂ ရက္ေန႔ခန္႔မွာ ျပန္လည္ဝင္ေရာက္လာခဲ့ ေၾကာင္းနဲ႔ ေဆးကုသမႈခံယူၿပီးအျပန္မွာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံလာရတာျဖစ္တယ္လို႔ ဘူးသီးေတာင္ေဆး႐ုံ ဆရာဝန္ႀကီး ေဒါက္တာေစာမင္းသိန္းက ဘီဘီစီကို ေျပာပါတယ္။

သူဟာ ေမာင္ေတာၿမိဳ႕ မဂၤလာေဈးကေနတစ္ဆင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဘဇား ၿမိဳ႕က အမည္မသိေဆးခန္းတစ္ခု မွာ ေဆးကုသမႈခဲ့ယူခဲ့တယ္လို႔ သိရၿပီး အခ်က္အလက္ေတြကို ေတာ့ စုံစမ္းေနဆဲျဖစ္တယ္လို႔ ေဒါက္တာေစာမင္းသိန္းက ေျပာပါတယ္။

"အၾကမ္းဖ်င္းသိရတာက ေမ ၂ ရက္ေန႔မွာ ဘူးသီးေတာင္ကေန ဘဂၤလားေဒ့ရွ္ကိုသြားတယ္လို႔ေျပာတယ္။ ေမာင္ေတာမဂၤလာေဈးကေနတစ္ဆင့္ ကူတူပါေလာင္ဒုကၡသည္စခန္းကိုသြားတယ္။ ေကာ့ဘဇား က အမည္မသိေဆးခန္းတစ္ခုမွာ ေဆးကုသမႈခံယူခဲ့တယ္လို႔ေျပာတယ္။ ျမန္မာႏိုင္ငံကိုေတာ့ ခန႔္မွန္း ေမလ ၂၂ ရက္ေန႔မွာ ျပန္ေရာက္လာတယ္။"လို႔ ေဒါက္တာေစာမင္းသိန္းက ေျပာပါတယ္။

သူဟာ အဲ့ဒီကေန ေဆးကုသမႈခံယူၿပီး ျပန္ဝင္ေရာက္လာခဲ့တဲ့အခ်ိန္မွာ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းက ေတာင္ဘဇာတိုက္နယ္ က်ီးႏႈတ္သီး ၁၂ ရပ္ကြက္မွာ ၆ ရက္ေန႔အထိေနထိုင္ခဲ့ၿပီးေတာ့ ၿမိဳ႕ေပၚက အမွတ္ ၄ ရပ္ကြက္ကိုေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

သူ႔ကို သတင္းရရွိတဲ့အတြက္ လိုက္လံရွာေဖြတဲ့အခ်ိန္မွာ ဘူးသီးေတာင္နဲ႔ ေတာင္ဘဇာတိုက္နယ္ကို အသြားအျပန္ ထြက္ေျပးေနခဲ့ၿပီးဇြန္လ ၁၂ ရက္ေန႔မွာေတြ႕ရွိခဲ့ကာ အဲ့ဒီေန႔မွာပဲ တို႔ဖတ္နမူနာေတြကို ဓာတ္ခြဲစစ္ေဆးဖို႔ ပို႔ေဆာင္ေပးခဲ့ၿပီး သူ႔ရဲ႕ေနအိမ္မွာပဲ အသြားအလာကန႔္သတ္ထားခဲ့တာျဖစ္တယ္လို႔ ဆရာဝန္ႀကီးက ေျပာပါတယ္။

ဘူးသီးေတာင္ၿမိဳ႕ေပၚက သူနဲ႔အတူေနသူ ေနာက္ထပ္ ၅ ဦးကိုေတာ့ ေဆးစစ္မႈေတြျပဳလုပ္ထားၿပီးျဖစ္ကာ ပိုးမေတြ႕ရွိဘူးလို႔ဆိုပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းကို ဇြန္လ ဒုတိယအပါတ္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကေန မိမိဆႏၵအေလ်ာက္ တရားမဝင္ ျပန္လည္ဝင္ေရာက္လာခဲ့ၾကသူ ၈ ဦးကို ၿမိဳ႕ေပၚ ၃ ရပ္ကြက္မွာရွိတဲ့ ဗလီႀကီးမွာ သီးသန႔္ေစာင့္ၾကပ္မႈေတြျပဳလုပ္ထားၿပီး အဲ့ဒီထဲကအမ်ိဳးသားတစ္ဦးမွာလည္း ေရာဂါပိုးကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိထားပါတယ္။

အဲ့ဒီအမ်ိဳးသားကေတာ့ အသက္ ၂၄ ႏွစ္အ႐ြယ္ လူနာအမွတ္စဥ္ ၂၅၀ ျဖစ္ၿပီး ဇြန္လ ၁၁ ရက္ေန႔က ဓာတ္ခြဲအေျဖထြက္ရွိခဲ့ တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ဘဂၤလားေဒ့ရွ္နယ္စပ္ျဖစ္တဲ့ ေမာင္ေတာၿမိဳ႕နယ္အတြင္းမွာလည္း အခုလို မိမိဆႏၵအေလ်ာက္ တရားမဝင္ ျပန္လည္ဝင္ေရာက္လာခဲ့ၾကသူေတြ ေတာ္ေတာ္မ်ားမ်ားရွိေနၿပီး အဲ့ဒီထဲက ၉၀ နီးပါးကို အသြားအလာကန႔္သတ္ထား ရွိတယ္လို႔ ေမာင္ေတာခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ဘီဘီစီကို ေျပာဆိုထားပါတယ္။

တစ္ဖက္ႏိုင္ငံကျပန္လည္ဝင္ေရာက္လာသူေတြကို လွဖိုးေခါင္ၾကားစခန္းမွာ အနီးကပ္ေစာင့္ၾကပ္စစ္ေဆးၾကည့္ရႈမႈ လုပ္ေပးေနသူေတြထဲက ၄ ဦးမွာလည္း ေရာဂါပိုးကူး စက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ေမာင္ေတာခ႐ိုင္ေဆး႐ုံႀကီးမွာ ေဆးဝါးကုသေပးမႈေတြျပဳလုပ္ေပးေနတဲ့ ပိုးေတြ႕လူနာ ၄ ဦးအနက္ ၂ ဦးကေတာ့ ဟိႏၵဴဘာသာဝင္ေတြျဖစ္ကာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပးသြားခဲ့ၾကတဲ့ သူတို႔ရဲ႕မိသားစုေတြဆီကို အလည္သြားၿပီး ျပန္လာသူေတြျဖစ္ၾကတယ္လို႔ ေမာင္ေတာခ႐ိုင္ လက္ေထာက္ဆရာဝန္ႀကီး ေဒါက္တာႏုေကသီစံက ေျပာဆိုထားပါတယ္။

"သူတို႔ကေတာ့ ေမာင္ေတာကေန ဘဂၤလားကိုအလည္သြားတာေပါ့။ တစ္ေယာက္ကေတာ့ မူဆိုနီ ဒုကၡသည္စခန္းမွာရွိတဲ့ သူ႔ညီမကိုသြားေတြ႕တယ္။ ေနာက္တစ္ေယာက္က်ေတာ့ ကူတူးပါေလာင္က သူ႔အေမဆီသြားေတြ႕တယ္။ ေမလ ၂၆ ရက္ေန႔က ျမန္မာႏိုင္ငံကေနထြက္သြားၿပီးေတာ့ အဲ့ဒီမွာ ၆ ရက္ေလာက္ေနတယ္။ ၃ ရက္ေန႔မွာ ျပန္ထြက္လာတယ္။ ျမန္မာႏိုင္ငံဘက္ကို ၄ ရက္ေန႔ ျပန္ေရာက္တယ္။"လို႔ ေဒါက္တာႏုေကသီစံက ေျပာပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ ေမာင္ေတာၿမိဳ႕ေပၚ ေ႐ႊစားေက်း႐ြာကျဖစ္ၿပီး ႐ြာကေန သရက္အုပ္ေက်း႐ြာကိုသြားၿပီးေတာ့ အဲ့ဒီကေနတဆင့္ ဘဂၤလားေဒ့ရွ္ဘက္ကို ေလွနဲ႔ကူးသြားခဲ့ၾကတာလို႔ သိရပါတယ္။

ပိုးေတြ႕လူနာေတြနဲ႔ ထိေတြ႕ခဲ့တဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ရဲဝန္ထမ္းေတြကိုလည္း ကြာရန္တင္းထားခဲ့ရၿပီး အဲ့ဒီဝန္ထမ္းေတြရဲ႕ တို႔ဖတ္နမႈနာေတြကိုလည္း ေဆးစစ္မႈေတြျပဳလုပ္တဲ့အခါမွာေတာ့ ေရာဂါပိုးကူးစက္ခံရတာ မေတြ႕ရဘူးလို႔ သိရပါတယ္။

ေမာင္ေတာနယ္စပ္ဟာ လုံၿခဳံေရးစခန္းေတြအမ်ားအျပားရွိေနေပမယ့္ တစ္ဖက္ဘဂၤလားေဒ့ရွ္ႏိုင္ငံကို အခုလိုမ်ိဳး တရားမဝင္သြားလာေနသူေတြဟာ အလြယ္တကူသြားလာလို႔ရေနၾကၿပီး အခုလိုမ်ိဳး ကိုဗစ္ ၁၉ ေရာဂါျဖစ္ပြားမႈ ျပင္းထန္ေနတဲ့ကာလေတြမွာ အဲ့ဒီနယ္စပ္ထြက္ေပါက္ေနရာေတြကို တင္းတင္းက်ပ္က်ပ္တားဆီးဖို႔လိုအပ္တယ္လို႔ သက္ဆိုင္ရာၿမိဳ႕နယ္ေတြရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေထာက္ျပေျပာဆိုေနၾကတာေတြလည္းရွိေနပါတယ္။

ဇြန္လ ၁၅ ရက္ေန႔အထိဆိုရင္ ရခိုင္ျပည္နယ္အတြင္းမွာ ကိုဗစ္ ၁၉ ေရာဂါပိုးကူးစက္ခံေနရသူ ၈ ဦးအထိရွိလာ ေနၿပီျဖစ္ကာ ရခိုင္ျပည္နယ္ ေတာင္ပိုင္းေဒသ သံတြဲၿမိဳ႕နယ္ကတစ္ေယာက္နဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္ကတစ္ေယာက္တို႔ဟာ မေလးရွားႏိုင္ငံကျပန္လာသူေတြျဖစ္ၾကၿပီး ေျမာက္ပိုင္းနယ္စပ္ၿမိဳ႕ေတြျဖစ္တဲ့ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္အတြင္း က ၆ ဦးကေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ျပန္လာသူေတြျဖစ္ၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ဇြန္လ ၁၅ ရက္ အထိ ကိုဗစ္-၁၉ ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ ၂၆၂ဦးရွိၿပီး ေသဆုံးသူ ၆ ဦးရွိပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53050791
ဘူးသီးတောင်ဒေသခံ ဘင်္ဂလားဒေ့ရှ်ကဆေးကုအပြန်မှာ ကိုဗစ်ကူးစက်ခံရ ဘူးသီးတောင်ဒေသခံ ဘင်္ဂလားဒေ့ရှ်ကဆေးကုအပြန်မှာ ကိုဗစ်ကူးစက်ခံရ Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.