ရေဖြူမြို့၊ ဥဿရံ ကျေးရွာတွင် မိသားစုအလိုက် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဥဿရံကျေးရွာ ရထားလမ်းဘေး နေအိမ်တွင် မိသားစုသုံးဦး သေဆုံးနေ။ ဓါတ်ပုံ - facebook
(Unicode)⤵⤵⤵
ထားဝယ် -  ဇွန် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ဥဿရံကျေးရွာ၊ ရေး-ထားဝယ် ကားလမ်း မိုင်တိုင်အမှတ် (၂၃/၄) မီးရထားသံလမ်းဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (ဦးအောင်ကျော်ထွန်း) နေအိမ်တွင် ဇွန် ၁၃ ရက် က မိသားစုအလိုက် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၅ နာရီ ခန့် က မီးရထားသံလမ်း ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော သားဖြစ်သူအား မိခင်ဖြစ်သူ က ဖုန်းအကြိမ်ကြိမ်ခေါ်သော်လည်း ဖုန်းမကိုင်သဖြင့် ညီမ ၏ ခင်ပွန်းဖြစ်သူ နှင့်အတူ သားဖြစ်သူ၏ နေအိမ်သို့ ည ၉ နာရီ ခန့် က သွားရောက်ခဲ့ရာ နေအိမ် သော့ခတ်ထားသည်ကို တွေ့ရှိရသဖြင့် နေအိမ်ရှေ့ မှ လှမ်းခေါ်ရာ မည်သည်အသံမှ မကြားရသဖြင့် နေအိမ်အကာဘေးပေါက်မှ ဖုန်းမီးဖြင့် ကြည့်ရှုရာ  သားဖြစ်သူမှာ သွေးအိုင်ထဲတွင် လဲကျနေသည်ကို တွေ့ရှိရသည်။

မိခင်ဖြစ်သူက နေအိမ်မှ ပေ(၁၀၀)ခန့် အကွာရှိ စျေးဆိုင်များသို့ သွားရောက်အကူအညီ တောင်းခံခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့က ဖြစ်စဉ် ဖြစ်ပွားရာ နေအိမ်သို့ သွားရောက်ပြီး နေအိမ်သော့အား ဖျက်ဆီး၍ အိမ်အတွင်းဝင်ကြည့်ရာ သားဖြစ်သူမှာ နေအိမ်အိပ်ခန်းနှင့် အိမ်ရှေ့အကာကြားတွင် လည်ပင်း အရှေ့ဘက်ခြမ်းတွင် လှီးဖြတ်ဒဏ်ရာ၊ ယာဂျိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာများ ရရှိ၍ ပက်လက်အနေအထားဖြင့် သေဆုံးနေပါသည်။

 ၄င်း၏ ဇနီးဖြစ်သူမှာ အိမ်ခန်းအတွင်း ဝမ်းဗိုက် ယာဘက်ခြမ်းတွင် ထိုးသွင်းဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ နဖူးစပ် ဖူးရောင် ပေါက်ပြဲဒဏ်ရာ၊ ယာတံတောင်ဆစ်ပေါက်ပြဲဒဏ်ရာ၊ ဝဲမျက်ခုံး ပေါက်ပြဲဒဏ်ရာများ ရရှိကာ ပက်လက်အနေအထားဖြင့် သေဆုံးနေပြီး (၁)နှစ်ကျော် အရွယ်ရှိ သားဖြစ်သူမှာ လည်ပင်း အရှေ့ဘက်ခြမ်း လှီးဖြတ်ဒဏ်ရာရရှိပြီး မှောက်လျက် အနေအထားဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့်  ရေဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်လက်သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

မိသားစုအလိုက် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ သေဆုံးသူ မိသားစု၏ မိခင်ဖြစ်သူ က တရားလိုပြု တိုင်တန်းသဖြင့် ရေဖြူမြို့နယ်မြို့မရဲစခန်းက အမှုအား ရေဖြူမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်ထွန်း က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 (ထားဝယ်ခရိုင်ပြန်/ဆက်) / Myanmaalinn
-----------------------------------------------------
ဥႆရံေက်း႐ြာ ရထားလမ္းေဘး ေနအိမ္တြင္ မိသားစုသုံးဦး ေသဆုံးေန။ ဓါတ္ပုံ - facebook
(Zawgyi)⤵⤵⤵
ေရျဖဴၿမိဳ႕၊ ဥႆရံ ေက်း႐ြာတြင္ မိသားစုအလိုက္ သုံးေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြား

ထားဝယ္ -  ဇြန္ ၁၄

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ခ႐ိုင္၊ ေရျဖဴၿမိဳ႕၊ ဥႆရံေက်း႐ြာ၊ ေရး-ထားဝယ္ ကားလမ္း မိုင္တိုင္အမွတ္ (၂၃/၄) မီးရထားသံလမ္းဂိတ္တြင္ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္း (ဦးေအာင္ေက်ာ္ထြန္း) ေနအိမ္တြင္ ဇြန္ ၁၃ ရက္ က မိသားစုအလိုက္ သုံးေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဇြန္ ၁၃ ရက္ ညေန ၅ နာရီ ခန္႔ က မီးရထားသံလမ္း ဂိတ္တြင္ တာဝန္ထမ္းေဆာင္ေနေသာ သားျဖစ္သူအား မိခင္ျဖစ္သူ က ဖုန္းအႀကိမ္ႀကိမ္ေခၚေသာ္လည္း ဖုန္းမကိုင္သျဖင့္ ညီမ ၏ ခင္ပြန္းျဖစ္သူ ႏွင့္အတူ သားျဖစ္သူ၏ ေနအိမ္သို႔ ည ၉ နာရီ ခန္႔ က သြားေရာက္ခဲ့ရာ ေနအိမ္ ေသာ့ခတ္ထားသည္ကို ေတြ႕ရွိရသျဖင့္ ေနအိမ္ေရွ႕ မွ လွမ္းေခၚရာ မည္သည္အသံမွ မၾကားရသျဖင့္ ေနအိမ္အကာေဘးေပါက္မွ ဖုန္းမီးျဖင့္ ၾကည့္ရႈရာ  သားျဖစ္သူမွာ ေသြးအိုင္ထဲတြင္ လဲက်ေနသည္ကို ေတြ႕ရွိရသည္။

မိခင္ျဖစ္သူက ေနအိမ္မွ ေပ(၁၀၀)ခန္႔ အကြာရွိ ေစ်းဆိုင္မ်ားသို႔ သြားေရာက္အကူအညီ ေတာင္းခံခဲ့ရာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ႏွင့္အဖြဲ႕က ျဖစ္စဥ္ ျဖစ္ပြားရာ ေနအိမ္သို႔ သြားေရာက္ၿပီး ေနအိမ္ေသာ့အား ဖ်က္ဆီး၍ အိမ္အတြင္းဝင္ၾကည့္ရာ သားျဖစ္သူမွာ ေနအိမ္အိပ္ခန္းႏွင့္ အိမ္ေရွ႕အကာၾကားတြင္ လည္ပင္း အေရွ႕ဘက္ျခမ္းတြင္ လွီးျဖတ္ဒဏ္ရာ၊ ယာဂ်ိဳင္းေအာက္တြင္ ထိုးသြင္းဒဏ္ရာမ်ား ရရွိ၍ ပက္လက္အေနအထားျဖင့္ ေသဆုံးေနပါသည္။

 ၄င္း၏ ဇနီးျဖစ္သူမွာ အိမ္ခန္းအတြင္း ဝမ္းဗိုက္ ယာဘက္ျခမ္းတြင္ ထိုးသြင္းဒဏ္ရာ၊ အေပၚႏႈတ္ခမ္း ဖူးေရာင္ေပါက္ၿပဲဒဏ္ရာ၊ နဖူးစပ္ ဖူးေရာင္ ေပါက္ၿပဲဒဏ္ရာ၊ ယာတံေတာင္ဆစ္ေပါက္ၿပဲဒဏ္ရာ၊ ဝဲမ်က္ခုံး ေပါက္ၿပဲဒဏ္ရာမ်ား ရရွိကာ ပက္လက္အေနအထားျဖင့္ ေသဆုံးေနၿပီး (၁)ႏွစ္ေက်ာ္ အ႐ြယ္ရွိ သားျဖစ္သူမွာ လည္ပင္း အေရွ႕ဘက္ျခမ္း လွီးျဖတ္ဒဏ္ရာရရွိၿပီး ေမွာက္လ်က္ အေနအထားျဖင့္ ေသဆုံးေနေၾကာင္း ေတြ႕ရွိရသျဖင့္  ေရျဖဴၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးသို႔ ဆက္လက္သတင္းေပးပို႔ခဲ့ေၾကာင္း သိရသည္။

မိသားစုအလိုက္ သုံးေလာင္းၿပိဳင္လူသတ္မႈျဖစ္ပြားခဲ့မႈႏွင့္ ပတ္သက္၍ ေသဆုံးသူ မိသားစု၏ မိခင္ျဖစ္သူ က တရားလိုျပဳ တိုင္တန္းသျဖင့္ ေရျဖဴၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းက အမႈအား ေရျဖဴၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေအာင္ေက်ာ္ထြန္း က စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

 (ထားဝယ္ခ႐ိုင္ျပန္/ဆက္) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေဖြူမြို့၊ ဥဿရံ ကျေးရွာတွင် မိသားစုအလိုက် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား ရေဖြူမြို့၊ ဥဿရံ ကျေးရွာတွင် မိသားစုအလိုက် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 05:11 Rating: 5
Powered by Blogger.