လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကမ္ဘာတဝန်း ဆင်နွှဲ

လန်ဒန်မြို့ရှိ အမေရိကန်သံရုံးအနီး ဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒပြနေသည့် မြင်ကွင်း။ (ဇွန် ၇၊ ၂၀၂၀)
(Unicode)⤵⤵⤵
လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တနင်္ဂနွေနေ့က ကမ္ဘာတဝန်း ပြုလုပ်ခဲ့ရာမှာ ရောမ၊ ဘာလင်၊ လန်ဒန်နဲ့ ပဲရစ်မြို့ကြီးတွေမှာ လူပေါင်း သောင်းနဲ့ချီ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

အချို့ဆန္ဒပြပွဲတွေဟာ အမေရိကန်ပြည်ထောင်စု Minneapolis မြို့က လူမည်းအမျိုးသား George Floyd သေဆုံးမှုကြောင့် ပေါ်ပေါက်လာပေမယ့် ဥရောပနိုင်ငံတွေက ဆန္ဒပြပွဲတွေမှာတော့ သူတို့ဆီမှာရှိနေတဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေကို ဥပမာပေး ကိုးကား ထုတ်ဖော်ခဲ့ကြပါတယ်။

George Floyd ကို ဖမ်းဆီးစဉ်မှာ သူ့လည်ပင်းကို ရဲအရာရှိတဦးက ဒူးခေါင်းနဲ့ ထောက်ထားပြီးနောက် ဆေးရုံရောက်ချိန်မှာ သူ သေဆုံးသွားပြီဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က အီတလီနိုင်ငံ ရောမမြို့က ပြည်သူ့ရင်ပြင်မှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ပထမဆုံး လူထုဆန္ဒပြပွဲအဖြစ် နှာခေါင်းစည်း၊ မျက်နှာဖုံးတွေ ဝတ်ဆင်ထားတဲ့ လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြပါတယ်။

အလားတူ လန်ဒန်မြို့က လမ်းတွေပေါ်မှာလည်း သောင်းနဲ့ချီတဲ့ ပြည်သူတွေ ချီတက် ဆန္ဒပြခဲ့ကြသလို တချို့ကလည်း အမေရိကန်သံရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း လူမျိုးရေးခွဲခြားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ လိုနေကြောင်း ဦးဆောင်စည်းရုံးသူတွေက ဟောပြောခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံလည်း အပြစ်မကင်းဘူးလို့ ကြွေးကြော်ခဲ့ကြပါတယ်။

အထူးသဖြင့် Bristol မြို့မှာ ရှိနေတဲ့ ၁၇ ရာစု အနောက်အာဖရိကက ကျွန်ရောင်းဝယ်မှုကို ကြီးကြပ်ခဲ့တဲ့ အင်္ဂလိပ်နိုင်ငံရေးသမား Edward Colston ရုပ်တုကို ဆန္ဒပြသူတွေက ဖြုတ်ချပြီး ဆိပ်ကမ်းဘက်ကို ပို့ခဲ့ကြပါတယ်။

ကမ္ဘာကျော် ကိုရီးယားလူငယ် K-pop အဖွဲ့ဖြစ်တဲ့ BTS ကလည်း Black Lives Matter လူမည်းတွေရဲ့အသက်ကို တန်ဖိုးထားပါဆိုတဲ့ လှုပ်ရှားမှုအတွက် ဒေါ်လာတသန်း လှူဒါန်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂျာမနီနိုင်ငံက လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ဆန္ဒပြပွဲမှာ လူပေါင်း ၁၅,၀၀၀ လောက် ပါဝင်ခဲ့ပြီး ၁၀၀ နီးပါးလောက် အဖမ်းခံခဲ့ရကြောင်း ဂျာမန်ရဲအရာရှိတွေက ပြောပါတယ်။

အလားတူ ပြင်သစ်နဲ့ သြစတြေးလျ နိုင်ငံတွေမှာလည်း တနင်္ဂနွေနေ့က လူပေါင်း ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------
(Zawgyi)⤵⤵⤵
လူမ်ိဳးေရးခြဲျခားမႈ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ ကမာၻတဝန္း ဆင္ႏႊဲ

လူမ်ိဳးေရးခြဲျခားမႈ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြကို တနဂၤေႏြေန႔က ကမာၻတဝန္း ျပဳလုပ္ခဲ့ရာမွာ ေရာမ၊ ဘာလင္၊ လန္ဒန္နဲ႔ ပဲရစ္ၿမိဳ႕ႀကီးေတြမွာ လူေပါင္း ေသာင္းနဲ႔ခ်ီ လမ္းမေတြေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။

အခ်ိဳ႕ဆႏၵျပပြဲေတြဟာ အေမရိကန္ျပည္ေထာင္စု Minneapolis ၿမိဳ႕က လူမည္းအမ်ိဳးသား George Floyd ေသဆုံးမႈေၾကာင့္ ေပၚေပါက္လာေပမယ့္ ဥေရာပႏိုင္ငံေတြက ဆႏၵျပပြဲေတြမွာေတာ့ သူတို႔ဆီမွာရွိေနတဲ့ လူမ်ိဳးေရး အၾကမ္းဖက္မႈေတြကို ဥပမာေပး ကိုးကား ထုတ္ေဖာ္ခဲ့ၾကပါတယ္။

George Floyd ကို ဖမ္းဆီးစဥ္မွာ သူ႔လည္ပင္းကို ရဲအရာရွိတဦးက ဒူးေခါင္းနဲ႔ ေထာက္ထားၿပီးေနာက္ ေဆး႐ုံေရာက္ခ်ိန္မွာ သူ ေသဆုံးသြားၿပီျဖစ္တယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔က အီတလီႏိုင္ငံ ေရာမၿမိဳ႕က ျပည္သူ႔ရင္ျပင္မွာ လူမ်ိဳးေရးခြဲျခားမႈကို ဆန႔္က်င္တဲ့ ပထမဆုံး လူထုဆႏၵျပပြဲအျဖစ္ ႏွာေခါင္းစည္း၊ မ်က္ႏွာဖုံးေတြ ဝတ္ဆင္ထားတဲ့ လူေထာင္ေပါင္းမ်ားစြာ စုေဝးခဲ့ၾကပါတယ္။

အလားတူ လန္ဒန္ၿမိဳ႕က လမ္းေတြေပၚမွာလည္း ေသာင္းနဲ႔ခ်ီတဲ့ ျပည္သူေတြ ခ်ီတက္ ဆႏၵျပခဲ့ၾကသလို တခ်ိဳ႕ကလည္း အေမရိကန္သံ႐ုံးေရွ႕ ဆႏၵျပခဲ့ၾကပါတယ္။ ၿဗိတိန္ႏိုင္ငံမွာလည္း လူမ်ိဳးေရးခြဲျခားမႈကို ကိုင္တြယ္ေျဖရွင္းဖို႔ လိုေနေၾကာင္း ဦးေဆာင္စည္း႐ုံးသူေတြက ေဟာေျပာခဲ့ၾကပါတယ္။ ၿဗိတိန္ႏိုင္ငံလည္း အျပစ္မကင္းဘူးလို႔ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

အထူးသျဖင့္ Bristol ၿမိဳ႕မွာ ရွိေနတဲ့ ၁၇ ရာစု အေနာက္အာဖရိကက ကြၽန္ေရာင္းဝယ္မႈကို ႀကီးၾကပ္ခဲ့တဲ့ အဂၤလိပ္ႏိုင္ငံေရးသမား Edward Colston ႐ုပ္တုကို ဆႏၵျပသူေတြက ျဖဳတ္ခ်ၿပီး ဆိပ္ကမ္းဘက္ကို ပို႔ခဲ့ၾကပါတယ္။

ကမာၻေက်ာ္ ကိုရီးယားလူငယ္ K-pop အဖြဲ႕ျဖစ္တဲ့ BTS ကလည္း Black Lives Matter လူမည္းေတြရဲ႕အသက္ကို တန္ဖိုးထားပါဆိုတဲ့ လႈပ္ရွားမႈအတြက္ ေဒၚလာတသန္း လႉဒါန္းခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဂ်ာမနီႏိုင္ငံက လူမ်ိဳးေရးခြဲျခားမႈ ဆန႔္က်င္ဆႏၵျပပြဲမွာ လူေပါင္း ၁၅,၀၀၀ ေလာက္ ပါဝင္ခဲ့ၿပီး ၁၀၀ နီးပါးေလာက္ အဖမ္းခံခဲ့ရေၾကာင္း ဂ်ာမန္ရဲအရာရွိေတြက ေျပာပါတယ္။

အလားတူ ျပင္သစ္နဲ႔ ၾသစေၾတးလ် ႏိုင္ငံေတြမွာလည္း တနဂၤေႏြေန႔က လူေပါင္း ေထာင္နဲ႔ခ်ီ ဆႏၵျပခဲ့ၾကပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/protests-racism-around-the-world/5453128.html
လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကမ္ဘာတဝန်း ဆင်နွှဲ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကမ္ဘာတဝန်း ဆင်နွှဲ Reviewed by THITHTOOLWIN on 07:14 Rating: 5
Powered by Blogger.