အလွန်ကြီးမားတဲ့ဆန္ဒပြပွဲကြီးတွေ အမေရိကန်မှာ ဖြစ်ပွား

ဂိုးဒင်းဂိတ်တံတားကို ဆန္ဒပြသူတွေက ခဏတာပိတ်ဆို့ ဆန္ဒပြခဲ့ကြတယ်
(Unicode)⤵⤵⤵
အလွန်ကြီးမားတဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပွဲကြီးတွေ အမေရိကန် ပြည်ထောင်စုတဝန်းမှာ ဖြစ်ပွားနေပါတယ်။ ဂျော့ဖလွိုက်သေဆုံးမှုက အစပျိုးခဲ့တဲ့ အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး၊ ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ၁၂ ရက်မြောက်အဖြစ် ဆက်လက် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

နယူးယောက်၊ ချီကာဂို၊ လော့စ်အိန်ဂျယ်နဲ့ ဆန်ဖရန်စစ္စကိုတို့မှာလည်း ကြီးမားတဲ့ လူအုပ်ကြီးတွေ ဆန္ဒပြနေကြပါတယ်။

သူမွေးဖွားရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ဂျော့ဖလွိုက်ရဲ့ နာရေးအခမ်းအနား မပြုလုပ်ခင်သူ့ကိုဂါရဝပြုပွဲတွေကိုလည်း ဒီအတောအတွင်းမှာပဲ ပြုလုပ်ခဲ့ကြပါတယ်။

မေလ ၂၅ ရက်နေ့က လက်နက်မဲ့ လူမည်း အမျိုးသား ဂျော့ဖလွိုက်ဟာ ရဲလက်ထဲမှာအသက်ဆုံးရှုံးခဲ့ပါတယ်။

မင်နီယာပိုလစ်မှာ ဖြစ်ပွားတဲ့ အဲဒီအဖြစ်အပျက် ဗွီဒီယိုထဲမှာ လူဖြူရဲအရာရှိကဂျော့ဖလွိုက်ရဲ့ ဇက်ကိုဒူးနဲ့ ၉ မိနစ်နီးပါး နင်းထားတာတွေ့ခဲ့ရပါတယ်။

ရဲအရာရှိ ဒဲရက်ချော်ဗင်ကို ရာထူးကထုတ်ပယ်ထားပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ အတူရှိနေတဲ့ တခြားရဲအရာရှိ ၃ ယောက်ကိုလည်း ရာထူးက ထုတ်ပယ်ပြီး လူသတ်မှုမှာ အားပေးကူညီမှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

ကြီးမားတဲ့ ဆန္ဒပြပွဲကြီးတွေဟာတခြားနိုင်ငံတွေကိုလည်း ကူးစက်ပြန့်ပွားဖြစ်ပေါ်နေပါတယ်။

ဗြိတိန်နိုင်ငံမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှာစိုးရိမ်လို့ လူစုလူဝေးမလုပ်ဖို့ အစိုးရကတားမြစ်ထားတဲ့ကြားက ကြီးမားတဲ့လူစုလူဝေးကြီးဟာ လန်ဒန်မြို့လယ် လွှတ်တော်ရင်ပြင်မှာစုဝေး ဆန္ဒပြနေကြပါတယ်။

သြစတြေးလျနိုင်ငံမှာတော့ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘရစ္စဘိန်းမြို့ကြီးတွေမှာ သြစတြေးလျ ဌာနေတိုင်းရင်းသားတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။

ပြင်သစ်နိုင်ငံမှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ရဲနဲ့ ဆန္ဒပြသူတွေ ပဋိပက္ခဖြစ်ပွားခဲ့ကြပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ စပိန်အပါအဝင် အနည်းဆုံး ကမ္ဘာ့နိုင်ငံပေါင်း ၄၀ မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး တချို့နေရာတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဝါရှင်တန်ဆန္ဒပြပွဲတွေ အရှိန်အဟုန်မြင့်တက်ခဲ့
ဆန္ဒပြပွဲတွေအတွင်းမှာ ဘာတွေ ဖြစ်ပွားခဲ့သလဲ

အမေရိကန်ပြည်ထောင်စုအတွင်းမှာ အကြီးဆုံးဆန္ဒပြပွဲလို့ ယူဆရတဲ့ ဝါရှင်တန်ဒီစီက ဆန္ဒပြပွဲမှာ လူမည်းအသက်လည်း အရေးပါတယ် ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ ပြည်ထောင်စု အစိုးရ လွှတ်တော်အဆောက်အဦအနီး၊ လင်ကွန်းအထိမ်းအမှတ်အနီး၊ လားဖီးယက်ပန်းခြံ၊ အိမ်ဖြူတော်အနီးတို့အပြင် လောလောလတ်လတ် နာမည်သစ်ပေးထားတဲ့ လူမည်း အသက်အရေးပါတယ်ဆိုတဲ့ ပလာဇာတို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မြို့တော်ဝန် မြူရီယယ်ဘောက်ဆာက ဆန္ဒပြပွဲတွေဟာ သမ္မတထရမ့်ကို သတင်းစကားပေးပို့နိုင်ခဲ့တယ်လို့ဆိုပြီး ကြိုဆိုခဲ့ပါတယ်။ တနင်္လာနေ့ကအိမ်ဖြူတော် အနီး ဘုရားရှိခိုးကျောင်းကို သမ္မတထရမ့် မသွားရောက်မီ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးအသုံးပြုလူစုခွဲခဲ့ပါတယ်။

“ဝါရှင်တန်ဒီစီမှာ ဒါမျိုးလုပ်ရင် တခြား ဘယ်ပြည်နယ်မှာမဆိုလည်း သူဒါမျိုးလုပ်လာနိုင်တာပဲ။ကျွန်မတို့ ဘဝတွေဟာ လုံခြုံစိတ်ချမှုရှိတော့မှာ မဟုတ်ဘူး။ ကျွန်မတို့စစ်သားတွေကို ဒီလိုအသုံးမချသင့်ဘူး။ အမေရိကန်နိုင်ငံသားတွေကို ဖယ်ရှားဖို့ အတွက် အမေရိကန် စစ်သားတွေကို ခိုင်းစေဖို့ မသင့်ဘူး။” လို့အမျိုးသမီးမြို့တော်ဝန် မြူရီယယ်ဘောက်ဆာက ဆိုပါတယ်။ ဥပဒေစိုးမိုးရေးအရာရှိအားလုံးနဲ့ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့တို့ကို မြို့တွေမှာ “မလိုအပ်ဘဲ” ချထားတယ်လို့ဆိုပြီး ဖယ်ရှားပေးဖို့ သူကတောင်းဆိုပါတယ်။

အသက် ၃၅ နှစ်အရွယ် ဆန္ဒပြသူ အဲရစ်ဝုဒ်က “ကျွန်တော်ဒီနေရာကို ရောက်လာတယ်ဆိုတာမလာဘဲကို မနေနိုင်တော့လို့ ရောက်လာတာပါ။ အသားအရောင်ခွဲခြားမှုဟာအမေရိကန်ရဲ့ အစိတ်အပိုင်း တခုဖြစ်နေတာ ကြာလှပါပြီ။” လို့ဆိုပါတယ်။

အသက် ၄၆ နှစ်အရွယ် ခရစ္စတယ်ဘယ်လင်ဂျာကတော့ “ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ တမူထူးခြားတယ်လို့ ခံစားရပါတယ်။ ညီညွတ်ခိုင်မာမှုနဲ့ တန်းတူညီမျှရေးဆိုတဲ့ သတင်းစကားကို ထုတ်ဖော်ပြသနိုင်တယ်”လို့ မျှော်လင့်ချက်ထားနေပါတယ်။

ဆန္ဒပြပွဲတွေ ဖြစ်ကာစက ထုတ်ပြန်ထားတဲ့ ကာဖျူးအမိန့်တွေကိုလည်း မြို့အများအပြားမှာ ပြန်ရုပ်သိမ်းလိုက်ပါပြီ။ တင်းကျပ်မှုတွေ လျှော့ပေါ့ပေးလိုက်သလို ဖမ်းဆီးမှုတွေလည်းသိပ်မလုပ်တော့ပါဘူး။

ဒါပေမဲ့ ပို့လန်းနဲ့ အော်ရီဂွန်ပြည်နယ်တို့မှာ ဥပဒေမဲ့စုဝေးခြင်းနဲ့ အများပြည်သူကိုနှောင့်ယှက်မှု ဆိုင်ရာ ဥပဒေကို စနေနှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တရားရေးဌာနကို ခဲ၊ဓာတ်ဆီပုလင်းတို့နဲ့ အပစ်ပေါက်ခံရပြီးနောက်မှာ ထုတ်ပြန်ခဲ့တာပါ။ ဆီယဲ့တဲမှာလည်းအလားတူ ပစ်ပေါက်မှုမျိုးရှိခဲ့ပြီး ရဲအရာရှိတချို့ ထိခိုက်နာကျင်ခဲ့တယ်လို့ ဆိုပါတယ်။

စောစောပိုင်းမှာလည်း နယူးယောက်မှာ ဘရွတ်ခလင်တံတားကို ဆန္ဒပြသူတွေ ဖြတ်ကျော်ခဲ့ပါတယ်။ ဆန်ဖရန်စစ္စကိုမှာတော့ ဂိုးဒင်းဂိတ်တံတားကို ဆန္ဒပြသူတွေက ခေတ္တပိတ်ဆို့ထားခဲ့ပါတယ်။ ချီကာဂိုမှာ လူပေါင်း ၃ သောင်းလောက် ယူနီယံပန်းခြံမှာ စုဝေးခဲ့ပါတယ်။ ဟောလီးဝုဒ်လမ်းဆုံကို လော့စ်အိတ်ဂျယ်ဆန္ဒပြသမားတွေက ပိတ်ဆို့ထားခဲ့ပါတယ်။

ရစ်ခ်ျမွန်၊ ဗာဂျီးနီးယားတို့မှာတော့ လူမည်းသမိုင်းနဲ့ပတ်သက်ခဲ့ဖူးတဲ့ ကွန်ဖက်ဒရိတ် ဗိုလ်ချုပ်တယောက်ရဲ့ ရုပ်တုကို ဆန္ဒပြသူတွေက ဖြိုချခဲ့ပါတယ်။အတ္တလန္တာနဲ့ ဖီလာဒဲဖီးယားတို့မှာတော့ လူထုက “တရားမျှတမှုအလိုရှိသည်၊ ချစ်ခြင်းမေတ္တာ အလိုရှိသည်”လို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

လူမည်းအသက်အရေးပါသလို အဆောက်အဦတွေလည်း အရေးပါပါတယ်လို့ တန်းညှိရေးသားခဲ့တဲ့ ဖီလာဒဲဖီးယားအင်ကွားရားသတင်းစာရဲ့ ထိပ်ဆုံးအယ်ဒီတာကိုလည်း သတင်းသမားအများအပြားရဲ့ ရှုတ်ချအပြစ်တင်သံတွေ ထွက်ပေါ်လာပြီးနောက်မှာ ရာထူးက အနားပေးခဲ့ပါတယ်။

အခုလို အများပြည်သူ အုံကြွနေတဲ့အချိန်မျိုးမှာ အဆောက်အဦတွေလည်း အရေးပါပါတယ်ဆိုတဲ့ သတင်းခေါင်းစဉ်တင်ခဲ့တာဟာ ဆိုးဆိုးဝါးဝါးမှားယွင်းတဲ့ကိစ္စဖြစ်တယ်လို့ ဆိုပြီး တာဝန်ရှိသူ စတန်ဝစ္စခနော်စကီက တောင်းပန်ခဲ့ပါတယ်။

ဘတ်ဖဲလိုး ပြည်နယ်မှာ အသက် ၇၅ နှစ်အရွယ် ဆန္ဒပြအဖိုးအိုကို တွန်းလှဲခဲ့လို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တဲ့ ဗွီဒီယို ထွက်ပေါ်လာပြီးနောက် ရဲ ၂ ယောက်ကို တိုက်ခိုက်မှုအမျိုးအစား ဒုတိယအဆင့်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ ရဲအဖွဲ့၊ ထောက်လှမ်းရေးနဲ့ နိုင်ငံတော် ကာကွယ်ရေး တပ်ဖွဲ့တို့ကို အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ကျေးဇူးတင်ကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဝါရှင်တန်လူထုဟာ ကြိုတင်မှန်းဆထားတာထက် အများကြီးနည်းတယ်လို့လည်း ဆိုပါတယ်။
ဆန္ဒပြသူတွေက အမေရိကန်အလံကို ဇော်ထိုးလွှင့်ထူဆန္ဒပြ
ဆန္ဒပြသူတွေရဲ့ လိုလားချက်

ဆန္ဒပြမှုကို ထောက်ခံသူတွေရဲ့ ဆိုရှယ်မီဒီယာနဲ့ လမ်းတွေပေါ်မှာဖော်ပြချက်တွေ အရ ကာလရှည်ကြာရှိနေခဲ့တဲ့ အသားအရောင်ခွဲခြားမှု၊ မညီမျှမှု၊ ရဲရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူအများအပြားကိုကျန်းမာရေး စောင့်ရှောက်မှု မရအောင် ခွဲခြားထားရှိမှု စတဲ့အချက်တွေ ပါဝင်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာ လူမည်း အမေရိကန်တွေ ထောင်သွင်းအကျဉ်းချခံရမှုဟာ လူဖြူအမေရိကန်တွေ ထောင်သွင်း အကျဉ်းချခံရမှုထက် ၅ဆပိုများတယ်လို့ အသားအရောင်ကွဲပြားသူများဘဝမြှင့်တင်ရေး အဖွဲ့အစည်း NAACP ကဆိုပါတယ်။ လူမည်းနဲ့ လူဖြူတွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ ဆတူသာရှိတဲ့တိုင်အောင် မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျသူလူမည်း အရေအတွက်ဟာ လူဖြူအရေအတွက်ထက် ၆ ဆပိုများတယ်လို့လည်း ဆိုပါတယ်။

မီးဖွားစဉ်မှာလူမည်းအမျိုးသမီး သေဆုံးမှုဟာ လူဖြူအမျိုးသမီး သေဆုံးမှုထက် ၂ ဆပိုများတယ်လို့ တရားဝင်ကျန်းမာရေး ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။စာသင်ကျောင်း၊ အိုးအိမ်နဲ့ အများပြည်သူပိုင်ဝန်ဆောင်မှုတွေမှာ အစိုးရကိုယ်တိုင် ပိတ်ဆို့ ဟန့်တားထားတဲ့ လူမည်းလူဖြူခွဲခြားမှုဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ဖြစ်ပါတယ်။

ဖျူးသုတေသနဌာနရဲ့ ၂၀၁၉ ခုနှစ်လေ့လာချက်အရလူမည်း ၁၀ ယောက်မှာ ၈ ယောက်က ကျွန်စနစ်ရဲ့ အမွေဆိုးဟာ လူမည်းအမေရိကန်တွေအပေါ်မှာ ဒီနေ့အထိရိုက်ခတ်နေဆဲပဲလို့ ဆိုကြပါတယ်။ လူမည်းဆယ်ယောက်မှာ ၅ ယောက်ကတော့ အမေရိကန်မှာ ဘယ်တော့လူဖြူလူမည်း တန်းတူညီမျှမှုဆိုတာ ရှိလာမယ်မထင်ဘူးလို့ ဆိုကြပါတယ်။

ဂျော့ဖလွိုက်နာရေးအခမ်းအနား

မြောက်ကယ်ရိုလိုင်းနားရေးဖို့မြို့မှာ ပြုလုပ်ခဲ့တဲ့ဂျော့ဖလွိုက်ရဲ့ နာရေးအခမ်းအနားကို ရာပေါင်းများစွာသောလူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ သူမွေးဖွားရာနေရာနားက ဘုရားရှိခိုးကျောင်းအနီးမှာ ပန်းစည်း၊ ပန်းခွေတွေချထားခဲ့ကြပါတယ်။

အဲဒီနောက်မှာ မိသားစုသီးသန့် နာရေးအခမ်းအနား ဆက်လက်ကျင်းပခဲ့ပါတယ်။ မြောက်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူး ရွိုင်းကူးပါးက မစ္စတာဖလွိုက်ကို ဂုဏ်ပြုတဲ့ အနေနဲ့ စနေတရက်လုံး အလံတဝက်လွှင့်ထူဖို့ ညွှန်ကြားခဲ့ပါတယ်။မင်နီယာပိုးလစ်ကို မရွှေ့ပြောင်းခင်မှာ သူနောက်ဆုံးနေထိုင်ခဲ့တဲ့ ဟျူးစတန်မြို့မှာလည်း အင်္ဂါနေ့မှာ နာရေးအခမ်းအနားပြုလုပ်ဖို့ ရှိပါတယ်။

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
အလြန္ႀကီးမားတဲ့ဆႏၵျပပြဲႀကီးေတြ အေမရိကန္မွာ ျဖစ္ပြား

အလြန္ႀကီးမားတဲ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပပြဲႀကီးေတြ အေမရိကန္ ျပည္ေထာင္စုတဝန္းမွာ ျဖစ္ပြားေနပါတယ္။ ေဂ်ာ့ဖလြိဳက္ေသဆုံးမႈက အစပ်ိဳးခဲ့တဲ့ အသားအေရာင္ခြဲျခားမႈဆန္႔က်င္ေရး၊ ရဲေတြရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈဆန္႔က်င္ေရးဆႏၵျပပြဲေတြကို ၁၂ ရက္ေျမာက္အျဖစ္ ဆက္လက္ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။

နယူးေယာက္၊ ခ်ီကာဂို၊ ေလာ့စ္အိန္ဂ်ယ္နဲ႔ ဆန္ဖရန္စစၥကိုတို႔မွာလည္း ႀကီးမားတဲ့ လူအုပ္ႀကီးေတြ ဆႏၵျပေနၾကပါတယ္။

သူေမြးဖြားရာ ေျမာက္ကယ္႐ိုလိုင္းနားျပည္နယ္မွာ ေဂ်ာ့ဖလြိဳက္ရဲ႕ နာေရးအခမ္းအနား မျပဳလုပ္ခင္သူ႔ကိုဂါရဝျပဳပြဲေတြကိုလည္း ဒီအေတာအတြင္းမွာပဲ ျပဳလုပ္ခဲ့ၾကပါတယ္။

ေမလ ၂၅ ရက္ေန႔က လက္နက္မဲ့ လူမည္း အမ်ိဳးသား ေဂ်ာ့ဖလြိဳက္ဟာ ရဲလက္ထဲမွာအသက္ဆုံးရႈံးခဲ့ပါတယ္။

မင္နီယာပိုလစ္မွာ ျဖစ္ပြားတဲ့ အဲဒီအျဖစ္အပ်က္ ဗြီဒီယိုထဲမွာ လူျဖဴရဲအရာရွိကေဂ်ာ့ဖလြိဳက္ရဲ႕ ဇက္ကိုဒူးနဲ႔ ၉ မိနစ္နီးပါး နင္းထားတာေတြ႕ခဲ့ရပါတယ္။

ရဲအရာရွိ ဒဲရက္ေခ်ာ္ဗင္ကို ရာထူးကထုတ္ပယ္ထားၿပီး လူသတ္မႈနဲ႔ တရားစြဲဆိုထားပါတယ္။ အတူရွိေနတဲ့ တျခားရဲအရာရွိ ၃ ေယာက္ကိုလည္း ရာထူးက ထုတ္ပယ္ၿပီး လူသတ္မႈမွာ အားေပးကူညီမႈ၊ ပူးေပါင္းႀကံစည္မႈေတြနဲ႔ တရားစြဲဆိုထားပါတယ္။

ႀကီးမားတဲ့ ဆႏၵျပပြဲႀကီးေတြဟာတျခားႏိုင္ငံေတြကိုလည္း ကူးစက္ျပန္႔ပြားျဖစ္ေပၚေနပါတယ္။

ၿဗိတိန္ႏိုင္ငံမွာဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မွာစိုးရိမ္လို႔ လူစုလူေဝးမလုပ္ဖို႔ အစိုးရကတားျမစ္ထားတဲ့ၾကားက ႀကီးမားတဲ့လူစုလူေဝးႀကီးဟာ လန္ဒန္ၿမိဳ႕လယ္ လႊတ္ေတာ္ရင္ျပင္မွာစုေဝး ဆႏၵျပေနၾကပါတယ္။

ၾသစေၾတးလ်ႏိုင္ငံမွာေတာ့ ဆစ္ဒနီ၊ မဲလ္ဘုန္း၊ ဘရစၥဘိန္းၿမိဳ႕ႀကီးေတြမွာ ၾသစေၾတးလ် ဌာေနတိုင္းရင္းသားေတြအေပၚ လူမ်ိဳးေရးခြဲျခားမႈေတြကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ ျဖစ္ပြားေနပါတယ္။

ျပင္သစ္ႏိုင္ငံမွာ ႀကီးမားတဲ့ ဆႏၵျပပြဲေတြ ျဖစ္ပြားခဲ့ၿပီး ရဲနဲ႔ ဆႏၵျပသူေတြ ပဋိပကၡျဖစ္ပြားခဲ့ၾကပါတယ္။ ျပင္သစ္၊ ဂ်ာမနီ၊ စပိန္အပါအဝင္ အနည္းဆုံး ကမာၻ႔ႏိုင္ငံေပါင္း ၄၀ မွာ ဆႏၵျပပြဲေတြ ျဖစ္ပြားခဲ့ၿပီး တခ်ိဳ႕ေနရာေတြမွာ အၾကမ္းဖက္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။

ဆႏၵျပပြဲေတြအတြင္းမွာ ဘာေတြ ျဖစ္ပြားခဲ့သလဲ

အေမရိကန္ျပည္ေထာင္စုအတြင္းမွာ အႀကီးဆုံးဆႏၵျပပြဲလို႔ ယူဆရတဲ့ ဝါရွင္တန္ဒီစီက ဆႏၵျပပြဲမွာ လူမည္းအသက္လည္း အေရးပါတယ္ ဆိုတဲ့ ဆိုင္းဘုတ္ေတြကိုင္ေဆာင္ဆႏၵျပခဲ့ၾကပါတယ္။ ျပည္ေထာင္စု အစိုးရ လႊတ္ေတာ္အေဆာက္အဦအနီး၊ လင္ကြန္းအထိမ္းအမွတ္အနီး၊ လားဖီးယက္ပန္းၿခံ၊ အိမ္ျဖဴေတာ္အနီးတို႔အျပင္ ေလာေလာလတ္လတ္ နာမည္သစ္ေပးထားတဲ့ လူမည္း အသက္အေရးပါတယ္ဆိုတဲ့ ပလာဇာတို႔မွာ ဆႏၵျပခဲ့ၾကပါတယ္။

ၿမိဳ႕ေတာ္ဝန္ ျမဴရီယယ္ေဘာက္ဆာက ဆႏၵျပပြဲေတြဟာ သမၼတထရမ့္ကို သတင္းစကားေပးပို႔ႏိုင္ခဲ့တယ္လို႔ဆိုၿပီး ႀကိဳဆိုခဲ့ပါတယ္။ တနလၤာေန႔ကအိမ္ျဖဴေတာ္ အနီး ဘုရားရွိခိုးေက်ာင္းကို သမၼတထရမ့္ မသြားေရာက္မီ ဆႏၵျပသူေတြကို မ်က္ရည္ယိုဗုံးအသုံးျပဳလူစုခြဲခဲ့ပါတယ္။

“ဝါရွင္တန္ဒီစီမွာ ဒါမ်ိဳးလုပ္ရင္ တျခား ဘယ္ျပည္နယ္မွာမဆိုလည္း သူဒါမ်ိဳးလုပ္လာႏိုင္တာပဲ။ကြၽန္မတို႔ ဘဝေတြဟာ လုံၿခဳံစိတ္ခ်မႈရွိေတာ့မွာ မဟုတ္ဘူး။ ကြၽန္မတို႔စစ္သားေတြကို ဒီလိုအသုံးမခ်သင့္ဘူး။ အေမရိကန္ႏိုင္ငံသားေတြကို ဖယ္ရွားဖို႔ အတြက္ အေမရိကန္ စစ္သားေတြကို ခိုင္းေစဖို႔ မသင့္ဘူး။” လို႔အမ်ိဳးသမီးၿမိဳ႕ေတာ္ဝန္ ျမဴရီယယ္ေဘာက္ဆာက ဆိုပါတယ္။ ဥပေဒစိုးမိုးေရးအရာရွိအားလုံးနဲ႔ ႏိုင္ငံေတာ္လုံၿခဳံေရးတပ္ဖြဲ႕တို႔ကို ၿမိဳ႕ေတြမွာ “မလိုအပ္ဘဲ” ခ်ထားတယ္လို႔ဆိုၿပီး ဖယ္ရွားေပးဖို႔ သူကေတာင္းဆိုပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ ဆႏၵျပသူ အဲရစ္ဝုဒ္က “ကြၽန္ေတာ္ဒီေနရာကို ေရာက္လာတယ္ဆိုတာမလာဘဲကို မေနႏိုင္ေတာ့လို႔ ေရာက္လာတာပါ။ အသားအေရာင္ခြဲျခားမႈဟာအေမရိကန္ရဲ႕ အစိတ္အပိုင္း တခုျဖစ္ေနတာ ၾကာလွပါၿပီ။” လို႔ဆိုပါတယ္။

အသက္ ၄၆ ႏွစ္အ႐ြယ္ ခရစၥတယ္ဘယ္လင္ဂ်ာကေတာ့ “ဒီဆႏၵျပပြဲနဲ႔ ပတ္သက္ၿပီး စိတ္ထဲမွာ တမူထူးျခားတယ္လို႔ ခံစားရပါတယ္။ ညီၫြတ္ခိုင္မာမႈနဲ႔ တန္းတူညီမွ်ေရးဆိုတဲ့ သတင္းစကားကို ထုတ္ေဖာ္ျပသႏိုင္တယ္”လို႔ ေမွ်ာ္လင့္ခ်က္ထားေနပါတယ္။

ဆႏၵျပပြဲေတြ ျဖစ္ကာစက ထုတ္ျပန္ထားတဲ့ ကာဖ်ဴးအမိန္႔ေတြကိုလည္း ၿမိဳ႕အမ်ားအျပားမွာ ျပန္႐ုပ္သိမ္းလိုက္ပါၿပီ။ တင္းက်ပ္မႈေတြ ေလွ်ာ့ေပါ့ေပးလိုက္သလို ဖမ္းဆီးမႈေတြလည္းသိပ္မလုပ္ေတာ့ပါဘူး။

ဒါေပမဲ့ ပို႔လန္းနဲ႔ ေအာ္ရီဂြန္ျပည္နယ္တို႔မွာ ဥပေဒမဲ့စုေဝးျခင္းနဲ႔ အမ်ားျပည္သူကိုေႏွာင့္ယွက္မႈ ဆိုင္ရာ ဥပေဒကို စေနေႏွာင္းပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ တရားေရးဌာနကို ခဲ၊ဓာတ္ဆီပုလင္းတို႔နဲ႔ အပစ္ေပါက္ခံရၿပီးေနာက္မွာ ထုတ္ျပန္ခဲ့တာပါ။ ဆီယဲ့တဲမွာလည္းအလားတူ ပစ္ေပါက္မႈမ်ိဳးရွိခဲ့ၿပီး ရဲအရာရွိတခ်ိဳ႕ ထိခိုက္နာက်င္ခဲ့တယ္လို႔ ဆိုပါတယ္။

ေစာေစာပိုင္းမွာလည္း နယူးေယာက္မွာ ဘ႐ြတ္ခလင္တံတားကို ဆႏၵျပသူေတြ ျဖတ္ေက်ာ္ခဲ့ပါတယ္။ ဆန္ဖရန္စစၥကိုမွာေတာ့ ဂိုးဒင္းဂိတ္တံတားကို ဆႏၵျပသူေတြက ေခတၱပိတ္ဆို႔ထားခဲ့ပါတယ္။ ခ်ီကာဂိုမွာ လူေပါင္း ၃ ေသာင္းေလာက္ ယူနီယံပန္းၿခံမွာ စုေဝးခဲ့ပါတယ္။ ေဟာလီးဝုဒ္လမ္းဆုံကို ေလာ့စ္အိတ္ဂ်ယ္ဆႏၵျပသမားေတြက ပိတ္ဆို႔ထားခဲ့ပါတယ္။

ရစ္ခ္်မြန္၊ ဗာဂ်ီးနီးယားတို႔မွာေတာ့ လူမည္းသမိုင္းနဲ႔ပတ္သက္ခဲ့ဖူးတဲ့ ကြန္ဖက္ဒရိတ္ ဗိုလ္ခ်ဳပ္တေယာက္ရဲ႕ ႐ုပ္တုကို ဆႏၵျပသူေတြက ၿဖိဳခ်ခဲ့ပါတယ္။အတၱလႏၲာနဲ႔ ဖီလာဒဲဖီးယားတို႔မွာေတာ့ လူထုက “တရားမွ်တမႈအလိုရွိသည္၊ ခ်စ္ျခင္းေမတၱာ အလိုရွိသည္”လို႔ ေႂကြးေၾကာ္ဆႏၵျပခဲ့ၾကပါတယ္။

လူမည္းအသက္အေရးပါသလို အေဆာက္အဦေတြလည္း အေရးပါပါတယ္လို႔ တန္းညႇိေရးသားခဲ့တဲ့ ဖီလာဒဲဖီးယားအင္ကြားရားသတင္းစာရဲ႕ ထိပ္ဆုံးအယ္ဒီတာကိုလည္း သတင္းသမားအမ်ားအျပားရဲ႕ ရႈတ္ခ်အျပစ္တင္သံေတြ ထြက္ေပၚလာၿပီးေနာက္မွာ ရာထူးက အနားေပးခဲ့ပါတယ္။

အခုလို အမ်ားျပည္သူ အုံႂကြေနတဲ့အခ်ိန္မ်ိဳးမွာ အေဆာက္အဦေတြလည္း အေရးပါပါတယ္ဆိုတဲ့ သတင္းေခါင္းစဥ္တင္ခဲ့တာဟာ ဆိုးဆိုးဝါးဝါးမွားယြင္းတဲ့ကိစၥျဖစ္တယ္လို႔ ဆိုၿပီး တာဝန္ရွိသူ စတန္ဝစၥခေနာ္စကီက ေတာင္းပန္ခဲ့ပါတယ္။

ဘတ္ဖဲလိုး ျပည္နယ္မွာ အသက္ ၇၅ ႏွစ္အ႐ြယ္ ဆႏၵျပအဖိုးအိုကို တြန္းလွဲခဲ့လို႔ ျပင္းျပင္းထန္ထန္ ဒဏ္ရာရသြားခဲ့တဲ့ ဗြီဒီယို ထြက္ေပၚလာၿပီးေနာက္ ရဲ ၂ ေယာက္ကို တိုက္ခိုက္မႈအမ်ိဳးအစား ဒုတိယအဆင့္က်ဴးလြန္မႈနဲ႔ တရားစြဲဆိုခဲ့ပါတယ္။ သမၼတထရမ့္ကေတာ့ ရဲအဖြဲ႕၊ ေထာက္လွမ္းေရးနဲ႔ ႏိုင္ငံေတာ္ ကာကြယ္ေရး တပ္ဖြဲ႕တို႔ကို အလြန္ေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ေက်းဇူးတင္ေၾကာင္း တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ဝါရွင္တန္လူထုဟာ ႀကိဳတင္မွန္းဆထားတာထက္ အမ်ားႀကီးနည္းတယ္လို႔လည္း ဆိုပါတယ္။

ဆႏၵျပသူေတြရဲ႕ လိုလားခ်က္

ဆႏၵျပမႈကို ေထာက္ခံသူေတြရဲ႕ ဆိုရွယ္မီဒီယာနဲ႔ လမ္းေတြေပၚမွာေဖာ္ျပခ်က္ေတြ အရ ကာလရွည္ၾကာရွိေနခဲ့တဲ့ အသားအေရာင္ခြဲျခားမႈ၊ မညီမွ်မႈ၊ ရဲရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈ၊ လူအမ်ားအျပားကိုက်န္းမာေရး ေစာင့္ေရွာက္မႈ မရေအာင္ ခြဲျခားထားရွိမႈ စတဲ့အခ်က္ေတြ ပါဝင္ပါတယ္။အေမရိကန္ျပည္ေထာင္စုမွာ လူမည္း အေမရိကန္ေတြ ေထာင္သြင္းအက်ဥ္းခ်ခံရမႈဟာ လူျဖဴအေမရိကန္ေတြ ေထာင္သြင္း အက်ဥ္းခ်ခံရမႈထက္ ၅ဆပိုမ်ားတယ္လို႔ အသားအေရာင္ကြဲျပားသူမ်ားဘဝျမႇင့္တင္ေရး အဖြဲ႕အစည္း NAACP ကဆိုပါတယ္။ လူမည္းနဲ႔ လူျဖဴေတြရဲ႕ မူးယစ္ေဆးဝါးသုံးစြဲမႈဟာ ဆတူသာရွိတဲ့တိုင္ေအာင္ မူးယစ္ေဆးဝါးမႈနဲ႔ ေထာင္က်သူလူမည္း အေရအတြက္ဟာ လူျဖဴအေရအတြက္ထက္ ၆ ဆပိုမ်ားတယ္လို႔လည္း ဆိုပါတယ္။

မီးဖြားစဥ္မွာလူမည္းအမ်ိဳးသမီး ေသဆုံးမႈဟာ လူျဖဴအမ်ိဳးသမီး ေသဆုံးမႈထက္ ၂ ဆပိုမ်ားတယ္လို႔ တရားဝင္က်န္းမာေရး ကိန္းဂဏန္းေတြက ေဖာ္ျပထားပါတယ္။စာသင္ေက်ာင္း၊ အိုးအိမ္နဲ႔ အမ်ားျပည္သူပိုင္ဝန္ေဆာင္မႈေတြမွာ အစိုးရကိုယ္တိုင္ ပိတ္ဆို႔ ဟန္႔တားထားတဲ့ လူမည္းလူျဖဴခြဲျခားမႈဟာ ဆယ္စုႏွစ္မ်ားစြာၾကာခဲ့ၿပီ ျဖစ္ပါတယ္။

ဖ်ဴးသုေတသနဌာနရဲ႕ ၂၀၁၉ ခုႏွစ္ေလ့လာခ်က္အရလူမည္း ၁၀ ေယာက္မွာ ၈ ေယာက္က ကြၽန္စနစ္ရဲ႕ အေမြဆိုးဟာ လူမည္းအေမရိကန္ေတြအေပၚမွာ ဒီေန႔အထိ႐ိုက္ခတ္ေနဆဲပဲလို႔ ဆိုၾကပါတယ္။ လူမည္းဆယ္ေယာက္မွာ ၅ ေယာက္ကေတာ့ အေမရိကန္မွာ ဘယ္ေတာ့လူျဖဴလူမည္း တန္းတူညီမွ်မႈဆိုတာ ရွိလာမယ္မထင္ဘူးလို႔ ဆိုၾကပါတယ္။

ေဂ်ာ့ဖလြိဳက္နာေရးအခမ္းအနား

ေျမာက္ကယ္႐ိုလိုင္းနားေရးဖို႔ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ေဂ်ာ့ဖလြိဳက္ရဲ႕ နာေရးအခမ္းအနားကို ရာေပါင္းမ်ားစြာေသာလူေတြ တက္ေရာက္ဂုဏ္ျပဳခဲ့ၾကပါတယ္။ သူေမြးဖြားရာေနရာနားက ဘုရားရွိခိုးေက်ာင္းအနီးမွာ ပန္းစည္း၊ ပန္းေခြေတြခ်ထားခဲ့ၾကပါတယ္။

အဲဒီေနာက္မွာ မိသားစုသီးသန္႔ နာေရးအခမ္းအနား ဆက္လက္က်င္းပခဲ့ပါတယ္။ ေျမာက္ကယ္႐ိုလိုင္းနား အုပ္ခ်ဳပ္ေရးမႉး ႐ြိဳင္းကူးပါးက မစၥတာဖလြိဳက္ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ စေနတရက္လုံး အလံတဝက္လႊင့္ထူဖို႔ ၫႊန္ၾကားခဲ့ပါတယ္။မင္နီယာပိုးလစ္ကို မေ႐ႊ႕ေျပာင္းခင္မွာ သူေနာက္ဆုံးေနထိုင္ခဲ့တဲ့ ဟ်ဴးစတန္ၿမိဳ႕မွာလည္း အဂၤါေန႔မွာ နာေရးအခမ္းအနားျပဳလုပ္ဖို႔ ရွိပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52957715
အလွန်ကြီးမားတဲ့ဆန္ဒပြပွဲကြီးတွေ အမေရိကန်မှာ ဖြစ်ပွား အလွန်ကြီးမားတဲ့ဆန္ဒပြပွဲကြီးတွေ အမေရိကန်မှာ ဖြစ်ပွား Reviewed by THITHTOOLWIN on 07:14 Rating: 5
Powered by Blogger.