ပြည်ပလေယာဉ် ဆိုက်ရောက်ခွင့် ဇွန်လကုန်ထိ တိုးမြှင့်ပိတ်ပင်


(Unicode)⤵⤵⤵
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို ဆက်လက်ထိန်းချုပ်ဖို့ လိုအပ်တာကြောင့် COVID-19 ကာကွယ်ရေး ထိန်းချုပ်ရေးအတွက် ဇွန်လ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေနဲ့ ပန်ကြားချက်တွေကို ဇွန်လ ၃၀ ရက်နေ့အထိ တိုးမြှင့်လိုက်တယ်လို့ COVID-19 တိုက်ဖျက်ရေး အမျိုးသားအဆင့် ကော်မတီက ကြေညာခဲ့ပါတယ်။

ဇွန်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အသိပေး ကြေညာချက်မှာ ရက်တိုးလိုက်တဲ့ ကန့်သတ်ချက်တွေထဲ ဖြေလျှော့ပေးပြီးသား အချက်တွေ မပါဘူးလို့လည်း ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံထဲ ပြည်ပလေယာဉ် ဆိုက်ရောက်မှုကို ဇွန်လ ၃၀ ရက်နေ့အထိ ဆက်လက်ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။

အများပြည်သူ သွားလာရာ နေရာတွေထဲ မျက်နှာဖုံးတပ်ရမယ့် အချက်ကိုလည်း ဆက်လက်လိုက်နာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

COVID-19 ဓာတ်ခွဲစစ်ဆေးချက် ရလဒ်တွေကတော့ ဇွန်လ ၁၃ ရက် ညနေပိုင်းမှာ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၁၅ ခုကို စစ်ဆေးတဲ့အထဲ ဓာတ်ခွဲအတည်ပြုလူနာ တဦးမှ မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၂ ရက်နေ့က ၁၃ ရက်နေ့အတွင်း စောင့်ကြည့်လူနာသစ်ကတော့ ၃၇ ဦး တိုးလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မတ်လနှောင်းပိုင်းက စလို့ ဇွန်လ ၁၃ ရက် ညနေပိုင်းအထိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၄၆,၀၀၀ နီးပါး ပြုလုပ်ခဲ့ပြီး အဲဒီအထဲ ဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်လို့ အတည်ပြုထားသူ ၂၆၁ ယောက်ရှိပြီး သေဆုံးသူက ၆ ယောက် ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
ျပည္ပေလယာဥ္ ဆိုက္ေရာက္ခြင့္ ဇြန္လကုန္ထိ တိုးျမႇင့္ပိတ္ပင္

ျမန္မာႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔တာကို ဆက္လက္ထိန္းခ်ဳပ္ဖို႔ လိုအပ္တာေၾကာင့္ COVID-19 ကာကြယ္ေရး ထိန္းခ်ဳပ္ေရးအတြက္ ဇြန္လ ၁၅ ရက္ေန႔အထိ ထုတ္ျပန္ထားတဲ့ အမိန႔္၊ ၫႊန္ၾကားခ်က္ေတြနဲ႔ ပန္ၾကားခ်က္ေတြကို ဇြန္လ ၃၀ ရက္ေန႔အထိ တိုးျမႇင့္လိုက္တယ္လို႔ COVID-19 တိုက္ဖ်က္ေရး အမ်ိဳးသားအဆင့္ ေကာ္မတီက ေၾကညာခဲ့ပါတယ္။

ဇြန္လ ၁၂ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ အသိေပး ေၾကညာခ်က္မွာ ရက္တိုးလိုက္တဲ့ ကန႔္သတ္ခ်က္ေတြထဲ ေျဖေလွ်ာ့ေပးၿပီးသား အခ်က္ေတြ မပါဘူးလို႔လည္း ဆိုပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံထဲ ျပည္ပေလယာဥ္ ဆိုက္ေရာက္မႈကို ဇြန္လ ၃၀ ရက္ေန႔အထိ ဆက္လက္ပိတ္ပင္ထားမွာ ျဖစ္ပါတယ္။

အမ်ားျပည္သူ သြားလာရာ ေနရာေတြထဲ မ်က္ႏွာဖုံးတပ္ရမယ့္ အခ်က္ကိုလည္း ဆက္လက္လိုက္နာဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

COVID-19 ဓာတ္ခြဲစစ္ေဆးခ်က္ ရလဒ္ေတြကေတာ့ ဇြန္လ ၁၃ ရက္ ညေနပိုင္းမွာ ဓာတ္ခြဲနမူနာ စုစုေပါင္း ၁,၀၁၅ ခုကို စစ္ေဆးတဲ့အထဲ ဓာတ္ခြဲအတည္ျပဳလူနာ တဦးမွ မေတြ႕ရဘူးလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ည ၈ နာရီမွာ ထုတ္ျပန္ထားပါတယ္။

ဇြန္လ ၁၂ ရက္ေန႔က ၁၃ ရက္ေန႔အတြင္း ေစာင့္ၾကည့္လူနာသစ္ကေတာ့ ၃၇ ဦး တိုးလာတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ မတ္လေႏွာင္းပိုင္းက စလို႔ ဇြန္လ ၁၃ ရက္ ညေနပိုင္းအထိ ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၄၆,၀၀၀ နီးပါး ျပဳလုပ္ခဲ့ၿပီး အဲဒီအထဲ ဗိုင္းရပ္စ္ပိုး ေတြ႕ရွိတယ္လို႔ အတည္ျပဳထားသူ ၂၆၁ ေယာက္ရွိၿပီး ေသဆုံးသူက ၆ ေယာက္ ရွိပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid19-myanmar-oversea-flight/5461699.html
ပြည်ပလေယာဉ် ဆိုက်ရောက်ခွင့် ဇွန်လကုန်ထိ တိုးမြှင့်ပိတ်ပင် ပြည်ပလေယာဉ် ဆိုက်ရောက်ခွင့် ဇွန်လကုန်ထိ တိုးမြှင့်ပိတ်ပင် Reviewed by THITHTOOLWIN on 05:12 Rating: 5
Powered by Blogger.