သန်းကြွယ်သူဌေးဖြစ်သွားတဲ့ တန်ဇနီးယား ကျောက်တူးသမား

အဖိုးတန် တန်ဇနိုက်ကျောက်တုံးတွေကို ကိုင်ဆောင်ပြသပြီး ဈေးဝယ်စင်တာနဲ့ စာသင်ကျောင်းဆောက်ဖို့ ရှင်းလင်းပြောကြားနေ
(Unicode)⤵⤵⤵
တန်ဇနီးယားကကျောက်တွင်းငယ်ပိုင်ရှင် တစ်ယောက်ဟာ တန်ဇနိုက်ကျောက်ရိုင်း နှစ်တုံးကို ရောင်းချပြီး နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်သွားပါတယ်။

နှစ်တုံးပေါင်း အလေးချိန် ၁၅ ကီလိုဂရမ်ရှိတဲ့ ကျောက်ရိုင်းတုံးတွေအတွက် တန်ဇနီးယား အစိုးရသတ္တုတွင်းဝန်ကြီးဌာနက ဒေါ်လာ ၃ ဒသမ ၄ သန်းပေး ဝယ်ယူလိုက်တာပါ။

မနက်ဖြန်မှာ ပါတီပွဲလုပ်မယ်လို့ ကျောက်တွင်းငယ်ပိုင်ရှင် ဆန်နီနူးလိုင်ဇာက ဘီဘီစီကိုပြောပါတယ်။ သူဟာ သားသမီးစုစုပေါင်း ၃၀ ကျော်ရှိတဲ့ ဖခင်တယောက်ဖြစ်ပါတယ်။

တန်ဇနိုက်ကျောက်မျက်ကို တန်ဇနီးယားနိုင်ငံမြောက်ပိုင်းမှာသာ တွေ့ရပါတယ်။ လက်ဝတ်လက်စားတွေထဲမှာ ထည့်သွင်း အလှဆင်လေ့ရှိပါတယ်။ တန်ဇနိုက်ကျောက်ဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးတွေထဲက တမျိုးပါ။

ဒေသတွင်း ဘူမိဗေဒပညာရှင်တစ်ယောက်ရဲ့ ခန့်မှန်းချက်အရ နောင်နှစ်ပေါင်း ၂၀ ကြာရင် တန်ဇနိုက်ကျောက်ဟာ လုံးဝကွယ်ပျောက်ဆိတ်သုဉ်းသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။

တန်ဇနိုက်ကျောက်ရဲ့ ဆွဲဆောင်အားက အစိမ်း၊ အနီ၊ ခရမ်း၊ အပြာတို့ ရောယှက်နေတဲ့ သူ့ရဲ့ အလင်းအမှောင် အရောင်အသွေးတွေဖြစ်ပါတယ်။

တန်ဖိုး အနည်းအများက ရှားပါးမှုအပေါ်မူတည်ပါတယ်။ အရောင်က သိမ်မွေ့လေလေ၊ ကြည်လင်လေလေ တန်ဖိုးကြီးကြီးရလေပါပဲ။

ဆန်နီနူးလိုင်ဇာဟာ ၉ ဒသမ ၂ ကီလိုဂရမ်ရှိတဲ့ ကျောက်တစ်လုံးနဲ့ ၅ ဒသမ ၈ ကီလိုရှိတဲ့ ကျောက်တစ်လုံးကို ပြီးခဲ့တဲ့ အပတ်က တူးဖော်ရရှိခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်း မန်နယားရားဒေသက ကျောက်မျက်ရောင်းချပွဲတစ်ခုမှာ ဗုဒ္ဓဟူးနေ့က ရောင်းချခဲ့ပါတယ်။

အရင်ကတွေ့ခဲ့ဖူးသမျှ တန်ဇနိုက်ကျောက်မျက်တွေထဲမှာ အကြီးဆုံးက ၃ ဒသမ ၃ ကီလိုဂရမ်ပဲရှိပါတယ်။

သမ္မတဂျွန်မဂူဖူလီက ဆန်နီနူးလိုင်ဇာကို ဖုန်းဆက်ဂုဏ်ပြုခဲ့ပါတယ်။

“အသေးစားကျောက်တူးလုပ်ငန်းတွေရဲ့ အကျိုးကျေးဇူးပါပဲ။ တန်ဇနီးယားဟာ ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဆိုတာ ဒါကသက်သေပြလိုက်တာပါပဲ”လို့ သမ္မတဂျွန်မဂူဖူလီကဆိုပါတယ်။

သမ္မတမဂူဖူလီဟာ ၂၀၁၅ ခုနှစ်မှာ အာဏာရခဲ့ပြီး ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရဲ့ အမျိုးသား အကျိုးစီးပွားကို အကာအကွယ်ပြုဖို့နဲ့ အစိုးရရဲ့ဝင်ငွေကိုလည်း သတ္တုတူးဖော်ရေးလုပ်ငန်နဲ့ မြှင့်တင်ဖို့ ကတိပေးခဲ့ပါတယ်။
ကမ္ဘာမှာ တန်ဇနီးယားနိုင်ငံတစ်ခုတည်းမှာသာ တန်ဇနိုက်ကျောက်ကို တူးဖော်ရရှိ
မီလျံနာလက်သစ်က ဘာတွေပြောသလဲ

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဆန်နီနူးလိုင်ဇာမှာ မိန်းမက ၄ ယောက်၊ သားသမီးက ၃၀ ကျော်ရှိပါတယ်။ အခုသူက နွားတစ်ကောင်သတ်ပြီး အောင်ပွဲခံစားသောက်ပွဲ ကျင်းပမယ်လို့ဆိုပါတယ်။

မန်နယားရားနယ်ထဲက သူ့နေရပ် ဆီမန်ဂျီရိုခရိုင်အတွက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့သူက စီစဉ်နေပါတယ်။

“ရှော့ပင်းမောတစ်ခုနဲ့ စာသင်ကျောင်းတစ်ကျောင်း ဆောက်ချင်ပါတယ်။ကျောင်းကို ကျွန်တော့်အိမ်နားမှာ ဆောက်ချင်ပါတယ်။ အနီးအနားမှာ ကလေးတွေကို ကျောင်းမထားနိုင်တဲ့ဆင်းရဲသားတွေ အများကြီးရှိကြလို့ပါ။”

“ကျွန်တော်က ပညာတတ်တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်လို လုပ်တာကိုင်တာကို သဘောကျပါတယ်။ ကျွန်တော့်သားသမီးတွေကိုလည်း စီးပွားရေးလုပ်ငန်းကို ပရော်ဖက်ရှင်နယ်ဆန်ဆန်လုပ်ကိုင်ကြစေချင်ပါတယ်။”

အခုလို ရုတ်တရက်ချမ်းသာသွားလို့ သူ့နေပုံထိုင်ပုံဟာပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူ့မှာရှိတဲ့နွားအကောင်ရေ ၂၀၀၀ ကိုဆက်မွေးမှာပါတဲ့။ အခုလိုချမ်းသာလာလို့ ပိုပြီး သတိထားဖို့ မလိုပါဘူးလို့လည်း ဆိုပါတယ်။

“ဒီအရပ်မှာ လုံခြုံရေးက ကောင်းပါတယ်။ ပြဿနာမရှိပါဘူး။ ညဘက်လမ်းထွက်လျှောက်ရင်တောင် ဘာပြဿနာမှ မရှိပါဘူး။”

သူ့လိုပဲ ကျောက်တွင်းတူးလုပ်ငန်းအသေးလေးတွေဟာ အစိုးရဆီက လိုင်စင်ယူပြီး တန်ဇနိုက်တူးကြတာရှိသလို ကုမ္ပဏီကြီးတွေအနားမှာ လိုင်စင်မဲ့ ကျောက်ခိုးတူးကြသူတွေလည်း ရှိပါတယ်။

ကမ္ဘာပေါ်မှာ တန်ဇနိုက်ကျောက်မျက် ထွက်တဲ့တစ်ခုတည်းသောနေရာလို့ ယုံကြည်ရတဲ့ မန်နယားရား ကျောက်မျက်နယ်မြေကို ၁၄ မိုင်ပတ်လည် ခြံစည်းရိုးခတ်ဖို့ သမ္မတမဂူဖူလီက စစ်တပ်ကို ၂၀၁၇ ခုနှစ်က အမိန့်ပေးခဲ့ပါတယ်။

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
သန္းႂကြယ္သူေဌးျဖစ္သြားတဲ့ တန္ဇနီးယား ေက်ာက္တူးသမား

အဖိုးတန္ တန္ဇႏိုက္ေက်ာက္တုံးေတြကို ကိုင္ေဆာင္ျပသၿပီး ေစ်းဝယ္စင္တာနဲ႔ စာသင္ေက်ာင္းေဆာက္ဖို႔ ရွင္းလင္းေျပာၾကားေန

တန္ဇနီးယားကေက်ာက္တြင္းငယ္ပိုင္ရွင္ တစ္ေယာက္ဟာ တန္ဇႏိုက္ေက်ာက္႐ိုင္း ႏွစ္တုံးကို ေရာင္းခ်ၿပီး ေန႔ခ်င္းညခ်င္း သန္းႂကြယ္သူေဌး ျဖစ္သြားပါတယ္။

ႏွစ္တုံးေပါင္း အေလးခ်ိန္ ၁၅ ကီလိုဂရမ္ရွိတဲ့ ေက်ာက္႐ိုင္းတုံးေတြအတြက္ တန္ဇနီးယား အစိုးရသတၱဳတြင္းဝန္ႀကီးဌာနက ေဒၚလာ ၃ ဒသမ ၄ သန္းေပး ဝယ္ယူလိုက္တာပါ။

မနက္ျဖန္မွာ ပါတီပြဲလုပ္မယ္လို႔ ေက်ာက္တြင္းငယ္ပိုင္ရွင္ ဆန္နီႏူးလိုင္ဇာက ဘီဘီစီကိုေျပာပါတယ္။ သူဟာ သားသမီးစုစုေပါင္း ၃၀ ေက်ာ္ရွိတဲ့ ဖခင္တေယာက္ျဖစ္ပါတယ္။

တန္ဇႏိုက္ေက်ာက္မ်က္ကို တန္ဇနီးယားႏိုင္ငံေျမာက္ပိုင္းမွာသာ ေတြ႕ရပါတယ္။ လက္ဝတ္လက္စားေတြထဲမွာ ထည့္သြင္း အလွဆင္ေလ့ရွိပါတယ္။ တန္ဇႏိုက္ေက်ာက္ဟာ ကမာၻေပၚမွာ အရွားပါးဆုံးေတြထဲက တမ်ိဳးပါ။

ေဒသတြင္း ဘူမိေဗဒပညာရွင္တစ္ေယာက္ရဲ႕ ခန္႔မွန္းခ်က္အရ ေနာင္ႏွစ္ေပါင္း ၂၀ ၾကာရင္ တန္ဇႏိုက္ေက်ာက္ဟာ လုံးဝကြယ္ေပ်ာက္ဆိတ္သုဥ္းသြားဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

တန္ဇႏိုက္ေက်ာက္ရဲ႕ ဆြဲေဆာင္အားက အစိမ္း၊ အနီ၊ ခရမ္း၊ အျပာတို႔ ေရာယွက္ေနတဲ့ သူ႔ရဲ႕ အလင္းအေမွာင္ အေရာင္အေသြးေတြျဖစ္ပါတယ္။

တန္ဖိုး အနည္းအမ်ားက ရွားပါးမႈအေပၚမူတည္ပါတယ္။ အေရာင္က သိမ္ေမြ႕ေလေလ၊ ၾကည္လင္ေလေလ တန္ဖိုးႀကီးႀကီးရေလပါပဲ။

ဆန္နီႏူးလိုင္ဇာဟာ ၉ ဒသမ ၂ ကီလိုဂရမ္ရွိတဲ့ ေက်ာက္တစ္လုံးနဲ႔ ၅ ဒသမ ၈ ကီလိုရွိတဲ့ ေက်ာက္တစ္လုံးကို ၿပီးခဲ့တဲ့ အပတ္က တူးေဖာ္ရရွိခဲ့ပါတယ္။ ႏိုင္ငံေျမာက္ပိုင္း မန္နယားရားေဒသက ေက်ာက္မ်က္ေရာင္းခ်ပြဲတစ္ခုမွာ ဗုဒၶဟူးေန႔က ေရာင္းခ်ခဲ့ပါတယ္။

အရင္ကေတြ႕ခဲ့ဖူးသမွ် တန္ဇႏိုက္ေက်ာက္မ်က္ေတြထဲမွာ အႀကီးဆုံးက ၃ ဒသမ ၃ ကီလိုဂရမ္ပဲရွိပါတယ္။

သမၼတဂြၽန္မဂူဖူလီက ဆန္နီႏူးလိုင္ဇာကို ဖုန္းဆက္ဂုဏ္ျပဳခဲ့ပါတယ္။

“အေသးစားေက်ာက္တူးလုပ္ငန္းေတြရဲ႕ အက်ိဳးေက်းဇူးပါပဲ။ တန္ဇနီးယားဟာ ခ်မ္းသာတဲ့ႏိုင္ငံတစ္ႏိုင္ငံဆိုတာ ဒါကသက္ေသျပလိုက္တာပါပဲ”လို႔ သမၼတဂြၽန္မဂူဖူလီကဆိုပါတယ္။

သမၼတမဂူဖူလီဟာ ၂၀၁၅ ခုႏွစ္မွာ အာဏာရခဲ့ၿပီး ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းရဲ႕ အမ်ိဳးသား အက်ိဳးစီးပြားကို အကာအကြယ္ျပဳဖို႔နဲ႔ အစိုးရရဲ႕ဝင္ေငြကိုလည္း သတၱဳတူးေဖာ္ေရးလုပ္ငန္နဲ႔ ျမႇင့္တင္ဖို႔ ကတိေပးခဲ့ပါတယ္။

အသက္ ၅၂ ႏွစ္ရွိၿပီျဖစ္တဲ့ ဆန္နီႏူးလိုင္ဇာမွာ မိန္းမက ၄ ေယာက္၊ သားသမီးက ၃၀ ေက်ာ္ရွိပါတယ္။ အခုသူက ႏြားတစ္ေကာင္သတ္ၿပီး ေအာင္ပြဲခံစားေသာက္ပြဲ က်င္းပမယ္လို႔ဆိုပါတယ္။

မန္နယားရားနယ္ထဲက သူ႔ေနရပ္ ဆီမန္ဂ်ီ႐ိုခ႐ိုင္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ဖို႔သူက စီစဥ္ေနပါတယ္။

“ေရွာ့ပင္းေမာတစ္ခုနဲ႔ စာသင္ေက်ာင္းတစ္ေက်ာင္း ေဆာက္ခ်င္ပါတယ္။ေက်ာင္းကို ကြၽန္ေတာ့္အိမ္နားမွာ ေဆာက္ခ်င္ပါတယ္။ အနီးအနားမွာ ကေလးေတြကို ေက်ာင္းမထားႏိုင္တဲ့ဆင္းရဲသားေတြ အမ်ားႀကီးရွိၾကလို႔ပါ။”

“ကြၽန္ေတာ္က ပညာတတ္တစ္ေယာက္ မဟုတ္ပါဘူး။ ဒါေပမဲ့ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္လို လုပ္တာကိုင္တာကို သေဘာက်ပါတယ္။ ကြၽန္ေတာ့္သားသမီးေတြကိုလည္း စီးပြားေရးလုပ္ငန္းကို ပေရာ္ဖက္ရွင္နယ္ဆန္ဆန္လုပ္ကိုင္ၾကေစခ်င္ပါတယ္။”

အခုလို ႐ုတ္တရက္ခ်မ္းသာသြားလို႔ သူ႔ေနပုံထိုင္ပုံဟာေျပာင္းလဲသြားမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ သူ႔မွာရွိတဲ့ႏြားအေကာင္ေရ ၂၀၀၀ ကိုဆက္ေမြးမွာပါတဲ့။ အခုလိုခ်မ္းသာလာလို႔ ပိုၿပီး သတိထားဖို႔ မလိုပါဘူးလို႔လည္း ဆိုပါတယ္။

“ဒီအရပ္မွာ လုံၿခဳံေရးက ေကာင္းပါတယ္။ ျပႆနာမရွိပါဘူး။ ညဘက္လမ္းထြက္ေလွ်ာက္ရင္ေတာင္ ဘာျပႆနာမွ မရွိပါဘူး။”

သူ႔လိုပဲ ေက်ာက္တြင္းတူးလုပ္ငန္းအေသးေလးေတြဟာ အစိုးရဆီက လိုင္စင္ယူၿပီး တန္ဇႏိုက္တူးၾကတာရွိသလို ကုမၸဏီႀကီးေတြအနားမွာ လိုင္စင္မဲ့ ေက်ာက္ခိုးတူးၾကသူေတြလည္း ရွိပါတယ္။

ကမာၻေပၚမွာ တန္ဇႏိုက္ေက်ာက္မ်က္ ထြက္တဲ့တစ္ခုတည္းေသာေနရာလို႔ ယုံၾကည္ရတဲ့ မန္နယားရား ေက်ာက္မ်က္နယ္ေျမကို ၁၄ မိုင္ပတ္လည္ ၿခံစည္း႐ိုးခတ္ဖို႔ သမၼတမဂူဖူလီက စစ္တပ္ကို ၂၀၁၇ ခုႏွစ္က အမိန္႔ေပးခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53184067
သန်းကြွယ်သူဌေးဖြစ်သွားတဲ့ တန်ဇနီးယား ကျောက်တူးသမား သန်းကြွယ်သူဌေးဖြစ်သွားတဲ့ တန်ဇနီးယား ကျောက်တူးသမား Reviewed by THITHTOOLWIN on 05:43 Rating: 5
Powered by Blogger.