ပင်လယ်ထဲ နှစ်လမျောနေတဲ့ ရိုဟင်ဂျာ ၂၇၀ ကို မလေးရှားထိန်းသိမ်း

မလေးရှားကို ၂၀၁၈ တုန်းက ရောက်လာဖူးတဲ့ ရိုဟင်ဂျာလှေ
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းကြောင့် ကမ်းမကပ်နိုင်ဘဲ ပင်လယ်ပြင်ထဲ နှစ်လ နီးပါး မျောနေတဲ့ စက်လှေပေါ်က ရိုဟင်ဂျာ ဒုက္ခသည် ၂၇၀ နီးပါးကို မလေးရှားကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ထိန်းသိမ်းလိုက်ပါတယ်။

အဲဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကနေ ဧပြီလ အစောပိုင်းက ထွက်ပြေးလာခဲ့ကြတာပါ။ ဒါပေမဲ့ ကမ်းကပ်ခွင့် မကြုံခဲ့ကြပါဘူး။

တနင်္လာနေ့တုန်းက ပျက်နေတဲ့ သူတို့ရဲ့စက်လှေကို မလေးရှား ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ရပ်တန့်တားဆီးတဲ့အခါ ဒုက္ခသည်အတော်များများက ပင်လယ်ထဲ ခုန်ချပြီး ကမ်းဆီကို ရေကူးပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်မှုတွေကြောင့် လတ်တလောနှစ်တွေအတွင်းရိုဟင်ဂျာ အများအပြား မြန်မာနိုင်ငံထဲကနေ ထွက်ပြေးလာကြပါတယ်။

အတော်များများက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပြီး ကော့ဆက်ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြပါတယ်။ အဲဒီမှာ ရိုဟင်ဂျာ တစ်သန်းလောက် နေထိုင်နေပါတယ်။

တချို့က အရှေ့တောင်အာရှ ဒေသတွင်း မွတ်ဆလင်တိုင်းပြည်တစ်ခု ဖြစ်တဲ့ မလေးရှားနိုင်ငံဆီ သွားဖို့ ကြိုးစားခဲ့ကြပါတယ်။ မလေးရှားနိုင်ငံဟာ ဒေသတွင်းမှာ ခိုလှုံနေထိုင်ဖို့ ကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ် ယူဆလာနေကြတာပါ။

အစောပိုင်းနှစ်တွေတုန်းက လူမှောင်ခိုတွေက ရိုဟင်ဂျာ ထောင်သောင်းပေါင်း ချီပြီး မလေးရှားနိုင်ငံထဲခိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြပြီး ဒုက္ခသည် စက်လှေတွေကို ကမ်းကပ်ခွင့် ပြုဖို့ မလေးရှားက ငြင်းဆန်နေပါတယ်။

လှေတွေကို ပြန်လှည့်ခိုင်းခဲ့

တနင်္လာနေ့တုန်းက လန်ကာဝီ အပန်းဖြေကျွန်းနားမှာ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ စက်လှေလို့ ယူဆရတဲ့ လှေတစ်စင်းကို မလေးရှား ကမ်းရိုးတန်းစောင့် သင်္ဘောက လှမ်းတွေ့ခဲ့ပြီး နိုင်ငံတကာ ရေပိုင်နက်ထဲ တွန်းပို့ခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့သင်္ဘော ကပ်လာချိန်မှာ စက်လှေပေါ်က ရိုဟင်ဂျာ ၅၃ ယောက် ပင်လယ်ထဲ ခုန်ချ ထွက်ပြေးခဲ့ပါတယ်။ မလေးရှား ရေကြောင်းကင်းလှည့် အထူးတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နောက်ထပ် ရိုဟင်ဂျာ ၂၁၆ ယောက်ကို စက်လှေပေါ်မှာ လူသေအလောင်းတစ်လောင်းနဲ့အတူ တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အခုအခါ ဒုက္ခသည်တွေကို အစားအစာနဲ့ သောက်ရေတွေ ပေးထားပြီး စက်လှေကို လန်ကာဝီကျွန်းဆီခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီမှာ ဒုက္ခသည် စုစုပေါင်း ၂၆၉ ဦးကို ထိန်းသိမ်းထားပါတယ်။

ငါးဖမ်းလှေတစင်းလို့ ဆိုတဲ့ အဲဒီစက်လှေကို တမင်တကာ ဖျက်ဆီးထားတာကို စုံစမ်းစစ်ဆေးမှုအရသိရပြီး ပင်လယ်ထဲ ပြန်မပို့နိုင် ဖြစ်ခဲ့တယ်လို့လည်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေနဲ့ အဆက်အသွယ်ရှိဖူးတဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဘင်္ဂလားဒေ့ရှ်ကနေ စထွက်လာတုန်းက ဒီလှေပေါ်မှာ လူ ၅၀၀ လောက် ပါလာလိမ့်မယ်လို့ ယူဆထားပါတယ်။

ဒါကြောင့် အဲဒီလူတွေထဲက တစ်ဝက်ကျော်လောက်က အခု ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

    "ညဘက်မှာ လှေပေါ်ကအလောင်းတွေ ရေထဲပစ်ချခဲ့တယ်"

ကျန်တဲ့လူတွေကတော့ ကမ်းခြေစောင့်တပ်နဲ့ တွေ့ချိန်မှာ လွတ်မြောက်သွားတာနဲ့ အဲဒီအချိန်မတိုင်ခင် ကမ်းပေါ်ရောက်သွားကြတာမျိုး ဖြစ်နိုင်ပါတယ်။

ဒီနှစ်ထဲမှာ မလေးရှားကို ရိုဟင်ဂျာလှေ ဘယ်နှစင်းလောက် လာကြသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒါပေမဲ့ မလေးရှား အာဏာပိုင်တွေကတော့ လှေ ၂၂ စင်းကို သူတို့ ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်။

လှေတွေ အများစုဟာ ခပ်သေးသေး ဖြစ်ပြီး အန္တရာယ်ဖြစ်နိုင်လောက်တဲ့အထိ လူရာချီကို ကျပ်ကျပ်တည်းတည်း တင်လာတတ်ကြပါတယ်။

ဒီနှစ် အစောပိုင်းမှာ အခုလိုမျိုး မလေးရှားကို လာဖို့ ကြိုးစားဖူးတဲ့ ရိုဟင်ဂျာ တစ်ယောက်ကတော့ သူတို့ လာတဲ့ လှေပေါ်မှာ ရေတို့၊ အိမ်သာတို့လို အခြေခံ လိုအပ်ချက်တွေ မပြည့်စုံဘူးလို့ ဘီဘီစီကို ပြောပါတယ်။

စားစရာသောက်စရာလည်း မလုံလောက်ဘူးလို့ ဆိုပါတယ်။

လှေပေါ် လူတွေသေတာကို ဖုံးထားဖို့ အလောင်းတွေကို ရေထဲပစ်ချပြီး အဲဒီလို ပစ်ချသံတွေကို မကြားရအောင်တော့ လှေသားတွေက အင်ဂျင်တွေ အကုန်ဖွင့်ပြီး မောင်းခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ဒီနှစ် အစောပိုင်းမှာ လူ ရာချီ အပြည့်အသိပ်လိုက်လာတဲ့ လှေကနေ ရိုဟင်ဂျာ ၂၈ ယောက်လောက် အနည်းဆုံး သေဆုံးခဲ့ပါတယ်။

အဲဒီလှေ မလေးရှားကို ကမ်းမကပ်နိုင် ဖြစ်ခဲ့ပြီးနောက် ပင်လယ်ထဲကို သီတင်းပတ်တွေချီပြီး မျောနေခဲ့ပါတယ်။

ရိုဟင်ဂျာ သောင်းကျန်းသူ အဖွဲ့က မြန်မာက ရဲကင်းစခန်း ၃၀ ကျော်ကို ပြင်းပြင်းထန်ထန် ဝင်တိုက်ပြီးတဲ့နောက် ရိုဟင်ဂျာတွေ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို အများအပြား ထွက်ပြေးလာမှုက ၂၀၁၇ သြဂုတ်မှာ စခဲ့ပြီး ရိုဟင်ဂျာ တစ်သန်းလောက်ဟာ မြန်မာဘက်မှာ မျိုးဆက်နဲ့ချီပြီး ဖိနှိပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

BBC Burmese
---------------------------------------
(Zawgyi)⤵⤵⤵
ပင္လယ္ထဲ ႏွစ္လေမ်ာေနတဲ့ ႐ိုဟင္ဂ်ာ ၂၇၀ ကို မေလးရွားထိန္းသိမ္း

ကို႐ိုနာဗိုင္းရပ္စ္ ေလာ့ခ္ေဒါင္းေၾကာင့္ ကမ္းမကပ္ႏိုင္ဘဲ ပင္လယ္ျပင္ထဲ ႏွစ္လ နီးပါး ေမ်ာေနတဲ့ စက္ေလွေပၚက ႐ိုဟင္ဂ်ာ ဒုကၡသည္ ၂၇၀ နီးပါးကို မေလးရွားကမ္း႐ိုးတန္းေစာင့္ တပ္ဖြဲ႕က ထိန္းသိမ္းလိုက္ပါတယ္။

အဲဒီလူေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေတာင္ပိုင္းကေန ဧၿပီလ အေစာပိုင္းက ထြက္ေျပးလာခဲ့ၾကတာပါ။ ဒါေပမဲ့ ကမ္းကပ္ခြင့္ မႀကဳံခဲ့ၾကပါဘူး။

တနလၤာေန႔တုန္းက ပ်က္ေနတဲ့ သူတို႔ရဲ႕စက္ေလွကို မေလးရွား ကမ္း႐ိုးတန္းေစာင့္ တပ္ဖြဲ႕က ရပ္တန႔္တားဆီးတဲ့အခါ ဒုကၡသည္အေတာ္မ်ားမ်ားက ပင္လယ္ထဲ ခုန္ခ်ၿပီး ကမ္းဆီကို ေရကူးေျပးဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။

ရခိုင္ျပည္နယ္မွာ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးစစ္ဆင္မႈေတြေၾကာင့္ လတ္တေလာႏွစ္ေတြအတြင္း႐ိုဟင္ဂ်ာ အမ်ားအျပား ျမန္မာႏိုင္ငံထဲကေန ထြက္ေျပးလာၾကပါတယ္။

အေတာ္မ်ားမ်ားက အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပးခဲ့ၾကၿပီး ေကာ့ဆက္ဘဇား ဒုကၡသည္စခန္းမွာ ခိုလႈံေနၾကပါတယ္။ အဲဒီမွာ ႐ိုဟင္ဂ်ာ တစ္သန္းေလာက္ ေနထိုင္ေနပါတယ္။

တခ်ိဳ႕က အေရွ႕ေတာင္အာရွ ေဒသတြင္း မြတ္ဆလင္တိုင္းျပည္တစ္ခု ျဖစ္တဲ့ မေလးရွားႏိုင္ငံဆီ သြားဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ မေလးရွားႏိုင္ငံဟာ ေဒသတြင္းမွာ ခိုလႈံေနထိုင္ဖို႔ ေကာင္းတဲ့ ႏိုင္ငံတစ္ခုအျဖစ္ ယူဆလာေနၾကတာပါ။

အေစာပိုင္းႏွစ္ေတြတုန္းက လူေမွာင္ခိုေတြက ႐ိုဟင္ဂ်ာ ေထာင္ေသာင္းေပါင္း ခ်ီၿပီး မေလးရွားႏိုင္ငံထဲခိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ အခုေတာ့ ကိုဗစ္-၁၉ ေရာဂါကို အေၾကာင္းျပၿပီး ဒုကၡသည္ စက္ေလွေတြကို ကမ္းကပ္ခြင့္ ျပဳဖို႔ မေလးရွားက ျငင္းဆန္ေနပါတယ္။

ေလွေတြကို ျပန္လွည့္ခိုင္းခဲ့

တနလၤာေန႔တုန္းက လန္ကာဝီ အပန္းေျဖကြၽန္းနားမွာ ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြရဲ႕ စက္ေလွလို႔ ယူဆရတဲ့ ေလွတစ္စင္းကို မေလးရွား ကမ္း႐ိုးတန္းေစာင့္ သေဘၤာက လွမ္းေတြ႕ခဲ့ၿပီး ႏိုင္ငံတကာ ေရပိုင္နက္ထဲ တြန္းပို႔ခဲ့တယ္လို႔ AFP သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမဲ့ ကမ္း႐ိုးတန္းေစာင့္ တပ္ဖြဲ႕သေဘၤာ ကပ္လာခ်ိန္မွာ စက္ေလွေပၚက ႐ိုဟင္ဂ်ာ ၅၃ ေယာက္ ပင္လယ္ထဲ ခုန္ခ် ထြက္ေျပးခဲ့ပါတယ္။ မေလးရွား ေရေၾကာင္းကင္းလွည့္ အထူးတပ္ဖြဲ႕က ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ ေနာက္ထပ္ ႐ိုဟင္ဂ်ာ ၂၁၆ ေယာက္ကို စက္ေလွေပၚမွာ လူေသအေလာင္းတစ္ေလာင္းနဲ႔အတူ ေတြ႕ခဲ့ရတယ္လို႔ ေဖာ္ျပထားပါတယ္။

အခုအခါ ဒုကၡသည္ေတြကို အစားအစာနဲ႔ ေသာက္ေရေတြ ေပးထားၿပီး စက္ေလွကို လန္ကာဝီကြၽန္းဆီေခၚေဆာင္သြားခဲ့ပါတယ္။

အဲဒီမွာ ဒုကၡသည္ စုစုေပါင္း ၂၆၉ ဦးကို ထိန္းသိမ္းထားပါတယ္။

ငါးဖမ္းေလွတစင္းလို႔ ဆိုတဲ့ အဲဒီစက္ေလွကို တမင္တကာ ဖ်က္ဆီးထားတာကို စုံစမ္းစစ္ေဆးမႈအရသိရၿပီး ပင္လယ္ထဲ ျပန္မပို႔ႏိုင္ ျဖစ္ခဲ့တယ္လို႔လည္း အဲဒီ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

႐ိုဟင္ဂ်ာေတြနဲ႔ အဆက္အသြယ္ရွိဖူးတဲ့ လူ႔အခြင့္အေရး အဖြဲ႕ေတြကေတာ့ ဘဂၤလားေဒ့ရွ္ကေန စထြက္လာတုန္းက ဒီေလွေပၚမွာ လူ ၅၀၀ ေလာက္ ပါလာလိမ့္မယ္လို႔ ယူဆထားပါတယ္။

ဒါေၾကာင့္ အဲဒီလူေတြထဲက တစ္ဝက္ေက်ာ္ေလာက္က အခု ထိန္းသိမ္းခံလိုက္ရတာ ျဖစ္ပါတယ္။

    "ညဘက္မွာ ေလွေပၚကအေလာင္းေတြ ေရထဲပစ္ခ်ခဲ့တယ္"

က်န္တဲ့လူေတြကေတာ့ ကမ္းေျခေစာင့္တပ္နဲ႔ ေတြ႕ခ်ိန္မွာ လြတ္ေျမာက္သြားတာနဲ႔ အဲဒီအခ်ိန္မတိုင္ခင္ ကမ္းေပၚေရာက္သြားၾကတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

ဒီႏွစ္ထဲမွာ မေလးရွားကို ႐ိုဟင္ဂ်ာေလွ ဘယ္ႏွစင္းေလာက္ လာၾကသလဲ ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

ဒါေပမဲ့ မေလးရွား အာဏာပိုင္ေတြကေတာ့ ေလွ ၂၂ စင္းကို သူတို႔ ျပန္လႊတ္လိုက္တယ္လို႔ ေျပာပါတယ္။

ေလွေတြ အမ်ားစုဟာ ခပ္ေသးေသး ျဖစ္ၿပီး အႏၲရာယ္ျဖစ္ႏိုင္ေလာက္တဲ့အထိ လူရာခ်ီကို က်ပ္က်ပ္တည္းတည္း တင္လာတတ္ၾကပါတယ္။

ဒီႏွစ္ အေစာပိုင္းမွာ အခုလိုမ်ိဳး မေလးရွားကို လာဖို႔ ႀကိဳးစားဖူးတဲ့ ႐ိုဟင္ဂ်ာ တစ္ေယာက္ကေတာ့ သူတို႔ လာတဲ့ ေလွေပၚမွာ ေရတို႔၊ အိမ္သာတို႔လို အေျခခံ လိုအပ္ခ်က္ေတြ မျပည့္စုံဘူးလို႔ ဘီဘီစီကို ေျပာပါတယ္။

စားစရာေသာက္စရာလည္း မလုံေလာက္ဘူးလို႔ ဆိုပါတယ္။

ေလွေပၚ လူေတြေသတာကို ဖုံးထားဖို႔ အေလာင္းေတြကို ေရထဲပစ္ခ်ၿပီး အဲဒီလို ပစ္ခ်သံေတြကို မၾကားရေအာင္ေတာ့ ေလွသားေတြက အင္ဂ်င္ေတြ အကုန္ဖြင့္ၿပီး ေမာင္းခဲ့တယ္လို႔လည္း သူက ဆိုပါတယ္။

ဒီႏွစ္ အေစာပိုင္းမွာ လူ ရာခ်ီ အျပည့္အသိပ္လိုက္လာတဲ့ ေလွကေန ႐ိုဟင္ဂ်ာ ၂၈ ေယာက္ေလာက္ အနည္းဆုံး ေသဆုံးခဲ့ပါတယ္။

အဲဒီေလွ မေလးရွားကို ကမ္းမကပ္ႏိုင္ ျဖစ္ခဲ့ၿပီးေနာက္ ပင္လယ္ထဲကို သီတင္းပတ္ေတြခ်ီၿပီး ေမ်ာေနခဲ့ပါတယ္။

႐ိုဟင္ဂ်ာ ေသာင္းက်န္းသူ အဖြဲ႕က ျမန္မာက ရဲကင္းစခန္း ၃၀ ေက်ာ္ကို ျပင္းျပင္းထန္ထန္ ဝင္တိုက္ၿပီးတဲ့ေနာက္ ႐ိုဟင္ဂ်ာေတြ ျမန္မာဘက္ကေန ဘဂၤလားေဒ့ရွ္ဘက္ကို အမ်ားအျပား ထြက္ေျပးလာမႈက ၂၀၁၇ ၾသဂုတ္မွာ စခဲ့ၿပီး ႐ိုဟင္ဂ်ာ တစ္သန္းေလာက္ဟာ ျမန္မာဘက္မွာ မ်ိဳးဆက္နဲ႔ခ်ီၿပီး ဖိႏွိပ္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52979276
ပင်လယ်ထဲ နှစ်လမျောနေတဲ့ ရိုဟင်ဂျာ ၂၇၀ ကို မလေးရှားထိန်းသိမ်း ပင်လယ်ထဲ နှစ်လမျောနေတဲ့ ရိုဟင်ဂျာ ၂၇၀ ကို မလေးရှားထိန်းသိမ်း Reviewed by THITHTOOLWIN on 03:23 Rating: 5
Powered by Blogger.