ဝါဒဖြန့်စာတွေ ပို့တယ်ဆိုပြီး တောင်ကိုရီးယားနဲ့အဆက်အသွယ်အားလုံး မြောက်ကိုရီးယား ဖြတ်ပစ်

တောင်ဘက်ကို ပြောင်းသွားသူတွေကို မြောက်ကိုရီးယားကျောင်းသားတွေ တနင်္လာနေ့က ရှုတ်ချပွဲလုပ်
(Unicode)⤵⤵⤵
တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား အရေးပေါ် ချက်ချင်း ဆက်သွယ်နိုင်တဲ့ဖုန်းလိုင်းတစ်ခု အပါအဝင် အဆက်အသွယ်တွေ အားလုံးကို ဖြတ်တောက်ပစ်မယ်လို့ မြောက်ကိုရီးယားက ကြေညာလိုက်ပါတယ်။

တောင်ကိုရီးယားကို ရန်သူနိုင်ငံအဖြစ် ပြောဆိုရင်း ဒါဟာ နောက်ထပ် ဆက်တိုက်လုပ်မယ့် အရေးယူဆောင်ရွက်ချက်တွေထဲမှာ ပထမဆုံး လုပ်ရပ် ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ် မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်း ကေဆွန်းမြို့က ပူးတွဲ ညှိနှိုင်းရေးရုံးဆီ နေ့စဉ် ဖုန်းခေါ်ဆိုနေတာတွေကို အင်္ဂါနေ့က စလို့ ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က ဆွေးနွေးပြောဆိုမှုတွေ လုပ်အပြီးမှာ နှစ်နိုင်ငံအကြား တင်းမာမှုတွေ လျော့ကျသွားစေဖို့ ဒီပူးတွဲညှိနှိုင်းရေးရုံးကို ဖွင့်ခဲ့တာပါ။

၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲ ပြီးဆုံးခဲ့ပေမဲ့ ငြိမ်းချမ်းရေး သဘောတူချက် မရသေးတဲ့အတွက် တကယ်တမ်းမှာ နှစ်နိုင်ငံ စစ်ဖြစ်နေကြတုန်းလို့ ပြောလို့ရပါတယ်။
၂၀၁၂ တုန်းက တောင်ဘက်ကနေ ပို့ဖို့ ပြင်ဆင်နေတဲ့ ချောကလက်တွေ
နှစ်နိုင်ငံ ပူးတွဲညှိနှိုင်းရေးရုံးကနေတဆင့် မြောက်နဲ့ တောင်ကိုရီးယား အာဏာပိုင်တွေအကြား ဆက်သွယ်ပြောဆိုနေတဲ့ ဖုန်းလိုင်းကို ၂၀၂၀ ဇွန်လ ၉ ရက် ၁၂ နာရီကစလို့ မြောက်ကိုရီးယားဘက်က လုံးဝပိတ်ပစ်တော့မယ် လို့ KCNA ကိုရီးယား ဗဟိုသတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်း ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ပူးတွဲ ညှိနှိုင်းရေးရုံးကို ဇန်နဝါရီလက ယာယီ ပိတ်ထားခဲ့ပြီး နှစ်နိုင်ငံအကြား အဆက်အသွယ်ကို ဖုန်းနဲ့ ဆက်လုပ်နေခဲ့ကြတာပါ။

ကိုရီးယား နှစ်နိုင်ငံအကြား နေ့စဉ် မနက် ၉ နာရီမှာတစ်ကြိမ်၊ ညနေ ၅ နာရီမှာ တစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် ပူးတွဲညှိနှိုင်းရေးရုံးကနေတဆင့် ဖုန်းအဆက်အသွယ် လုပ်လေ့ရှိပါတယ်။

တနင်္လာနေ့ကတော့ ၂၁ လအတွင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယားဘက်က မနက်ခင်း ဖုန်းကို မဖြေခဲ့ဘူးလို့ တောင်ကိုရီးယားက ပြောပါတယ်။

နေ့ခင်းမှာတော့ ဖုန်းအဆက်အသွယ် ရခဲ့ပါတယ်။
၂၀၁၂ တုန်းက ပြင်ဆင်နေတဲ့ ပူဖောင်းတွေ
"တောင်ကိုရီးယား အာဏာပိုင်တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ မလိုတော့ဘူးလို့ မြောက်ကိုရီးယားဘက်က ဆုံးဖြတ်လိုက်ပါပြီ။

မကျေနပ်စရာတွေ ဖြစ်လာအောင်ပဲ တောင်ကိုရီးယားဘက်က ဆွနေတဲ့အတွက် သူတို့နဲ့ ဆွေးနွေးစရာ ဘာအကြောင်းကိစ္စမှ မရှိတော့ပါဘူး" လို့ KNCA သတင်းမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားမှာ ဘက်ပြောင်း ခိုလှုံနေတဲ့ အုပ်စုတွေ မြောက်ကိုရီးယားနိုင်ငံထဲ ဝါဒဖြန့်တဲ့ လက်ကမ်းစာစောင်တွေ ပို့နေတာ မရပ်ရင် ညှိနှိုင်းရေးရုံးကို ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုန်အွန်းရဲ့ညီမဖြစ်သူ ကင်ယိုဂျုံ က ပြီးခဲ့တဲ့ သီတင်းပတ်က ခြိမ်းခြောက်သတိပေးခဲ့ပါတယ်။

ဒီလို ဝါဒဖြန့်စာတွေ ပို့နေတာဟာ ရန်လိုတဲ့ လုပ်ရပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ပန်မူဂျွမ် ထိပ်သီးဆွေးနွေးပွဲအတွင်း တောင်ကိုရီးယားခေါင်းဆောင် မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုန်အွန်းတို့အကြား သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူချက်ကို ဖောက်ဖျက်ရာကျတယ်လို့ သူက ပြောပါတယ်။

တောင်ကိုရီးယားမှာ ဘက်ပြောင်း ခိုလှုံနေကြတဲ့ အုပ်စုတွေက ကွန်မြူနစ်အစိုးရအပေါ် ဝေဖန်ထားတဲ့ လက်ကမ်းစာစောင်တွေကို လေပူဖောင်းတွေနဲ့ မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်းကို မကြာခဏ ပို့လွှတ်လေ့ ရှိပါတယ်။

ပူဖောင်းတွေကို မြောက်ကိုရီးယားပြည်သူတွေ ယူကြည့်အောင် မက်လုံးပေးတဲ့အနေနဲ့ တစ်ခါတလေ အစားအသောက်တွေ၊ ပစ္စည်းတွေ ထည့်ပေးတတ်ပါတယ်။
မြောက်ကိုရီးယားဆန့်ကျင်ရေး ပိုစတာ၊ ငွေကြေးနဲ့ မုန့်တွေထည့်ပို့
မြောက်ကိုရီးယားပြည်သူတွေဟာ အစိုးရထိန်းချုပ်တဲ့ သတင်းမီဒီယာတွေကနေပဲ သတင်းတွေ သိရလေ့ ရှိပြီး အများစုဟာ အင်တာနက် သုံးခွင့်မရှိကြပါဘူး။

တောင်နဲ့ မြောက်ကိုရီးယား အကြားဆက်ဆံရေးဟာ ၂၀၁၈ ခုနှစ်မှာ တိုးတက်လာပုံရပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ ၃ ကြိမ်တိုင် တွေ့ခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား ဆယ်စုနှစ်ကျော် တစ်ခုအတွင်း ဒီလောက် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးတာ မရှိခဲ့ဖူးပါဘူး။

ဒါပေမဲ့ မနှစ်တုန်းက ကင်ဂျုန်အွန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားသွားခဲ့အပြီး မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားနဲ့ အတော်များများ အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။ နျူကလီးယား ဆွေးနွေးပွဲလည်း ရှေ့မတိုး နောက်မဆုတ်နိုင် ဖြစ်ခဲ့ရပါတယ်။

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ် စစ်ပွဲဟာ ငြိမ်းချမ်းရေး သဘောတူချက် မချုပ်ဆိုနိုင်သေးပဲ အပစ်အခတ်ရပ်စဲရေး စာချုပ်တစ်ခုနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။
အခုအဆက်ဖြတ်တာက ပြည်တွင်းရေးကနေ အာရုံလွှဲတာမျိုး ဖြစ်နိုင်
သုံးသပ်ချက်
------------------------------------
လော်ရာ ဘစ်ကာ

ဆိုးလ်အခြေစိုက် ဘီဘီစီ သတင်းထောက်

အခု အဆက်ဖြတ်လိုက်တာဟာ နယ်စပ်ဖြတ်ကျော် စာရွက်တွေ ပို့တာ တစ်ခုတည်းကြောင့်တော့ ဟုတ်ပုံ မရပါဘူး။ ပြုံယမ်းမှာ ဒီထက်ပိုတဲ့ အကြံအစည် ကြီးကြီးမားမား ရှိမှာပါ။

မြောက်ကိုရီးယားက ဒီတင်းမာမှုကို အရှိန်ယူပြီး နောက်ပိုင်းဆွေးနွေးမှုတွေမှာ အကျပ်အတည်းဖြစ်အောင် ဖန်တီးတာမျိုး ဖြစ်နိုင်ပါတယ်။

အတိုချုပ်ပြောရရင် ရန်ပွဲတစ်ခု ဖန်တီးပြီး အာရုံစိုက်ခံရအောင် လုပ်တာနဲ့ တောင်ဘက်ကို တောင်းဆိုမှုတွေ ပိုလုပ်နိုင်အောင် လုပ်တာ ဖြစ်နိုင်ပါတယ်။

တောင်ဘက်က လိုက်လျောမှုတွေ ပိုရအောင် ဒီလို နိုင်ငံရေးကစားတာမျိုးကို ၂၀၁၃ မတိုင်ခင်ကလည်း မြောက်ဘက်က လုပ်ဖူးပါတယ်။

ပြီးတော့ ဒါက ပြည်တွင်းရေးကနေ အာရုံလွှဲလို့ကောင်းတာမျိုးလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက သူ ဆက်တိုက်ကတိပေးနေတဲ့ နိုင်ငံစီးပွားတိုးတက်အောင် လုပ်မယ်ဆိုတာ ဖြစ်အောင်မလုပ်နိုင်ဘဲ ကိုဗစ်ကူးစက်မှုလည်း ပြည်တွင်းကို ရိုက်ခတ်နေတယ်လို့ ကောလာဟလတွေက ဆက်ထွက်နေပါတယ်။
တက်ကြွလှုပ်ရှားသူတွေ၊ ဘက်ပြောင်းလာသူတွေ၊ တောင်ဘက်က ရှေးရိုးစွဲဝါဒီတွေနဲ့ ဘာသာရေးအုပ်စုတွေ ပူဖောင်းတွေ လွှင့်တင်ကြ
အဲဒါကြောင့် ဘုံရန်သူ ရှာပေးလိုက်ခြင်းအားဖြင့် လူတွေကို ကိစ္စတစ်ခုမှာ စုစည်းပေးထားလိုက်နိုင်ပါတယ်။

အဲဒီ မူဝါဒထဲက နည်းလမ်းတစ်ခုကလည်း သတိထားမိစရာ ဖြစ်ပါတယ်။

ကင်ဂျုံအွန်းရဲ့ညီမ ကင်ယိုဂျုံက တောင်ကိုရီးယားနဲ့ အဆက်အသွယ်တွေ ဖြတ်ပစ်ဖို့ အမိန့်ပေးပေးလိုက်တာပါ။

ဒါက သူ့ကို နေရာတစ်ခုပေးပြီး လူတွေ အာရုံထားလာစေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို နောက်တက်လာမယ့် ခေါင်းဆောင်အဖြစ် ပြင်ဆင်ပေးခံနေရပြီဆိုတဲ့ ထင်မြင်ချက်တွေကို ပိုတိုးလာစေပါလိမ့်မယ်။

ဒါပေမဲ့ အခုကိစ္စက တောင်ကိုရီးယား အစိုးရအတွက်တော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ် အကောင်းဘက်ကိုရောက်လာဖို့ လမ်းစပေါ်လာတုန်းက ခေါင်းဆောင်နှစ်ယောက် တွေ့ခဲ့ပြီး ဖုန်းအဆက်အသွယ်တွေ ဖွင့်လိုက်တုန်းက တောင်ကိုရီးယားဘက်မှာ အားရဝမ်းသာ ဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုတော့ မြောက်ဘက်ကို ခေါ်တဲ့ ဖုန်းတွေကို ပြန်မဖြေတော့ပါဘူး။

ဒါကြောင့် မေးစရာရှိတာက အခု အဆက်အသွယ် ဖြစ်မှုဟာ ပြုံယမ်း အကြံအစည်ရဲ့ အစပဲ ဖြစ်ဦးမယ်ဆိုရင် နောက်ထပ် ဘာတွေ လာဦးမလဲဆိုတာပါပဲ။

BBC Burmese
---------------------------------------------
(Zawgyi)⤵⤵⤵
ဝါဒျဖန္႔စာေတြ ပို႔တယ္ဆိုၿပီး ေတာင္ကိုရီးယားနဲ႔အဆက္အသြယ္အားလုံး ေျမာက္ကိုရီးယား ျဖတ္ပစ္

ေတာင္နဲ႔ေျမာက္ကိုရီးယား ႏွစ္ႏိုင္ငံ ေခါင္းေဆာင္ေတြအၾကား အေရးေပၚ ခ်က္ခ်င္း ဆက္သြယ္ႏိုင္တဲ့ဖုန္းလိုင္းတစ္ခု အပါအဝင္ အဆက္အသြယ္ေတြ အားလုံးကို ျဖတ္ေတာက္ပစ္မယ္လို႔ ေျမာက္ကိုရီးယားက ေၾကညာလိုက္ပါတယ္။

ေတာင္ကိုရီးယားကို ရန္သူႏိုင္ငံအျဖစ္ ေျပာဆိုရင္း ဒါဟာ ေနာက္ထပ္ ဆက္တိုက္လုပ္မယ့္ အေရးယူေဆာင္႐ြက္ခ်က္ေတြထဲမွာ ပထမဆုံး လုပ္ရပ္ ျဖစ္တယ္လို႔ ေျမာက္ကိုရီးယားက ေျပာပါတယ္။

ႏွစ္ႏိုင္ငံနယ္စပ္ ေျမာက္ကိုရီးယားႏိုင္ငံဘက္ျခမ္း ေကဆြန္းၿမိဳ႕က ပူးတြဲ ညႇိႏႈိင္းေရး႐ုံးဆီ ေန႔စဥ္ ဖုန္းေခၚဆိုေနတာေတြကို အဂၤါေန႔က စလို႔ ရပ္ဆိုင္းမွာ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္က ေဆြးေႏြးေျပာဆိုမႈေတြ လုပ္အၿပီးမွာ ႏွစ္ႏိုင္ငံအၾကား တင္းမာမႈေတြ ေလ်ာ့က်သြားေစဖို႔ ဒီပူးတြဲညႇိႏႈိင္းေရး႐ုံးကို ဖြင့္ခဲ့တာပါ။

၁၉၅၃ ခုႏွစ္မွာ ကိုရီးယားစစ္ပြဲ ၿပီးဆုံးခဲ့ေပမဲ့ ၿငိမ္းခ်မ္းေရး သေဘာတူခ်က္ မရေသးတဲ့အတြက္ တကယ္တမ္းမွာ ႏွစ္ႏိုင္ငံ စစ္ျဖစ္ေနၾကတုန္းလို႔ ေျပာလို႔ရပါတယ္။

ႏွစ္ႏိုင္ငံ ပူးတြဲညႇိႏႈိင္းေရး႐ုံးကေနတဆင့္ ေျမာက္နဲ႔ ေတာင္ကိုရီးယား အာဏာပိုင္ေတြအၾကား ဆက္သြယ္ေျပာဆိုေနတဲ့ ဖုန္းလိုင္းကို ၂၀၂၀ ဇြန္လ ၉ ရက္ ၁၂ နာရီကစလို႔ ေျမာက္ကိုရီးယားဘက္က လုံးဝပိတ္ပစ္ေတာ့မယ္ လို႔ KCNA ကိုရီးယား ဗဟိုသတင္းေအဂ်င္စီမွာ ေဖာ္ျပထားပါတယ္။

စစ္ဘက္ဆိုင္ရာ ဆက္သြယ္ေရးလမ္းေၾကာင္းေတြကိုလည္း ပိတ္ပစ္မယ္လို႔ ေျမာက္ကိုရီးယားက ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ပူးတြဲ ညႇိႏႈိင္းေရး႐ုံးကို ဇန္နဝါရီလက ယာယီ ပိတ္ထားခဲ့ၿပီး ႏွစ္ႏိုင္ငံအၾကား အဆက္အသြယ္ကို ဖုန္းနဲ႔ ဆက္လုပ္ေနခဲ့ၾကတာပါ။

ကိုရီးယား ႏွစ္ႏိုင္ငံအၾကား ေန႔စဥ္ မနက္ ၉ နာရီမွာတစ္ႀကိမ္၊ ညေန ၅ နာရီမွာ တစ္ႀကိမ္ တစ္ေန႔ကို ႏွစ္ႀကိမ္ ပူးတြဲညႇိႏႈိင္းေရး႐ုံးကေနတဆင့္ ဖုန္းအဆက္အသြယ္ လုပ္ေလ့ရွိပါတယ္။

တနလၤာေန႔ကေတာ့ ၂၁ လအတြင္း ပထမဆုံးအႀကိမ္ ေျမာက္ကိုရီးယားဘက္က မနက္ခင္း ဖုန္းကို မေျဖခဲ့ဘူးလို႔ ေတာင္ကိုရီးယားက ေျပာပါတယ္။

ေန႔ခင္းမွာေတာ့ ဖုန္းအဆက္အသြယ္ ရခဲ့ပါတယ္။

"ေတာင္ကိုရီးယား အာဏာပိုင္ေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံ ေဆြးေႏြးဖို႔ မလိုေတာ့ဘူးလို႔ ေျမာက္ကိုရီးယားဘက္က ဆုံးျဖတ္လိုက္ပါၿပီ။

မေက်နပ္စရာေတြ ျဖစ္လာေအာင္ပဲ ေတာင္ကိုရီးယားဘက္က ဆြေနတဲ့အတြက္ သူတို႔နဲ႔ ေဆြးေႏြးစရာ ဘာအေၾကာင္းကိစၥမွ မရွိေတာ့ပါဘူး" လို႔ KNCA သတင္းမွာ ေဖာ္ျပထားပါတယ္။

ေတာင္ကိုရီးယားမွာ ဘက္ေျပာင္း ခိုလႈံေနတဲ့ အုပ္စုေတြ ေျမာက္ကိုရီးယားႏိုင္ငံထဲ ဝါဒျဖန႔္တဲ့ လက္ကမ္းစာေစာင္ေတြ ပို႔ေနတာ မရပ္ရင္ ညႇိႏႈိင္းေရး႐ုံးကို ပိတ္ပစ္မယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳန္အြန္းရဲ႕ညီမျဖစ္သူ ကင္ယိုဂ်ဳံ က ၿပီးခဲ့တဲ့ သီတင္းပတ္က ၿခိမ္းေျခာက္သတိေပးခဲ့ပါတယ္။

ဒီလို ဝါဒျဖန႔္စာေတြ ပို႔ေနတာဟာ ရန္လိုတဲ့ လုပ္ရပ္ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ပန္မူဂြၽမ္ ထိပ္သီးေဆြးေႏြးပြဲအတြင္း ေတာင္ကိုရီးယားေခါင္းေဆာင္ မြန္ေဂ်အင္းနဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳန္အြန္းတို႔အၾကား သေဘာတူခဲ့တဲ့ ၿငိမ္းခ်မ္းေရးသေဘာတူခ်က္ကို ေဖာက္ဖ်က္ရာက်တယ္လို႔ သူက ေျပာပါတယ္။

ေတာင္ကိုရီးယားမွာ ဘက္ေျပာင္း ခိုလႈံေနၾကတဲ့ အုပ္စုေတြက ကြန္ျမဴနစ္အစိုးရအေပၚ ေဝဖန္ထားတဲ့ လက္ကမ္းစာေစာင္ေတြကို ေလပူေဖာင္းေတြနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံဘက္ျခမ္းကို မၾကာခဏ ပို႔လႊတ္ေလ့ ရွိပါတယ္။

ပူေဖာင္းေတြကို ေျမာက္ကိုရီးယားျပည္သူေတြ ယူၾကည့္ေအာင္ မက္လုံးေပးတဲ့အေနနဲ႔ တစ္ခါတေလ အစားအေသာက္ေတြ၊ ပစၥည္းေတြ ထည့္ေပးတတ္ပါတယ္။

ေျမာက္ကိုရီးယားျပည္သူေတြဟာ အစိုးရထိန္းခ်ဳပ္တဲ့ သတင္းမီဒီယာေတြကေနပဲ သတင္းေတြ သိရေလ့ ရွိၿပီး အမ်ားစုဟာ အင္တာနက္ သုံးခြင့္မရွိၾကပါဘူး။

ေတာင္နဲ႔ ေျမာက္ကိုရီးယား အၾကားဆက္ဆံေရးဟာ ၂၀၁၈ ခုႏွစ္မွာ တိုးတက္လာပုံရၿပီး ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြ ၃ ႀကိမ္တိုင္ ေတြ႕ခဲ့ၾကပါတယ္။

ႏွစ္ႏိုင္ငံအၾကား ဆယ္စုႏွစ္ေက်ာ္ တစ္ခုအတြင္း ဒီေလာက္ အဆင့္ျမင့္တဲ့ ပုဂၢိဳလ္ေတြ ေတြ႕ဆုံေဆြးေႏြးတာ မရွိခဲ့ဖူးပါဘူး။

ဒါေပမဲ့ မႏွစ္တုန္းက ကင္ဂ်ဳန္အြန္းနဲ႔ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္ တို႔ရဲ႕ ထိပ္သီးေဆြးေႏြးပြဲ ပ်က္ျပားသြားခဲ့အၿပီး ေျမာက္ကိုရီးယားဘက္က ေတာင္ကိုရီးယားနဲ႔ အေတာ္မ်ားမ်ား အဆက္အသြယ္ ျဖတ္ခဲ့ပါတယ္။ န်ဴကလီးယား ေဆြးေႏြးပြဲလည္း ေရွ႕မတိုး ေနာက္မဆုတ္ႏိုင္ ျဖစ္ခဲ့ရပါတယ္။

ေတာင္နဲ႔ေျမာက္ကိုရီးယား ႏွစ္ႏိုင္ငံအၾကား ၁၉၅၀ ကေန ၁၉၅၃ ခုႏွစ္ စစ္ပြဲဟာ ၿငိမ္းခ်မ္းေရး သေဘာတူခ်က္ မခ်ဳပ္ဆိုႏိုင္ေသးပဲ အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္တစ္ခုနဲ႔သာ အဆုံးသတ္ခဲ့ပါတယ္။

သုံးသပ္ခ်က္

ေလာ္ရာ ဘစ္ကာ

ဆိုးလ္အေျခစိုက္ ဘီဘီစီ သတင္းေထာက္

အခု အဆက္ျဖတ္လိုက္တာဟာ နယ္စပ္ျဖတ္ေက်ာ္ စာ႐ြက္ေတြ ပို႔တာ တစ္ခုတည္းေၾကာင့္ေတာ့ ဟုတ္ပုံ မရပါဘူး။ ၿပဳံယမ္းမွာ ဒီထက္ပိုတဲ့ အႀကံအစည္ ႀကီးႀကီးမားမား ရွိမွာပါ။

ေျမာက္ကိုရီးယားက ဒီတင္းမာမႈကို အရွိန္ယူၿပီး ေနာက္ပိုင္းေဆြးေႏြးမႈေတြမွာ အက်ပ္အတည္းျဖစ္ေအာင္ ဖန္တီးတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

အတိုခ်ဳပ္ေျပာရရင္ ရန္ပြဲတစ္ခု ဖန္တီးၿပီး အာ႐ုံစိုက္ခံရေအာင္ လုပ္တာနဲ႔ ေတာင္ဘက္ကို ေတာင္းဆိုမႈေတြ ပိုလုပ္ႏိုင္ေအာင္ လုပ္တာ ျဖစ္ႏိုင္ပါတယ္။

ေတာင္ဘက္က လိုက္ေလ်ာမႈေတြ ပိုရေအာင္ ဒီလို ႏိုင္ငံေရးကစားတာမ်ိဳးကို ၂၀၁၃ မတိုင္ခင္ကလည္း ေျမာက္ဘက္က လုပ္ဖူးပါတယ္။

ၿပီးေတာ့ ဒါက ျပည္တြင္းေရးကေန အာ႐ုံလႊဲလို႔ေကာင္းတာမ်ိဳးလည္း ျဖစ္ပါတယ္။

ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအြန္းက သူ ဆက္တိုက္ကတိေပးေနတဲ့ ႏိုင္ငံစီးပြားတိုးတက္ေအာင္ လုပ္မယ္ဆိုတာ ျဖစ္ေအာင္မလုပ္ႏိုင္ဘဲ ကိုဗစ္ကူးစက္မႈလည္း ျပည္တြင္းကို ႐ိုက္ခတ္ေနတယ္လို႔ ေကာလာဟလေတြက ဆက္ထြက္ေနပါတယ္။

အဲဒါေၾကာင့္ ဘုံရန္သူ ရွာေပးလိုက္ျခင္းအားျဖင့္ လူေတြကို ကိစၥတစ္ခုမွာ စုစည္းေပးထားလိုက္ႏိုင္ပါတယ္။

အဲဒီ မူဝါဒထဲက နည္းလမ္းတစ္ခုကလည္း သတိထားမိစရာ ျဖစ္ပါတယ္။

ကင္ဂ်ဳံအြန္းရဲ႕ညီမ ကင္ယိုဂ်ဳံက ေတာင္ကိုရီးယားနဲ႔ အဆက္အသြယ္ေတြ ျဖတ္ပစ္ဖို႔ အမိန္႔ေပးေပးလိုက္တာပါ။

ဒါက သူ႔ကို ေနရာတစ္ခုေပးၿပီး လူေတြ အာ႐ုံထားလာေစတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ကို ေနာက္တက္လာမယ့္ ေခါင္းေဆာင္အျဖစ္ ျပင္ဆင္ေပးခံေနရၿပီဆိုတဲ့ ထင္ျမင္ခ်က္ေတြကို ပိုတိုးလာေစပါလိမ့္မယ္။

ဒါေပမဲ့ အခုကိစၥက ေတာင္ကိုရီးယား အစိုးရအတြက္ေတာ့ စိတ္ပ်က္စရာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂ ႏွစ္ အေကာင္းဘက္ကိုေရာက္လာဖို႔ လမ္းစေပၚလာတုန္းက ေခါင္းေဆာင္ႏွစ္ေယာက္ ေတြ႕ခဲ့ၿပီး ဖုန္းအဆက္အသြယ္ေတြ ဖြင့္လိုက္တုန္းက ေတာင္ကိုရီးယားဘက္မွာ အားရဝမ္းသာ ျဖစ္ခဲ့ၾကပါတယ္။

ဒါေပမဲ့ အခုေတာ့ ေျမာက္ဘက္ကို ေခၚတဲ့ ဖုန္းေတြကို ျပန္မေျဖေတာ့ပါဘူး။

ဒါေၾကာင့္ ေမးစရာရွိတာက အခု အဆက္အသြယ္ ျဖစ္မႈဟာ ၿပဳံယမ္း အႀကံအစည္ရဲ႕ အစပဲ ျဖစ္ဦးမယ္ဆိုရင္ ေနာက္ထပ္ ဘာေတြ လာဦးမလဲဆိုတာပါပဲ။

BBC Burmese
https://www.bbc.com/burmese/world-52979274
ဝါဒဖြန့်စာတွေ ပို့တယ်ဆိုပြီး တောင်ကိုရီးယားနဲ့အဆက်အသွယ်အားလုံး မြောက်ကိုရီးယား ဖြတ်ပစ် ဝါဒဖြန့်စာတွေ ပို့တယ်ဆိုပြီး တောင်ကိုရီးယားနဲ့အဆက်အသွယ်အားလုံး မြောက်ကိုရီးယား ဖြတ်ပစ် Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.