ရေဖြူမြို့မှာ ကလေးငယ်အပါမိသားစုလိုက် သုံးလောင်းပြိုင်အသတ်ခံရ

 ကလေးငယ်အပါအဝင်မိသားစုလိုက်အသတ်ခံရ
(Unicode)⤵⤵⤵
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ဥုသာရံရထားလမ်းဘေးအနီးမှာနေထိုင်တဲ့မိသားစုတစ်စုဟာ ဇွန်၁၃ရက်နေ့က အသက်တစ်နှစ်ခွဲဝန်းကျင်ကလေးငယ်တစ်ဦးအပါအဝင် တစ်မိသားစုလုံးအသတ်ခံခဲ့တယ်လို့ ရေဖြူမြို့မရဲစခန်းကဒုရဲအုပ်ဇော်ထက်ကဘီဘီစီကိုပြောပါတယ်။

သေဆုံးသူတွေထဲက အသက် ၂၆နှစ်အရွယ်ရှိအိမ်ထောင်ဦးစီးဖြစ်သူအမျိုးသားဟာ ရထားဝန်ထမ်းတစ်ဦးဖြစ်ပြီးအဆိုပါနေရာမှာ ကားလမ်းနဲ့ရထားလမ်းဆုံရာ ရထားလမ်းအဖွင့်အပိတ်ကို လုပ်ဆောင်ပေးသူဖြစ်တယ်လို့ အဆိုပါနေရာအနီးတဝိုက်ကဒေသခံတွေကပြောပါတယ်။

' ' သေသူအမျိုးသားရဲ့အမေကသူတို့ဆီနေ့တိုင်းဖုန်းဆက်နေကြကို မနေ့ကဆက်မရလို့လာကြည့်တော့ တံခါးကအပြင်ကသော့ပိတ်ထားတယ်လို့ပြောတယ်။ သူအထဲကိုဖုန်းမီးနဲ့ထိုးပြီး ချောင်းကြည့်တော့ အထဲမှာ အကုန်လုံးသေနေတာတွေ့ရလို့ ရပ်ကွက်လူကြီးတွေကိုအကြောင်းကြား။ ရပ်ကွက်ကရဲစခန်းကိုအကြောင်းကြားလို့ ကျွန်တော်တို့သွားတော့ ည ဆယ်နာရီ လောက်ရှိနေပြီ။ အခုထိတော့တရားခံတွေကို စုံစမ်းဆဲပါ''လို့ ရေဖြူမြို့မရဲစခန်းဒုရဲအုပ်ဇော်ထက်ကပြောပြပါတယ်။

သေဆုံးသူအမျိုးသား၊ အမျိုးသမီးနဲ့ကလေးငယ်တို့ဟာ ဓားဒဏ်ရာအများအပြားနဲ့သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ သေဆုံးသူရုပ်အလောင်းတွေကိုသွားရောက်သယ်ယူပေးခဲ့တဲ့ မြင့်မြတ် ရေဖြူအသင်းကကိုသက်ဦးက ပြောပြပါတယ်။

' ' အိမ်ကခြေတံရှည်အိမ်လေး၊ လှေကားကအတက်နေရာအနီး အိပ်ခန်းအပြင်နားမှာ သုံးယောက်လုံးတစ်နေရာထဲပဲစုသေနေတာ။ ခုခံထားတဲ့ပုံစံ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့အခြေအနေကို တော့တွေ့ရတယ်။ သူတို့ကအိမ်ကရွာထဲမှာမဟုတ်ဘူး။ သူတို့နေတဲ့အိမ်ရဲ့ဘယ် ဘယ် ဘက်မှာအိမ်မရှိဘူး။ သူတို့အိမ်ရဲ့ညာဘက်ကိုက်သုံးရာလောက်မှာ ဈေးဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒါကအနီးဆုံးပဲ။ အသံတွေဘာတွေမကြားရလောက်ဘူး''လို့ အခင်းဖြစ်ရာနေရာမှာတွေ့မြင်ခဲ့ရတဲ့အခြေအနေကိုကိုသက်ဦးကပြန်လည်ပြောပြပါတယ်။

သေဆုံးသူမိသားစုဟာဝန်ထမ်းမိသားစုဖြစ်ပြီး မိသားစုဆွေမျိုးသားချင်းများမှာလည်း ထားဝယ်မြို့နယ်မှာပဲရှိကာ အဆိုပါအခင်းဖြစ်ရာရေဖြူမြို့နယ်၊ ဂငယ်ရပ်ကွက်ကို ပြောင်းလာတာဟာ တစ်နှစ်ခွဲဝန်းကျင်ခန့်သာရှိသေးတယ်လို့လည်း အဆိုပါနေရာအနီးနေထိုင်သူအချို့ရဲ့ပြောပြချက်ကို ရေဖြူမြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှထွေးက ဘီဘီစီကိုပြောပြ ပါတယ်။

' ' ကျွန်တော်တို့ကိုလည်း သူတို့နဲ့အနီးဆုံးကဈေးဆိုင်ကသူတွေလှမ်းအကြောင်းကြားလို့သိတာ။ သူတို့ပြောပြချက်အရတော့ တခါတလေဈေးဆိုင်မှာဈေးလာဝယ်တာရှိတယ်။ ကိစ္စရှိရင် ထားဝယ်ဘက်ကိုသွားတယ်။ တခြားသူတွေနဲ့ အဆက်စပ်ရှိတာတော့မတွေ့ရဘူးလို့ပြောကြတယ်။ အဖိုးတန်ပစ္စည်းဘာညာလည်းမရှိလောက်ဘူး။ ကျွန်တော်တို့တွေ့ရသလောက်တော့''လို့ မြင့်မြတ်ရေဖြူအသင်းကကိုသက်ဦးကပြောပြပါတယ်။

လက်ရှိမှာ ရေဖြူမြို့မရဲစခန်းမှာ ပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ထားပြီးတရားခံကိုစုံစမ်းနေကာ မနေ့ကညပိုင်းမှာတော့ခရိုင်ရဲတပ်ဖွဲ့ကပါကွင်းဆင်းပြီးစစ်ဆေးတာတွေကိုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

' ' ဒါမျိုးအမှုကြီးတွေမရှိခဲ့ဖူးဘူး။ စုံစမ်းစစ်ဆေးတာကိုတော့ ကျွန်တော်တို့မြို့မစခန်းကပဲဆက်လုပ်မှာပါ။ အခုကတော့ ဘာကြောင့်ဆိုတာကောက်ချက်ပြောဖို့တော့စောပါသေးတယ်။ ပြောလို့မရသေးပါဘူး။ အဖိုးတန်ပစ္စည်းယူချင်လို့ဘာလို့တော့မဟုတ်လောက်ဘူး''လို့ ရေဖြူမြို့မရဲစခန်း၊ ဒုရဲအုပ်ဇော်ထက်ကပြောပြပါတယ်။

BBC Burmese
----------------------------------------
(Zawgyi)⤵⤵⤵
ေရျဖဴၿမိဳ႕မွာ ကေလးငယ္အပါမိသားစုလိုက္ သုံးေလာင္းၿပိဳင္အသတ္ခံရ

တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕၊ ဥဳသာရံရထားလမ္းေဘးအနီးမွာေနထိုင္တဲ့မိသားစုတစ္စုဟာ ဇြန္၁၃ရက္ေန႔က အသက္တစ္ႏွစ္ခြဲဝန္းက်င္ကေလးငယ္တစ္ဦးအပါအဝင္ တစ္မိသားစုလုံးအသတ္ခံခဲ့တယ္လို႔ ေရျဖဴၿမိဳ႕မရဲစခန္းကဒုရဲအုပ္ေဇာ္ထက္ကဘီဘီစီကိုေျပာပါတယ္။

ေသဆုံးသူေတြထဲက အသက္ ၂၆ႏွစ္အ႐ြယ္ရွိအိမ္ေထာင္ဦးစီးျဖစ္သူအမ်ိဳးသားဟာ ရထားဝန္ထမ္းတစ္ဦးျဖစ္ၿပီးအဆိုပါေနရာမွာ ကားလမ္းနဲ႔ရထားလမ္းဆုံရာ ရထားလမ္းအဖြင့္အပိတ္ကို လုပ္ေဆာင္ေပးသူျဖစ္တယ္လို႔ အဆိုပါေနရာအနီးတဝိုက္ကေဒသခံေတြကေျပာပါတယ္။

' ' ေသသူအမ်ိဳးသားရဲ႕အေမကသူတို႔ဆီေန႔တိုင္းဖုန္းဆက္ေနၾကကို မေန႔ကဆက္မရလို႔လာၾကည့္ေတာ့ တံခါးကအျပင္ကေသာ့ပိတ္ထားတယ္လို႔ေျပာတယ္။ သူအထဲကိုဖုန္းမီးနဲ႔ထိုးၿပီး ေခ်ာင္းၾကည့္ေတာ့ အထဲမွာ အကုန္လုံးေသေနတာေတြ႕ရလို႔ ရပ္ကြက္လူႀကီးေတြကိုအေၾကာင္းၾကား။ ရပ္ကြက္ကရဲစခန္းကိုအေၾကာင္းၾကားလို႔ ကြၽန္ေတာ္တို႔သြားေတာ့ ည ဆယ္နာရီ ေလာက္ရွိေနၿပီ။ အခုထိေတာ့တရားခံေတြကို စုံစမ္းဆဲပါ''လို႔ ေရျဖဴၿမိဳ႕မရဲစခန္းဒုရဲအုပ္ေဇာ္ထက္ကေျပာျပပါတယ္။

ေသဆုံးသူအမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ကေလးငယ္တို႔ဟာ ဓားဒဏ္ရာအမ်ားအျပားနဲ႔ေသဆုံးေနတာကိုေတြ႕ခဲ့ရတယ္လို႔ ေသဆုံးသူ႐ုပ္အေလာင္းေတြကိုသြားေရာက္သယ္ယူေပးခဲ့တဲ့ ျမင့္ျမတ္ ေရျဖဴအသင္းကကိုသက္ဦးက ေျပာျပပါတယ္။

' ' အိမ္ကေျခတံရွည္အိမ္ေလး၊ ေလွကားကအတက္ေနရာအနီး အိပ္ခန္းအျပင္နားမွာ သုံးေယာက္လုံးတစ္ေနရာထဲပဲစုေသေနတာ။ ခုခံထားတဲ့ပုံစံ ႐ုန္းရင္းဆန္ခတ္ျဖစ္ထားတဲ့အေျခအေနကို ေတာ့ေတြ႕ရတယ္။ သူတို႔ကအိမ္က႐ြာထဲမွာမဟုတ္ဘူး။ သူတို႔ေနတဲ့အိမ္ရဲ႕ဘယ္ ဘယ္ ဘက္မွာအိမ္မရွိဘူး။ သူတို႔အိမ္ရဲ႕ညာဘက္ကိုက္သုံးရာေလာက္မွာ ေဈးဆိုင္တစ္ဆိုင္ရွိတယ္။ အဲဒါကအနီးဆုံးပဲ။ အသံေတြဘာေတြမၾကားရေလာက္ဘူး''လို႔ အခင္းျဖစ္ရာေနရာမွာေတြ႕ျမင္ခဲ့ရတဲ့အေျခအေနကိုကိုသက္ဦးကျပန္လည္ေျပာျပပါတယ္။

ေသဆုံးသူမိသားစုဟာဝန္ထမ္းမိသားစုျဖစ္ၿပီး မိသားစုေဆြမ်ိဳးသားခ်င္းမ်ားမွာလည္း ထားဝယ္ၿမိဳ႕နယ္မွာပဲရွိကာ အဆိုပါအခင္းျဖစ္ရာေရျဖဴၿမိဳ႕နယ္၊ ဂငယ္ရပ္ကြက္ကို ေျပာင္းလာတာဟာ တစ္ႏွစ္ခြဲဝန္းက်င္ခန႔္သာရွိေသးတယ္လို႔လည္း အဆိုပါေနရာအနီးေနထိုင္သူအခ်ိဳ႕ရဲ႕ေျပာျပခ်က္ကို ေရျဖဴၿမိဳ႕နယ္၊တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးလွေထြးက ဘီဘီစီကိုေျပာျပ ပါတယ္။

' ' ကြၽန္ေတာ္တို႔ကိုလည္း သူတို႔နဲ႔အနီးဆုံးကေဈးဆိုင္ကသူေတြလွမ္းအေၾကာင္းၾကားလို႔သိတာ။ သူတို႔ေျပာျပခ်က္အရေတာ့ တခါတေလေဈးဆိုင္မွာေဈးလာဝယ္တာရွိတယ္။ ကိစၥရွိရင္ ထားဝယ္ဘက္ကိုသြားတယ္။ တျခားသူေတြနဲ႔ အဆက္စပ္ရွိတာေတာ့မေတြ႕ရဘူးလို႔ေျပာၾကတယ္။ အဖိုးတန္ပစၥည္းဘာညာလည္းမရွိေလာက္ဘူး။ ကြၽန္ေတာ္တို႔ေတြ႕ရသေလာက္ေတာ့''လို႔ ျမင့္ျမတ္ေရျဖဴအသင္းကကိုသက္ဦးကေျပာျပပါတယ္။

လက္ရွိမွာ ေရျဖဴၿမိဳ႕မရဲစခန္းမွာ ပုဒ္မ ၃၀၂ နဲ႔အမႈဖြင့္ထားၿပီးတရားခံကိုစုံစမ္းေနကာ မေန႔ကညပိုင္းမွာေတာ့ခ႐ိုင္ရဲတပ္ဖြဲ႕ကပါကြင္းဆင္းၿပီးစစ္ေဆးတာေတြကိုလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

' ' ဒါမ်ိဳးအမႈႀကီးေတြမရွိခဲ့ဖူးဘူး။ စုံစမ္းစစ္ေဆးတာကိုေတာ့ ကြၽန္ေတာ္တို႔ၿမိဳ႕မစခန္းကပဲဆက္လုပ္မွာပါ။ အခုကေတာ့ ဘာေၾကာင့္ဆိုတာေကာက္ခ်က္ေျပာဖို႔ေတာ့ေစာပါေသးတယ္။ ေျပာလို႔မရေသးပါဘူး။ အဖိုးတန္ပစၥည္းယူခ်င္လို႔ဘာလို႔ေတာ့မဟုတ္ေလာက္ဘူး''လို႔ ေရျဖဴၿမိဳ႕မရဲစခန္း၊ ဒုရဲအုပ္ေဇာ္ထက္ကေျပာျပပါတယ္။

BBC Burmese
https://www.bbc.com/burmese/53039781
ရေဖြူမြို့မှာ ကလေးငယ်အပါမိသားစုလိုက် သုံးလောင်းပြိုင်အသတ်ခံရ ရေဖြူမြို့မှာ ကလေးငယ်အပါမိသားစုလိုက် သုံးလောင်းပြိုင်အသတ်ခံရ Reviewed by THITHTOOLWIN on 05:11 Rating: 5
Powered by Blogger.