ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ အရပ်သားနှစ်ဦး ပစ်ခတ်ခံရ

(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ဘက်ပိုင်း အပေါက်ဝကျေးရွာမှာ ဇွန် ၈ ရက် မနေ့ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲကိုဝင်လာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အသက် ၃၄ နှစ်အရွယ် ရွာသား ဦးမောင်လှကျော် ဆိုသူ ကျည်ထိမှန်ခဲ့ပါတယ်။ ကျေးရွာတိုက်နယ်ဆေးရုံကနေ အိမ်ပြန်လာရာမှာ အဲဒီ စစ်ကြောင်း နဲ့ တိုးမိရာကနေ ပစ်ခတ်ခံရတာလို့ ကာယကံရှင်ဖြစ်တဲ့ ဦးမောင်လှကျော်က RFA ကိုပြောပါတယ်။

“ကျွန်တော်က ဆေးရုံမှာလူနာကြည့်ရင်းနဲ့အပြန်မှာ အဲဒီစစ်ကြောင်းက ရွာထဲကနေ ဖြတ်ဝင်လာတာ။ အဲဒီ အချိန်မှာ သူတို့ကလှမ်းပစ်သွားတာ။ သူတို့က ဒေသခံတွေကို သံသယစိတ်တွေနဲ့ပဲကြည့်နေကြတာ။ ဒါပေမဲ့ ကျွန်တော်ကတော့ သာမန်ပြည်သူလူထုတစ်ယောက်ပါ”

ဒဏ်ရာရသွားတဲ့ ဦးမောင်လှကျော်ဟာ အပေါက်ဝတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

မနေ့က အဲဒီတပ်မတော်စစ်ကြောင်းဟာ ရွာထဲက ပြန်အထွက်မှာ ရွာသား ငါးဦးကို လမ်းပြအဖြစ် ခေါ်ဆောင် သွားပြီး နှစ်နာရီလောက်အကြာမှာ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ကျေးရွာသားတွေက ပြောပါတယ်။

အရပ်သားနှစ်ဦး ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ မနေ့က အဲဒီနေရာဘက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို တပ်မတော်အနေနဲ့ အကြောင်းမဲ့ ပစ်ခတ်စရာလည်း အကြောင်းမရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

အလားတူပဲ မနေ့ည ၁၁ နာရီအချိန်လောက်မှာ အပေါက်ဝကျေးရွာမှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် မွတ်စလင် တစ်ဦး ဖြစ်သူ ဦးဇီခဲရာမောက်ဟာ အဖော်တစ်ဦးနဲ့အတူ မြစ်ထဲ ပိုက်ချနေစဉ်မှာ ပစ်ခတ်ခံရလို့ သေနတ်ဒဏ်ရာ သုံးချက်ရသွားတယ်လို့ ဦးဇီခဲရာမောက်ရဲ့ အစ်ကို ဦးဟာဘီဆာမောက်က RFA ကိုပြောပါတယ်။

“ပိုက်ချနေတုန်း သူတို့က ကုန်ပေါ်ကနေလှမ်းပစ်လိုက်တာပါ။ ကျည်က ခေါင်းမှာတစ်ချက်၊ ပခုံးမှာတစ်ချက်၊ ခြေထောက်မှာတစ်ချက် ထိသွားပါတယ်။ ကျည်က အထဲမှာရှိပါသေးတယ်။ သူ့အခြေအနေကတော့ သိပ်မကောင်းပါ။ မနေ့က ပစ်ခတ်ခံရချိန်မှာ လှေလည်းပေါက်ပြီး သူတို့နှစ်ဦးလုံး မြစ်ထဲကျသွားပါတယ်။ အဲဒီလှေနဲ့အတူမျောပါပြီးတော့ ရေလယ်ကျွန်းနားကို ရောက်သွားပါတယ်။ ကျွန်တော့ညီက ကျည်ဒဏ်ရာနဲ့ သတိမရ ဖြစ်နေလို့ နောက်တစ်ယောက်က လှေပေါ်ဆွဲတင်ပြီး လှေကိုဖြည်းဖြည်းဆွဲယူလာတာ”

တပ်မတော်စစ်ကြောင်းဟာ ကာဒီကျေးရွာအနီးမှာ စခန်းချနေတာလို့ဆိုပါတယ်။

မနေ့က လှေကိုပစ်ခတ်ခဲ့တဲ့နေရာအနီးမှာ တပ်မတော်သားတွေကို ဒီနေ့မနက် ၈ နာရီအချိန်လောက်အထိ မြင်တွေ့နေရဆဲဖြစ်တယ်လို့ ဦးဟာဘီဆာမောက်ကပြောပါတယ်။

ဒဏ်ရာရသွားတဲ့ ဦးဇီခဲရာမောက်ရဲ့ ညီဖြစ်သူ မာမောက်အီဒေက မနေ့ကဖြစ်စဉ်မှာ သူ့အစ်ကိုက အရပ်သား ဖြစ်တဲ့အကြောင်း တပ်မတော်စစ်ကြောင်းရှိရာဘက်ကို လှမ်းအော်ခဲ့ပေမယ့် ဆက်လက်ပစ်ခတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

“ဒီမှာ နှစ်ရက်တစ်ကြိမ်၊ သုံးရက်တစ်ကြိမ်စီ တပ်မတော်ရေယာဉ်တွေ လာလေ့ရှိပါတယ်။ နေဗီတွေ လာတယ် လို့ သတင်းကြားတာနဲ့ ပိုက်ချဖို့ မြစ်ထဲမဆင်းကြတော့ဘူး။ အရင်တုန်းက ရေတပ်ကနေပစ်လို့ လူတွေကို ထိမှန်သွားတာတွေရှိတယ်။ ပိုက်သည်ရပ်၊ အင်ဘာရီ၊ ဂုပ္ပီထောင့် အဲဒီရွာတွေမှာ လူတွေထိသွားတာတွေ ရှိတယ်။ အခုက ရေတပ်တွေမလာလို့ ကျွန်တော့်အစ်ကိုက ပိုက်ချဖို့ ထွက်သွားတာ။ အပစ်ခံရတဲ့ ကျွန်တော့် အစ်ကို ကိုယ်တိုင်က သူ့ကိုစစ်သားတွေ ပစ်လိုက်တာလို့ပြောပြတယ်။ ကာဒီနဲ့ တောပန်ဇင်းရွာကြားမှာ စစ်သားတွေရှိတယ်။ ပစ်တဲ့အချိန်မှာ သူကိုယ်တိုင်မြင်တယ်။ ကျွန်တော့် အစ်ကိုက ပိုက်ချဖို့လာတာလို့ အော်ပြောတော့ ပစ်တာ တစ်မိနစ်လောက်ရပ်သွားပြီး ထပ်ပစ်တာလို့ပြောပြတယ်”

ဒဏ်ရာရသွားတဲ့ ဦးဇီခဲရာမောက်ကို အပေါက်ဝတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။  မနေ့က ဒဏ်ရာရလာချိန်မှာ စကားအနည်းငယ် ပြောနိုင်ပေမယ့် အခုတော့ စကားမပြောနိုင်တော့ဘူးလို့ မိသားစုက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းက သေဆုံးဒဏ်ရာရတဲ့ အရပ်သားတွေထဲမှာ အေအေအဖွဲ့နဲ့ ဆက်နွယ်ပြီး သံသယနဲ့ ပစ်ခတ် ခံရလို့ ထိခိုက်ဒဏ်ရာရ သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေလည်း ပါဝင်နေတာပါ။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ အခုနှစ် ဇွန်လ ၂ ရက်နေ့အထိ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၆၀ နဲ့ သေဆုံးသူဦးရေ ၂၅၇ ဦးရှိပါတယ်။

ကျောက်တော်မြို့နယ်မှာ မနေ့က ဒဏ်ရာရသူ ၂ ဦးရှိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာ ၅၆၂ ဦးအထိ ထပ်တိုးလာတာ ဖြစ်ပါတယ်။

RFA Burmese
----------------------------------

(Zawgyi)⤵⤵⤵
ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝေက်း႐ြာမွာ အရပ္သားႏွစ္ဦး ပစ္ခတ္ခံရ

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေတာင္ဘက္ပိုင္း အေပါက္ဝေက်း႐ြာမွာ ဇြန္ ၈ ရက္ မေန႔ညေနပိုင္းက တပ္မေတာ္စစ္ေၾကာင္းတစ္ခု ႐ြာထဲကိုဝင္လာၿပီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္လို႔ အသက္ ၃၄ ႏွစ္အ႐ြယ္ ႐ြာသား ဦးေမာင္လွေက်ာ္ ဆိုသူ က်ည္ထိမွန္ခဲ့ပါတယ္။ ေက်း႐ြာတိုက္နယ္ေဆး႐ုံကေန အိမ္ျပန္လာရာမွာ အဲဒီ စစ္ေၾကာင္း နဲ႔ တိုးမိရာကေန ပစ္ခတ္ခံရတာလို႔ ကာယကံရွင္ျဖစ္တဲ့ ဦးေမာင္လွေက်ာ္က RFA ကိုေျပာပါတယ္။

“ကြၽန္ေတာ္က ေဆး႐ုံမွာလူနာၾကည့္ရင္းနဲ႔အျပန္မွာ အဲဒီစစ္ေၾကာင္းက ႐ြာထဲကေန ျဖတ္ဝင္လာတာ။ အဲဒီ အခ်ိန္မွာ သူတို႔ကလွမ္းပစ္သြားတာ။ သူတို႔က ေဒသခံေတြကို သံသယစိတ္ေတြနဲ႔ပဲၾကည့္ေနၾကတာ။ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ သာမန္ျပည္သူလူထုတစ္ေယာက္ပါ”

ဒဏ္ရာရသြားတဲ့ ဦးေမာင္လွေက်ာ္ဟာ အေပါက္ဝတိုက္နယ္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရပါတယ္။

မေန႔က အဲဒီတပ္မေတာ္စစ္ေၾကာင္းဟာ ႐ြာထဲက ျပန္အထြက္မွာ ႐ြာသား ငါးဦးကို လမ္းျပအျဖစ္ ေခၚေဆာင္ သြားၿပီး ႏွစ္နာရီေလာက္အၾကာမွာ ျပန္လႊတ္ေပးလိုက္တယ္လို႔လည္း ေက်း႐ြာသားေတြက ေျပာပါတယ္။

အရပ္သားႏွစ္ဦး ပစ္ခတ္ခံရတဲ့ကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဆက္သြယ္ေမးျမန္းရာမွာ မေန႔က အဲဒီေနရာဘက္မွာ တိုက္ပြဲျဖစ္ပြားတာ မရွိသလို တပ္မေတာ္အေနနဲ႔ အေၾကာင္းမဲ့ ပစ္ခတ္စရာလည္း အေၾကာင္းမရွိဘူးလို႔ ေျဖၾကားခဲ့ပါတယ္။

အလားတူပဲ မေန႔ည ၁၁ နာရီအခ်ိန္ေလာက္မွာ အေပါက္ဝေက်း႐ြာမွာေနထိုင္တဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ မြတ္စလင္ တစ္ဦး ျဖစ္သူ ဦးဇီခဲရာေမာက္ဟာ အေဖာ္တစ္ဦးနဲ႔အတူ ျမစ္ထဲ ပိုက္ခ်ေနစဥ္မွာ ပစ္ခတ္ခံရလို႔ ေသနတ္ဒဏ္ရာ သုံးခ်က္ရသြားတယ္လို႔ ဦးဇီခဲရာေမာက္ရဲ႕ အစ္ကို ဦးဟာဘီဆာေမာက္က RFA ကိုေျပာပါတယ္။

“ပိုက္ခ်ေနတုန္း သူတို႔က ကုန္ေပၚကေနလွမ္းပစ္လိုက္တာပါ။ က်ည္က ေခါင္းမွာတစ္ခ်က္၊ ပခုံးမွာတစ္ခ်က္၊ ေျခေထာက္မွာတစ္ခ်က္ ထိသြားပါတယ္။ က်ည္က အထဲမွာရွိပါေသးတယ္။ သူ႔အေျခအေနကေတာ့ သိပ္မေကာင္းပါ။ မေန႔က ပစ္ခတ္ခံရခ်ိန္မွာ ေလွလည္းေပါက္ၿပီး သူတို႔ႏွစ္ဦးလုံး ျမစ္ထဲက်သြားပါတယ္။ အဲဒီေလွနဲ႔အတူေမ်ာပါၿပီးေတာ့ ေရလယ္ကြၽန္းနားကို ေရာက္သြားပါတယ္။ ကြၽန္ေတာ့ညီက က်ည္ဒဏ္ရာနဲ႔ သတိမရ ျဖစ္ေနလို႔ ေနာက္တစ္ေယာက္က ေလွေပၚဆြဲတင္ၿပီး ေလွကိုျဖည္းျဖည္းဆြဲယူလာတာ”

တပ္မေတာ္စစ္ေၾကာင္းဟာ ကာဒီေက်း႐ြာအနီးမွာ စခန္းခ်ေနတာလို႔ဆိုပါတယ္။

မေန႔က ေလွကိုပစ္ခတ္ခဲ့တဲ့ေနရာအနီးမွာ တပ္မေတာ္သားေတြကို ဒီေန႔မနက္ ၈ နာရီအခ်ိန္ေလာက္အထိ ျမင္ေတြ႕ေနရဆဲျဖစ္တယ္လို႔ ဦးဟာဘီဆာေမာက္ကေျပာပါတယ္။

ဒဏ္ရာရသြားတဲ့ ဦးဇီခဲရာေမာက္ရဲ႕ ညီျဖစ္သူ မာေမာက္အီေဒက မေန႔ကျဖစ္စဥ္မွာ သူ႔အစ္ကိုက အရပ္သား ျဖစ္တဲ့အေၾကာင္း တပ္မေတာ္စစ္ေၾကာင္းရွိရာဘက္ကို လွမ္းေအာ္ခဲ့ေပမယ့္ ဆက္လက္ပစ္ခတ္ခံခဲ့ရတယ္လို႔ ေျပာပါတယ္။

“ဒီမွာ ႏွစ္ရက္တစ္ႀကိမ္၊ သုံးရက္တစ္ႀကိမ္စီ တပ္မေတာ္ေရယာဥ္ေတြ လာေလ့ရွိပါတယ္။ ေနဗီေတြ လာတယ္ လို႔ သတင္းၾကားတာနဲ႔ ပိုက္ခ်ဖို႔ ျမစ္ထဲမဆင္းၾကေတာ့ဘူး။ အရင္တုန္းက ေရတပ္ကေနပစ္လို႔ လူေတြကို ထိမွန္သြားတာေတြရွိတယ္။ ပိုက္သည္ရပ္၊ အင္ဘာရီ၊ ဂုပၸီေထာင့္ အဲဒီ႐ြာေတြမွာ လူေတြထိသြားတာေတြ ရွိတယ္။ အခုက ေရတပ္ေတြမလာလို႔ ကြၽန္ေတာ့္အစ္ကိုက ပိုက္ခ်ဖို႔ ထြက္သြားတာ။ အပစ္ခံရတဲ့ ကြၽန္ေတာ့္ အစ္ကို ကိုယ္တိုင္က သူ႔ကိုစစ္သားေတြ ပစ္လိုက္တာလို႔ေျပာျပတယ္။ ကာဒီနဲ႔ ေတာပန္ဇင္း႐ြာၾကားမွာ စစ္သားေတြရွိတယ္။ ပစ္တဲ့အခ်ိန္မွာ သူကိုယ္တိုင္ျမင္တယ္။ ကြၽန္ေတာ့္ အစ္ကိုက ပိုက္ခ်ဖို႔လာတာလို႔ ေအာ္ေျပာေတာ့ ပစ္တာ တစ္မိနစ္ေလာက္ရပ္သြားၿပီး ထပ္ပစ္တာလို႔ေျပာျပတယ္”

ဒဏ္ရာရသြားတဲ့ ဦးဇီခဲရာေမာက္ကို အေပါက္ဝတိုက္နယ္ေဆး႐ုံကို ပို႔ေဆာင္ထားရပါတယ္။  မေန႔က ဒဏ္ရာရလာခ်ိန္မွာ စကားအနည္းငယ္ ေျပာႏိုင္ေပမယ့္ အခုေတာ့ စကားမေျပာႏိုင္ေတာ့ဘူးလို႔ မိသားစုက ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းက ေသဆုံးဒဏ္ရာရတဲ့ အရပ္သားေတြထဲမွာ ေအေအအဖြဲ႕နဲ႔ ဆက္ႏြယ္ၿပီး သံသယနဲ႔ ပစ္ခတ္ ခံရလို႔ ထိခိုက္ဒဏ္ရာရ ေသဆုံးတာ၊ ဖမ္းဆီးခံရတာေတြလည္း ပါဝင္ေနတာပါ။

RFA က ရရွိထားတဲ့ အခ်က္အလက္ေတြအရ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာကေန အခုႏွစ္ ဇြန္လ ၂ ရက္ေန႔အထိ ထိခိုက္ဒဏ္ရာရတဲ့ အရပ္သား ၅၆၀ နဲ႔ ေသဆုံးသူဦးေရ ၂၅၇ ဦးရွိပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ မေန႔က ဒဏ္ရာရသူ ၂ ဦးရွိခဲ့တာေၾကာင့္ ထိခိုက္ဒဏ္ရာရသူ အေရအတြက္ဟာ ၅၆၂ ဦးအထိ ထပ္တိုးလာတာ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/two-villagers-injured-in-kyauktaw-06092020084152.html
ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ အရပ်သားနှစ်ဦး ပစ်ခတ်ခံရ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ အရပ်သားနှစ်ဦး ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 03:23 Rating: 5
Powered by Blogger.