နိုင်ငံရေးရှုပ်ထွေးအောင် သတင်းမှားဖြန့်ဝေနေတဲ့ အဖွဲ့တစ်ခုကို အရေးယူသွားမယ်လို့ ဦးဇော်ဌေးပြော


(Unicode)⤵⤵⤵
 ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးရှုပ်ထွေးမှုတွေဖြစ်အောင် ငွေသိန်းထောင်ချီသုံးပြီး ဖေ့ဘုတ်လူမှုကွန်ရက် စာမျက်နှာတွေ၊ Group တွေကတဆင့် သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ အဖွဲ့အစည်းတစ်ခု ရှိနေကြောင်းနဲ့၊  အဲဒီထဲမှာ ပါဝင်ပတ်သက်သူတွေကို စိစစ်ဖော်ထုတ် အရေးယူသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး နေပြည်တော်မှာ ဇွန်လ ၂၆ ရက် ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုရက်ပိုင်း လူမှုကွန်ရက်မှာ သတင်းအမှားတွေ ဖြန့်ဝေနေတဲ့အပေါ် ဘယ်လိုဆောင်ရွက်သွားမလဲ ဆိုတဲ့မေးခွန်းကို ဦးဇော်ဌေးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

နိုင်ငံရေးအရ တရားမျှတမှုရှိရှိ ယှဉ်ပြိုင်တာ၊ အစိုးရမှာ အားနည်းချက်ရှိတယ်ဆိုပြီး ထောက်ပြတာမျိုးတွေ မလုပ်ဘဲ ရွေးကောက်ပွဲ နီးလာချိန်မှာ နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေဖြစ်အောင် သတင်းမှားတွေ ဖြန့်ဝေနေတာဖြစ်ပြီး၊ နိုင်ငံရေးအရ ပြည်သူလူထုနဲ့ အစိုးရအကြား အစိုးရနဲ့ ပါတီကြား၊ နိုင်ငံ့ဝန်ထမ်းနဲ့ ပါတီကြား၊ ပြည်သူလူထုကြားမှာ အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ သတင်းမှားဖြန့်တဲ့ပုံစံ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ  Forward Media Group (FMG) ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာတစ်ခုက ဦးဇော်ဌေးရဲ့ လုပ်ရပ်တွေဟာ NLD အစိုးရနဲ့ NLD ပါတီရဲ့ နောက်ကျောကို ဓားနဲ့ထိုးသလို ဖြစ်နေတဲ့အတွက် NLD ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က ဦးဇော်ဌေးကို မယုံကြည်ဘူးဆိုတဲ့ သတင်းမှားတစ်ခုကို တင်ခဲ့ပါတယ်။

အဲဒီသတင်းဟာ လုပ်ကြံသတင်းဖြစ်ကြောင်း၊ Forward သတင်းဌာနနဲ့ ဆက်သွယ်ပြောဆိုတာမျိုး မရှိခဲ့ကြောင်း၊ ဦးဇော်ဌေးနဲ့ မုံရွာအောင်ရှင်အကြား၊ ဦးဇော်ဌေးနဲ့ NLD အစိုးရအကြား ယုံကြည်မှုကင်းမဲ့အောင် လုပ်ကြံထားတာဖြစ်ကြောင်း မုံရွာအောင်ရှင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဒီသတင်းဟာ သတင်းမှားဖြစ်ကြောင်း ရှင်းခဲ့ပါတယ်။ လက်ရှိမှာ အဲဒီသတင်းမှားဖြန့်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို ဖော်ထုတ်နေပြီး၊ ပါဝင်ပတ်သက်တဲ့သူတွေကို စိစစ်ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

သတင်းအမှားဖြန့်နေတဲ့ အဖွဲ့အစည်းဟာ ဘယ်အဖွဲ့အစည်းဆိုတာကိုတော့ သတင်းစာရှင်းလင်းပွဲမှာ တိတိကျကျ ထုတ်ဖော်ပြောဆိုတာ  မရှိပေမယ့် "နေပြည်တော်အသိုင်းအဝိုင်းမှာ နေကြတဲ့သူတွေကို သူ့အနေနဲ့ သတိပေးလိုတယ်" ဆိုပြီး ဦးဇော်ဌေးက ပြောပါတယ်။

ဒီလို ပြောကြားချက်အပေါ် သတင်းထောက်တစ်ဦးက "နေပြည်တော်အသိုင်းအဝိုင်း" ဆိုတာ ဘာကိုဆိုလိုကြောင်း မေးခွန်းထုတ်ရာမှာ ဦးဇော်ဌေးက နေပြည်တော်အသိုင်းအဝိုင်းနဲ့ ဆက်စပ်ပြီး ဖေ့ဘုတ်မှာ တရားမဝင်စာမျက်နှာတွေ Group တွေဖွင့်ပြီး သတင်းတုတွေ တင်နေတဲ့သူတွေကို ပြောတာဖြစ်ကြောင်းနဲ့၊ ဘယ်သူတွေလုပ်နေလဲ ဆိုတာ သူအနေနဲ့ သိရှိကြောင်း၊ သက်သေ ခိုင်ခိုင်မာမာရဖို့ ဆောင်ရွက်နေပြီး သက်သေခိုင်မာတာနဲ့ ဥပဒေနဲ့အညီ တရားစွဲမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီလို အဖွဲ့အစည်းတွေက ဖြန့်ဝေတဲ့ သတင်းအမှားတွေပေါ်မှာ သတင်းဌာန မီဒီယာကြီးတွေက သံယောင်လိုက်ပြီး သတင်းရေးသားတဲ့အပေါ် စိတ်မကောင်းသလို စိတ်ပျက်မိကြောင်းလည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

သက်စုအောင် / RFA Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
ႏိုင္ငံေရးရႈပ္ေထြးေအာင္  သတင္းမွားျဖန႔္ေဝေနတဲ့ အဖြဲ႕တစ္ခုကို အေရးယူသြားမယ္လို႔  ဦးေဇာ္ေဌးေျပာ

 ေ႐ြးေကာက္ပြဲနီးလာတာနဲ႔အမွ် ႏိုင္ငံေရးရႈပ္ေထြးမႈေတြျဖစ္ေအာင္ ေငြသိန္းေထာင္ခ်ီသုံးၿပီး ေဖ့ဘုတ္လူမႈကြန္ရက္ စာမ်က္ႏွာေတြ၊ Group ေတြကတဆင့္ သတင္းအမွားေတြ ျဖန႔္ေဝေနတဲ့ အဖြဲ႕အစည္းတစ္ခု ရွိေနေၾကာင္းနဲ႔၊  အဲဒီထဲမွာ ပါဝင္ပတ္သက္သူေတြကို စိစစ္ေဖာ္ထုတ္ အေရးယူသြားမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန  ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာလိုက္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာနရဲ႕ တစ္ႏွစ္တာ ေဆာင္႐ြက္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ေနျပည္ေတာ္မွာ ဇြန္လ ၂၆ ရက္ ဒီေန႔က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုရက္ပိုင္း လူမႈကြန္ရက္မွာ သတင္းအမွားေတြ ျဖန႔္ေဝေနတဲ့အေပၚ ဘယ္လိုေဆာင္႐ြက္သြားမလဲ ဆိုတဲ့ေမးခြန္းကို ဦးေဇာ္ေဌးက အခုလို ျပန္လည္ေျဖၾကားခဲ့တာပါ။

ႏိုင္ငံေရးအရ တရားမွ်တမႈရွိရွိ ယွဥ္ၿပိဳင္တာ၊ အစိုးရမွာ အားနည္းခ်က္ရွိတယ္ဆိုၿပီး ေထာက္ျပတာမ်ိဳးေတြ မလုပ္ဘဲ ေ႐ြးေကာက္ပြဲ နီးလာခ်ိန္မွာ ႏိုင္ငံေရးအရ ရႈပ္ေထြးမႈေတြျဖစ္ေအာင္ သတင္းမွားေတြ ျဖန႔္ေဝေနတာျဖစ္ၿပီး၊ ႏိုင္ငံေရးအရ ျပည္သူလူထုနဲ႔ အစိုးရအၾကား အစိုးရနဲ႔ ပါတီၾကား၊ ႏိုင္ငံ့ဝန္ထမ္းနဲ႔ ပါတီၾကား၊ ျပည္သူလူထုၾကားမွာ အထင္အျမင္လြဲမွားေအာင္ ရည္႐ြယ္ခ်က္ရွိရွိ သတင္းမွားျဖန႔္တဲ့ပုံစံ ျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကပဲ  Forward Media Group (FMG) ဆိုတဲ့ လူမႈကြန္ရက္ စာမ်က္ႏွာတစ္ခုက ဦးေဇာ္ေဌးရဲ႕ လုပ္ရပ္ေတြဟာ NLD အစိုးရနဲ႔ NLD ပါတီရဲ႕ ေနာက္ေက်ာကို ဓားနဲ႔ထိုးသလို ျဖစ္ေနတဲ့အတြက္ NLD ျပန္ၾကားေရးတာဝန္ခံ မုံ႐ြာေအာင္ရွင္က ဦးေဇာ္ေဌးကို မယုံၾကည္ဘူးဆိုတဲ့ သတင္းမွားတစ္ခုကို တင္ခဲ့ပါတယ္။

အဲဒီသတင္းဟာ လုပ္ႀကံသတင္းျဖစ္ေၾကာင္း၊ Forward သတင္းဌာနနဲ႔ ဆက္သြယ္ေျပာဆိုတာမ်ိဳး မရွိခဲ့ေၾကာင္း၊ ဦးေဇာ္ေဌးနဲ႔ မုံ႐ြာေအာင္ရွင္အၾကား၊ ဦးေဇာ္ေဌးနဲ႔ NLD အစိုးရအၾကား ယုံၾကည္မႈကင္းမဲ့ေအာင္ လုပ္ႀကံထားတာျဖစ္ေၾကာင္း မုံ႐ြာေအာင္ရွင္က သူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ျပန္လည္ရွင္းလင္းခဲ့ပါတယ္။

အတိုင္ပင္ခံ႐ုံးၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးကလည္း သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ဒီသတင္းဟာ သတင္းမွားျဖစ္ေၾကာင္း ရွင္းခဲ့ပါတယ္။ လက္ရွိမွာ အဲဒီသတင္းမွားျဖန႔္တဲ့ လူမႈကြန္ရက္စာမ်က္ႏွာေတြကို ေဖာ္ထုတ္ေနၿပီး၊ ပါဝင္ပတ္သက္တဲ့သူေတြကို စိစစ္ေဖာ္ထုတ္ၿပီး ထိထိေရာက္ေရာက္ အေရးယူသြားမယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

သတင္းအမွားျဖန႔္ေနတဲ့ အဖြဲ႕အစည္းဟာ ဘယ္အဖြဲ႕အစည္းဆိုတာကိုေတာ့ သတင္းစာရွင္းလင္းပြဲမွာ တိတိက်က် ထုတ္ေဖာ္ေျပာဆိုတာ  မရွိေပမယ့္ "ေနျပည္ေတာ္အသိုင္းအဝိုင္းမွာ ေနၾကတဲ့သူေတြကို သူ႔အေနနဲ႔ သတိေပးလိုတယ္" ဆိုၿပီး ဦးေဇာ္ေဌးက ေျပာပါတယ္။

ဒီလို ေျပာၾကားခ်က္အေပၚ သတင္းေထာက္တစ္ဦးက "ေနျပည္ေတာ္အသိုင္းအဝိုင္း" ဆိုတာ ဘာကိုဆိုလိုေၾကာင္း ေမးခြန္းထုတ္ရာမွာ ဦးေဇာ္ေဌးက ေနျပည္ေတာ္အသိုင္းအဝိုင္းနဲ႔ ဆက္စပ္ၿပီး ေဖ့ဘုတ္မွာ တရားမဝင္စာမ်က္ႏွာေတြ Group ေတြဖြင့္ၿပီး သတင္းတုေတြ တင္ေနတဲ့သူေတြကို ေျပာတာျဖစ္ေၾကာင္းနဲ႔၊ ဘယ္သူေတြလုပ္ေနလဲ ဆိုတာ သူအေနနဲ႔ သိရွိေၾကာင္း၊ သက္ေသ ခိုင္ခိုင္မာမာရဖို႔ ေဆာင္႐ြက္ေနၿပီး သက္ေသခိုင္မာတာနဲ႔ ဥပေဒနဲ႔အညီ တရားစြဲမယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ အဲဒီလို အဖြဲ႕အစည္းေတြက ျဖန႔္ေဝတဲ့ သတင္းအမွားေတြေပၚမွာ သတင္းဌာန မီဒီယာႀကီးေတြက သံေယာင္လိုက္ၿပီး သတင္းေရးသားတဲ့အေပၚ စိတ္မေကာင္းသလို စိတ္ပ်က္မိေၾကာင္းလည္း ဦးေဇာ္ေဌးက သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

သက္စုေအာင္ / RFA Burmese
https://www.facebook.com/rfaburmese
နိုင်ငံရေးရှုပ်ထွေးအောင် သတင်းမှားဖြန့်ဝေနေတဲ့ အဖွဲ့တစ်ခုကို အရေးယူသွားမယ်လို့ ဦးဇော်ဌေးပြော နိုင်ငံရေးရှုပ်ထွေးအောင်  သတင်းမှားဖြန့်ဝေနေတဲ့ အဖွဲ့တစ်ခုကို အရေးယူသွားမယ်လို့  ဦးဇော်ဌေးပြော Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.