အိမ်နီးချင်းအမျိုးသမီးနဲ့ ရန်ဖြစ်တဲ့အမျိုးသား ငယ်ပါပြုတ်အောင် အကိုက်ခံရ


(Unicode)⤵⤵⤵
နတ်တလင်း ဇွန် ၁၁ ၊၂၀၂၀။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ထိပ်ပိတ်အုပ်စုမှာ ခြံနှစ်ခြံကြား သစ်ပင်စိုက်လို့ စကားများရန်ဖြစ်ရာ အမျိုးသမီးက တဘက်ခြံမှ အမျိုးသားရဲ့ ငယ်ပါကို ပြုတ်ထွက်အောင် ကိုက်စွဲခဲ့လို့ဒီနေ့နံနက်က တာပွန်နယ်မြေရဲစခန်းမှာ အမူဖွင့်ထားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ထိပ်ပိတ်အုပ်စု၊ ကျီးပင်စာရေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ညနေက ဦးလှစိုးအား တဘက်ခြံရှိ အသက် ၃၉ နှစ်အရွယ် မမာလေးမှ ခြံနှစ်ခြံကြား ကုက္ကိုပင်စိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နှစ်ဦးသားအချင်းများခဲ့ကြပါတယ်။

အဲဒီလို အချင်းများရာမှ မမာလေးက ဦးလှစိုးခြံထဲကိုဝင်ရောက်ကာ ခေါင်းကို ဝါးလုံးနဲ့ရိုက်ခဲ့ရာ လဲကျသွားစဉ် အနီးရှိ မတင်တင်ညိုဆိုသူကလည်း ဝါးလုံးနဲ့ ထပ်မံရိုက်နှက်ခဲ့ပြီး လဲကျနေတဲ့ ဦးလှစိုးရဲ့ ငယ်ပါနဲ့ ပေါင်ကို ကိုက်ဆွဲနေစဉ်  ဇနီးဖြစ်သူမှ အော်ဟစ်အကူအညီတောင်းဝင်ဆွဲရာ မတင်တင်ညိုမှ ဦးလှစိုးရဲ့ ဇနီးဖြစ်သူကိုပါ ဝါးလုံးနဲ့ရိုက်နှက်ခဲ့လို့ မျက်နှာဝဲဘက် မျက်ခုံးဖူးယောင် ဒဏ်ရာရရှိခဲ့တာဖြစ်တယ် တာပွန်နယ်မြေ ရဲစခန်းတာဝန်ရှိသူထံက သိရပါတယ်။

"ဝှေးစေ့ (ငယ်ပါ) ပြုတ်ပါသွားတဲ့သူကတော့ အသက် ၅၇ နှစ်အရွယ်ဖြစ်ပါတယ်။ အိမ်နီးချင်းရန်ဖြစ်ပြီး ကိုက်ဆွဲလို့ဝှေးစေ့(ငယ်ပါ) ပြုတ်ပါသွားတာပါ" လို့ တာပွန်နယ်မြေရဲစခန်းမွ စခန်းမှူး ရဲအုပ်အောင်သပြေက ပြောပါတယ်။

ဦးလှစိုးအား ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသနေရပြီး အမူနဲ့ သက်ဆိုင်တဲ့ မမာလေး၊ မတင်တင်ညိုနဲ့ အတူ အနီးအနားမှာ အားပေးကူညီခဲ့တဲ့ ဒေါ်တင်တင်မှီတို့ကို တာပွန်နယ်မြေရဲစခန်းက (ပ)၇၇ /၂၀၂၀ ပုဒ်မ ၄၄၇/ ၃၂၃/ ၃၂၆ /၁၁၄ ပုဒ်မတွေနဲ့ အမူဖွင့်ထားကြောင်း သိရပါတယ်။

သတင်းနှင့် ဓာတ်ပုံ - အောင်ကြီး
မြေလတ်အသံ - Myaelatt Athan
---------------------------------------------
(Zawgyi)⤵⤵⤵
အိမ္နီးခ်င္းအမ်ိဳးသမီးနဲ႔ ရန္ျဖစ္တဲ့အမ်ိဳးသား ငယ္ပါျပဳတ္ေအာင္ အကိုက္ခံရ

နတ္တလင္း ဇြန္ ၁၁ ၊၂၀၂၀။

ပဲခူးတိုင္းအေနာက္ျခမ္း၊ သာယာဝတီခ႐ိုင္၊ နတ္တလင္းၿမိဳ႕နယ္ ထိပ္ပိတ္အုပ္စုမွာ ၿခံႏွစ္ၿခံၾကား သစ္ပင္စိုက္လို႔ စကားမ်ားရန္ျဖစ္ရာ အမ်ိဳးသမီးက တဘက္ၿခံမွ အမ်ိဳးသားရဲ႕ ငယ္ပါကို ျပဳတ္ထြက္ေအာင္ ကိုက္စြဲခဲ့လို႔ဒီေန႔နံနက္က တာပြန္နယ္ေျမရဲစခန္းမွာ အမူဖြင့္ထားတယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ထိပ္ပိတ္အုပ္စု၊ က်ီးပင္စာေရး႐ြာမွာ ၿပီးခဲ့တဲ့ ဇြန္လ ၉ ရက္ေန႔ ညေနက ဦးလွစိုးအား တဘက္ၿခံရွိ အသက္ ၃၉ ႏွစ္အ႐ြယ္ မမာေလးမွ ၿခံႏွစ္ၿခံၾကား ကုကၠိဳပင္စိုက္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ႏွစ္ဦးသားအခ်င္းမ်ားခဲ့ၾကပါတယ္။

အဲဒီလို အခ်င္းမ်ားရာမွ မမာေလးက ဦးလွစိုးၿခံထဲကိုဝင္ေရာက္ကာ ေခါင္းကို ဝါးလုံးနဲ႔႐ိုက္ခဲ့ရာ လဲက်သြားစဥ္ အနီးရွိ မတင္တင္ညိဳဆိုသူကလည္း ဝါးလုံးနဲ႔ ထပ္မံ႐ိုက္ႏွက္ခဲ့ၿပီး လဲက်ေနတဲ့ ဦးလွစိုးရဲ႕ ငယ္ပါနဲ႔ ေပါင္ကို ကိုက္ဆြဲေနစဥ္  ဇနီးျဖစ္သူမွ ေအာ္ဟစ္အကူအညီေတာင္းဝင္ဆြဲရာ မတင္တင္ညိဳမွ ဦးလွစိုးရဲ႕ ဇနီးျဖစ္သူကိုပါ ဝါးလုံးနဲ႔႐ိုက္ႏွက္ခဲ့လို႔ မ်က္ႏွာဝဲဘက္ မ်က္ခုံးဖူးေယာင္ ဒဏ္ရာရရွိခဲ့တာျဖစ္တယ္ တာပြန္နယ္ေျမ ရဲစခန္းတာဝန္ရွိသူထံက သိရပါတယ္။

"ေဝွးေစ့ (ငယ္ပါ) ျပဳတ္ပါသြားတဲ့သူကေတာ့ အသက္ ၅၇ ႏွစ္အ႐ြယ္ျဖစ္ပါတယ္။ အိမ္နီးခ်င္းရန္ျဖစ္ၿပီး ကိုက္ဆြဲလို႔ေဝွးေစ့(ငယ္ပါ) ျပဳတ္ပါသြားတာပါ" လို႔ တာပြန္နယ္ေျမရဲစခန္းမြ စခန္းမႉး ရဲအုပ္ေအာင္သေျပက ေျပာပါတယ္။

ဦးလွစိုးအား ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ ေဆးဝါးကုသေနရၿပီး အမူနဲ႔ သက္ဆိုင္တဲ့ မမာေလး၊ မတင္တင္ညိဳနဲ႔ အတူ အနီးအနားမွာ အားေပးကူညီခဲ့တဲ့ ေဒၚတင္တင္မွီတို႔ကို တာပြန္နယ္ေျမရဲစခန္းက (ပ)၇၇ /၂၀၂၀ ပုဒ္မ ၄၄၇/ ၃၂၃/ ၃၂၆ /၁၁၄ ပုဒ္မေတြနဲ႔ အမူဖြင့္ထားေၾကာင္း သိရပါတယ္။

သတင္းႏွင့္ ဓာတ္ပုံ - ေအာင္ႀကီး
ေျမလတ္အသံ - Myaelatt Athan - facebook

အိမ်နီးချင်းအမျိုးသမီးနဲ့ ရန်ဖြစ်တဲ့အမျိုးသား ငယ်ပါပြုတ်အောင် အကိုက်ခံရ အိမ်နီးချင်းအမျိုးသမီးနဲ့ ရန်ဖြစ်တဲ့အမျိုးသား ငယ်ပါပြုတ်အောင် အကိုက်ခံရ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.