ပြည်ပချေးငွေ ဝန်ထုပ်ဝန်ပိုးဖြစ်လာကြောင်း လေ့လာသူတို့ ထောက်ပြ

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်တွေကို ၂၀၂၀ ဇွန်လ ၈ ရက်နေ့က နေပြည်တော်မှာရှင်းလင်းစဉ် / Photo: Thet Sun Aung/RFA
(Unicode)⤵⤵⤵
မြန်မာနိုင်ငံရဲ့  ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ထဲမှာ တရုတ်နိုင်ငံဆီက ချေးငွေ  လေးဘီလီယံကျော်ရှိတဲ့အတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၅၀၀ ခန့် ပြန်လည်ပေးဆပ်နေရပြီး အစိုးရနဲ့ တိုင်းပြည် အတွက် ဝန်ထုတ်ဝန်ပိုးနဲ့ အကျပ်အတည်းဖြစ်နေတယ်လို့ လေ့လာသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

၂၀၁၉ ခုနှစ်ကုန် စာရင်းတွေအရ ပြည်ပချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိနေပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံဆီက ချေးငွေ လေးဘီလီယံကျော်ရှိတဲ့အတွက် ကြွေးမြီစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။

တရုတ်ကရတဲ့ ချေးငွေအများစုက ၂၀၁၀ ခုနှစ်မတိုင်ခင် တပ်မတော် အစိုးရလက်ထက်မှာ ဆိုင်းငံ့ကာလ နှစ် ၃၀ နဲ့  ချေးယူခဲ့တာဖြစ်ပါတယ်။

စီးပွားရေး လေ့လာသူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) က တရုတ်ကို အတိုးနှုန်း လေး ရာခိုင်နှုန်းကျော်နဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်းကျင် ပေးဆပ်နေရတဲ့အတွက် အစိုးရမှာ အကျပ်အတည်းဖြစ်နေတယ်လို့ ပြောပါတယ်။

"တရုတ်ချေးငွေ တော်တော်များများကလည်း ကျနော်တို့သိသလောက် ၂၀၁၀ မတိုင်ခင်က ချေးတဲ့ငွေတွေ ပေါ့နော်၊ အဲတော့ ၂၀၁၀ မတိုင်ခင်က ချေးတဲ့ငွေဖြစ်တဲ့အတွက် ဆိုင်းငံ့ နှစ် ၃၀ ဆိုတော့ ပြန်ဆပ်ရပြီပေါ့ ။ အခုက ပြန်ဆပ်ရပြီဆိုတော့ တစ်နှစ်ကို ဒေါ်လာ သန်း ၅၀၀ ပတ်ဝန်းကျင်လောက်ဆပ်ရမယ် အရင်းအတိုး ဒေါ်လာသန်း ၅၀၀ လောက်ရှိမယ် တရုတ်ချေးငွေ တော်တော်များများက အတိုးနှုန်း လေးရာခိုင်နှုန်းလောက် ရှိတယ်၊ နိုင်ငံတကာအတိုးနှုန်းနဲ့ နှိုင်းယှဉ်ရင် လေးရာခိုင်နှုန်းများတဲ့အတွက် ဒီလောက်များတဲ့ ပမာဏ ဖြစ်တဲ့အတွက် လက်ရှိအစိုးရအတွက် အကျပ်အတည်းအများကြီးရှိတယ်။"

တိုင်းပြည်ရဲ့ ချေးငွေ စုစုပေါင်းထဲက ၈၀ ရာခိုင်နှုန်းလောက်ကို အရင်းအတိုးဆပ်နေရတဲ့သဘောဖြစ်ပြီး ကြွေးမြီဖြေလျော့ပေးဖို့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးခဲ့တာတွေရှိပေမယ့် တရုတ်ဘက်က လိုက်လျောပုံမရှိဘူးလို့ ယူဆကြောင်း သူက ဆက်ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ တရုတ်ဆီက ကြွေးမြီသစ်မရှိသေးဘဲ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေထံကသာ ချေးယူတာတွေ့ရတယ်လို့ ဦးသန်းစိုး (ဘောဂဗေဒ) က မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးရဲထွဋ်က နိုင်ငံတကာ ဖိအားတွေကြောင့် တပ်မတော် အစိုးရလက်ထက်မှာ ရွေးချယ်ခွင့်မရှိဘဲ အတိုးနှုန်း အများကြီးနဲ့ တရုတ်ကနေ ချေးယူခဲ့ရတယ်လို့ ပြောပါတယ်။

"တပ်မတော်အစိုးရလက်ထက်မှာတုန်းက ဂျပန်တို့ အမေရိကန်တို့ အင်္ဂလန်တို့ ဥရောပသမဂ္ဂတို့ နိုင်ငံတွေက ကျနော်တို့ကို ပိုက်ဆံမချေးဘူး။ နောက်တစ်ချက်က အမေရိကန်ရဲ့ ဖိအားကြောင့် ကမ္ဘာ့ဘဏ်တို့ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့ကနေလည်း ချေးငွေမရဘူး၊ မရတဲ့အခါကျတော့ အများဆုံးရနိုင်တာက တရုတ်ပဲရှိတဲ့ အတွက် တရုတ်ဆီကနေ ကျနော်တို့က ချေးရတယ် အဲလိုချေးရတဲ့အတွက်ကြောင့် မဖြစ်မနေယူရတဲ့ အတွက်ကြောင့် ရှင်းရှင်းပြောရရင် ကိုယ့်ဘက်ကသိပ်ဈေးစစ်လို့မရဘူးပေါ့ဗျာ။ သူတို့ ပေးတဲ့အတိုးနဲ့ ယူရတဲ့အတွက်ကြောင့် အဲဒီအတိုးတွေကများခဲ့တယ်။"

တပ်မတော်အစိုးရလက်ထက်မှာ ဝန်ကြီးဌာနတွေက လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ပြည်စုံလုံလောက်တဲ့ လေ့လာစမ်းစစ်မှုတွေမလုပ်ဘဲ ချေးယူခဲ့တာတွေရှိလို့ လုပ်ငန်းမအောင်မြင်ဘဲ အတိုးနှုန်းတက်လာပြီး ဝန်ထုတ် ဝန်ပိုးဖြစ်ခဲ့ရတာတွေရှိခဲ့တယ်လို့ ဦးရဲထွဋ်က မှတ်ချက်ပြုပါတယ်။

မနေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက တရုတ်ရဲ့ ချေးငွေအတိုးနှုန်းဟာ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF လို အဖွဲ့တွေဆီကရတဲ့ ချေးငွေ အတိုးနှုန်းထက် အဆပိုများတဲ့အတွက် သတိထားသုံးဆွဲကြဖို့ ပြောခဲ့ပါတယ်။

"တရုတ်ပြည်ကတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ပေးငွေတွေကို ရွှေ့ဆိုင်းပေးမယ်ဆိုပြီးတော့ရှိပါတယ်တဲ့၊ အဲဒီတော့ တရုတ်ပြည်က ချေးငွေတွေကလည်းပဲ တကယ်ပြောကြစတမ်းဆိုရင် ကမ္ဘာ့ဘဏ်တို့၊ IMF တို့ ကနေ ချေးတာ ထက်စာရင် အတိုးနှုန်းတွေက အများကြီးမြင့်ပါတယ်။ အထူးသဖြင့်ပေါ့လေ အဲလိုအတိုးနှုန်းများတဲ့ ချေးငွေ တွေနဲ့ ပတ်သက်ပြီးတော့ သုံးဆွဲတဲ့အခါမှာ ပရောဂျက်အဖြစ်သုံးဆွဲတဲ့အခါမှာ သိပ်ကို သက်ဆိုင်ရာဌာနတွေ အနေနဲ့ သတိပြုသင့်တယ်လို့ ကျနော်ပြောလိုပါတယ်။"

အစိုးရဝန်ကြီးဌာနတွေအနေနဲ့ နိုင်ငံခြားချေးငွေနဲ့ လုပ်တဲ့လုပ်ငန်းတွေဟာ တာဝန်ကြီးတဲ့အတွက် သတိထား ဖို့လိုပြီး  တရုတ်နိုင်ငံက ချေးငွေတွေဟာ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ထက် အတိုး နှုန်းအများကြီးမြင့်တယ်လို့ ဦးမော်သန်းက ပြောခဲ့ပါတယ်။

စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦး  က တရုတ်က နိုင်ငံတချို့ကို ကြွေးမြီ လျှော်ပေးခဲ့တာကို နမူနာယူပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ ကြွေးမြီ လျှော့ပေးဖို့ အစိုးရဘက်က ညိနှိုင်းသင့်တယ်လို့ အကြံပြုပါတယ်။

"တရုတ်နိုင်ငံက တခြားနိုင်ငံတချို့ပေါ့နော် ချေးငွေကိစ္စနဲ့ ပတ်သက်ပြီးတော့ လျော့ပေါ့စဉ်းစားခဲ့တာလေး တွေရှိတယ်၊ ဖြေလျော့မှုလေးတွေ ပေးခဲ့တာရှိတယ်။ အဲတော့ ကိုဗစ်ကာလမှာတော့ ဒါကို ကျနော်တို့ဘက်က တောင်းဆိုမယ် ညှိုနှိုင်းမယ်၊ ပြေလည်အောင် တချို့ကိစ္စတွေကို ကျနော်တို့ဘက်ကလည်း တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကြန့်ကြာမှုတွေရှိနေတဲ့ကိစ္စကိုလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ် စသဖြင့် ပေါ့နော် ပူးပေါင်းဆာင်ရွက်နိုင်မယ့် အစီအစဉ်မျိုးကို စဉ်းစားပြီးလုပ်မယ်ဆိုရင်တော့ ရကောင်းရနိုင်ပါတယ် ခင်ဗျ။"

ISP-Myanmar အဖွဲ့က ပြင်ပဆက်ဆံရေးအရာရှိ၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်း ကတော့ တရုတ်ကြွေးမြီထောက်ခြောက်ထဲ မရောက်အောင် အစိုးရတွေက သတိထားသင့်တယ်လို့ ပြောပါတယ်။

"အပြောများတာကတော့ ကြွေးမြီထောင်ချောက်လို့ ခေါ်တာပေါ့၊ အထူးသဖြင့် တရုတ်က BRI လို့ခေါ်တဲ့ စင်္ကြန်လမ်းမကြီးပေါ့ ဒါနဲ့ပတ်သက်လို့ ချေးငွေတွေ ဖြစ်လာမယ် စီမံကိန်းတွေ ဖြစ်လာမယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒီအတိုးတွေက ကြာရင် ပြသနာတက်နိုင်တယ်ဆိုတဲ့ကိစ္စမျိုး ပြောကြတာပေါ့ ဆိုတော့ တရုတ်ချေးငွေက လေးဘီလျံနီးပါးလောက်ရှိတယ် နောက်တစ်ခါ သူ့ရာခိုင်နှုန်းကလည်းများတယ် ၄.၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ခုနက ပြောသလို ကြွေးမြီထောင်ချောက် မဖြစ်အောင်လို့တော့ သတိထားရမယ့် သဘောရှိပါတယ်။"

မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အစိုးရဘတ်ဂျက် လိုငွေပြတာကို ဖြည့်ဖို့ ပြည်ပချေးငွေအဖြစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့  IMF ၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  JICA စတဲ့ အဖွဲ့အစည်းတွေကနေ ဒေါ်လာသန်းရာနဲ့ချီ ချေးယူဖို့ အတည်ပြုခဲ့ပါတယ်။

မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ လေးနှစ်မြောက်ကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က အသုံးပြုခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ စုစုပေါင်း ငွေကျပ် သန်း ၃၀၀၀ ကို လက်ရှိအစိုးရကို ပေးသွင်းဖို့ ကျန်နေပြီး မနေ့က ဇွန်လ ၈ ရက်နေ့မှာ ပေးဖို့ ညွှန်ကြားထားတယ်လို့ ပြောခဲ့ပါတယ်။

အဲဒီငွေတွေ ပြန်ပေးဖို့ ကျန်နေတဲ့ ပြည်နယ်နဲ့တိုင်းတွေကတော့ ရန်ကုန် ၊ မန္တလေး၊ ကရင်၊ ရှမ်း တို့ဖြစ်ပြီး မန္တလေးတိုင်းမှာ မီးလင်းရေးအတွက် ချေးငွေ ၃၂၂ သန်း ပြန်ပေးဖို့ ကျန်ရှိနေပါတယ်။

အလားတူ ရန်ကုန်တိုင်းမှာလည်း ကျောက်မျက်လုပ်ငန်းရှင်တွေကို စိုက်ထုတ်ပေးချေတဲ့ ငွေကျပ် ၁၃၂၂ သန်းရှိပြီး၊ ရှမ်းပြည်နယ်မှာ လျှပ်စစ်ဖော်ထုတ်တဲ့ စီမံကိန်းလုပ်ငန်းတွေမှာ မြေငှားရမ်းခ ကျန်ငွေ ၁၆.၅ သန်းနဲ့ ကရင် ပြည်နယ်မှာ ပုဂ္ဂိုလ်အဖွဲ့အစည်း ၄၅ ခုရဲ့ ကျပ်သန်း ၁၅၀၀ နီးပါးကို ပြန်ပေးဖို့ ကျန်နေသေးတယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြေငှားရမ်းခတွေနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေရှိပါသလားလို့ သတင်းထောက် တစ်ဦးက မနေ့က မေးမြန်းခဲ့ရာမှာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါ ကန့်သတ်ချက်တွေကြောင့် ကြီးကြပ် စစ်ဆေးလို့ မရနိုင်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူက ပြောခဲ့ပါတယ်။

RFA Burmese
---------------------------------
(Zawgyi)⤵⤵⤵
ျပည္ပေခ်းေငြ ဝန္ထုပ္ဝန္ပိုးျဖစ္လာေၾကာင္း ေလ့လာသူတို႔ ေထာက္ျပ

ျမန္မာႏိုင္ငံရဲ႕  ျပည္ပေခ်းေငြ အေမရိကန္ေဒၚလာ ၁၀ ဘီလီယံေက်ာ္ထဲမွာ တ႐ုတ္ႏိုင္ငံဆီက ေခ်းေငြ  ေလးဘီလီယံေက်ာ္ရွိတဲ့အတြက္ တစ္ႏွစ္ကို ေဒၚလာ သန္း ၅၀၀ ခန႔္ ျပန္လည္ေပးဆပ္ေနရၿပီး အစိုးရနဲ႔ တိုင္းျပည္ အတြက္ ဝန္ထုတ္ဝန္ပိုးနဲ႔ အက်ပ္အတည္းျဖစ္ေနတယ္လို႔ ေလ့လာသူေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

၂၀၁၉ ခုႏွစ္ကုန္ စာရင္းေတြအရ ျပည္ပေခ်းေငြပမာဏ အေမရိကန္ေဒၚလာ ၁၀ ဘီလီယံေက်ာ္ရွိေနၿပီး အဲဒီအထဲမွာ တ႐ုတ္ႏိုင္ငံဆီက ေခ်းေငြ ေလးဘီလီယံေက်ာ္ရွိတဲ့အတြက္ ေႂကြးၿမီစုစုေပါင္းရဲ႕ ၄၀ ရာခိုင္ႏႈန္းခန႔္ ရွိပါတယ္။

တ႐ုတ္ကရတဲ့ ေခ်းေငြအမ်ားစုက ၂၀၁၀ ခုႏွစ္မတိုင္ခင္ တပ္မေတာ္ အစိုးရလက္ထက္မွာ ဆိုင္းငံ့ကာလ ႏွစ္ ၃၀ နဲ႔  ေခ်းယူခဲ့တာျဖစ္ပါတယ္။

စီးပြားေရး ေလ့လာသူ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းစိုး (ေဘာဂေဗဒ) က တ႐ုတ္ကို အတိုးႏႈန္း ေလး ရာခိုင္ႏႈန္းေက်ာ္နဲ႔ တစ္ႏွစ္ကို အေမရိကန္ေဒၚလာ သန္း ၅၀၀ ဝန္းက်င္ ေပးဆပ္ေနရတဲ့အတြက္ အစိုးရမွာ အက်ပ္အတည္းျဖစ္ေနတယ္လို႔ ေျပာပါတယ္။

"တ႐ုတ္ေခ်းေငြ ေတာ္ေတာ္မ်ားမ်ားကလည္း က်ေနာ္တို႔သိသေလာက္ ၂၀၁၀ မတိုင္ခင္က ေခ်းတဲ့ေငြေတြ ေပါ့ေနာ္၊ အဲေတာ့ ၂၀၁၀ မတိုင္ခင္က ေခ်းတဲ့ေငြျဖစ္တဲ့အတြက္ ဆိုင္းငံ့ ႏွစ္ ၃၀ ဆိုေတာ့ ျပန္ဆပ္ရၿပီေပါ့ ။ အခုက ျပန္ဆပ္ရၿပီဆိုေတာ့ တစ္ႏွစ္ကို ေဒၚလာ သန္း ၅၀၀ ပတ္ဝန္းက်င္ေလာက္ဆပ္ရမယ္ အရင္းအတိုး ေဒၚလာသန္း ၅၀၀ ေလာက္ရွိမယ္ တ႐ုတ္ေခ်းေငြ ေတာ္ေတာ္မ်ားမ်ားက အတိုးႏႈန္း ေလးရာခိုင္ႏႈန္းေလာက္ ရွိတယ္၊ ႏိုင္ငံတကာအတိုးႏႈန္းနဲ႔ ႏႈိင္းယွဥ္ရင္ ေလးရာခိုင္ႏႈန္းမ်ားတဲ့အတြက္ ဒီေလာက္မ်ားတဲ့ ပမာဏ ျဖစ္တဲ့အတြက္ လက္ရွိအစိုးရအတြက္ အက်ပ္အတည္းအမ်ားႀကီးရွိတယ္။"

တိုင္းျပည္ရဲ႕ ေခ်းေငြ စုစုေပါင္းထဲက ၈၀ ရာခိုင္ႏႈန္းေလာက္ကို အရင္းအတိုးဆပ္ေနရတဲ့သေဘာျဖစ္ၿပီး ေႂကြးၿမီေျဖေလ်ာ့ေပးဖို႔ တ႐ုတ္ႏိုင္ငံနဲ႔ ေဆြးေႏြးခဲ့တာေတြရွိေပမယ့္ တ႐ုတ္ဘက္က လိုက္ေလ်ာပုံမရွိဘူးလို႔ ယူဆေၾကာင္း သူက ဆက္ေျပာပါတယ္။

NLD အစိုးရလက္ထက္မွာ တ႐ုတ္ဆီက ေႂကြးၿမီသစ္မရွိေသးဘဲ တျခားႏိုင္ငံတကာ အဖြဲ႕အစည္းေတြထံကသာ ေခ်းယူတာေတြ႕ရတယ္လို႔ ဦးသန္းစိုး (ေဘာဂေဗဒ) က မွတ္ခ်က္ျပဳပါတယ္။

ၿပီးခဲ့တဲ့ ဦးသိန္းစိန္ အစိုးရလက္ထက္မွာ ျပန္ၾကားေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့တဲ့ ဦးရဲထြဋ္က ႏိုင္ငံတကာ ဖိအားေတြေၾကာင့္ တပ္မေတာ္ အစိုးရလက္ထက္မွာ ေ႐ြးခ်ယ္ခြင့္မရွိဘဲ အတိုးႏႈန္း အမ်ားႀကီးနဲ႔ တ႐ုတ္ကေန ေခ်းယူခဲ့ရတယ္လို႔ ေျပာပါတယ္။

"တပ္မေတာ္အစိုးရလက္ထက္မွာတုန္းက ဂ်ပန္တို႔ အေမရိကန္တို႔ အဂၤလန္တို႔ ဥေရာပသမဂၢတို႔ ႏိုင္ငံေတြက က်ေနာ္တို႔ကို ပိုက္ဆံမေခ်းဘူး။ ေနာက္တစ္ခ်က္က အေမရိကန္ရဲ႕ ဖိအားေၾကာင့္ ကမာၻ႔ဘဏ္တို႔ အာရွ ဖြံ႕ၿဖိဳးေရးဘဏ္တို႔ကေနလည္း ေခ်းေငြမရဘူး၊ မရတဲ့အခါက်ေတာ့ အမ်ားဆုံးရႏိုင္တာက တ႐ုတ္ပဲရွိတဲ့ အတြက္ တ႐ုတ္ဆီကေန က်ေနာ္တို႔က ေခ်းရတယ္ အဲလိုေခ်းရတဲ့အတြက္ေၾကာင့္ မျဖစ္မေနယူရတဲ့ အတြက္ေၾကာင့္ ရွင္းရွင္းေျပာရရင္ ကိုယ့္ဘက္ကသိပ္ေဈးစစ္လို႔မရဘူးေပါ့ဗ်ာ။ သူတို႔ ေပးတဲ့အတိုးနဲ႔ ယူရတဲ့အတြက္ေၾကာင့္ အဲဒီအတိုးေတြကမ်ားခဲ့တယ္။"

တပ္မေတာ္အစိုးရလက္ထက္မွာ ဝန္ႀကီးဌာနေတြက လုပ္ငန္းေတြ အေကာင္အထည္ေဖာ္ဖို႔ ျပည္စုံလုံေလာက္တဲ့ ေလ့လာစမ္းစစ္မႈေတြမလုပ္ဘဲ ေခ်းယူခဲ့တာေတြရွိလို႔ လုပ္ငန္းမေအာင္ျမင္ဘဲ အတိုးႏႈန္းတက္လာၿပီး ဝန္ထုတ္ ဝန္ပိုးျဖစ္ခဲ့ရတာေတြရွိခဲ့တယ္လို႔ ဦးရဲထြဋ္က မွတ္ခ်က္ျပဳပါတယ္။

မေန႔က ေနျပည္ေတာ္မွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ ဦးေမာ္သန္းက တ႐ုတ္ရဲ႕ ေခ်းေငြအတိုးႏႈန္းဟာ ကမာၻ႔ဘဏ္နဲ႔ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ IMF လို အဖြဲ႕ေတြဆီကရတဲ့ ေခ်းေငြ အတိုးႏႈန္းထက္ အဆပိုမ်ားတဲ့အတြက္ သတိထားသုံးဆြဲၾကဖို႔ ေျပာခဲ့ပါတယ္။

"တ႐ုတ္ျပည္ကတဲ့ ဆင္းရဲတဲ့ႏိုင္ငံေတြကို ေပးေငြေတြကို ေ႐ႊ႕ဆိုင္းေပးမယ္ဆိုၿပီးေတာ့ရွိပါတယ္တဲ့၊ အဲဒီေတာ့ တ႐ုတ္ျပည္က ေခ်းေငြေတြကလည္းပဲ တကယ္ေျပာၾကစတမ္းဆိုရင္ ကမာၻ႔ဘဏ္တို႔၊ IMF တို႔ ကေန ေခ်းတာ ထက္စာရင္ အတိုးႏႈန္းေတြက အမ်ားႀကီးျမင့္ပါတယ္။ အထူးသျဖင့္ေပါ့ေလ အဲလိုအတိုးႏႈန္းမ်ားတဲ့ ေခ်းေငြ ေတြနဲ႔ ပတ္သက္ၿပီးေတာ့ သုံးဆြဲတဲ့အခါမွာ ပေရာဂ်က္အျဖစ္သုံးဆြဲတဲ့အခါမွာ သိပ္ကို သက္ဆိုင္ရာဌာနေတြ အေနနဲ႔ သတိျပဳသင့္တယ္လို႔ က်ေနာ္ေျပာလိုပါတယ္။"

အစိုးရဝန္ႀကီးဌာနေတြအေနနဲ႔ ႏိုင္ငံျခားေခ်းေငြနဲ႔ လုပ္တဲ့လုပ္ငန္းေတြဟာ တာဝန္ႀကီးတဲ့အတြက္ သတိထား ဖို႔လိုၿပီး  တ႐ုတ္ႏိုင္ငံက ေခ်းေငြေတြဟာ ကမာၻ႔ဘဏ္၊ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ IMF တို႔ထက္ အတိုး ႏႈန္းအမ်ားႀကီးျမင့္တယ္လို႔ ဦးေမာ္သန္းက ေျပာခဲ့ပါတယ္။

စီးပြားေရးပညာရွင္ ေဒါက္တာ ေဇာ္ဦး  က တ႐ုတ္က ႏိုင္ငံတခ်ိဳ႕ကို ေႂကြးၿမီ ေလွ်ာ္ေပးခဲ့တာကို နမူနာယူၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါကာလမွာ ေႂကြးၿမီ ေလွ်ာ့ေပးဖို႔ အစိုးရဘက္က ညိႏႈိင္းသင့္တယ္လို႔ အႀကံျပဳပါတယ္။

"တ႐ုတ္ႏိုင္ငံက တျခားႏိုင္ငံတခ်ိဳ႕ေပါ့ေနာ္ ေခ်းေငြကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ေလ်ာ့ေပါ့စဥ္းစားခဲ့တာေလး ေတြရွိတယ္၊ ေျဖေလ်ာ့မႈေလးေတြ ေပးခဲ့တာရွိတယ္။ အဲေတာ့ ကိုဗစ္ကာလမွာေတာ့ ဒါကို က်ေနာ္တို႔ဘက္က ေတာင္းဆိုမယ္ ညႇိဳႏႈိင္းမယ္၊ ေျပလည္ေအာင္ တခ်ိဳ႕ကိစၥေတြကို က်ေနာ္တို႔ဘက္ကလည္း တ႐ုတ္ႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ၾကန႔္ၾကာမႈေတြရွိေနတဲ့ကိစၥကိုလည္း ေျပလည္ေအာင္ ေျဖရွင္းေပးႏိုင္မယ္ စသျဖင့္ ေပါ့ေနာ္ ပူးေပါင္းဆာင္႐ြက္ႏိုင္မယ့္ အစီအစဥ္မ်ိဳးကို စဥ္းစားၿပီးလုပ္မယ္ဆိုရင္ေတာ့ ရေကာင္းရႏိုင္ပါတယ္ ခင္ဗ်။"

ISP-Myanmar အဖြဲ႕က ျပင္ပဆက္ဆံေရးအရာရွိ၊ ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးေအာင္သူၿငိမ္း ကေတာ့ တ႐ုတ္ေႂကြးၿမီေထာက္ေျခာက္ထဲ မေရာက္ေအာင္ အစိုးရေတြက သတိထားသင့္တယ္လို႔ ေျပာပါတယ္။

"အေျပာမ်ားတာကေတာ့ ေႂကြးၿမီေထာင္ေခ်ာက္လို႔ ေခၚတာေပါ့၊ အထူးသျဖင့္ တ႐ုတ္က BRI လို႔ေခၚတဲ့ စၾကၤန္လမ္းမႀကီးေပါ့ ဒါနဲ႔ပတ္သက္လို႔ ေခ်းေငြေတြ ျဖစ္လာမယ္ စီမံကိန္းေတြ ျဖစ္လာမယ္။ အဲဒါနဲ႔ ပတ္သက္လို႔ ဒီအတိုးေတြက ၾကာရင္ ျပသနာတက္ႏိုင္တယ္ဆိုတဲ့ကိစၥမ်ိဳး ေျပာၾကတာေပါ့ ဆိုေတာ့ တ႐ုတ္ေခ်းေငြက ေလးဘီလ်ံနီးပါးေလာက္ရွိတယ္ ေနာက္တစ္ခါ သူ႔ရာခိုင္ႏႈန္းကလည္းမ်ားတယ္ ၄.၅ ရာခိုင္ႏႈန္းေလာက္ရွိတယ္။ ခုနက ေျပာသလို ေႂကြးၿမီေထာင္ေခ်ာက္ မျဖစ္ေအာင္လို႔ေတာ့ သတိထားရမယ့္ သေဘာရွိပါတယ္။"

မၾကာေသးခင္က ၿပီးဆုံးခဲ့တဲ့ ၁၆ ႀကိမ္ေျမာက္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ အစိုးရဘတ္ဂ်က္ လိုေငြျပတာကို ျဖည့္ဖို႔ ျပည္ပေခ်းေငြအျဖစ္ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕  IMF ၊ ကမာၻ႔ဘဏ္၊ အျပည္ျပည္ ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕  JICA စတဲ့ အဖြဲ႕အစည္းေတြကေန ေဒၚလာသန္းရာနဲ႔ခ်ီ ေခ်းယူဖို႔ အတည္ျပဳခဲ့ပါတယ္။

မေန႔က ျပဳလုပ္တဲ့ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ရဲ႕ ေလးႏွစ္ေျမာက္ကာလအတြင္း ေဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ၿပီးခဲ့တဲ့ ဦးသိန္းစိန္ အစိုးရလက္ထက္က အသုံးျပဳခဲ့တဲ့ ေဒသဖြံ႕ၿဖိဳးေရး ရန္ပုံေငြ စုစုေပါင္း ေငြက်ပ္ သန္း ၃၀၀၀ ကို လက္ရွိအစိုးရကို ေပးသြင္းဖို႔ က်န္ေနၿပီး မေန႔က ဇြန္လ ၈ ရက္ေန႔မွာ ေပးဖို႔ ၫႊန္ၾကားထားတယ္လို႔ ေျပာခဲ့ပါတယ္။

အဲဒီေငြေတြ ျပန္ေပးဖို႔ က်န္ေနတဲ့ ျပည္နယ္နဲ႔တိုင္းေတြကေတာ့ ရန္ကုန္ ၊ မႏၲေလး၊ ကရင္၊ ရွမ္း တို႔ျဖစ္ၿပီး မႏၲေလးတိုင္းမွာ မီးလင္းေရးအတြက္ ေခ်းေငြ ၃၂၂ သန္း ျပန္ေပးဖို႔ က်န္ရွိေနပါတယ္။

အလားတူ ရန္ကုန္တိုင္းမွာလည္း ေက်ာက္မ်က္လုပ္ငန္းရွင္ေတြကို စိုက္ထုတ္ေပးေခ်တဲ့ ေငြက်ပ္ ၁၃၂၂ သန္းရွိၿပီး၊ ရွမ္းျပည္နယ္မွာ လွ်ပ္စစ္ေဖာ္ထုတ္တဲ့ စီမံကိန္းလုပ္ငန္းေတြမွာ ေျမငွားရမ္းခ က်န္ေငြ ၁၆.၅ သန္းနဲ႔ ကရင္ ျပည္နယ္မွာ ပုဂၢိဳလ္အဖြဲ႕အစည္း ၄၅ ခုရဲ႕ က်ပ္သန္း ၁၅၀၀ နီးပါးကို ျပန္ေပးဖို႔ က်န္ေနေသးတယ္လို႔ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္႐ုံး တာဝန္ရွိသူေတြက ေျပာပါတယ္။

ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေျမငွားရမ္းခေတြနဲ႔ ပတ္သက္ၿပီး စစ္ေဆးတာေတြရွိပါသလားလို႔ သတင္းေထာက္ တစ္ဦးက မေန႔က ေမးျမန္းခဲ့ရာမွာ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ဥပေဒပါ ကန႔္သတ္ခ်က္ေတြေၾကာင့္ ႀကီးၾကပ္ စစ္ေဆးလို႔ မရႏိုင္ေၾကာင္း ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္႐ုံး တာဝန္ရွိသူက ေျပာခဲ့ပါတယ္။

RFA Burmese
https://www.rfa.org/burmese/program_2/china-loan-crisis-06092020064610.html
ပြည်ပချေးငွေ ဝန်ထုပ်ဝန်ပိုးဖြစ်လာကြောင်း လေ့လာသူတို့ ထောက်ပြ ပြည်ပချေးငွေ ဝန်ထုပ်ဝန်ပိုးဖြစ်လာကြောင်း လေ့လာသူတို့ ထောက်ပြ Reviewed by THITHTOOLWIN on 18:18 Rating: 5
Powered by Blogger.