မောင်တောမှာ စိတ်ကြွရူးသွပ်ဆေးပြား ၉သန်းခွဲကျော် ဖမ်းမိ

 နေအိမ်မြေအောက်ခန်းအတွင်းကနေ ရှာဖွေတွေ့ရှိခဲ့
(Unicode)⤵⤵⤵
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့မှာ မေလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေက စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၉ သန်းခွဲကျော်ကို နှစ်ရက်ဆက်တိုက် ဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

မေလ ၃၀ ရက်နေ့ နေ့လယ် ၁ နာရီအခန့်အချိန်က မောင်တောမြို့ပေါ်က ကညင်တန်းရပ်ကွက်နေ ဦးဂျူဟာဟူဆိန် (ဘ) ရှာနာများ ၆၅ နှစ်၊ မရေခါယာဒ်ဖာတေမာ (ဘ) မာမူရော်ရှိမ်း ၂၅ နှစ်တို့နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၇သန်းကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီဆေးပြားတွေဟာ မူးယစ်တရားခံပြေး ဦးဂျူဟာဟူဆိန်ကို ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေရာမှာ ကညင်တန်းရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မြေအောက်ခန်းအတွင်းကနေ ရှာဖွေတွေ့ရှိခဲ့တာ လို့လည်း သိရပါတယ်။

မေ ၃၁ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးပြားတွေက မောင်တောမြို့အပြင်ဘက် ကံသာယာကျေးရွာနေ ဦးရွှေသိန်း (ဘ) ဦးကျော်သာစိန် ပိုင်ဆိုင်တဲ့ ရွာထိပ်က ကားဂိုဒေါင်အတွင်းမှာရှိနေတဲ့ FORLAND အမျိုးအစားကားပေါ်မှာ တင်ထားတဲ့ ဆေးပြားပေါင်း ၂ သန်းခွဲနီးပါး ကို ထပ်မံဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

"ပထမတစ်ရက်က ၇ သန်း ကျော်မိတယ်။ နောက်တစ်ရက်က ၂သန်းခွဲ နီးပါးမိတယ်။ ပထမတစ်ရက်ကတော့ တရားခံပြေးသွားဖမ်းရင်းနဲ့ သူ့အိမ်ထဲမှာ မသင်္ကာစရာ ကြွေပြားလန်နေတာကိုတွေ့လို့ အဲ့ဒါကို စစ်တဲ့အခါကတော့ မြေအောက်ခန်းထဲမှာ ထည့်ထားတာကိုတွေ့တာ။ တရားခံပြေးကလဲ မူးယစ်တရားခံပြေးပဲ။"လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
 နေအိမ်ပေါ်က သေနတ်တစ်လက်ပါ ဖမ်းဆီးရမိ
နောက်နေ့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေက သတင်းအရသွားရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့တဲ့အခါမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး မူးယစ်ဆေးနဲ့အတူ နေအိမ်ပေါ်က သေနတ်တစ်လက်ပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဦးစိုးအောင်ကပြောပါတယ်။

မူးယစ်ဆေးဝါး သတင်းရရှိထားတာကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့က ကံသာယာကျေးရွာက ဦးရွှေသိန်းရဲ့နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာမှာ ပိုင်ရှင်ဦးရွှေသိန်းကို မတွေ့ရှိဘဲ သူ့ရဲ့ဇနီး ဒေါ်ဦးမစိန် (ဘ) ဦးအရဲချေနဲ့အတူ နေအိမ်မှာရှိနေကြတဲ့ အမျိုးသား ၄ ဦးကိုတွေ့ရှိပြီး နေအိမ်ကိုရှာဖွေမှုတွေ ပြုလုပ်ရာမှာတော့ အိမ်ခန်းထဲရှိ ကော်ပုံးအတွင်းက Austria နိုင်ငံလုပ် GLOCKအမျိုးအစား ပစ္စတို တစ်လက်၊ ကျည် ၅ ထောင့်ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး ကံသာယာကျေးရွာထိပ်က သူတို့ပိုင်ဆိုင်တဲ့ ကားဂိုဒေါင်ကို သွားရောက်ရှာဖွေခဲ့ရာမှာ ဂိုဒေါင်အတွင်းမှာရှိတဲ့ ကားပေါ်မှာ မူးယစ်ဆေးတွေကို ကားသမားနဲ့အတူထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မောင်တောမြို့နယ် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်းက ယခုကဲ့သို့ မူးယစ်ဆေးဝါးတွေအများအပြား မကြာခဏဖမ်းဆီးရမိတာတွေရှိနေပေမယ့် အခုတစ်ကြိမ်ဖမ်းဆီးရရှိတဲ့ပမာဏဟာ အများဆုံးလည်းဖြစ်ပါတယ်။

အဲ့ဒီမူးယစ်ဆေးဝါးတွေဟာ ဒေသတွင်းဈေးကွက်တွေမှာ ဖြန့်ဖြူးရောင်းချနေတာမျိုးမဟုတ်ဘဲ တစ်ဖက်နိုင်ငံကိုတင်ပို့မယ့် ဆေးဝါးပစ္စည်းတွေဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

"မူးယစ်ဆေးဝါးက ကျွန်တော်တို့ဆီမှာ ထုတ်တာမှမဟုတ်တာ။ သယ်လာပြီး တစ်ဖက်ကို မပို့ခင်မိတာပါ။ မောင်တောက အဓိကဈေးကွက်လည်းမဟုတ်ဘူး။ ဒီလောက်အများကြီးကို ဘယ်မှာသုံးမလဲ။ ဘယ်သူမှမသုံးဘူး။ သူတို့ဟာသူတို့ ဒီကနေပြန်ပို့နေတာပဲရှိမှာပေါ့"လို့ ဦးစိုးအောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ယခင်က မူးယစ်ဆေးကင်းစင်တဲ့ဒေသတစ်ခုဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကနေ စတင်ပြီးတော့ မူးယစ်ဆေးဝါးတွေ တဖြည်းဖြည်းပေါများလာခဲ့ပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေတစ်ဆင့် အရှေ့အလယ်ပိုင်းဒေသတွေကို တင်ပို့ရောင်းချတဲ့အခါမှာ ရခိုင်ပြည်နယ်ဟာ မူးယစ်မောင်ခိုလမ်းကြောင်းတစ်ခုအဖြစ် တွင်ကျယ်လာခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ တင်ပို့ရောင်းချနေတဲ့ မူးယစ်ဆေးတွေထဲမှာ ယာဘ ခေါ် စိတ်ကြွရူးသွပ်ဆေးဟာ အများဆုံးပို့ကုန်တစ်ခုအဖြစ်တွေ့နေရပြီး ရခိုင်ပြည်နယ်ထဲကို အစောပိုင်းမှာ ကုန်းလမ်းကနေ သယ်ယူပို့ဆောင်တာတွေရှိခဲ့ပြီး ဖမ်းဆီးမှုတွေ များပြားလာတဲ့အခါမှာတော့ ပင်လယ်ရေလမ်းကြောင်းတွေကို အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေကြတာဖြစ်ပါတယ်။

BBC Burmese
------------------------------------------
(Zawgyi)⤵⤵⤵
ေမာင္ေတာမွာ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၉သန္းခြဲေက်ာ္ ဖမ္းမိ

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္နယ္စပ္က ေမာင္ေတာၿမိဳ႕မွာ ေမလ ၃၀ ရက္ေန႔နဲ႔ ၃၁ ရက္ေန႔ေတြက စိတ္ႂကြ႐ူးသြပ္ေဆးျပားေပါင္း ၉ သန္းခြဲေက်ာ္ကို ႏွစ္ရက္ဆက္တိုက္ ဖမ္းဆီးရမိခဲ့တယ္လို႔ ေမာင္ေတာခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။

ေမလ ၃၀ ရက္ေန႔ ေန႔လယ္ ၁ နာရီအခန႔္အခ်ိန္က ေမာင္ေတာၿမိဳ႕ေပၚက ကညင္တန္းရပ္ကြက္ေန ဦးဂ်ဴဟာဟူဆိန္ (ဘ) ရွာနာမ်ား ၆၅ ႏွစ္၊ မေရခါယာဒ္ဖာေတမာ (ဘ) မာမူေရာ္ရွိမ္း ၂၅ ႏွစ္တို႔ေနအိမ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပားေပါင္း ၇သန္းေက်ာ္ကို ဖမ္းဆီးရမိခဲ့ပါတယ္။

အဲ့ဒီေဆးျပားေတြဟာ မူးယစ္တရားခံေျပး ဦးဂ်ဴဟာဟူဆိန္ကို ရဲတပ္ဖြဲ႕က သြားေရာက္ရွာေဖြရာမွာ ကညင္တန္းရပ္ကြက္ရွိ သူ႔ရဲ႕ေနအိမ္ေျမေအာက္ခန္းအတြင္းကေန ရွာေဖြေတြ႕ရွိခဲ့တာ လို႔လည္း သိရပါတယ္။

ေမ ၃၁ ရက္ေန႔မနက္ပိုင္းမွာ ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးျပားေတြက ေမာင္ေတာၿမိဳ႕အျပင္ဘက္ ကံသာယာေက်း႐ြာေန ဦးေ႐ႊသိန္း (ဘ) ဦးေက်ာ္သာစိန္ ပိုင္ဆိုင္တဲ့ ႐ြာထိပ္က ကားဂိုေဒါင္အတြင္းမွာရွိေနတဲ့ FORLAND အမ်ိဳးအစားကားေပၚမွာ တင္ထားတဲ့ ေဆးျပားေပါင္း ၂ သန္းခြဲနီးပါး ကို ထပ္မံဖမ္းဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။

"ပထမတစ္ရက္က ၇ သန္း ေက်ာ္မိတယ္။ ေနာက္တစ္ရက္က ၂သန္းခြဲ နီးပါးမိတယ္။ ပထမတစ္ရက္ကေတာ့ တရားခံေျပးသြားဖမ္းရင္းနဲ႔ သူ႔အိမ္ထဲမွာ မသကၤာစရာ ေႂကြျပားလန္ေနတာကိုေတြ႕လို႔ အဲ့ဒါကို စစ္တဲ့အခါကေတာ့ ေျမေအာက္ခန္းထဲမွာ ထည့္ထားတာကိုေတြ႕တာ။ တရားခံေျပးကလဲ မူးယစ္တရားခံေျပးပဲ။"လို႔ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။

ေနာက္ေန႔ ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးေတြက သတင္းအရသြားေရာက္ရွာေဖြမႈေတြျပဳလုပ္ခဲ့တဲ့အခါမွာ ဖမ္းဆီးရမိခဲ့တာ ျဖစ္ၿပီး မူးယစ္ေဆးနဲ႔အတူ ေနအိမ္ေပၚက ေသနတ္တစ္လက္ပါ ဖမ္းဆီးရမိခဲ့တယ္လို႔ ဦးစိုးေအာင္ကေျပာပါတယ္။

မူးယစ္ေဆးဝါး သတင္းရရွိထားတာေၾကာင့္ နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနတဲ့အဖြဲ႕က ကံသာယာေက်း႐ြာက ဦးေ႐ႊသိန္းရဲ႕ေနအိမ္ကို သြားေရာက္ရွာေဖြခဲ့ရာမွာ ပိုင္ရွင္ဦးေ႐ႊသိန္းကို မေတြ႕ရွိဘဲ သူ႔ရဲ႕ဇနီး ေဒၚဦးမစိန္ (ဘ) ဦးအရဲေခ်နဲ႔အတူ ေနအိမ္မွာရွိေနၾကတဲ့ အမ်ိဳးသား ၄ ဦးကိုေတြ႕ရွိၿပီး ေနအိမ္ကိုရွာေဖြမႈေတြ ျပဳလုပ္ရာမွာေတာ့ အိမ္ခန္းထဲရွိ ေကာ္ပုံးအတြင္းက Austria ႏိုင္ငံလုပ္ GLOCKအမ်ိဳးအစား ပစၥတို တစ္လက္၊ က်ည္ ၅ ေထာင့္ကိုပါ ဖမ္းဆီးရမိခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ထားပါတယ္။

ဆက္လက္ၿပီး ကံသာယာေက်း႐ြာထိပ္က သူတို႔ပိုင္ဆိုင္တဲ့ ကားဂိုေဒါင္ကို သြားေရာက္ရွာေဖြခဲ့ရာမွာ ဂိုေဒါင္အတြင္းမွာရွိတဲ့ ကားေပၚမွာ မူးယစ္ေဆးေတြကို ကားသမားနဲ႔အတူထပ္မံဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ေမာင္ေတာၿမိဳ႕နယ္ မူးယစ္ေဆးဝါးတားဆီးကာကြယ္ေရးအဖြဲ႕ကို ဘီဘီစီက ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

ရခိုင္ျပည္နယ္အတြင္းက ယခုကဲ့သို႔ မူးယစ္ေဆးဝါးေတြအမ်ားအျပား မၾကာခဏဖမ္းဆီးရမိတာေတြရွိေနေပမယ့္ အခုတစ္ႀကိမ္ဖမ္းဆီးရရွိတဲ့ပမာဏဟာ အမ်ားဆုံးလည္းျဖစ္ပါတယ္။

အဲ့ဒီမူးယစ္ေဆးဝါးေတြဟာ ေဒသတြင္းေဈးကြက္ေတြမွာ ျဖန႔္ျဖဴးေရာင္းခ်ေနတာမ်ိဳးမဟုတ္ဘဲ တစ္ဖက္ႏိုင္ငံကိုတင္ပို႔မယ့္ ေဆးဝါးပစၥည္းေတြျဖစ္တယ္လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။

"မူးယစ္ေဆးဝါးက ကြၽန္ေတာ္တို႔ဆီမွာ ထုတ္တာမွမဟုတ္တာ။ သယ္လာၿပီး တစ္ဖက္ကို မပို႔ခင္မိတာပါ။ ေမာင္ေတာက အဓိကေဈးကြက္လည္းမဟုတ္ဘူး။ ဒီေလာက္အမ်ားႀကီးကို ဘယ္မွာသုံးမလဲ။ ဘယ္သူမွမသုံးဘူး။ သူတို႔ဟာသူတို႔ ဒီကေနျပန္ပို႔ေနတာပဲရွိမွာေပါ့"လို႔ ဦးစိုးေအာင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္ဟာ ယခင္က မူးယစ္ေဆးကင္းစင္တဲ့ေဒသတစ္ခုျဖစ္ခဲ့ေပမယ့္ လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္ကေန စတင္ၿပီးေတာ့ မူးယစ္ေဆးဝါးေတြ တျဖည္းျဖည္းေပါမ်ားလာခဲ့ၿပီး တစ္ဖက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကေနတစ္ဆင့္ အေရွ႕အလယ္ပိုင္းေဒသေတြကို တင္ပို႔ေရာင္းခ်တဲ့အခါမွာ ရခိုင္ျပည္နယ္ဟာ မူးယစ္ေမာင္ခိုလမ္းေၾကာင္းတစ္ခုအျဖစ္ တြင္က်ယ္လာခဲ့တာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္းက အေရွ႕အလယ္ပိုင္းႏိုင္ငံေတြဆီ တင္ပို႔ေရာင္းခ်ေနတဲ့ မူးယစ္ေဆးေတြထဲမွာ ယာဘ ေခၚ စိတ္ႂကြ႐ူးသြပ္ေဆးဟာ အမ်ားဆုံးပို႔ကုန္တစ္ခုအျဖစ္ေတြ႕ေနရၿပီး ရခိုင္ျပည္နယ္ထဲကို အေစာပိုင္းမွာ ကုန္းလမ္းကေန သယ္ယူပို႔ေဆာင္တာေတြရွိခဲ့ၿပီး ဖမ္းဆီးမႈေတြ မ်ားျပားလာတဲ့အခါမွာေတာ့ ပင္လယ္ေရလမ္းေၾကာင္းေတြကို အဓိကသယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းအျဖစ္ အသုံးျပဳေနၾကတာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52877079
မောင်တောမှာ စိတ်ကြွရူးသွပ်ဆေးပြား ၉သန်းခွဲကျော် ဖမ်းမိ မောင်တောမှာ စိတ်ကြွရူးသွပ်ဆေးပြား ၉သန်းခွဲကျော် ဖမ်းမိ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.