လိုက်ဖ်လွှင့်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူအမှု သန်လျင်မြို့မရဲစခန်း စစ်ဆေးနေ

လိုက်ဖ်လွှင့်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူအမှု သန်လျင်မြို့မရဲစခန်း စစ်ဆေးနေ
(Unicode)⤵⤵⤵
လူမှုကွန်ရက်မှာ လိုက်ဖ်ဗီဒီယိုထုတ်လွှင့်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူအမှုကို သန်လျင်မြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြရတနာအိမ်ရာမှာ ဇွန်လ ၈ ရက် ညနေပိုင်းက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်ကို သေဆုံးသူဟာ သူကိုယ်တိုင် လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုကို ကနဦးစစ်ဆေးတဲ့အခါ သေဆုံးသူရဲ့ဇနီးဖြစ်သူပြောကြားချက်တွေအရ သေဆုံးသူဟာ မူးယစ်ဆေးသုံးစွဲပြီး အခုလိုပြုလုပ်တာလို့ သိရကြောင်း သန်လျင်မြို့မရဲစခန်းက တာဝန်ကျသူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ သေဆုံးသူကို အခု ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဓာတုဗေဒဝန်ရုံးက ပြန်ကြားလာတဲ့ ဆရာဝန် စစ်ချက်ထွက်ရှိလာမှာသာ အတည်ပြုနိုင်မယ်လို့ အထက်ပါအရာရှိက ဆက်ပြောပါတယ်။

လက်ရှိမှာ သူ့ရဲ့ဇနီးဖြစ်သူ ပြောကြားချက်အရသာ မှတ်တမ်းယူထားတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

နေအိမ်မှာ သေဆုံးသူနဲ့အတူ ဇနီး၊ သားနဲ့သမီးနဲ့ ယောက္ခမတစ်ဦး စုစုပေါင်း ငါးဦးနေထိုင်တာဖြစ်တယ်လို့ ရဲစခန်းက ပြောပါတယ်။

သေဆုံးသူဟာ စိတ်ကျန်းမာရေးမကောင်းသူလို့ သတင်းတွေလည်းထွက်ပေါ်နေပြီး သေဆုံးသူရဲ့ ယောက္ခမဖြစ်သူကလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ သေဆုံးသူရဲ့ ဆေးမှတ်တမ်းတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။

သေဆုံးသူဟာ စိတ်ကျန်းမာရေးကောင်းမကောင်းဆိုတာက ကနဦးစစ်ဆေးချက်အရ မိသားစုဝင်ဆီက စစ်ချက်ယူထားတာဖြစ်ပြီး အသေးစိတ်ကို ဆေးစစ်ချက်တွေထွက်ရှိလာမှသာ သိနိုင်မယ်လို့ ရဲစခန်းက ဆိုပါတယ်။

သေဆုံးသူဟာ ဇွန်လ ၈ ရက် ညနေပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ ၉ မိနစ်ခန့်ကြာတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြုလုပ်ပြီး နေအိမ်ထပ်ခိုးအဆင့်ဝရန်တာကနေ မိမိကိုယ်ကိုယ် ကြိုးဆွဲချအဆုံးစီရင်သွားတာဖြစ်ပါတယ်။

အဲဒီလိုမပြုလုပ်ခင် သားနဲ့သမီးဖြစ်သူကိုပါ အနားမှာခေါ်ထားခဲ့သလို မသေဆုံးမီမှာ အားလုံးကို နှုတ်ဆက်ပါတယ် ဆိုပြီး အော်ဟစ်ပြောကြားသွားခဲ့ပါတယ်။

မနေ့က အဲဒီ လိုက်ဖ်ဗီဒီယိုကို သေဆုံးသူရဲ့ အကောင့်ကနေ ဒေါင်းလုတ်ရယူပြီး တစ်ဆင့် ဖော်ပြတာတွေရှိခဲ့တဲ့နောက် လူမှုကွန်ရက်မှာ လူပြောအများဆုံး ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

ခုလို သေကြောင်းကြံစည်တာကို ကလေးငယ်တွေရှေ့ပြုလုပ်ခဲ့တဲ့အပေါ် အဓိက ဝေဖန်ပြောကြားတာတွေရှိခဲ့ပါတယ်။

လက်ရှိမှာတော့ သေဆုံးသူကို သန်လျင်မြို့မရဲစခန်းက သေမှုသေခင်းနဲ့အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

BBC Burmese
--------------------------------------------
(Zawgyi)⤵⤵⤵
လိုက္ဖ္လႊင့္ၿပီး မိမိကိုယ္ကိုယ္ အဆုံးစီရင္သြားသူအမႈ သန္လ်င္ၿမိဳ႕မရဲစခန္း စစ္ေဆးေန

လူမႈကြန္ရက္မွာ လိုက္ဖ္ဗီဒီယိုထုတ္လႊင့္ၿပီး မိမိကိုယ္ကိုယ္ အဆုံးစီရင္သြားသူအမႈကို သန္လ်င္ၿမိဳ႕မရဲစခန္းက စစ္ေဆးေနတယ္လို႔ တာ၀န္ရွိသူ တစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္၊ ျမရတနာအိမ္ရာမွာ ဇြန္လ ၈ ရက္ ညေနပိုင္းက အသက္ ၄၀ ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦး မိမိကိုယ္ကိုယ္ ႀကိဳးဆြဲခ်ေသဆုံးတဲ့ ျဖစ္စဥ္ျဖစ္ပြားခဲ့ပါတယ္။ အဲဒီ ျဖစ္စဥ္ကို ေသဆုံးသူဟာ သူကိုယ္တိုင္ လူမႈကြန္ရက္မွာ လိုက္ဖ္လႊင့္ခဲ့တာျဖစ္ပါတယ္။

ဒီအမႈကို ကနဦးစစ္ေဆးတဲ့အခါ ေသဆုံးသူရဲ႕ဇနီးျဖစ္သူေျပာၾကားခ်က္ေတြအရ ေသဆုံးသူဟာ မူးယစ္ေဆးသုံးစြဲၿပီး အခုလိုျပဳလုပ္တာလို႔ သိရေၾကာင္း သန္လ်င္ၿမိဳ႕မရဲစခန္းက တာဝန္က်သူတစ္ဦးက ေျပာပါတယ္။

ဒါေပမဲ့ ေသဆုံးသူကို အခု ရင္ခြဲစစ္ေဆးမႈေတြ ျပဳလုပ္ေနၿပီး ဓာတုေဗဒဝန္႐ုံးက ျပန္ၾကားလာတဲ့ ဆရာဝန္ စစ္ခ်က္ထြက္ရွိလာမွာသာ အတည္ျပဳႏိုင္မယ္လို႔ အထက္ပါအရာရွိက ဆက္ေျပာပါတယ္။

လက္ရွိမွာ သူ႔ရဲ႕ဇနီးျဖစ္သူ ေျပာၾကားခ်က္အရသာ မွတ္တမ္းယူထားတာျဖစ္တယ္လို႔ သူက ဆက္ေျပာပါတယ္။

ေနအိမ္မွာ ေသဆုံးသူနဲ႔အတူ ဇနီး၊ သားနဲ႔သမီးနဲ႔ ေယာကၡမတစ္ဦး စုစုေပါင္း ငါးဦးေနထိုင္တာျဖစ္တယ္လို႔ ရဲစခန္းက ေျပာပါတယ္။

ေသဆုံးသူဟာ စိတ္က်န္းမာေရးမေကာင္းသူလို႔ သတင္းေတြလည္းထြက္ေပၚေနၿပီး ေသဆုံးသူရဲ႕ ေယာကၡမျဖစ္သူကလည္း သူ႔ရဲ႕ လူမႈကြန္ရက္မွာ ေသဆုံးသူရဲ႕ ေဆးမွတ္တမ္းေတြကို ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

ေသဆုံးသူဟာ စိတ္က်န္းမာေရးေကာင္းမေကာင္းဆိုတာက ကနဦးစစ္ေဆးခ်က္အရ မိသားစုဝင္ဆီက စစ္ခ်က္ယူထားတာျဖစ္ၿပီး အေသးစိတ္ကို ေဆးစစ္ခ်က္ေတြထြက္ရွိလာမွသာ သိႏိုင္မယ္လို႔ ရဲစခန္းက ဆိုပါတယ္။

ေသဆုံးသူဟာ ဇြန္လ ၈ ရက္ ညေနပိုင္းမွာ သူ႔ရဲ႕ လူမႈကြန္ရက္အေကာင့္ကေန ၉ မိနစ္ခန႔္ၾကာတဲ့ တိုက္႐ိုက္ထုတ္လႊင့္မႈကို ျပဳလုပ္ၿပီး ေနအိမ္ထပ္ခိုးအဆင့္ဝရန္တာကေန မိမိကိုယ္ကိုယ္ ႀကိဳးဆြဲခ်အဆုံးစီရင္သြားတာျဖစ္ပါတယ္။

အဲဒီလိုမျပဳလုပ္ခင္ သားနဲ႔သမီးျဖစ္သူကိုပါ အနားမွာေခၚထားခဲ့သလို မေသဆုံးမီမွာ အားလုံးကို ႏႈတ္ဆက္ပါတယ္ ဆိုၿပီး ေအာ္ဟစ္ေျပာၾကားသြားခဲ့ပါတယ္။

မေန႔က အဲဒီ လိုက္ဖ္ဗီဒီယိုကို ေသဆုံးသူရဲ႕ အေကာင့္ကေန ေဒါင္းလုတ္ရယူၿပီး တစ္ဆင့္ ေဖာ္ျပတာေတြရွိခဲ့တဲ့ေနာက္ လူမႈကြန္ရက္မွာ လူေျပာအမ်ားဆုံး ျဖစ္စဥ္လည္း ျဖစ္ခဲ့ပါတယ္။

ခုလို ေသေၾကာင္းႀကံစည္တာကို ကေလးငယ္ေတြေရွ႕ျပဳလုပ္ခဲ့တဲ့အေပၚ အဓိက ေဝဖန္ေျပာၾကားတာေတြရွိခဲ့ပါတယ္။

လက္ရွိမွာေတာ့ ေသဆုံးသူကို သန္လ်င္ၿမိဳ႕မရဲစခန္းက ေသမႈေသခင္းနဲ႔အမႈဖြင့္ထားတယ္လို႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52965495
လိုက်ဖ်လွှင့်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူအမှု သန်လျင်မြို့မရဲစခန်း စစ်ဆေးနေ လိုက်ဖ်လွှင့်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူအမှု သန်လျင်မြို့မရဲစခန်း စစ်ဆေးနေ Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.