ဂြိုဟ်တုဓာတ်ပုံတွေအရ အိန္ဒိယနယ်စပ်မှာ တရုတ်အဆောက်အအုံတွေကို တွေ့ရ

ဇွန် ၁၅ ရက်နေ့က တရုတ်နဲ့ အိန္ဒိယ စစ်သားတွေ ရန်ပွဲဖြစ်ခဲ့ရာ ကင်းစခန်းနေရာ ၁၄ နားက ဧရိယာကိုရိုက်ထားတဲ့ ဂြိုလ်တုဓာတ်ပုံ အသစ်တွေထွက်လာ
(Unicode)⤵⤵⤵

အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့ရတဲ့အထိ ဒီလလယ်လောက်က ဖြစ်ခဲ့တဲ့ ဟိမဝန္တာတောင်ကြောနယ်စပ်က ရန်ပွဲဖြစ်ခဲ့ရာ နေရာနဲ့အနီးအနားမှာ တရုတ်က အဆောက်အအုံသစ်တွေ တည်ဆောက်ထားတယ်ဆိုတာကို အသစ်ထွက်လာတဲ့ ဂြိဟ်တု ဓာတ်ပုံတွေက ပြသနေပါတယ်။

အဲဒီ ဧရိယာမှာ အရင်လက ဘာမှမရှိပေမယ့် အခုထွက်လာတဲ့ ပုံအသစ်တွေအရ ကတုတ်ကျင်းတွေ၊ ရွက်ဖျင်တဲတွေ၊ အကြီးစား စစ်လက်နက် ပစ္စည်းတွေထားဖို့ နေရာတွေ တည်ဆောက်ထားတာတွေ့ရပါတယ်။

နျူကလီးယားအင်အားကြီး နှစ်နိုင်ငံကြား နယ်စပ်အငြင်းပွားရာ ရှေ့တန်းနေရာမှာ ဖြစ်ခဲ့တဲ့ အဲဒီ ရန်ပွဲက အားလုံးကို သတိရှိဖို့ အချက်ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။ ဒီရန်ပွဲမှာ တရုတ်ဘက်က အထိအခိုက် အသေအပျောက်ရှိတယ်ဆိုတဲ့ သတင်းထွက်ပေမယ့် တရားဝင်အတည်ပြုတာမျိုး မရှိခဲ့ပါဘူး။

နှစ်ဖက်စကားပြောခဲ့ကြပြီး တင်းမာမှုတွေ လျှော့ချနိုင်တဲ့အချိန်မှာပဲ ဒီဓာတ်ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

အခုထွက်လာတဲ့ ဂြိုဟ်တု ဓာတ်ပုံအသစ်တွေဟာ မက်ဆာ (Maxar) အာကာသနည်းပညာကုမ္ပဏီက ဇွန်လ ၂၂ ရက်နေ့ နေ့စွဲတပ်ထားတဲ့ပုံတွေပါ။

ဇွန်လ အစောပိုင်းမှာ ရိုက်တဲ့ပုံတွေမှာတော့ ဂယ်ဝမ်မြစ်ကို အပေါ်ကစီးမြင်နေရအောင်ဆောက်ထားတဲ့ အဲဒီ တရုတ်အဆောက်အအုံတွေ မတွေ့ရဘူးလို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

အိန္ဒိယ နဲ့ တရုတ်တို့ ဘယ်ဘက်ကမှ ဒီအပေါ် မှတ်ချက်ချပြောတာမရှိသေးပါဘူး။

အငြင်းပွားနေကြတဲ့ ဟိမဝန္တာနယ်မြေ လာဒါ့ခ်ဒေသအတွင်းက ဂယ်ဝမ်တောင်ကြားမှာ ဇွန်လ ၁၅ ရက်နေ့က နှစ်ဖက်စစ်သားတွေ သေနတ်မပါဘဲ တိုက်ခိုက်ခဲ့ကြတာပါ။

ဒီအဖြစ်ကလည်း နှစ်ဖက်စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေ အရင်ကလုပ်ခဲ့ကြတဲ့ သဘောတူညီချက်တွေအရ နယ်စပ်ဒေသမှာ အခြေအနေတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြမယ်ဆိုပြီး လက်ခံ သဘောတူခဲ့ကြတဲ့နောက်ပိုင်း သီတင်းပတ်အနည်းငယ်အကြာမှာဖြစ်ခဲ့တာပါ။

ရန်ပွဲ နောက်ပိုင်း လူထုအကြား ဒေါသနဲ့ ပြောဆိုဝေဖန်သံတွေ အတော်ထွက်ပေါ်လာခဲ့ပြီး နှစ်နိုင်ငံဟာ တင်းမာမှုကို အေးဆေးသွားအောင် အများအမြင်မှာ ကြိုးစားခဲ့ကြပါတယ်။

ဗုဒ္ဒဟူးနေ့တုန်းက အိန္ဒိယနိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ

နဲ့ တရုန်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီတို့ဟာ "ထိပ်တန်း တပ်မှူးတွေ ဇွန်လ ၆ ရက်နေ့က နှစ်ဖက် သဘောတူညီချက်အတိုင်း နှစ်ဖက် တိုက်ခိုက်တာ မလုပ်ရေး၊ ပိုကျယ်ပြန့်ပြင်းထန် မသွားစေရေးတို့အပေါ် နှစ်ဖက်စလုံးက အကောင်အထည်ဖော်ဖို့ အခိုင်အမာ ထပ်ပြောခဲ့တယ်" လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံတွေက ဘာတွေကို ဖော်ပြနေလဲ

"ဂယ်ဝမ်တောင်ကြားမှာ နယ်ခြားထိန်းချုပ်ရေးစည်းကနေ အိန္ဒိယဘက် အတွင်း တကီလိုမီတာခွဲ လောက်မှာ တရုတ်စခန်းကြီး တခု တွေ့ရတယ်" လို့ ထိပ်တန်း အိန္ဒိယ ကာကွယ်ရေး သုံးသပ်သူ အဂျိုင်းရွှတ်ကလားက တွစ်တာ မှာ ပြောပါတယ်။

အိန္ဒိယ စစ်တပ် သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဒေသတွင်းမီဒီယာတွေက တရုတ်ရဲ့ နောက်ထပ် ဆောက်လုပ်မှုတွေဟာ ရန်ပွဲဖြစ်တဲ့ ဇွန် ၁၅ ရက် နဲ့ အဲဒီမတိုင်မီ တပ်မှူးအဆင့် ဆွေးနွေးပွဲလုပ်တဲ့ အချိန်ကာလကြားမှာ လုပ်ခဲ့ပုံရတယ်လို့ ပြောပါတယ်။

မေလတုန်းက ရိုက်ထားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကိုကြည့်ရင် ရန်ပွဲဖြစ်ပွားတဲ့အနားက အငြင်းပွားဧရိယာမှာ ဘာအဆောက်အအုံမှာ မရှိပါဘူး။
ဒီဓာတ်ပုံတွေအရ ဂယ်ဝမ်တောင်ကြားမှာ တရုတ်ရဲ့ ဆောက်လုပ်မှုတွေက နှစ်ဖက် တပ်မှူးတွေ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဖြစ်လာခဲ့တာကို ညွှန်းဆိုနေ
နယ်စပ်ဒေသတွင်းက အခြေအနေတွေကတော့ အလွန်တင်းမာဆဲပဲ ဖြစ်ပါတယ်။

ဒီလိုကာလမှာပဲ အိန္ဒိယ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အမ်အမ် နာရားဗနီဟာ ကြာသပတေးနေ့မှာ နယ်စပ်တလျောက်က ရှေ့တန်းနေရာတွေကို သွားဖို့ အစီအစဉ်ရှိပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကလည်း တခြား ရှေ့တန်းဧရိယာတွေကို သွားခဲ့ပြီး အဲဒီက စစ်ဆင်ရေးဆိုင်ရာ ပြင်ဆင်မှုအနေအထားတွေကို စစ်ဆေးကြည့်ရှုခဲ့တယ်လို့ အိန္ဒိယ စစ်တပ်ကပြောပါတယ်။
ဂယ်ဝမ်တောင်ကြားမှာ ဘာတွေဖြစ်ခဲ့လဲ

မီဒီယာတွေက သတင်းတွေအရတော့ ပေ ၁၄, ၀၀၀ အမြင့်ရှိတဲ့ မတ်စောက်လှတဲ့တောင်တန်းတွေက တောင်ကြောတွေမှာ နှစ်ဖက်စစ်သားတွေ ရန်သတ်ပွဲဖြစ်ခဲ့တာ၊ တချို့စစ်သားတွေ ဆိုရင်တောင်ကြောပေါ်ကနေ ဟိုးအောက်မှာ သုည ဒီဂရီ အောက်အေးနေပြီး အရှိန်အဟုန်နဲ့ စီးနေတဲ့ ဂယ်ဝမ် မြစ်ထဲကို ကျသွားခဲ့တာတွေကို သိရပါတယ်။

အိန္ဒိယ စစ်သား အနည်းဆုံး ၂၀ သေတဲ့အပြင်နောက်ထပ် အနည်းဆုံး ၇၆ ယောက် ဒဏ်ရာတွေရတယ်ဆိုတဲ့ သတင်းလည်းထွက်ပါတယ်။ တရုတ်ဘက်က အထိအခိုက် အသေအပျောက်စာရင်းကိုတော့ တရုတ်ဘက်က မထုတ်ပြန်သေးပါဘူး။

အိန္ဒိယဘက်မှာ ထွက်ပေါ်နေတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တရုတ် စစ်သား အနည်းဆုံး ၄၀ လောက် သေဆုံးတယ်လို့ သိရပါတယ်။

၁၉၉၆ ခုနှစ် သဘောတူချက်အရ အဲဒီဧရိယာဒေသအတွင်း သေနတ်တွေ၊ ပေါက်ကွဲစေတဲ့ လက်နက်မျိုးတွေ အသုံးပြုတာကို ပိတ်ပင်ထားတဲ့အတွက် အခုတိုက်ခိုက်ပွဲမှာ သေနတ် လက်နက်တွေမပါဘဲ ချခဲ့ကြတာပါ။
မေလတုန်းက ပုံက ဂယ်ဝမ်မြစ်ကို အပေါ်စီးကမြင်နေရတဲ့ ဧရိယာမှာ ဘာအဆောက်အအုံမှ မရှိတာတွေ့ရပါတယ်
အဲဒီ ဧရိယာမှာ တင်းမာမှုက ဘယ်လောက်အထိဖြစ်နေလဲ

နှစ်နိုင်ငံ အငြင်းပွားနယ်စပ်ကို ပီပီပြင်ပြင်မရှိတဲ့ နယ်ခြားထိန်းချုပ်ရေးစည်း (Line of Actual Control - LAC) နဲ့ နယ်သတ်မှတ် ပိုင်းခြားထားပါတယ်။

မြစ်တွေ၊ ကန်တွေ၊ ရေခဲဖုံးလွှမ်းနေတဲ့ နေရာတွေ အဲဒီမှာ ရှိနေတာကြောင့်လည်း နယ်ခြားစည်းကရွေ့ပြီး ပြောင်းလဲသွားနိုင်ပါတယ်။

အဲဒီစည်း တစ်ဖက်စီမှာတော့ ကမ္ဘာ့အကြီးဆုံး စစ်တပ် နှစ်ခုကို ကိုယ်စားပြုထားတဲ့ တပ်တွေက ကင်းစခန်း နေရာအများအပြားမှာ တဖက်နဲ့တဖက် ဆိုင်ပြီး ရှိနေကြတာပါ။

ဂယ်ဝမ်တောင်ကြားကို တရုတ်က ထောင်နဲ့ချီတဲ့ စစ်တပ်တွေကို စေလွှတ်ထားတယ်၊ သူ့ နယ်မြေ ၁၄, ၇၀၀ စတုရန်းမိုင် အကျယ်အဝန်းကို တရုတ်က သိမ်းထားတယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။

နယ်စပ် အငြင်းပွားမှုကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးစုအတွင်း နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေ အများအပြားလုပ်ခဲ့ကြပေမယ့်လည်း အဖြေထုတ်လို့ မရသေးကြပါဘူး။

၁၉၆၂ တုန်းကပဲ သူတို့ နှစ်ဖက် စစ်တခါဖြစ်ခဲ့ပါတယ်၊ အိန္ဒိယဘက်က အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။
မေလ အတွင်းမှာ အိန္ဒိယနဲ့ တရုတ် စစ်သားတွေ အကြား လူလူချင်း ချတဲ့နှက်တဲ့ ပွဲတွေ လာဒါ့ခ် က 'ဖန်ဂွန်'ကန်မှာလည်း ဖြစ်ခဲ့သလို မိုင်ရာပေါင်းများစွာ အကွာမှာ ရှိတဲ့ အိန္ဒိယ အရှေ့မြောက်ဘက် စစ်ကင်း ပြည်နယ်က နယ်စပ်မှာ လည်း ဖြစ်ခဲ့ပါတယ်။

၂၀၁၇ အတွင်းမှာလည်း အငြင်းပွားနေတဲ့ ဒေါ့ခ်လမ် ကုန်းမြေမြင့်တလျောက် တရုတ် က နယ်စပ်လမ်းကို တိုးချဲ့ဖောက်တဲ့အတွက် နှစ်ဖက်တပ်တွေ ရန်ပွဲဆင်ခဲ့ကြဖူးပါတယ်။

လာဒါ့ခ်ဒေသတွင်းမှာ အိန္ဒိယက လမ်းတလမ်းဖောက်လုပ်တဲ့အပေါ် တင်းမာမှုတွေလည်း မြင့်တက်ခဲ့ဖူးပါတယ်။

ဒါကြောင့်အခုတင်းမာမှုတွ ဘာကြောင့်မြင့်နေသလဲဆိုတာက အရင်ကတည်းကရှိနေတဲ့ အကြောင်းရင်းများစွာကြောင့်လို့ ဆိုရမှာပါ၊ အခြေခံမှာ သေနင်္ဂဗျူဟာအရပြိုင်ဆိုင်နေကြတာမို့ နှစ်ဖက်က တဖက်ကို တဖက် အပြစ်ဖို့နေတာပါ။

လာဒါ့ခ်ဒေသက နယ်ခြားထိန်းချုပ်ရေးစည်းတလျောက် ဖောက်လုပ်တဲ့ အိန္ဒိယရဲ့ လမ်းသစ်က တကယ်လို့ အဲဒီနေရာမှာ ပဋိပက္ခဖြစ်လာရင် ဒေလီအစိုးရ အနေနဲ့ လူတွေ၊ ပစ္စည်းတွေ ပိုမြန်မြန်ရွှေ့ပြောင်းနိုင်ဖို့ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အဲဒီဧရိယာမှာ အခြေခံအဆောက်အဦတွေ တိုးပြီးဆောက်မယ်ဆိုတဲ့ အိန္ဒိယရဲ့ ဆုံးဖြတ်ချက်က ဘေဂျင်းက အစိုးရကို ဒေါသထွက်စေပုံရတယ်လို့လည်း သုံးသပ်သူတွေက ပြောပါတယ်။

BBC Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
ၿဂိဳဟ္တုဓာတ္ပုံေတြအရ အိႏၵိယနယ္စပ္မွာ တ႐ုတ္အေဆာက္အအုံေတြကို ေတြ႕ရ

အိႏၵိယစစ္သား အေယာက္ ၂၀ ေသဆုံးခဲ့ရတဲ့အထိ ဒီလလယ္ေလာက္က ျဖစ္ခဲ့တဲ့ ဟိမဝႏၲာေတာင္ေၾကာနယ္စပ္က ရန္ပြဲျဖစ္ခဲ့ရာ ေနရာနဲ႔အနီးအနားမွာ တ႐ုတ္က အေဆာက္အအုံသစ္ေတြ တည္ေဆာက္ထားတယ္ဆိုတာကို အသစ္ထြက္လာတဲ့ ၿဂိဟ္တု ဓာတ္ပုံေတြက ျပသေနပါတယ္။

အဲဒီ ဧရိယာမွာ အရင္လက ဘာမွမရွိေပမယ့္ အခုထြက္လာတဲ့ ပုံအသစ္ေတြအရ ကတုတ္က်င္းေတြ၊ ႐ြက္ဖ်င္တဲေတြ၊ အႀကီးစား စစ္လက္နက္ ပစၥည္းေတြထားဖို႔ ေနရာေတြ တည္ေဆာက္ထားတာေတြ႕ရပါတယ္။

န်ဴကလီးယားအင္အားႀကီး ႏွစ္ႏိုင္ငံၾကား နယ္စပ္အျငင္းပြားရာ ေရွ႕တန္းေနရာမွာ ျဖစ္ခဲ့တဲ့ အဲဒီ ရန္ပြဲက အားလုံးကို သတိရွိဖို႔ အခ်က္ေပးလိုက္သလိုျဖစ္ခဲ့ပါတယ္။ ဒီရန္ပြဲမွာ တ႐ုတ္ဘက္က အထိအခိုက္ အေသအေပ်ာက္ရွိတယ္ဆိုတဲ့ သတင္းထြက္ေပမယ့္ တရားဝင္အတည္ျပဳတာမ်ိဳး မရွိခဲ့ပါဘူး။

ႏွစ္ဖက္စကားေျပာခဲ့ၾကၿပီး တင္းမာမႈေတြ ေလွ်ာ့ခ်ႏိုင္တဲ့အခ်ိန္မွာပဲ ဒီဓာတ္ပုံေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။

အခုထြက္လာတဲ့ ၿဂိဳဟ္တု ဓာတ္ပုံအသစ္ေတြဟာ မက္ဆာ (Maxar) အာကာသနည္းပညာကုမၸဏီက ဇြန္လ ၂၂ ရက္ေန႔ ေန႔စြဲတပ္ထားတဲ့ပုံေတြပါ။

ဇြန္လ အေစာပိုင္းမွာ ႐ိုက္တဲ့ပုံေတြမွာေတာ့ ဂယ္ဝမ္ျမစ္ကို အေပၚကစီးျမင္ေနရေအာင္ေဆာက္ထားတဲ့ အဲဒီ တ႐ုတ္အေဆာက္အအုံေတြ မေတြ႕ရဘူးလို႔ ႐ိုက္တာ သတင္းဌာနက ေရးပါတယ္။

အိႏၵိယ နဲ႔ တ႐ုတ္တို႔ ဘယ္ဘက္ကမွ ဒီအေပၚ မွတ္ခ်က္ခ်ေျပာတာမရွိေသးပါဘူး။

အျငင္းပြားေနၾကတဲ့ ဟိမဝႏၲာနယ္ေျမ လာဒါ့ခ္ေဒသအတြင္းက ဂယ္ဝမ္ေတာင္ၾကားမွာ ဇြန္လ ၁၅ ရက္ေန႔က ႏွစ္ဖက္စစ္သားေတြ ေသနတ္မပါဘဲ တိုက္ခိုက္ခဲ့ၾကတာပါ။

ဒီအျဖစ္ကလည္း ႏွစ္ဖက္စစ္တပ္ထိပ္တန္းေခါင္းေဆာင္ေတြ အရင္ကလုပ္ခဲ့ၾကတဲ့ သေဘာတူညီခ်က္ေတြအရ နယ္စပ္ေဒသမွာ အေျခအေနေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေျဖရွင္းၾကမယ္ဆိုၿပီး လက္ခံ သေဘာတူခဲ့ၾကတဲ့ေနာက္ပိုင္း သီတင္းပတ္အနည္းငယ္အၾကာမွာျဖစ္ခဲ့တာပါ။

ရန္ပြဲ ေနာက္ပိုင္း လူထုအၾကား ေဒါသနဲ႔ ေျပာဆိုေဝဖန္သံေတြ အေတာ္ထြက္ေပၚလာခဲ့ၿပီး ႏွစ္ႏိုင္ငံဟာ တင္းမာမႈကို ေအးေဆးသြားေအာင္ အမ်ားအျမင္မွာ ႀကိဳးစားခဲ့ၾကပါတယ္။

ဗုဒၵဟူးေန႔တုန္းက အိႏၵိယႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ခ်က္မွာ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီး ဆူဘရာမန္ယမ္ ဂ်ိဳင္ရွန္ကာ နဲ႔ တ႐ုန္ႏိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယီတို႔ဟာ "ထိပ္တန္း တပ္မႉးေတြ ဇြန္လ ၆ ရက္ေန႔က ႏွစ္ဖက္ သေဘာတူညီခ်က္အတိုင္း ႏွစ္ဖက္ တိုက္ခိုက္တာ မလုပ္ေရး၊ ပိုက်ယ္ျပန႔္ျပင္းထန္ မသြားေစေရးတို႔အေပၚ ႏွစ္ဖက္စလုံးက အေကာင္အထည္ေဖာ္ဖို႔ အခိုင္အမာ ထပ္ေျပာခဲ့တယ္" လို႔ ေဖာ္ျပထားပါတယ္။

ဓာတ္ပုံေတြက ဘာေတြကို ေဖာ္ျပေနလဲ

"ဂယ္ဝမ္ေတာင္ၾကားမွာ နယ္ျခားထိန္းခ်ဳပ္ေရးစည္းကေန အိႏၵိယဘက္ အတြင္း တကီလိုမီတာခြဲ ေလာက္မွာ တ႐ုတ္စခန္းႀကီး တခု ေတြ႕ရတယ္" လို႔ ထိပ္တန္း အိႏၵိယ ကာကြယ္ေရး သုံးသပ္သူ အဂ်ိဳင္း႐ႊတ္ကလားက တြစ္တာ မွာ ေျပာပါတယ္။

အိႏၵိယ စစ္တပ္ သတင္းအရင္းအျမစ္ေတြကို ကိုးကားၿပီး ေဒသတြင္းမီဒီယာေတြက တ႐ုတ္ရဲ႕ ေနာက္ထပ္ ေဆာက္လုပ္မႈေတြဟာ ရန္ပြဲျဖစ္တဲ့ ဇြန္ ၁၅ ရက္ နဲ႔ အဲဒီမတိုင္မီ တပ္မႉးအဆင့္ ေဆြးေႏြးပြဲလုပ္တဲ့ အခ်ိန္ကာလၾကားမွာ လုပ္ခဲ့ပုံရတယ္လို႔ ေျပာပါတယ္။

ေမလတုန္းက ႐ိုက္ထားတဲ့ ၿဂိဳဟ္တု ဓာတ္ပုံေတြကိုၾကည့္ရင္ ရန္ပြဲျဖစ္ပြားတဲ့အနားက အျငင္းပြားဧရိယာမွာ ဘာအေဆာက္အအုံမွာ မရွိပါဘူး။

နယ္စပ္ေဒသတြင္းက အေျခအေနေတြကေတာ့ အလြန္တင္းမာဆဲပဲ ျဖစ္ပါတယ္။

ဒီလိုကာလမွာပဲ အိႏၵိယ စစ္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး အမ္အမ္ နာရားဗနီဟာ ၾကာသပေတးေန႔မွာ နယ္စပ္တေလ်ာက္က ေရွ႕တန္းေနရာေတြကို သြားဖို႔ အစီအစဥ္ရွိပါတယ္။

ဗုဒၶဟူးေန႔တုန္းကလည္း တျခား ေရွ႕တန္းဧရိယာေတြကို သြားခဲ့ၿပီး အဲဒီက စစ္ဆင္ေရးဆိုင္ရာ ျပင္ဆင္မႈအေနအထားေတြကို စစ္ေဆးၾကည့္ရႈခဲ့တယ္လို႔ အိႏၵိယ စစ္တပ္ကေျပာပါတယ္။

ဂယ္ဝမ္ေတာင္ၾကားမွာ ဘာေတြျဖစ္ခဲ့လဲ

မီဒီယာေတြက သတင္းေတြအရေတာ့ ေပ ၁၄, ၀၀၀ အျမင့္ရွိတဲ့ မတ္ေစာက္လွတဲ့ေတာင္တန္းေတြက ေတာင္ေၾကာေတြမွာ ႏွစ္ဖက္စစ္သားေတြ ရန္သတ္ပြဲျဖစ္ခဲ့တာ၊ တခ်ိဳ႕စစ္သားေတြ ဆိုရင္ေတာင္ေၾကာေပၚကေန ဟိုးေအာက္မွာ သုည ဒီဂရီ ေအာက္ေအးေနၿပီး အရွိန္အဟုန္နဲ႔ စီးေနတဲ့ ဂယ္ဝမ္ ျမစ္ထဲကို က်သြားခဲ့တာေတြကို သိရပါတယ္။

အိႏၵိယ စစ္သား အနည္းဆုံး ၂၀ ေသတဲ့အျပင္ေနာက္ထပ္ အနည္းဆုံး ၇၆ ေယာက္ ဒဏ္ရာေတြရတယ္ဆိုတဲ့ သတင္းလည္းထြက္ပါတယ္။ တ႐ုတ္ဘက္က အထိအခိုက္ အေသအေပ်ာက္စာရင္းကိုေတာ့ တ႐ုတ္ဘက္က မထုတ္ျပန္ေသးပါဘူး။

အိႏၵိယဘက္မွာ ထြက္ေပၚေနတဲ့ အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ တ႐ုတ္ စစ္သား အနည္းဆုံး ၄၀ ေလာက္ ေသဆုံးတယ္လို႔ သိရပါတယ္။

၁၉၉၆ ခုႏွစ္ သေဘာတူခ်က္အရ အဲဒီဧရိယာေဒသအတြင္း ေသနတ္ေတြ၊ ေပါက္ကြဲေစတဲ့ လက္နက္မ်ိဳးေတြ အသုံးျပဳတာကို ပိတ္ပင္ထားတဲ့အတြက္ အခုတိုက္ခိုက္ပြဲမွာ ေသနတ္ လက္နက္ေတြမပါဘဲ ခ်ခဲ့ၾကတာပါ။

အဲဒီ ဧရိယာမွာ တင္းမာမႈက ဘယ္ေလာက္အထိျဖစ္ေနလဲ

ႏွစ္ႏိုင္ငံ အျငင္းပြားနယ္စပ္ကို ပီပီျပင္ျပင္မရွိတဲ့ နယ္ျခားထိန္းခ်ဳပ္ေရးစည္း (Line of Actual Control - LAC) နဲ႔ နယ္သတ္မွတ္ ပိုင္းျခားထားပါတယ္။

ျမစ္ေတြ၊ ကန္ေတြ၊ ေရခဲဖုံးလႊမ္းေနတဲ့ ေနရာေတြ အဲဒီမွာ ရွိေနတာေၾကာင့္လည္း နယ္ျခားစည္းကေ႐ြ႕ၿပီး ေျပာင္းလဲသြားႏိုင္ပါတယ္။

အဲဒီစည္း တစ္ဖက္စီမွာေတာ့ ကမာၻ႔အႀကီးဆုံး စစ္တပ္ ႏွစ္ခုကို ကိုယ္စားျပဳထားတဲ့ တပ္ေတြက ကင္းစခန္း ေနရာအမ်ားအျပားမွာ တဖက္နဲ႔တဖက္ ဆိုင္ၿပီး ရွိေနၾကတာပါ။

ဂယ္ဝမ္ေတာင္ၾကားကို တ႐ုတ္က ေထာင္နဲ႔ခ်ီတဲ့ စစ္တပ္ေတြကို ေစလႊတ္ထားတယ္၊ သူ႔ နယ္ေျမ ၁၄, ၇၀၀ စတုရန္းမိုင္ အက်ယ္အဝန္းကို တ႐ုတ္က သိမ္းထားတယ္လို႔ အိႏၵိယက စြပ္စြဲထားပါတယ္။

နယ္စပ္ အျငင္းပြားမႈကို ေျဖရွင္းဖို႔ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ သုံးစုအတြင္း ႏွစ္ႏိုင္ငံၾကား ေဆြးေႏြးပြဲေတြ အမ်ားအျပားလုပ္ခဲ့ၾကေပမယ့္လည္း အေျဖထုတ္လို႔ မရေသးၾကပါဘူး။

၁၉၆၂ တုန္းကပဲ သူတို႔ ႏွစ္ဖက္ စစ္တခါျဖစ္ခဲ့ပါတယ္၊ အိႏၵိယဘက္က အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့ပါတယ္။

ေမလ အတြင္းမွာ အိႏၵိယနဲ႔ တ႐ုတ္ စစ္သားေတြ အၾကား လူလူခ်င္း ခ်တဲ့ႏွက္တဲ့ ပြဲေတြ လာဒါ့ခ္ က 'ဖန္ဂြန္'ကန္မွာလည္း ျဖစ္ခဲ့သလို မိုင္ရာေပါင္းမ်ားစြာ အကြာမွာ ရွိတဲ့ အိႏၵိယ အေရွ႕ေျမာက္ဘက္ စစ္ကင္း ျပည္နယ္က နယ္စပ္မွာ လည္း ျဖစ္ခဲ့ပါတယ္။

၂၀၁၇ အတြင္းမွာလည္း အျငင္းပြားေနတဲ့ ေဒါ့ခ္လမ္ ကုန္းေျမျမင့္တေလ်ာက္ တ႐ုတ္ က နယ္စပ္လမ္းကို တိုးခ်ဲ႕ေဖာက္တဲ့အတြက္ ႏွစ္ဖက္တပ္ေတြ ရန္ပြဲဆင္ခဲ့ၾကဖူးပါတယ္။

လာဒါ့ခ္ေဒသတြင္းမွာ အိႏၵိယက လမ္းတလမ္းေဖာက္လုပ္တဲ့အေပၚ တင္းမာမႈေတြလည္း ျမင့္တက္ခဲ့ဖူးပါတယ္။

ဒါေၾကာင့္အခုတင္းမာမႈတြ ဘာေၾကာင့္ျမင့္ေနသလဲဆိုတာက အရင္ကတည္းကရွိေနတဲ့ အေၾကာင္းရင္းမ်ားစြာေၾကာင့္လို႔ ဆိုရမွာပါ၊ အေျခခံမွာ ေသနဂၤဗ်ဴဟာအရၿပိဳင္ဆိုင္ေနၾကတာမို႔ ႏွစ္ဖက္က တဖက္ကို တဖက္ အျပစ္ဖို႔ေနတာပါ။

လာဒါ့ခ္ေဒသက နယ္ျခားထိန္းခ်ဳပ္ေရးစည္းတေလ်ာက္ ေဖာက္လုပ္တဲ့ အိႏၵိယရဲ႕ လမ္းသစ္က တကယ္လို႔ အဲဒီေနရာမွာ ပဋိပကၡျဖစ္လာရင္ ေဒလီအစိုးရ အေနနဲ႔ လူေတြ၊ ပစၥည္းေတြ ပိုျမန္ျမန္ေ႐ႊ႕ေျပာင္းႏိုင္ဖို႔ ျဖစ္လာႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

အဲဒီဧရိယာမွာ အေျခခံအေဆာက္အဦေတြ တိုးၿပီးေဆာက္မယ္ဆိုတဲ့ အိႏၵိယရဲ႕ ဆုံးျဖတ္ခ်က္က ေဘဂ်င္းက အစိုးရကို ေဒါသထြက္ေစပုံရတယ္လို႔လည္း သုံးသပ္သူေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53183826
ဂြိုဟ်တုဓာတ်ပုံတွေအရ အိန္ဒိယနယ်စပ်မှာ တရုတ်အဆောက်အအုံတွေကို တွေ့ရ ဂြိုဟ်တုဓာတ်ပုံတွေအရ အိန္ဒိယနယ်စပ်မှာ တရုတ်အဆောက်အအုံတွေကို တွေ့ရ Reviewed by THITHTOOLWIN on 05:43 Rating: 5
Powered by Blogger.