တိုက်ပွဲဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီး အမည်မသိ လူသေအလောင်း ၂ လောင်းတွေ့ရှိ

(ဓာတ်ပုံ- ယမန်နေ့က တိုက်ပွဲဖြစ်င်္ပြီးနောက် ကားများအသွားအလာရပ်သွားသည်ကို တွေ့မြင်ရစဉ်) 
(Unicode)⤵⤵⤵
နိရဥ္စရာ၊ ဇွန် ၂ဝ/ ၂ဝ၂ဝ

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့၊ ကျောက်ဆိပ်ကျေးရွာ အနီးတွင် ယနေ့ နံနက် ၇ နာရီခန့်က လူသေအလောင်း ၂ လောင်း တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လူသေအလောင်းနှစ်လောင်းကို  ယမန်နေ့ ဇွန်လ ၁၉ ရက်နံနက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည့်  ကျောက်ဆိပ်ကျေးရွာ၏ တောင်ဘက် ၅ ဖာလုံခန့်အကွာ၌ သေနတ်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့သည်ဟု ပြောဆိုသည်။

အလောင်းနှစ်လောင်း တွေ့ရှိခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ဆက်သွယ်စဉ် အတည်ပြု ပြောကြားသည်။ ၎င်းအမည်မသိအလောင်းနှစ်လောင်းမှာ ယခုအခါ ပုဏ္ဏားကျွန်းဆေးရုံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူက ဆိုသည်။

ယင်းအလောင်းများနှစ်လောင်းအား ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အရှင်သဘာဝနဒီက ကျောက်ဆိပ်ရွာ အဝင်၌ ရှိသည့် ဦးအောင်မြင့်၏ ဆီဆိုင်ရှေ့၌ တွေ့မြင်ခဲ့ကြောင်း ဆရာတော်က မိန့်သည်။ ဆရာတော် သဘာဝနဒီသည် ရခိုင် စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးစောင့်ရှောက်ပေးနေသည့် ဆရာတော်တစ်ပါးဖြစ်သည်။

“လူငယ်နှစ်ယောက်ပါ။ အရပ်ဝတ်နဲ့ ယောကျ်ားလေးတွေပေါ့။ သေနတ်ဒဏ်ရာလိုမျိုး ဒဏ်ရာတွေနဲ့ပေါ့။ ဗိုက်တွေ၊ နောက်ကျောတွေမှာပါ ဒဏ်ရာတွေက။ ဦးဇင်းက အခု ကျောက်ဆိပ်က ရွာသားတွေဆီကို ရောက်နေလို့ မြင်တာပေါ့နော်။ ရုပ်တော့ မပျက်သေးပါဘူး။ ဒါပေမယ့် ဘယ်ရွာကလဲ ဆိုတာကိုတော့ မသိဘူးပေါ့နော် ” ဟု ဦးဇင်းက နိရဥ္စရာသို့ မိန့်သည်။

အဆိုပါ အလောင်းများအား တွေ့ရှိခဲ့သည့် နေရာ အနီးတွင် တပ်မတော်နှင့် AA တို့ အကြား ယမန်နေ့နံနက်က  ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

၎င်းတိုက်ပွဲကြောင့် အနီးအနားရှိ ကျောက်ဆိပ်ကျေးရွာသားများမှာ ယိုးငူ၊ ကြံခင်း၊ ပန်းနီလာနှင့် မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာတို့ထံ ထွက်ပြေးခိုလှုံနေကြရသည်။

ကျောက်ဆိပ်ကျေးရွာမှ ဒေသခံတစ်ဦးကလည်း “သေနတ်ဒဏ်ရာတွေနဲ့ သေနေတာပါ။ ဆိုင်ကယ်လည်း နှစ်စီးနဲ့ပေါ့။ ကြည့်ရတာ ဆိုင်ကယ်နဲ့ ပုဏ္ဏားကျွန်းဘက်ကို သွားရင်း သေနတ်နဲ့ပစ် ခံရတာထင်တယ်။ အခု အဲဒီဆိုင်ကယ်တွေလည်း လဲနေတယ်။ ဆိုင်ကယ်ကတော့ ကျောက်ဆိပ်က ဆိုင်ကယ်ပါပဲ။ လူတွေကတော့ ကျောက်ဆိပ်ရွာသားတွေ မဟုတ်ဘူး ” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ အလောင်းအနီး လဲနေသော ဆိုင်ကယ် နှစ်စီးထဲမှ တစ်စီးမှာ ကျောက်ဆိပ်ကျေးရွာမှ ဒေါ်ဝင်းကြည်မေ၏ ဆိုင်ကယ်တစ်စီးဖြစ်ကြောင်း အဆိုပါ ကျောက်ဆိပ်ကျေးရွာမှ ဒေသခံက ပြောသည်။

သေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်သည်ကို ဒေသခံများစုံစမ်းနေဆဲ ဖြစ်သည်ဟု သိရသည်။

ကျောက်ဆိပ်ကျေးရွာတွင် အိမ်ခြေ ၄ဝဝ ခန့်ရှိပြီး  လူဦးရေ ၂ဝဝဝ ကျော်ရှိကြောင်းလည်း ရပ်မိရပ်ဖများက ပြောသည်။

ဆောင်းဇာခြည် / Narinjara
---------------------------------------
(Zawgyi)⤵⤵⤵
တိုက္ပြဲျဖစ္ပြားခဲ့သည့္ ပုဏၰားကြၽန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်း႐ြာအနီး အမည္မသိ လူေသအေလာင္း ၂ ေလာင္းေတြ႕ရွိ

နိရၪၥရာ၊ ဇြန္ ၂ဝ/ ၂ဝ၂ဝ

တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့သည့္ ပုဏၰားကြၽန္းၿမိဳ႕၊ ေက်ာက္ဆိပ္ေက်း႐ြာ အနီးတြင္ ယေန႔ နံနက္ ၇ နာရီခန႔္က လူေသအေလာင္း ၂ ေလာင္း ေတြ႕ရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

အဆိုပါ လူေသအေလာင္းႏွစ္ေလာင္းကို  ယမန္ေန႔ ဇြန္လ ၁၉ ရက္နံနက္က တိုက္ပြဲ ျဖစ္ပြားခဲ့သည့္  ေက်ာက္ဆိပ္ေက်း႐ြာ၏ ေတာင္ဘက္ ၅ ဖာလုံခန႔္အကြာ၌ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေတြ႕ရွိခဲ့သည္ဟု ေျပာဆိုသည္။

အေလာင္းႏွစ္ေလာင္း ေတြ႕ရွိျခင္းကို အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ယေန႔ နံနက္ ၁၁ နာရီခြဲခန႔္က ဆက္သြယ္စဥ္ အတည္ျပဳ ေျပာၾကားသည္။ ၎အမည္မသိအေလာင္းႏွစ္ေလာင္းမွာ ယခုအခါ ပုဏၰားကြၽန္းေဆး႐ုံသို႔ ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း သူက ဆိုသည္။

ယင္းအေလာင္းမ်ားႏွစ္ေလာင္းအား ကိုယ္တိုင္ျမင္ေတြ႕ခဲ့သည့္ အရွင္သဘာဝနဒီက ေက်ာက္ဆိပ္႐ြာ အဝင္၌ ရွိသည့္ ဦးေအာင္ျမင့္၏ ဆီဆိုင္ေရွ႕၌ ေတြ႕ျမင္ခဲ့ေၾကာင္း ဆရာေတာ္က မိန႔္သည္။ ဆရာေတာ္ သဘာဝနဒီသည္ ရခိုင္ စစ္ေဘးေရွာင္ျပည္သူမ်ားအား ကူညီေပးေစာင့္ေရွာက္ေပးေနသည့္ ဆရာေတာ္တစ္ပါးျဖစ္သည္။

“လူငယ္ႏွစ္ေယာက္ပါ။ အရပ္ဝတ္နဲ႔ ေယာက်္ားေလးေတြေပါ့။ ေသနတ္ဒဏ္ရာလိုမ်ိဳး ဒဏ္ရာေတြနဲ႔ေပါ့။ ဗိုက္ေတြ၊ ေနာက္ေက်ာေတြမွာပါ ဒဏ္ရာေတြက။ ဦးဇင္းက အခု ေက်ာက္ဆိပ္က ႐ြာသားေတြဆီကို ေရာက္ေနလို႔ ျမင္တာေပါ့ေနာ္။ ႐ုပ္ေတာ့ မပ်က္ေသးပါဘူး။ ဒါေပမယ့္ ဘယ္႐ြာကလဲ ဆိုတာကိုေတာ့ မသိဘူးေပါ့ေနာ္ ” ဟု ဦးဇင္းက နိရၪၥရာသို႔ မိန႔္သည္။

အဆိုပါ အေလာင္းမ်ားအား ေတြ႕ရွိခဲ့သည့္ ေနရာ အနီးတြင္ တပ္မေတာ္ႏွင့္ AA တို႔ အၾကား ယမန္ေန႔နံနက္က  ျပင္းထန္စြာ တိုက္ပြဲ ျဖစ္ပြားခဲ့သည္ဟု ဆိုသည္။

၎တိုက္ပြဲေၾကာင့္ အနီးအနားရွိ ေက်ာက္ဆိပ္ေက်း႐ြာသားမ်ားမွာ ယိုးငူ၊ ႀကံခင္း၊ ပန္းနီလာႏွင့္ ေျမာက္ဦးၿမိဳ႕နယ္ နတ္ေခ်ာင္းေက်း႐ြာတို႔ထံ ထြက္ေျပးခိုလႈံေနၾကရသည္။

ေက်ာက္ဆိပ္ေက်း႐ြာမွ ေဒသခံတစ္ဦးကလည္း “ေသနတ္ဒဏ္ရာေတြနဲ႔ ေသေနတာပါ။ ဆိုင္ကယ္လည္း ႏွစ္စီးနဲ႔ေပါ့။ ၾကည့္ရတာ ဆိုင္ကယ္နဲ႔ ပုဏၰားကြၽန္းဘက္ကို သြားရင္း ေသနတ္နဲ႔ပစ္ ခံရတာထင္တယ္။ အခု အဲဒီဆိုင္ကယ္ေတြလည္း လဲေနတယ္။ ဆိုင္ကယ္ကေတာ့ ေက်ာက္ဆိပ္က ဆိုင္ကယ္ပါပဲ။ လူေတြကေတာ့ ေက်ာက္ဆိပ္႐ြာသားေတြ မဟုတ္ဘူး ” ဟု နိရၪၥရာသို႔ ေျပာသည္။

အဆိုပါ အေလာင္းအနီး လဲေနေသာ ဆိုင္ကယ္ ႏွစ္စီးထဲမွ တစ္စီးမွာ ေက်ာက္ဆိပ္ေက်း႐ြာမွ ေဒၚဝင္းၾကည္ေမ၏ ဆိုင္ကယ္တစ္စီးျဖစ္ေၾကာင္း အဆိုပါ ေက်ာက္ဆိပ္ေက်း႐ြာမွ ေဒသခံက ေျပာသည္။

ေသဆုံးသူမ်ားမွာ မည္သူမည္ဝါ ျဖစ္သည္ကို ေဒသခံမ်ားစုံစမ္းေနဆဲ ျဖစ္သည္ဟု သိရသည္။

ေက်ာက္ဆိပ္ေက်း႐ြာတြင္ အိမ္ေျခ ၄ဝဝ ခန႔္ရွိၿပီး  လူဦးေရ ၂ဝဝဝ ေက်ာ္ရွိေၾကာင္းလည္း ရပ္မိရပ္ဖမ်ားက ေျပာသည္။

ေဆာင္းဇာျခည္ / Narinjara
https://www.facebook.com/narinjara.info
တိုက်ပွဲဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီး အမည်မသိ လူသေအလောင်း ၂ လောင်းတွေ့ရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီး အမည်မသိ လူသေအလောင်း ၂ လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.