ပုဏ္ဏားကျွန်းမှာ တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံရပြီး တပ်မတော်သားတစ်ဦး ဖမ်းဆီးခံရ

(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီနေ့မနက်က ဈေးလာဝယ်တဲ့ တပ်မတော်အရာရှိတစ်ဦးကို အေအေအဖွဲ့က ဓားနဲ့ထိုးပြီး သူနဲ့အတူပါလာတဲ့ တပ်မတော်သားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ မြို့မဈေးကို ဒီနေ့မနက် ၈ နာရီလောက်က ဈေးလာဝယ်တဲ့ တပ်မတော်အရာရှိ တစ်ဦးဟာ ဈေးအနီးလမ်းဆုံမှာ ဓားနဲ့ထိုးပြီး တိုက်ခိုက်ခံခဲ့ရတာပါ။

သူနဲ့အတူပါလာတဲ့ တပ်မတော်သားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တစ်ဦး က RFA ကိုပြောပါတယ်။

ဆိုင်ကယ်နဲ့ဈေးလာဝယ်ပြီး အပြန်မှာ အခုလုပ်ကြံခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တစ်ဦး က ပြောပါတယ်။

“တစ်ယောက် အဖမ်းခံရတယ်။ တစ်ယောက်က ဓားထိုးခံရပြီးတော့ ညီမတို့ဆိုင်နားမှာ လဲနေတာတွေ့တော့ သွားကြည့်တယ်။ မြင်တာက သူကဆိုင်ကယ်နဲ့လာတာ။ ညီမတို့သွားကြည့်တော့ ဆိုင်ကယ်ကတခြားလဲနေ တယ် သူကလည်းတခြား။ သွေးတွေထွက်ပြီးတော့ ဒဏ်ရာတွေကိုတော့ မမြင်ခဲ့ဘူး။ သွေးတွေကိုပဲ မြင်ခဲ့ တယ်။ ဘယ်နားဘာဖြစ်တယ်ဆိုတာကိုလည်း မမြင်ခဲ့ဘူး။ ကယ်ပါလို့တော့ အော်နေတယ်။ ဒါပေမဲ့ ဘယ်သူ မှမကယ်ရဲဘူးလေ စစ်သားဆိုတော့။ စစ်တပ်က သူတို့ဘက်ကခံရတာဆိုတော့လေ မြို့ထဲဈေးနားတဝိုက် အဲဒီအခင်းဖြစ်သွားတဲ့ အနားတဝိုက်မှာ သေနတ်တွေဖောက်တယ်။ မိုးပေါ်ထောင်ပစ်တယ်။ ကျမသိရသ လောက်ကတော့ သူတို့က ဈေးလာဝယ်ပြီးတော့ အပြန်မှာဖြစ်တာပြောတယ်”

ဓားထိုးတိုက်ခိုက်မှုဖြစ်ပြီးနောက် ၁၅ မိနစ်လောက်အကြာမှာ တပ်မတော်စစ်ကြောင်းတစ်ခုက အခင်းဖြစ်ပွားတဲ့ နေရာအနီးတဝိုက်ကိုရောက်ရှိလာပြီး လက်နက်ငယ်တွေနဲ့ မိုးပေါ်ကိုပစ်ခတ်တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဈေးလာဝယ်တဲ့ တပ်မတော်အရာရှိတစ်ဦးနဲ့ စစ်သည်တစ်ဦးကို အရပ်ဝတ်တွေဝတ်ထားတဲ့ အေအေအဖွဲ့ဝင် ရှစ်ဦးက ဝိုင်းဝန်းတိုက်ခိုက်ပြီး ဓားနဲ့ထိုးသွားခဲ့တာလို့ RFA ကိုပြောပါတယ်။

လက်ရှိမှာ အဲဒီတပ်မတော်အရာရှိဟာ သူ့တပ်ရင်းမှာ ဆေးကုသမှုခံယူနေရသလို သူနဲ့အတူပါသွားတဲ့ စစ်သည်ကတော့ ပျောက်ဆုံးနေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

မြို့သစ်ဈေးကိုဈေးဝယ်ဖို့သွားတဲ့ တပ်မတော်အရာရှိ တစ်ဦးနဲ့ စစ်သည်တစ်ဦးကို အမည်မသိအမျိုးသား ရှစ်ယောက်က ဓား၊ သံတုတ်တွေနဲ့ ဝိုင်းရိုက်ခဲ့ပြီး စစ်သည်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ AA အဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် ဆက်စပ်ပတ်သက်သူတွေဖြစ်နိုင်ပြီး ပုဏ္ဍားကျွန်းမြို့နယ်ရဲစခန်းမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုဖွင့်နိုင်ရေးနဲ့ စစ်သည်ကို ပြန်လည်ရရှိရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့မနက်က တိုက်ခိုက်မှုနဲ့ပတ်သက်လို့ရော၊ တပ်မတော်သတင်းထုတ်ပြန်ချက်နဲ့ပ တ်သက်လို့ရော ရက္ခိုင့် တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခ ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ အခုအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

တိုက်ခိုက်ခံရတဲ့ တပ်မတော်အရာရှိဟာ ပုဏ္ဏားကျွန်းမြို့အခြေစိုက် အမှတ်-၅၅၀ တပ်ရင်းကဖြစ်ပြီး သူတို့ တိုက်ခိုက်ခံရတဲ့နေရာဟာ တပ်ရင်းနဲ့ မီတာ ၅၀၀ ကျော်လောက်သာ ကွာဝေးပါတယ်။

ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ ဒေသခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ဒီနေ့မနက်က ဖြစ်စဉ်ကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှာ လူသွားလူလာမရှိ တိတ်ဆိတ်နေတယ်လို့ ပြောပါတယ်။

“ဈေးနားက အေးစေတီဘုရားရှေ့မှာဖြစ်တာလို့ ကြားတယ်။ သေနတ်သံတွေ ကြားနေရတယ်။ မြို့ထဲမှာတော့ လူအသွားအလာတိတ်ဆိတ်ပြီးတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြတာပေါ့။ ကျနော်တို့ကတော့ စိုးရိမ်မှုလွန်ကဲ နေကြတာပေါ့။ တခါမှဒီလိုမဖြစ်ဖူးတော့လေ”

ဒီနေ့မနက်ကဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ လုံခြုံရေးအရစီစစ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေ တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေပြီး အမ်း၊ မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာ တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အရပ်သားတွေ သေကျေထိခိုက်မှုတွေကလည်း နေ့စဉ်နဲ့အမျှရှိနေပြီးတော့ RFA က ရရှိထားတဲ့အချက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ မနေ့က ဇွန်လ ၁၀ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၅၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့အရပ်သားက ၅၆၅ ဦးအထိ ရှိနေပါတယ်။

RFA Burmese
------------------------------------

(Zawgyi)⤵⤵⤵
ပုဏၰားကြၽန္းမွာ တပ္မေတာ္အရာရွိတစ္ဦး ဓားထိုးခံရၿပီး တပ္မေတာ္သားတစ္ဦး ဖမ္းဆီးခံရ

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕မွာ ဒီေန႔မနက္က ေဈးလာဝယ္တဲ့ တပ္မေတာ္အရာရွိတစ္ဦးကို ေအေအအဖြဲ႕က ဓားနဲ႔ထိုးၿပီး သူနဲ႔အတူပါလာတဲ့ တပ္မေတာ္သားတစ္ဦးကိုလည္း ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕ ၿမိဳ႕မေဈးကို ဒီေန႔မနက္ ၈ နာရီေလာက္က ေဈးလာဝယ္တဲ့ တပ္မေတာ္အရာရွိ တစ္ဦးဟာ ေဈးအနီးလမ္းဆုံမွာ ဓားနဲ႔ထိုးၿပီး တိုက္ခိုက္ခံခဲ့ရတာပါ။

သူနဲ႔အတူပါလာတဲ့ တပ္မေတာ္သားတစ္ဦးကိုလည္း ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ မ်က္ျမင္တစ္ဦး က RFA ကိုေျပာပါတယ္။

ဆိုင္ကယ္နဲ႔ေဈးလာဝယ္ၿပီး အျပန္မွာ အခုလုပ္ႀကံခံရတာလို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ မ်က္ျမင္တစ္ဦး က ေျပာပါတယ္။

“တစ္ေယာက္ အဖမ္းခံရတယ္။ တစ္ေယာက္က ဓားထိုးခံရၿပီးေတာ့ ညီမတို႔ဆိုင္နားမွာ လဲေနတာေတြ႕ေတာ့ သြားၾကည့္တယ္။ ျမင္တာက သူကဆိုင္ကယ္နဲ႔လာတာ။ ညီမတို႔သြားၾကည့္ေတာ့ ဆိုင္ကယ္ကတျခားလဲေန တယ္ သူကလည္းတျခား။ ေသြးေတြထြက္ၿပီးေတာ့ ဒဏ္ရာေတြကိုေတာ့ မျမင္ခဲ့ဘူး။ ေသြးေတြကိုပဲ ျမင္ခဲ့ တယ္။ ဘယ္နားဘာျဖစ္တယ္ဆိုတာကိုလည္း မျမင္ခဲ့ဘူး။ ကယ္ပါလို႔ေတာ့ ေအာ္ေနတယ္။ ဒါေပမဲ့ ဘယ္သူ မွမကယ္ရဲဘူးေလ စစ္သားဆိုေတာ့။ စစ္တပ္က သူတို႔ဘက္ကခံရတာဆိုေတာ့ေလ ၿမိဳ႕ထဲေဈးနားတဝိုက္ အဲဒီအခင္းျဖစ္သြားတဲ့ အနားတဝိုက္မွာ ေသနတ္ေတြေဖာက္တယ္။ မိုးေပၚေထာင္ပစ္တယ္။ က်မသိရသ ေလာက္ကေတာ့ သူတို႔က ေဈးလာဝယ္ၿပီးေတာ့ အျပန္မွာျဖစ္တာေျပာတယ္”

ဓားထိုးတိုက္ခိုက္မႈျဖစ္ၿပီးေနာက္ ၁၅ မိနစ္ေလာက္အၾကာမွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက အခင္းျဖစ္ပြားတဲ့ ေနရာအနီးတဝိုက္ကိုေရာက္ရွိလာၿပီး လက္နက္ငယ္ေတြနဲ႔ မိုးေပၚကိုပစ္ခတ္တာကို ေတြ႕ရတယ္လို႔လည္း ဆိုပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေဈးလာဝယ္တဲ့ တပ္မေတာ္အရာရွိတစ္ဦးနဲ႔ စစ္သည္တစ္ဦးကို အရပ္ဝတ္ေတြဝတ္ထားတဲ့ ေအေအအဖြဲ႕ဝင္ ရွစ္ဦးက ဝိုင္းဝန္းတိုက္ခိုက္ၿပီး ဓားနဲ႔ထိုးသြားခဲ့တာလို႔ RFA ကိုေျပာပါတယ္။

လက္ရွိမွာ အဲဒီတပ္မေတာ္အရာရွိဟာ သူ႔တပ္ရင္းမွာ ေဆးကုသမႈခံယူေနရသလို သူနဲ႔အတူပါသြားတဲ့ စစ္သည္ကေတာ့ ေပ်ာက္ဆုံးေနတယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ကေျပာပါတယ္။

ၿမိဳ႕သစ္ေဈးကိုေဈးဝယ္ဖို႔သြားတဲ့ တပ္မေတာ္အရာရွိ တစ္ဦးနဲ႔ စစ္သည္တစ္ဦးကို အမည္မသိအမ်ိဳးသား ရွစ္ေယာက္က ဓား၊ သံတုတ္ေတြနဲ႔ ဝိုင္း႐ိုက္ခဲ့ၿပီး စစ္သည္ကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။ ျပစ္မႈက်ဴးလြန္သူေတြဟာ AA အဖြဲ႕ဝင္ေတြ၊ ဒါမွမဟုတ္ ဆက္စပ္ပတ္သက္သူေတြျဖစ္ႏိုင္ၿပီး ပု႑ားကြၽန္းၿမိဳ႕နယ္ရဲစခန္းမွာ လုပ္ထုံးလုပ္နည္းနဲ႔အညီ အမႈဖြင့္ႏိုင္ေရးနဲ႔ စစ္သည္ကို ျပန္လည္ရရွိေရး ေဆာင္႐ြက္ေနတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီေန႔မနက္က တိုက္ခိုက္မႈနဲ႔ပတ္သက္လို႔ေရာ၊ တပ္မေတာ္သတင္းထုတ္ျပန္ခ်က္နဲ႔ပ တ္သက္လို႔ေရာ ရကၡိဳင့္ တပ္ေတာ္ AA ရဲ႕ေျပာခြင့္ရသူ ခိုင္သုခ ကို RFA က ဆက္သြယ္ေမးျမန္းခဲ့ရာ အခုအခ်ိန္အထိ တစ္စုံတစ္ရာ တုံ႔ျပန္ေျပာဆိုျခင္းမရွိေသးပါဘူး။

တိုက္ခိုက္ခံရတဲ့ တပ္မေတာ္အရာရွိဟာ ပုဏၰားကြၽန္းၿမိဳ႕အေျခစိုက္ အမွတ္-၅၅၀ တပ္ရင္းကျဖစ္ၿပီး သူတို႔ တိုက္ခိုက္ခံရတဲ့ေနရာဟာ တပ္ရင္းနဲ႔ မီတာ ၅၀၀ ေက်ာ္ေလာက္သာ ကြာေဝးပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕မွာရွိတဲ့ ေဒသခံျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းေမာင္က ဒီေန႔မနက္က ျဖစ္စဥ္ေၾကာင့္ ပုဏၰားကြၽန္းၿမိဳ႕ေပၚမွာ လူသြားလူလာမရွိ တိတ္ဆိတ္ေနတယ္လို႔ ေျပာပါတယ္။

“ေဈးနားက ေအးေစတီဘုရားေရွ႕မွာျဖစ္တာလို႔ ၾကားတယ္။ ေသနတ္သံေတြ ၾကားေနရတယ္။ ၿမိဳ႕ထဲမွာေတာ့ လူအသြားအလာတိတ္ဆိတ္ၿပီးေတာ့ ကိုယ့္အိမ္မွာပဲ ကိုယ္ေနၾကတာေပါ့။ က်ေနာ္တို႔ကေတာ့ စိုးရိမ္မႈလြန္ကဲ ေနၾကတာေပါ့။ တခါမွဒီလိုမျဖစ္ဖူးေတာ့ေလ”

ဒီေန႔မနက္ကျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္အေနနဲ႔ လုံၿခဳံေရးအရစီစစ္တဲ့လုပ္ငန္းေတြ ေဆာင္႐ြက္ေန တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ကေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔အၾကား စစ္ေရးပဋိပကၡေတြ ဆက္လက္ျပင္းထန္ေနၿပီး အမ္း၊ မင္းျပားနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အရပ္သားေတြ ေသေက်ထိခိုက္မႈေတြကလည္း ေန႔စဥ္နဲ႔အမွ်ရွိေနၿပီးေတာ့ RFA က ရရွိထားတဲ့အခ်က္ေတြအရ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာကေန မေန႔က ဇြန္လ ၁၀ ရက္ေန႔အထိ ေသဆုံးတဲ့အရပ္သား ၂၅၉ ဦးနဲ႔ ထိခိုက္ဒဏ္ရာရတဲ့အရပ္သားက ၅၆၅ ဦးအထိ ရွိေနပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/a-soldier-stabbed-in-ponnagyun-06112020065544.html
ပုဏ္ဏားကျွန်းမှာ တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံရပြီး တပ်မတော်သားတစ်ဦး ဖမ်းဆီးခံရ ပုဏ္ဏားကျွန်းမှာ တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံရပြီး တပ်မတော်သားတစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.