ထီးချိုင့်မြို့နယ်တွင် မိုးကြိုး ပစ်ခတ်မှုကြောင့် ကျွဲမ (၇) ကောင်သေဆုံး


(Unicode)⤵⤵⤵
ထီးချိုင့် ဇွန် ၇

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် လေသာကျေးရွာအုပ်စု မဲဇာကျေးရွာနှင့် မန်ကျီးပင်ကျေးရွာတို့တွင် ဇွန်လ ၇ ရက်နေ့ နံနက် (၁:၂၀) အချိန်ခန့်က မိုးသည်းထန်ရွာသွန်းပြီး မိုးကြိုး ပစ်ခတ်မှုကြောင့် ကျွဲမ (၇) ကောင် သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။

       အဆိုပါမိုးကြိုးပစ်ခတ်မှုကြောင့် လေသာကျေးရွာအုပ်စု မဲဇာကျေးရွာနေတောင်သူ ဦးစာဥ၏ ကျွဲမ (၄) ကောင်နှင့် မန်ကျီးပင်ကျေးရွာနေ တောင်သူ ဦးသက်စိုးဦး၏ ကျွဲမ (၃) ကောင် စုစုပေါင်းကျွဲမ (၇) ကောင် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သိရပါသည်။

သတင်း-ဓါတ်ပုံ - Iprd Hteegyaing
--------------------------------------------

(Zawgyi)⤵⤵⤵

ထီးချိုင့် ဇွန် ၇



ထီးချိုင့်မြို့နယ်တွင် မိုးကြိုး ပစ်ခတ်မှုကြောင့် ကျွဲမ (၇) ကောင်သေဆုံး ထီးချိုင့်မြို့နယ်တွင် မိုးကြိုး ပစ်ခတ်မှုကြောင့် ကျွဲမ (၇) ကောင်သေဆုံး Reviewed by THITHTOOLWIN on 06:52 Rating: 5
Powered by Blogger.