အိန္ဒိယ နယ်စပ်ကနေ ပြန်ဝင်လာ၅၀ ကျော်ကို ကွာရန်တင်းထားပြီး ဓာတ်ခွဲစစ်ဆေး

အိန္ဒိယနယ်စပ် မိုးရေး မြို့
(Unicode)⤵⤵⤵
အိန္ဒိယ မြန်မာ ရိခေါလ်ဒါ နယ်စပ်ကနေ ချင်းပြည်နယ်အစိုးရကို ဆက်သွယ်ပြီး ပြန်လည် ဝင်ရောက်လာသူ တွေအားလုံးကို အစိုးရ အစီစဉ်နဲ ကွာရန်တင်းထားရှိပြီး ကိုဗစ် ၁၉ ရောဂါ ရှိမရှိ သိရဖို့အတွက် ဓာတ်ခွဲ နမူနာ တွေယူပြီး စစ်ဆေး မှုများပြုလုပ်လျက်ရှိ တယ်လို့ ချင်းပြည်နယ် အစိုးရ အဖွဲ့ ကဘီဘီစီ ကိုပြောပါတယ်။

သူတို့ကို ဖလမ်းမြို့မှာ အသွားအလာ ကန့်သတ်တဲ့ ကွာရန်တင်း ထားရှိပြီးတော့ ကိုဗစ် ၁၉ ရောဂါပိုး ရှိမ ရှိသိနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ဓာတ်ခွဲ နမူနာ တွေကို အစိုးရဆီပေးပို့စစ်ဆေးခဲ့တာလို့လည်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်က ဘီဘီစီ ကို ပြောပါတယ်။

ဇွန်လ ၆ ရက်နေ့ က ပြန်ဝင်လာတဲ့ သူ ၃၃ ယောက် စလုံး နမူနာ တွေ ပို့ထားတယ် အဖြေတော့ မသိရသေးဘူး လို့လည်း သူကပြောပါတယ်။

ဇွန်လ ၁၄ ရက်နေ့ အထိ အိန္ဒိယ မြန်မာနယ်စပ်ကနေ ပြီး မြန်မာနိုင်ငံထဲ ပြန်ဝင် လာသူ ၅၆ ဦး ရှိပြီးတော့ ရောဂါပိုး တွေ့ သူ မ ရှိသေးဘူးလို့ လည်းချင်းပြည်နယ် အစိုးရက ပြောပါတယ်။
အိန္ဒိယနိုင်ငံထဲ ကိုနယ်စပ်ကနေ ကျမ်းစာသင်ကျောင်းသွားတက်ရင်းပိတ်မိနေ ကြတာဖြစ်
ချင်းပြည်နယ် ရိခေါလ်ဒါ ဝင်ပေါက်တွေကနေ မေလ ၂၁ ရက်နေ့ ထဲက ပြန်ဝင်လာကြတာဖြစ် ပြီးတော့ ပြန်ဝင်လာသူတွေ ဟာ အိန္ဒိယ ဘက် မှာကျမ်းစာ သင်တန်းကျောင်းသွားတက် ကြသူတွေ အများစုဖြစ်ကြပါတယ်။

ဇွန်လ ၅ ရက်နေ့က ပြန်လာ သူ ၃၃ ယောက်ဟာ အိန္ဒိယနိုင်ငံ ဂူဝါဟာတီ၊ အာဆမ်နဲ့ ဘန်ဂလော တို့မှာ ကျမ်းစာသင်ကျောင်း တက်နေသူတွေ ဖြစ်ပါတယ်။

အဲဒီ၃၃ ယောက်ဟာ ချင်းပြည်နယ် မှာနေထိုင်သူတွေသာမက တန့်ယန်း၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြစ်ကြီးနား၊ သီပေါ စတဲ့မြို့တွေမှာလည်းနေထိုင်သူတွေပါဝင်တယ်လို့ သိရပါတယ်။

မိုးရေး ကနေ တစ်ဆင့်စစ်ကိုင်းတိုင်း တမူးဘက် ကနေ ဝင်လာသူ ၆ဦး ရှိပြီး အဲဒီ သူတွေ ကတော့ ချင်းလူမျိုးတွေဖြစ်ကာ တရားမဝင် ခိုးဝင်မူနဲ့တရားစွဲခံရဖို့ရှိနေတယ်လို့ တမူးဒေသခံတွေဆီကနေ သိရပါတယ်။
မြန်မာ အိန္ဒိယ နယ်စပ် တမူးမြို့ နန့်ဖာလုံဈေး
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံတို့မှာ ကိုဗစ် ၁၉ ရောဂါဟာ ကူးစက်မှုနူန်းတွေတိုးလာနေပြီးတော့ အိန္ဒိယ မှာ ရောဂါ ကုးစက်ခံရသူ ၃ သိန်း ၂ သောင်းကျော် ရှိလာပြီ ဖြစ်ကာ သေဆုံးသူ ဟာ လည်း ကိုးထောင် နှစ်ရာ ကျော် ရောက် ရှိလာနေပြီဖြစ်ပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံ အတွင်းမှာ ရောက်ပြီးပိတ်မိ နေတဲ့ မြန်မာနိုင်ငံသားတွေ ဟာ ပြန်လာချင်နေကြပြီးတော့ တချို့ဟာလည်း ပြန်လာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့လည်း အိန္ဒိယနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်းတမူးမြို့နယ်က မိုးရေး- တမူး ဝင်ပေါက်နဲ့ ၊ ချင်းပြည်နယ် ရိခေါလ်ဒါ ဝင်ပေါက်တွေကနေလည်း မြန်မာနိုင်ငံသားအချို့ပြန်လည် ဝင်ရောက်လာကြတာတွေလည်း ရှိနေပါတယ်။

နယ်စပ်ပြန်ဝင်လာသူတွေထဲ မှာ ကွာရင်တင်းဝင်ပြီး ရောဂါပိုးစစ်ဆေးရာမှာ မတွေ့လို့နေရပ်ပြန်သွားသူ ၁၆ ဦးရှိတယ်လို့လည်းချင်းပြည်နယ် လူမှုရေးဝန်ကြီး က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဝင်ရောက်လာသူ တစ်ဦးနဲ့ အိန္ဒိယက ပြန်လာသူ ၁၀ ဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို ထပ်တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဇွန်လ ၁၁ ရက် ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘူးသီးတောင်မှာ တွေ့ရတဲ့ ကူးစက်ခံရသူဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင် ဝင်ရောက်လာသူ ဖြစ်တယ်လို့ ဘူးသီးတောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယက ပြန်လာသူတွေမှာတော့ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၂ ဦးမှာ ကူးစက်ခံရတာကို တွေ့ရှိခဲ့ရပြီး သူတို့တွေဟာ အသက် အငယ်ဆုံး ၁၀ နှစ်ကနေ အကြီးဆုံး အသက် ၇၀ နှစ်အရွယ်ထိ ဖြစ်ပါတယ်။

သူတို့တွေဟာ တောင်ဒဂုံနဲ့ ဗိုလ်တထောင်မြို့နယ်တို့မှာ အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပြီး သူတို့ကို တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ကုသမှု ခံယူစေမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလတ်တော အိန္ဒိယက ပြန်လာသူတွေထဲ ကရောဂါပိုးတွေ့သူ အများဆုံးဖြစ်ပြီးတော့ ၃၀ ကျော်ရှိပြီလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လ ၁၄ ရက် အထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၆၀ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိပါတယ်။
မီဇိုရမ် ပြည်နယ်နဲ့ ချင်းပြည်နယ် ကပ်လျက်တည် ရှိ
ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီကနေ ပြည်ပနိုင်ငံကနေ တရားမဝင် ပြန်လည် ဝင်ရောက်လာပြီး ဝင်ရောက်ကြောင်း သိလျက်နဲ့ လက်သင့်ခံမယ် ဆိုရင် သက်ဆိုင်ရာတည်ဆဲ ဥပဒေတွေအရ အရေးယူမယ်လို့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန် အသိပေးကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က အိန္ဒိယနိုင်ငံ နာဂလမ်းပြည်နယ်မှာ ကျမ်းစာ သင်ကျောင်းတက်ရောက်ရာကနေ ပြန်လာသူ ချင်းပြည်နယ်က အမျိုးသား (၆) ဦး ဟာမိုးရေးအနောက် ဘက်ခြမ်းတရားမဝင်တောလမ်းက တစ်ဆင့် တမူးမြို့နယ်၊ အူးစူး-သာယာကုန်းအုပ်စုအတွင်း ညအိပ်ဝင်လာကြ ပြီး တမူးမြို့ကိုရောက်နေတာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန ကစစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။

ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အဆိုပါပြန်လည်ဝင်ရောက်လာသူ (၆) ဦး ကို ကျန်းမာရေးအခြေအနေစစ်ဆေးကာ၊ သူတို့ရဲ့ ဓာတ်ခွဲနမူနာတွေကို ရယူပြီး ဇွန်လ ၁၃ ရက်နေ့က မန္တလေး ကို ပေးပို့စစ်ဆေးထားတယ်လို့လည်း တမူးဒေသခံတွေ ကပြောပါတယ်။

အဆိုပါပြန်လည်ဝင်ရောက်လာသူ (၆) ဦး ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့က(၅) ဦး၊ ထန်တလန်မြို့က (၁) ဦး၊ ဖြစ်ပြီးတော့ တမူးမြို့၊ ကုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံ မှာ စောင့်ကြပ်ထားရှိထားတယ်လို့ လည်းဒေသခံတွေ က ဘီဘီစီကိုပြောပါတယ်။

BBC Burmese
--------------------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယ နယ္စပ္ကေန ျပန္ဝင္လာ၅၀ ေက်ာ္ကို ကြာရန္တင္းထားၿပီး ဓာတ္ခြဲစစ္ေဆး

အိႏၵိယ ျမန္မာ ရိေခါလ္ဒါ နယ္စပ္ကေန ခ်င္းျပည္နယ္အစိုးရကို ဆက္သြယ္ၿပီး ျပန္လည္ ဝင္ေရာက္လာသူ ေတြအားလုံးကို အစိုးရ အစီစဥ္နဲ ကြာရန္တင္းထားရွိၿပီး ကိုဗစ္ ၁၉ ေရာဂါ ရွိမရွိ သိရဖို႔အတြက္ ဓာတ္ခြဲ နမူနာ ေတြယူၿပီး စစ္ေဆး မႈမ်ားျပဳလုပ္လ်က္ရွိ တယ္လို႔ ခ်င္းျပည္နယ္ အစိုးရ အဖြဲ႕ ကဘီဘီစီ ကိုေျပာပါတယ္။

သူတို႔ကို ဖလမ္းၿမိဳ႕မွာ အသြားအလာ ကန္႔သတ္တဲ့ ကြာရန္တင္း ထားရွိၿပီးေတာ့ ကိုဗစ္ ၁၉ ေရာဂါပိုး ရွိမ ရွိသိႏိုင္ဖို႔အတြက္ ၿပီးခဲ့တဲ့ ရက္ပိုင္းကစၿပီး ဓာတ္ခြဲ နမူနာ ေတြကို အစိုးရဆီေပးပို႔စစ္ေဆးခဲ့တာလို႔လည္း ခ်င္းျပည္နယ္ လူမႈေရးဝန္ႀကီး ေပါင္လြန္မင္းထန္က ဘီဘီစီ ကို ေျပာပါတယ္။

ဇြန္လ ၆ ရက္ေန႔ က ျပန္ဝင္လာတဲ့ သူ ၃၃ ေယာက္ စလုံး နမူနာ ေတြ ပို႔ထားတယ္ အေျဖေတာ့ မသိရေသးဘူး လို႔လည္း သူကေျပာပါတယ္။

ဇြန္လ ၁၄ ရက္ေန႔ အထိ အိႏၵိယ ျမန္မာနယ္စပ္ကေန ၿပီး ျမန္မာႏိုင္ငံထဲ ျပန္ဝင္ လာသူ ၅၆ ဦး ရွိၿပီးေတာ့ ေရာဂါပိုး ေတြ႕ သူ မ ရွိေသးဘူးလို႔ လည္းခ်င္းျပည္နယ္ အစိုးရက ေျပာပါတယ္။

ခ်င္းျပည္နယ္ ရိေခါလ္ဒါ ဝင္ေပါက္ေတြကေန ေမလ ၂၁ ရက္ေန႔ ထဲက ျပန္ဝင္လာၾကတာျဖစ္ ၿပီးေတာ့ ျပန္ဝင္လာသူေတြ ဟာ အိႏၵိယ ဘက္ မွာက်မ္းစာ သင္တန္းေက်ာင္းသြားတက္ ၾကသူေတြ အမ်ားစုျဖစ္ၾကပါတယ္။

ဇြန္လ ၅ ရက္ေန႔က ျပန္လာ သူ ၃၃ ေယာက္ဟာ အိႏၵိယႏိုင္ငံ ဂူဝါဟာတီ၊ အာဆမ္နဲ႔ ဘန္ဂေလာ တို႔မွာ က်မ္းစာသင္ေက်ာင္း တက္ေနသူေတြ ျဖစ္ပါတယ္။

အဲဒီ၃၃ ေယာက္ဟာ ခ်င္းျပည္နယ္ မွာေနထိုင္သူေတြသာမက တန႔္ယန္း၊ က်ိဳင္းတုံ၊ တာခ်ီလိတ္၊ ျမစ္ႀကီးနား၊ သီေပါ စတဲ့ၿမိဳ႕ေတြမွာလည္းေနထိုင္သူေတြပါဝင္တယ္လို႔ သိရပါတယ္။

မိုးေရး ကေန တစ္ဆင့္စစ္ကိုင္းတိုင္း တမူးဘက္ ကေန ဝင္လာသူ ၆ဦး ရွိၿပီး အဲဒီ သူေတြ ကေတာ့ ခ်င္းလူမ်ိဳးေတြျဖစ္ကာ တရားမဝင္ ခိုးဝင္မူနဲ႔တရားစြဲခံရဖို႔ရွိေနတယ္လို႔ တမူးေဒသခံေတြဆီကေန သိရပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ နဲ႔ အိႏၵိယႏိုင္ငံတို႔မွာ ကိုဗစ္ ၁၉ ေရာဂါဟာ ကူးစက္မႈႏူန္းေတြတိုးလာေနၿပီးေတာ့ အိႏၵိယ မွာ ေရာဂါ ကုးစက္ခံရသူ ၃ သိန္း ၂ ေသာင္းေက်ာ္ ရွိလာၿပီ ျဖစ္ကာ ေသဆုံးသူ ဟာ လည္း ကိုးေထာင္ ႏွစ္ရာ ေက်ာ္ ေရာက္ ရွိလာေနၿပီျဖစ္ပါတယ္။

ဒါေၾကာင့္ အိႏၵိယႏိုင္ငံ အတြင္းမွာ ေရာက္ၿပီးပိတ္မိ ေနတဲ့ ျမန္မာႏိုင္ငံသားေတြ ဟာ ျပန္လာခ်င္ေနၾကၿပီးေတာ့ တခ်ိဳ႕ဟာလည္း ျပန္လာဖို႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ဒါေပမဲ့လည္း အိႏၵိယနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ စစ္ကိုင္းတိုင္းတမူးၿမိဳ႕နယ္က မိုးေရး- တမူး ဝင္ေပါက္နဲ႔ ၊ ခ်င္းျပည္နယ္ ရိေခါလ္ဒါ ဝင္ေပါက္ေတြကေနလည္း ျမန္မာႏိုင္ငံသားအခ်ိဳ႕ျပန္လည္ ဝင္ေရာက္လာၾကတာေတြလည္း ရွိေနပါတယ္။

နယ္စပ္ျပန္ဝင္လာသူေတြထဲ မွာ ကြာရင္တင္းဝင္ၿပီး ေရာဂါပိုးစစ္ေဆးရာမွာ မေတြ႕လို႔ေနရပ္ျပန္သြားသူ ၁၆ ဦးရွိတယ္လို႔လည္းခ်င္းျပည္နယ္ လူမႈေရးဝန္ႀကီး က ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္က ဝင္ေရာက္လာသူ တစ္ဦးနဲ႔ အိႏၵိယက ျပန္လာသူ ၁၀ ဦးတို႔မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတာကို ထပ္ေတြ႕ရတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ႕ ဇြန္လ ၁၁ ရက္ ညပိုင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဘူးသီးေတာင္မွာ ေတြ႕ရတဲ့ ကူးစက္ခံရသူဟာ ဘဂၤလားေဒ့ရွ္ဘက္ကေန တရားမဝင္ ဝင္ေရာက္လာသူ ျဖစ္တယ္လို႔ ဘူးသီးေတာင္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက ဘီဘီစီကို ေျပာပါတယ္။

အိႏၵိယက ျပန္လာသူေတြမွာေတာ့ အမ်ိဳးသမီး ၈ ဦးနဲ႔ အမ်ိဳးသား ၂ ဦးမွာ ကူးစက္ခံရတာကို ေတြ႕ရွိခဲ့ရၿပီး သူတို႔ေတြဟာ အသက္ အငယ္ဆုံး ၁၀ ႏွစ္ကေန အႀကီးဆုံး အသက္ ၇၀ ႏွစ္အ႐ြယ္ထိ ျဖစ္ပါတယ္။

သူတို႔ေတြဟာ ေတာင္ဒဂုံနဲ႔ ဗိုလ္တေထာင္ၿမိဳ႕နယ္တို႔မွာ အသြားအလာကန္႔သတ္ထားသူေတြ ျဖစ္ၿပီး သူတို႔ကို ေတာင္ဥကၠလာပ အထူးကုေဆး႐ုံႀကီးမွာ ကုသမႈ ခံယူေစမယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အခုလတ္ေတာ အိႏၵိယက ျပန္လာသူေတြထဲ ကေရာဂါပိုးေတြ႕သူ အမ်ားဆုံးျဖစ္ၿပီးေတာ့ ၃၀ ေက်ာ္ရွိၿပီလို႔လည္း သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ဇြန္လ ၁၄ ရက္ အထိ ကိုဗစ္-၁၉ ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ ၂၆၀ ဦးရွိၿပီး ေသဆုံးသူ ၆ ဦးရွိပါတယ္။

ကိုဗစ္ ၁၉ ကာကြယ္ထိန္းခ်ဳပ္ေရး ဗဟိုေကာ္မတီကေန ျပည္ပႏိုင္ငံကေန တရားမဝင္ ျပန္လည္ ဝင္ေရာက္လာၿပီး ဝင္ေရာက္ေၾကာင္း သိလ်က္နဲ႔ လက္သင့္ခံမယ္ ဆိုရင္ သက္ဆိုင္ရာတည္ဆဲ ဥပေဒေတြအရ အေရးယူမယ္လို႔ ဇြန္လ ၁၀ ရက္ေန႔က ထုတ္ျပန္ အသိေပးေၾကညာထားပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၁၁ ရက္ေန႔က အိႏၵိယႏိုင္ငံ နာဂလမ္းျပည္နယ္မွာ က်မ္းစာ သင္ေက်ာင္းတက္ေရာက္ရာကေန ျပန္လာသူ ခ်င္းျပည္နယ္က အမ်ိဳးသား (၆) ဦး ဟာမိုးေရးအေနာက္ ဘက္ျခမ္းတရားမဝင္ေတာလမ္းက တစ္ဆင့္ တမူးၿမိဳ႕နယ္၊ အူးစူး-သာယာကုန္းအုပ္စုအတြင္း ညအိပ္ဝင္လာၾက ၿပီး တမူးၿမိဳ႕ကိုေရာက္ေနတာကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ က်န္းမာေရးဌာန ကစစ္ေဆးေတြ႕ရွိခဲ့ၾကပါတယ္။

ကိုဗစ္ ၁၉ ေရာဂါႀကိဳတင္ကာကြယ္၊ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အဆိုပါျပန္လည္ဝင္ေရာက္လာသူ (၆) ဦး ကို က်န္းမာေရးအေျခအေနစစ္ေဆးကာ၊ သူတို႔ရဲ႕ ဓာတ္ခြဲနမူနာေတြကို ရယူၿပီး ဇြန္လ ၁၃ ရက္ေန႔က မႏၲေလး ကို ေပးပို႔စစ္ေဆးထားတယ္လို႔လည္း တမူးေဒသခံေတြ ကေျပာပါတယ္။

အဆိုပါျပန္လည္ဝင္ေရာက္လာသူ (၆) ဦး ဟာ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕က(၅) ဦး၊ ထန္တလန္ၿမိဳ႕က (၁) ဦး၊ ျဖစ္ၿပီးေတာ့ တမူးၿမိဳ႕၊ ကုတင္(၁၀၀) ဆံ့ျပည္သူ႔ေဆး႐ုံ မွာ ေစာင့္ၾကပ္ထားရွိထားတယ္လို႔ လည္းေဒသခံေတြ က ဘီဘီစီကိုေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/53040772
အိန္ဒိယ နယ်စပ်ကနေ ပြန်ဝင်လာ၅၀ ကျော်ကို ကွာရန်တင်းထားပြီး ဓာတ်ခွဲစစ်ဆေး အိန္ဒိယ နယ်စပ်ကနေ ပြန်ဝင်လာ၅၀ ကျော်ကို ကွာရန်တင်းထားပြီး ဓာတ်ခွဲစစ်ဆေး Reviewed by THITHTOOLWIN on 05:11 Rating: 5
Powered by Blogger.