လှေစီးပြေး ရိုဟင်ဂျာတွေ ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်ကို မလေးရှားတောင်းဆိုမည်

မလေးရှားနိုင်ငံကို ဝင်ဖို့ ကြိုးစားကြတဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တချို့။ (မေ ၀၂၊ ၂၀၂၀)
(Unicode)⤵⤵⤵
မလေးရှား ရေပိုင်နက်အတွင်း စက်လှေတစ်စင်းနဲ့ ဝင်ရောက်လာရာက ထိန်းသိမ်းခံနေရတဲ့ ရိုဟင်ဂျာ ၃၀၀ လောက်ကို ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုသွားမယ်လို့ မလေးရှား ကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob က အင်္ဂါနေ့က ပြောပါတယ်။

မလေးရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည် တွေကို နောက်ထပ် လက်ခံတော့မှာ မဟုတ်ဘူးလို့ ပြောထားတာပါ။

ရိုဟင်ဂျာတွေ အနေနဲ့ မလေးရှားနိုင်ငံကို ရောက်လာတိုင်း မလေးရှားမှာ နေခွင့်ရမှာ မဟုတ်ဘူးဆိုတာကို သိသင့်ကြောင်းနဲ့ အခု ထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေဟာ Cox’s Bazar က လာတာဆိုရင် သူတို့ကို ပြန်လက်ခံဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုသွားမှာ ဖြစ်ကြောင်းလည်း မလေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

တနင်္လာနေ့က မလေးရှား အာဏာပိုင်တွေက လန်ကာဝီကျွန်းအနား လှေတစ်စင်းနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ၂၆၇ ယောက်ကို ဖမ်းဆီးခဲ့ပြီး လှေပျက်ထဲ သေဆုံးနေသူ အမျိုးသမီး အလောင်းတလောင်းကိုလည်း ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
Bhasan Char ကျွန်း
အခု အဖမ်းခံထားရတဲ့ ဒုက္ခသည်တွေကို Bhasan Char ကျွန်းမှာ ထားဖို့ မလေးရှားနိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုသွားမယ်လို့လည်း မလေးရှား ကာကွယ်ရေးဝန်ကြီး Yaakob က ပြောပါတယ်။ ဒုက္ခသည်တွေကို တတိယနိုင်ငံကို ရွှေ့ပြောင်းပေးရေး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို မေတ္တာရပ်ခံဖို့ကိုလည်း မလေးရှားနိုင်ငံက စီစဉ်ထားပါတယ်။

UNHCR ကတော့ ဝေဖန်ချက် တစုံတရာ ပေးတာ မရှိသေးပါဘူး။

မလေးရှားနိုင်ငံဟာ ဒုက္ခသည်တွေကို အသိအမှတ်ပြု လက်ခံတဲ့ နိုင်ငံ မဟုတ်ပေမဲ့ မူဆလင်အများစုဖြစ်တဲ့ ရိုဟင်ဂျာတွေ သွားရောက်လိုတဲ့ နိုင်ငံဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က ARSA လက်နက်ကိုင်တပ်တွေကို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နယ်မြေ ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ချိန်အတွင်း ရိုဟင်ဂျာ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရက ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံသွားမယ်လို့ ပြောထားပါတယ် ရှင်။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------
(Zawgyi)⤵⤵⤵
ေလွစီးေျပး ႐ိုဟင္ဂ်ာေတြ ျပန္လက္ခံေရး ဘဂၤလားေဒ့ရွ္ကို မေလးရွားေတာင္းဆိုမည္

မေလးရွား ေရပိုင္နက္အတြင္း စက္ေလွတစ္စင္းနဲ႔ ဝင္ေရာက္လာရာက ထိန္းသိမ္းခံေနရတဲ့ ႐ိုဟင္ဂ်ာ ၃၀၀ ေလာက္ကို ျပန္လက္ခံဖို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေတာင္းဆိုသြားမယ္လို႔ မေလးရွား ကာကြယ္ေရးဝန္ႀကီး Ismail Sabri Yaakob က အဂၤါေန႔က ေျပာပါတယ္။

မေလးရွားႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ နယ္စပ္ကို တင္းတင္းၾကပ္ၾကပ္ထိန္းခ်ဳပ္ထားတာေၾကာင့္ ႐ိုဟင္ဂ်ာ ဒုကၡသည္ ေတြကို ေနာက္ထပ္ လက္ခံေတာ့မွာ မဟုတ္ဘူးလို႔ ေျပာထားတာပါ။

႐ိုဟင္ဂ်ာေတြ အေနနဲ႔ မေလးရွားႏိုင္ငံကို ေရာက္လာတိုင္း မေလးရွားမွာ ေနခြင့္ရမွာ မဟုတ္ဘူးဆိုတာကို သိသင့္ေၾကာင္းနဲ႔ အခု ထိန္းသိမ္းခံထားရတဲ့ ႐ိုဟင္ဂ်ာေတြဟာ Cox’s Bazar က လာတာဆိုရင္ သူတို႔ကို ျပန္လက္ခံဖို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ဌာနက ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေတာင္းဆိုသြားမွာ ျဖစ္ေၾကာင္းလည္း မေလးကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

တနလၤာေန႔က မေလးရွား အာဏာပိုင္ေတြက လန္ကာဝီကြၽန္းအနား ေလွတစ္စင္းနဲ႔ ေရာက္လာတဲ့ ႐ိုဟင္ဂ်ာ ၂၆၇ ေယာက္ကို ဖမ္းဆီးခဲ့ၿပီး ေလွပ်က္ထဲ ေသဆုံးေနသူ အမ်ိဳးသမီး အေလာင္းတေလာင္းကိုလည္း ရွာေဖြ ေတြ႕ရွိခဲ့ပါတယ္။

အခု အဖမ္းခံထားရတဲ့ ဒုကၡသည္ေတြကို Bhasan Char ကြၽန္းမွာ ထားဖို႔ မေလးရွားႏိုင္ငံက ဘဂၤလားေဒ့ရွ္ကို ေတာင္းဆိုသြားမယ္လို႔လည္း မေလးရွား ကာကြယ္ေရးဝန္ႀကီး Yaakob က ေျပာပါတယ္။ ဒုကၡသည္ေတြကို တတိယႏိုင္ငံကို ေ႐ႊ႕ေျပာင္းေပးေရး ကုလသမဂၢ ဒုကၡသည္မ်ား ဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) ကို ေမတၱာရပ္ခံဖို႔ကိုလည္း မေလးရွားႏိုင္ငံက စီစဥ္ထားပါတယ္။

UNHCR ကေတာ့ ေဝဖန္ခ်က္ တစုံတရာ ေပးတာ မရွိေသးပါဘူး။

မေလးရွားႏိုင္ငံဟာ ဒုကၡသည္ေတြကို အသိအမွတ္ျပဳ လက္ခံတဲ့ ႏိုင္ငံ မဟုတ္ေပမဲ့ မူဆလင္အမ်ားစုျဖစ္တဲ့ ႐ိုဟင္ဂ်ာေတြ သြားေရာက္လိုတဲ့ ႏိုင္ငံျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္က ျမန္မာစစ္တပ္က ARSA လက္နက္ကိုင္တပ္ေတြကို ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ နယ္ေျမ ရွင္းလင္းတဲ့ စစ္ဆင္ေရးေတြ လုပ္ခ်ိန္အတြင္း ႐ိုဟင္ဂ်ာ သိန္းခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးခဲ့ၾကတာပါ။ ျမန္မာအစိုးရက ႐ိုဟင္ဂ်ာ ဆိုတဲ့အသုံးအႏႈန္းကို လက္မခံေပမဲ့ ဒုကၡသည္ေတြကို စိစစ္ၿပီး လက္ခံသြားမယ္လို႔ ေျပာထားပါတယ္ ရွင္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/rohingya-malaysia/5455371.html
လှေစီးပြေး ရိုဟင်ဂျာတွေ ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်ကို မလေးရှားတောင်းဆိုမည် လှေစီးပြေး ရိုဟင်ဂျာတွေ ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်ကို မလေးရှားတောင်းဆိုမည် Reviewed by THITHTOOLWIN on 03:23 Rating: 5
Powered by Blogger.