ပုဏ္ဏားကျွန်းမြို့မဈေးအနီး တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံရ၊ တစ်ဦးကို ဖမ်းဆီးသွား

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေပြန်ဖြစ်လာနေ
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့ပေါ်၊ မြို့မ ဈေးအနီးမှာ ဇွန်လ ၁၁ ရက် မနက် ၈ နာရီလောက်က တပ်မတော်သားတစ်ဦး ဓားထိုးခံရပြီး နောက်ထပ်တစ်ဦးကို အမည်မသိ အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်းက အရာရှိ အဆင့်တစ်ဦးနဲ့ နောက်တစ်ဦး တို့ဟာ မြို့မဈေးကြီးကို ဈေးလာဝယ်ကြတဲ့အချိန် ဧစေတီဘုရားအနီးက လမ်းဆုံမှာ အမည်မသိ လူတစ်စုက သူတို့ကို ဖမ်းဆီးပြီး အရာရှိအဆင့် ရှိသူကို ဓားနဲ့ထိုးခဲ့ကာ နောက်တစ်ဦးကို ခေါ်ဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီဓားထိုးခံရတဲ့ တပ်မတော်အရာရှိ နဲ့ နောက်တစ်ဦး တို့ဟာ တပ်ရင်းကနေ မြို့မဈေးကို ဆိုင်ကယ်နဲ့လာခဲ့ကြတဲ့အချိန် ဧစေတီနား အရောက်မှာ ဖမ်းဆီး ဓားထိုးခံရတာလို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နယ်မြေရဲတပ်ဖွဲ့က လိုက်လံစုံစမ်းမှုတွေပြုလုပ်နေပြီး ဘယ်သူတွေဆိုတာကို မသိရသေးဘူးလို့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူးက ဘီဘီစီကို ပြောပါတယ်။

"လောလောဆယ်တော့မသိရသေးဘူး၊ ဘယ်သူတွေလဲဆိုတာ စုံစမ်းနေတယ်၊ အထိုးခံရတဲ့သူကိုလည်း စုံစမ်းနေဆဲဖြစ်ပါတယ်၊ သိရင်တော့ပြောပေး ပါမယ်" လို့ စခန်းမှူးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဓားထိုးခံလိုက်ရတဲ့ တပ်မတော်အရာရှိဟာ အမှတ် ၅၅၀ တပ်ရင်းရဲ့ ဒုတိယ တပ်ရင်းမှူးလို့ သတင်းတွေထွက်ပေါ်နေသလို ဓားထိုးခံရပြီး သေဆုံးသွားပြီဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတည်ပြု ချက် ရယူဖို့ တပ်မတော်ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာတော့ ကနဦး သတင်းအရ ဓားထိုးခံရတဲ့ အရာရှိ သေဆုံးသွားကြောင်း ပြောပေမယ့် နောက်ဆက်တွဲ သတင်းအရ အရာရှိဟာ သေဆုံးခြင်း မရှိဘဲ တပ်တွင်း ဆေးခန်းမှာ ဆေးကုသမှု ခံယူနေဆဲလို့ ပြန်လည် ဖြေကြားပါတယ်။

အရာရှိ နဲ့ စစ်သည် တို့ဟာ အရပ်ဝတ် နဲ့ ဈေးဝယ်သွားတုန်း ဖမ်းဆီး ချုပ်နှောင် ရိုက်နှက်ခံရပြီး အရာရှိကို ဓားနဲ့ထိုးခဲ့ပြီး အခြား စစ်သည် တစ်ဦးကိုတော့ ဖမ်းဆီး ခေါ်သွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြု ပြောဆိုထားပါတယ်။ နောက်ပြန်လက်ထိပ် ခတ်ပြီး ဓားနဲ့ ထိုးသွားတာလို့ ဆိုပါတယ်။ ဒီ ဖြစ်စဉ်ဟာ အေအေ လက်နက်ကိုင် အဖွဲ့ အမာခံ လူ တစ်စုက လုပ်ဆောင်ခဲ့တာလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စွပ်စွဲပါတယ်။

ဒါနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေ ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာတာမျိုး လောလောဆယ် မရှိသေးပါဘူး။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်ကတော့ ဖြစ်စဉ်ကို သိထားပြီး ဓားထိုးခံရသူ သေဆုံးသွားပြီလို့လည်း ကြားသိထားရပေမယ့် အခြား အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဘီဘီစီရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

"မနက်ပိုင်း ၈ နာရီလောက်မှာပေါ့၊ တစ်ယောက်က ဓားထိုးခံရပြီး တစ်ယောက်တော့ ဖမ်းသွားတယ်လို့ ပြောနေကြတယ်၊ တပ်က အရာရှိတွေ လို့သိရတယ်ဗျ၊ အခင်းဖြစ်ပြီးလို့ မကြာခင် ၉ နာရီမထိုးခင်လောက်မှာ ၅၅၀ တပ်ရင်းက မြို့ထဲကိုဝင်လာပြီး အဲ့ဒီနေရာမှာ ပစ်ခတ်မှုတွေဘာတွေလည်း ကြားလိုက်ရတယ်၊ အထိုးခံရတဲ့လူက သေသွားပြီလို့လည်း ပြောကြတယ်၊ အခုတော့ ဆေးရုံမှာပါ" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဏ္ဏား ကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့ပြီး မကြာခင်မှာ တပ်မတော်ဘက်က မြို့တွင်းထဲ ဝင်ရောက်နေရာယူထားပြီး ပစ်ခတ်မှု တချို့ ပြုလုပ်ခဲ့တဲ့ အတွက် ဈေးရောင်းချ နေတဲ့ဈေးသည်တွေ ကြောက်လန့်ထွက်ပြေးသွားခဲ့ကြကာ ပုဏ္ဏားကျွန်း မြို့မဈေးကြီးကို ပိတ်သိမ်းထားရတယ် ဆိုပါတယ်။

ဒါ့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ တပ်မတော်ဘက်က နေရာယူထားတဲ့အတွက် လူတွေအသွားအလာမရှိဘဲ တစ်မြို့လုံးတိတ်ဆိတ်ငြိမ်သက်နေပြီး လူတွေအားလုံးက မိမိရဲ့နေအိမ်တွေမှာ ရှိနေကြတယ် လို့ နောက်ထပ် ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ပေါ် အထိ အခုလို ဓားထိုးမှု၊ ဖမ်းဆီးမှု ဖြစ်ပွားနေတာက နယ်မြေအတွင်းမှာ လုံခြုံစိတ်ချမှု ကင်းမဲ့နေတာနဲ့ တရားဥပဒေ စိုးမိုးမှု မရှိတာကို ပြသနေတယ်လို့ လွှတ်တော် အမတ် ဦးအောင်သန်းတင်က သုံးသပ်ပါတယ်။ စစ်ပွဲ တွေ ရပ်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှသာ ဒေသ အေးချမ်းမှု ရှိမယ်လို့ ဆိုပါတယ်။

ရခိုင် ပြည်နယ် မှာ တာဝန်ကျနေတဲ့ တပ်မတော်သားတွေ အတွက် လိုအပ်တဲ့ လုံခြုံရေး ညွန်ကြားချက်မျိုး ထုတ်ပြန်ထားပြီး ဖြစ်လို့ ထပ်မံ သတိပေးတာမျိုးတော့ လုပ်ဖို့ ရှိနိုင်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

၂၀၁၉ စက်တင်ဘာလ တုန်းကလည်း ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုပ် ရဲကင်းစခန်းမှူး ဟာ ဇနီးဖြစ်သူနဲ့ ဈေးဝယ် နေတုန်း အသတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ကျောက်တော်မြို့နယ် အပေါက်ဝ ရဲစခန်း က နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် တစ်ယောက်လည်း အသတ်ခံခဲ့ရဖူးပါတယ်။

လက်ရှိမှာတော့ ပုဏ္ဏားကျွန်းမြို့ နယ်မြေ လုံခြုံရေး အတွက် လိုအပ်တာတွေ လုပ်ဆောင်နေတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့အပြင်ဘက် နှစ်ဖာလုံခန့်အကွာ ရေဖြူကန် ကျေးရွာအနီး ကင်းချောင်းတံတားနားမှာ တပ်မတော် စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီး အရပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သလို တပ်မတော်စစ်ကြောင်းဘက်ကလည်း ထိခိုက်မှု တွေရှိခဲ့ပါတယ်။

မြို့ပေါ်ရပ်ကွက်အတွင်းမှာ တပ်မတော်အရာရှိတစ်ဦးကို အခုလိုမျိုး ဓားနဲ့ထိုးပြီး တစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ အတွက် တပ်မတော်ဘ က်ကလည်း တစ်မြို့လုံးမှာနေရာယူလျက်ရှိနေတာကြောင့် ပြဿနာတွေ ဆက်လက်ကြီးထွားလာမှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လပိုင်တွေအတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွား လာနေတာလည်းဖြစ်ပါတယ်။

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
ပုဏၰားကြၽန္းၿမိဳ႕မေဈးအနီး တပ္မေတာ္အရာရွိတစ္ဦး ဓားထိုးခံရ၊ တစ္ဦးကို ဖမ္းဆီးသြား

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း၊ ပုဏၰားကြၽန္းၿမိဳ႕ေပၚ၊ ၿမိဳ႕မ ေဈးအနီးမွာ ဇြန္လ ၁၁ ရက္ မနက္ ၈ နာရီေလာက္က တပ္မေတာ္သားတစ္ဦး ဓားထိုးခံရၿပီး ေနာက္ထပ္တစ္ဦးကို အမည္မသိ အဖြဲ႕တစ္ခုက ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ၿမိဳ႕ခံေတြရဲ႕ ေျပာဆိုခ်က္ေတြအရ သိရပါတယ္။

ပုဏၰားကြၽန္းအေျခစိုက္ ခလရ ၅၅၀ တပ္ရင္းက အရာရွိ အဆင့္တစ္ဦးနဲ႔ ေနာက္တစ္ဦး တို႔ဟာ ၿမိဳ႕မေဈးႀကီးကို ေဈးလာဝယ္ၾကတဲ့အခ်ိန္ ဧေစတီဘုရားအနီးက လမ္းဆုံမွာ အမည္မသိ လူတစ္စုက သူတို႔ကို ဖမ္းဆီးၿပီး အရာရွိအဆင့္ ရွိသူကို ဓားနဲ႔ထိုးခဲ့ကာ ေနာက္တစ္ဦးကို ေခၚေဆာင္သြားခဲ့ၾကတယ္လို႔ သိရပါတယ္။

အဲ့ဒီဓားထိုးခံရတဲ့ တပ္မေတာ္အရာရွိ နဲ႔ ေနာက္တစ္ဦး တို႔ဟာ တပ္ရင္းကေန ၿမိဳ႕မေဈးကို ဆိုင္ကယ္နဲ႔လာခဲ့ၾကတဲ့အခ်ိန္ ဧေစတီနား အေရာက္မွာ ဖမ္းဆီး ဓားထိုးခံရတာလို႔ ပုဏၰားကြၽန္းၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

အဲ့ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ နယ္ေျမရဲတပ္ဖြဲ႕က လိုက္လံစုံစမ္းမႈေတြျပဳလုပ္ေနၿပီး ဘယ္သူေတြဆိုတာကို မသိရေသးဘူးလို႔ ပုဏၰားကြၽန္းၿမိဳ႕မရဲစခန္းမႉးက ဘီဘီစီကို ေျပာပါတယ္။

"ေလာေလာဆယ္ေတာ့မသိရေသးဘူး၊ ဘယ္သူေတြလဲဆိုတာ စုံစမ္းေနတယ္၊ အထိုးခံရတဲ့သူကိုလည္း စုံစမ္းေနဆဲျဖစ္ပါတယ္၊ သိရင္ေတာ့ေျပာေပး ပါမယ္" လို႔ စခန္းမႉးက ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

ဓားထိုးခံလိုက္ရတဲ့ တပ္မေတာ္အရာရွိဟာ အမွတ္ ၅၅၀ တပ္ရင္းရဲ႕ ဒုတိယ တပ္ရင္းမႉးလို႔ သတင္းေတြထြက္ေပၚေနသလို ဓားထိုးခံရၿပီး ေသဆုံးသြားၿပီျဖစ္တယ္လို႔လည္း ေျပာဆိုေနၾကပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အတည္ျပဳ ခ်က္ ရယူဖို႔ တပ္မေတာ္ဘက္ကို ဘီဘီစီက ဆက္သြယ္ေမးျမန္းရာမွာေတာ့ ကနဦး သတင္းအရ ဓားထိုးခံရတဲ့ အရာရွိ ေသဆုံးသြားေၾကာင္း ေျပာေပမယ့္ ေနာက္ဆက္တြဲ သတင္းအရ အရာရွိဟာ ေသဆုံးျခင္း မရွိဘဲ တပ္တြင္း ေဆးခန္းမွာ ေဆးကုသမႈ ခံယူေနဆဲလို႔ ျပန္လည္ ေျဖၾကားပါတယ္။

အရာရွိ နဲ႔ စစ္သည္ တို႔ဟာ အရပ္ဝတ္ နဲ႔ ေဈးဝယ္သြားတုန္း ဖမ္းဆီး ခ်ဳပ္ေႏွာင္ ႐ိုက္ႏွက္ခံရၿပီး အရာရွိကို ဓားနဲ႔ထိုးခဲ့ၿပီး အျခား စစ္သည္ တစ္ဦးကိုေတာ့ ဖမ္းဆီး ေခၚသြားေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက အတည္ျပဳ ေျပာဆိုထားပါတယ္။ ေနာက္ျပန္လက္ထိပ္ ခတ္ၿပီး ဓားနဲ႔ ထိုးသြားတာလို႔ ဆိုပါတယ္။ ဒီ ျဖစ္စဥ္ဟာ ေအေအ လက္နက္ကိုင္ အဖြဲ႕ အမာခံ လူ တစ္စုက လုပ္ေဆာင္ခဲ့တာလို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက စြပ္စြဲပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ ေအေအ ဘက္ကေတာ့ တစ္စုံတစ္ရာ ထုတ္ျပန္ ေၾကညာတာမ်ိဳး ေလာေလာဆယ္ မရွိေသးပါဘူး။

ပုဏၰားကြၽန္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္သန္းတင္ကေတာ့ ျဖစ္စဥ္ကို သိထားၿပီး ဓားထိုးခံရသူ ေသဆုံးသြားၿပီလို႔လည္း ၾကားသိထားရေပမယ့္ အျခား အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရေသးဘူးလို႔ ဘီဘီစီရဲ႕ ေမးျမန္းမႈကို ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

"မနက္ပိုင္း ၈ နာရီေလာက္မွာေပါ့၊ တစ္ေယာက္က ဓားထိုးခံရၿပီး တစ္ေယာက္ေတာ့ ဖမ္းသြားတယ္လို႔ ေျပာေနၾကတယ္၊ တပ္က အရာရွိေတြ လို႔သိရတယ္ဗ်၊ အခင္းျဖစ္ၿပီးလို႔ မၾကာခင္ ၉ နာရီမထိုးခင္ေလာက္မွာ ၅၅၀ တပ္ရင္းက ၿမိဳ႕ထဲကိုဝင္လာၿပီး အဲ့ဒီေနရာမွာ ပစ္ခတ္မႈေတြဘာေတြလည္း ၾကားလိုက္ရတယ္၊ အထိုးခံရတဲ့လူက ေသသြားၿပီလို႔လည္း ေျပာၾကတယ္၊ အခုေတာ့ ေဆး႐ုံမွာပါ" လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ပုဏၰား ကြၽန္းၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

အခင္းျဖစ္ပြားခဲ့ၿပီး မၾကာခင္မွာ တပ္မေတာ္ဘက္က ၿမိဳ႕တြင္းထဲ ဝင္ေရာက္ေနရာယူထားၿပီး ပစ္ခတ္မႈ တခ်ိဳ႕ ျပဳလုပ္ခဲ့တဲ့ အတြက္ ေဈးေရာင္းခ် ေနတဲ့ေဈးသည္ေတြ ေၾကာက္လန႔္ထြက္ေျပးသြားခဲ့ၾကကာ ပုဏၰားကြၽန္း ၿမိဳ႕မေဈးႀကီးကို ပိတ္သိမ္းထားရတယ္ ဆိုပါတယ္။

ဒါ့အျပင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးနဲ႔ လမ္းဆုံလမ္းခြေနရာေတြမွာ တပ္မေတာ္ဘက္က ေနရာယူထားတဲ့အတြက္ လူေတြအသြားအလာမရွိဘဲ တစ္ၿမိဳ႕လုံးတိတ္ဆိတ္ၿငိမ္သက္ေနၿပီး လူေတြအားလုံးက မိမိရဲ႕ေနအိမ္ေတြမွာ ရွိေနၾကတယ္ လို႔ ေနာက္ထပ္ ပုဏၰားကြၽန္းၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕ေပၚ အထိ အခုလို ဓားထိုးမႈ၊ ဖမ္းဆီးမႈ ျဖစ္ပြားေနတာက နယ္ေျမအတြင္းမွာ လုံၿခဳံစိတ္ခ်မႈ ကင္းမဲ့ေနတာနဲ႔ တရားဥပေဒ စိုးမိုးမႈ မရွိတာကို ျပသေနတယ္လို႔ လႊတ္ေတာ္ အမတ္ ဦးေအာင္သန္းတင္က သုံးသပ္ပါတယ္။ စစ္ပြဲ ေတြ ရပ္ႏိုင္ၿပီး ၿငိမ္းခ်မ္းေရး တည္ေဆာက္ႏိုင္မွသာ ေဒသ ေအးခ်မ္းမႈ ရွိမယ္လို႔ ဆိုပါတယ္။

ရခိုင္ ျပည္နယ္ မွာ တာဝန္က်ေနတဲ့ တပ္မေတာ္သားေတြ အတြက္ လိုအပ္တဲ့ လုံၿခဳံေရး ၫြန္ၾကားခ်က္မ်ိဳး ထုတ္ျပန္ထားၿပီး ျဖစ္လို႔ ထပ္မံ သတိေပးတာမ်ိဳးေတာ့ လုပ္ဖို႔ ရွိႏိုင္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

၂၀၁၉ စက္တင္ဘာလ တုန္းကလည္း ပု႑ားကြၽန္းၿမိဳ႕နယ္ ယိုးတ႐ုပ္ ရဲကင္းစခန္းမႉး ဟာ ဇနီးျဖစ္သူနဲ႔ ေဈးဝယ္ ေနတုန္း အသတ္ခံရတဲ့ ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါတယ္။ ဒါ့အျပင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝ ရဲစခန္း က နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ တစ္ေယာက္လည္း အသတ္ခံခဲ့ရဖူးပါတယ္။

လက္ရွိမွာေတာ့ ပုဏၰားကြၽန္းၿမိဳ႕ နယ္ေျမ လုံၿခဳံေရး အတြက္ လိုအပ္တာေတြ လုပ္ေဆာင္ေနတယ္လို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၂ ရက္ေန႔ကလည္း ပုဏၰားကြၽန္းၿမိဳ႕အျပင္ဘက္ ႏွစ္ဖာလုံခန႔္အကြာ ေရျဖဴကန္ ေက်း႐ြာအနီး ကင္းေခ်ာင္းတံတားနားမွာ တပ္မေတာ္ စစ္ေၾကာင္းတစ္ခု မိုင္းဆြဲတိုက္ခိုက္ခံလိုက္ရၿပီး အရပ္သားတစ္ဦးေသဆုံးကာ တစ္ဦးဒဏ္ရာရရွိခဲ့သလို တပ္မေတာ္စစ္ေၾကာင္းဘက္ကလည္း ထိခိုက္မႈ ေတြရွိခဲ့ပါတယ္။

ၿမိဳ႕ေပၚရပ္ကြက္အတြင္းမွာ တပ္မေတာ္အရာရွိတစ္ဦးကို အခုလိုမ်ိဳး ဓားနဲ႔ထိုးၿပီး တစ္ဦးကိုဖမ္းဆီးေခၚေဆာင္သြားခဲ့တဲ့ အတြက္ တပ္မေတာ္ဘ က္ကလည္း တစ္ၿမိဳ႕လုံးမွာေနရာယူလ်က္ရွိေနတာေၾကာင့္ ျပႆနာေတြ ဆက္လက္ႀကီးထြားလာမွာကို ၿမိဳ႕ခံေတြက စိုးရိမ္ေနၾကပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့လပိုင္ေတြအတြင္း တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြျပန္လည္ျဖစ္ပြား လာေနတာလည္းျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53004598
ပုဏ္ဏားကျွန်းမြို့မဈေးအနီး တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံရ၊ တစ်ဦးကို ဖမ်းဆီးသွား ပုဏ္ဏားကျွန်းမြို့မဈေးအနီး တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံရ၊ တစ်ဦးကို ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.