ကိုဗစ်ကြောင့် မြန်မာ့စီးပွားရေး ကျဆင်းမယ့်အရေး ကမ္ဘာ့ဘဏ် သတိပေး


(Unicode)⤵⤵⤵
မြန်မာ့စီးပွားရေးဟာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ GDP ဖွံ့ဖြိုးမှု ၆.၄ ရာခိုင်နှုန်းရှိရာကနေ အခုလာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ COVID ကပ်ရောဂါကြောင့် ဝ.၅ ရာခိုင်နှုန်း ဖြစ်သွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့ ဇွန်လ ၂၅ ရက်မှာ ခန့်မှန်းသတိပေးပါတယ်။ ဒါပေမဲ့လည်း အစိုးရရဲ့ စီးပွားရေး ပြန်ကုစားရေးအစီအစဉ်တွေနဲ့ ကပ်ရောဂါဖြစ်ပွားနှုန်း သိပ်မများတာ၊ ဒါတွေနဲ့ ချိန်ကြည့်မယ်ဆိုရင် ဆိုးဆိုးရွားရွား ထိခိုက်မှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တချို့က ယူဆပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာက အခုဘဏ္ဍာနှစ်မှာ အစကောင်းခဲ့ပေမဲ့ COVID ကပ်ရောဂါဖြစ်ခဲ့လို့ ပြည်တွင်း၊ ပြည်ပ ကူးသန်းရောင်းဝယ်မှု နှစ်ဘက်လုံးမှာ ထိခိုက်ခဲ့ပါတယ်။ စိုက်ပျိုးရေး၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး ကဏ္ဍတွေမှာ ခံနိုင်ရည် ရှိနေသေးပေမဲ့ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုအပိုင်းမှာတော့ တကမ္ဘာလုံးနည်းတူ မြန်မာလည်း ထိခိုက်နေလို့ ဒီနှစ်မှာ ဖွံ့ဖြိုးမှုနှုန်း ဝ.၅ ရာခိုင်နှုန်းပဲ ရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းတာပါ။

အစိုးရရုံးတွေ ပုံမှန် မလည်ပတ်သေးတာကြောင့် ကမ္ဘာ့ဘဏ် အခြေခံပြီး တွက်ချက်တဲ့ အချက်အလက်၊ မြန်မာအစိုးရ တွက်ချက်ထားတဲ့ ကိန်းဂဏန်း နှစ်ခုလုံးကို အတိအကျ ယူလို့မရသေးပေမဲ့ COVID ကြောင့် တတိယနဲ့ စတုတ္ထ ဒီသုံးလပတ် ၂ ခုမှာ မြန်မာ့စီးပွားရေး ကျသွားနိုင်တယ်လို့ ဘက်ဂျက်လေ့လာသူ စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောပါတယ်။

“နယ်စပ်ကုန်သွယ်ရေးကလည်း အကုန်လုံးလိုလို ကျဆင်းနေတယ်၊ တရားဝင်ပုံမှန် ကုန်သွယ်ရေးကလည်းပဲ သိပ်ပြီးတော့ တိုးတက်မှု မရှိဘူးပေါ့နော်။ အကုန်လုံးခြုံလိုက်ရင်တော့ 1st quarter ၊ 2nd quarter က ဂဏန်းတွေ အဲဒါတွေနဲ့ တွက်ထားတဲ့ဟာကတော့ အသင့်အတင့် တိုးတက်မှု ရှိတယ်ပေါ့နော်။ သို့သော်လည်းပဲ 3rd quarter နဲ့ 4th quarter မှာကတော့ တိုးတက်မှုက သိပ်ပြီးတော့ ဖြစ်လိမ့်မယ်လို့ မယူဆနိုင်ပါဘူး။ ကျတောင် ကျဆင်းသွားနိုင်တယ်လို့ ယူဆတာပေါ့နော်။”

စီးပွားရေး ပြန်လည်ကုစားတဲ့နေရာမှာ သက်ဆိုင်ရာဌာနတွေက ဘဏ္ဍာရေးငွေကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် အသုံးချမယ်ဆိုရင် ကမ္ဘာ့ဘဏ် ခန့်မှန်းထားသလောက်ထိ ကျဆင်းသွားနိုင်မယ်လို့ မထင်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ လက်ရှိ ရှိနေတဲ့ financial space ပေါ့နော် ဘယ်လောက်ရှိသလဲပေါ့။ တနည်းပြောရရင် နိုင်ငံတကာက ချေးတာတွေ ပါတယ်၊ အကူအညီပေးတာတွေ ပါတယ်။ ဗဟိုဘဏ်က အရန်ငွေကြေးတွေပါတယ်။ နောက်တခုက အစိုးရကနေ ၅၀၀ ဘီလီယံထုတ်ပြီး လုပ်ငန်းတွေကို တနှစ်၊ အဲဒီတနှစ်ကနေ ထပ်ပြီး သက်တမ်းတိုးပေးမယ်ဆိုတဲ့ အရိပ်လက္ခဏာတွေလည်း စတွေ့နေရတယ်ပေါ့။ ဒါတွေကို ပေါင်းခြုံလိုက်ရင် ကျနော်ထင်တာတော့ ဝ.၅ ဆိုတာ ဒါ ပြင်လို့တော့ ရပါတယ်။ သူတို့ (ကမ္ဘာ့ဘဏ်) ကလည်းပြောတာ ဖြစ်နိုင်ခြေရှိတယ်လို့ပဲ ပြောတဲ့သဘောလို့ ကျနော်ထင်တယ်။”

မြန်မာအစိုးရက ကဏ္ဍတချို့မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့နေတာဖြစ်လို့ လာမယ့် ကမ္ဘာ့စီးပွားရေးလည်း အလျင်အမြန်ပြန်ကောင်းလာမယ်ဆိုရင် လာမယ့်ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးတိုးတက်မှုက ၇.၂ ရာခိုင်နှုန်း အထိ ပြန်ရောက်လာနိုင်တယ်လို့ ပုံမှန်အခြေအနေအပေါ်မှာကမ္ဘာဘဏ်ကတော့ တွက်ဆထားပါတယ်။

မြန်မာအစိုးရကတော့ CERP လို့ခေါ်တဲ့ စီးပွားရေး သက်ရောက်မှုများ ပြန်လည်ကုစားရေး အစီအစဉ်ကို အချိန်မီ ဆောင်ရွက်ခဲ့ပါတယ်။ ဒါရဲ့ ရည်ရွယ်ချက်ကတော့ တိုင်းပြည်စီးပွားရေး တည်ငြိမ်ဖို့၊ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးဖို့၊ ချို့တဲ့သူတွေကို အကာအကွယ်ပေးဖို့၊ ပြီးတော့ ဖြစ်လာနဲ့ အန္တရာယ်တွေကနေ ကြိုတင်ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ အခုအကျပ်အတည်းက ကျန်းမာရေးနဲ့ စီးပွားရေး ဒီကဏ္ဍနှစ်ခုမှာ ညှိနှိုင်းဆောင်ရွက်မှုတွေ အရေးတကြီးလိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခြေခံအဆောက်အအုံမှာ ရင်းနှီးတာ၊ ဝန်ဆောင်မှုကဏ္ဍ တိုးချဲ့တာ၊ ပို့ကုန်တိုးလာတာ၊ တဦးချင်း ဝယ်ယူစားသုံးတဲ့နှုန်း ပြန်တက်လာတာ ဒီအချက်တွေနဲ့ ကမ္ဘာစီးပွားရေးပုံမှန်အခြေအနေအပေါ် မူတည်ပြီး မြန်မာ့စီးပွားရေးဟာ လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်မှု ၇.၂ ရာခိုင်နှုန်းကို ပြန်ရောက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းတာပါ။ ဒါပေမဲ့ စိန်ခေါ်မှု ကြီးကြီးရှိနေတာကတော့ ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ ခန့်မှန်းရခက်တဲ့ COVID ကပ်ရောဂါ အခြေအနေလို့ ကမ္ဘာ့ဘဏ်က ထောက်ပြပါတယ်။

 ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ေၾကာင့္ ျမန္မာ့စီးပြားေရး က်ဆင္းမယ့္အေရး ကမာၻ႔ဘဏ္ သတိေပး

ျမန္မာ့စီးပြားေရးဟာ ၂၀၁၈-၁၉ ဘ႑ာႏွစ္မွာ GDP ဖြံ႕ၿဖိဳးမႈ ၆.၄ ရာခိုင္ႏႈန္းရွိရာကေန အခုလာမယ့္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာ COVID ကပ္ေရာဂါေၾကာင့္ ၀.၅ ရာခိုင္ႏႈန္း ျဖစ္သြားလိမ့္မယ္လို႔ ကမာၻ႔ဘဏ္က ဒီကေန႔ ဇြန္လ ၂၅ ရက္မွာ ခန႔္မွန္းသတိေပးပါတယ္။ ဒါေပမဲ့လည္း အစိုးရရဲ႕ စီးပြားေရး ျပန္ကုစားေရးအစီအစဥ္ေတြနဲ႔ ကပ္ေရာဂါျဖစ္ပြားႏႈန္း သိပ္မမ်ားတာ၊ ဒါေတြနဲ႔ ခ်ိန္ၾကည့္မယ္ဆိုရင္ ဆိုးဆိုး႐ြား႐ြား ထိခိုက္မွာ မဟုတ္ဘူးလို႔ စီးပြားေရးပညာရွင္တခ်ိဳ႕က ယူဆပါတယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာက အခုဘ႑ာႏွစ္မွာ အစေကာင္းခဲ့ေပမဲ့ COVID ကပ္ေရာဂါျဖစ္ခဲ့လို႔ ျပည္တြင္း၊ ျပည္ပ ကူးသန္းေရာင္းဝယ္မႈ ႏွစ္ဘက္လုံးမွာ ထိခိုက္ခဲ့ပါတယ္။ စိုက္ပ်ိဳးေရး၊ သတင္းအခ်က္အလက္နဲ႔ ဆက္သြယ္ေရး က႑ေတြမွာ ခံႏိုင္ရည္ ရွိေနေသးေပမဲ့ ထုတ္လုပ္မႈနဲ႔ ဝန္ေဆာင္မႈအပိုင္းမွာေတာ့ တကမာၻလုံးနည္းတူ ျမန္မာလည္း ထိခိုက္ေနလို႔ ဒီႏွစ္မွာ ဖြံ႕ၿဖိဳးမႈႏႈန္း ၀.၅ ရာခိုင္ႏႈန္းပဲ ရွိလိမ့္မယ္လို႔ ကမာၻ႔ဘဏ္က ခန႔္မွန္းတာပါ။

အစိုးရ႐ုံးေတြ ပုံမွန္ မလည္ပတ္ေသးတာေၾကာင့္ ကမာၻ႔ဘဏ္ အေျခခံၿပီး တြက္ခ်က္တဲ့ အခ်က္အလက္၊ ျမန္မာအစိုးရ တြက္ခ်က္ထားတဲ့ ကိန္းဂဏန္း ႏွစ္ခုလုံးကို အတိအက် ယူလို႔မရေသးေပမဲ့ COVID ေၾကာင့္ တတိယနဲ႔ စတုတၳ ဒီသုံးလပတ္ ၂ ခုမွာ ျမန္မာ့စီးပြားေရး က်သြားႏိုင္တယ္လို႔ ဘက္ဂ်က္ေလ့လာသူ စီးပြားေရးပညာရွင္ ဦးေဇာ္ေဖဝင္းက ေျပာပါတယ္။

“နယ္စပ္ကုန္သြယ္ေရးကလည္း အကုန္လုံးလိုလို က်ဆင္းေနတယ္၊ တရားဝင္ပုံမွန္ ကုန္သြယ္ေရးကလည္းပဲ သိပ္ၿပီးေတာ့ တိုးတက္မႈ မရွိဘူးေပါ့ေနာ္။ အကုန္လုံးၿခဳံလိုက္ရင္ေတာ့ 1st quarter ၊ 2nd quarter က ဂဏန္းေတြ အဲဒါေတြနဲ႔ တြက္ထားတဲ့ဟာကေတာ့ အသင့္အတင့္ တိုးတက္မႈ ရွိတယ္ေပါ့ေနာ္။ သို႔ေသာ္လည္းပဲ 3rd quarter နဲ႔ 4th quarter မွာကေတာ့ တိုးတက္မႈက သိပ္ၿပီးေတာ့ ျဖစ္လိမ့္မယ္လို႔ မယူဆႏိုင္ပါဘူး။ က်ေတာင္ က်ဆင္းသြားႏိုင္တယ္လို႔ ယူဆတာေပါ့ေနာ္။”

စီးပြားေရး ျပန္လည္ကုစားတဲ့ေနရာမွာ သက္ဆိုင္ရာဌာနေတြက ဘ႑ာေရးေငြကို မွန္မွန္ကန္ကန္နဲ႔ ျမန္ျမန္ဆန္ဆန္ အသုံးခ်မယ္ဆိုရင္ ကမာၻ႔ဘဏ္ ခန႔္မွန္းထားသေလာက္ထိ က်ဆင္းသြားႏိုင္မယ္လို႔ မထင္ေၾကာင္း စီးပြားေရးပညာရွင္ ေဒါက္တာေအာင္ကိုကိုက ေျပာပါတယ္။

“က်ေနာ္တို႔ႏိုင္ငံရဲ႕ လက္ရွိ ရွိေနတဲ့ financial space ေပါ့ေနာ္ ဘယ္ေလာက္ရွိသလဲေပါ့။ တနည္းေျပာရရင္ ႏိုင္ငံတကာက ေခ်းတာေတြ ပါတယ္၊ အကူအညီေပးတာေတြ ပါတယ္။ ဗဟိုဘဏ္က အရန္ေငြေၾကးေတြပါတယ္။ ေနာက္တခုက အစိုးရကေန ၅၀၀ ဘီလီယံထုတ္ၿပီး လုပ္ငန္းေတြကို တႏွစ္၊ အဲဒီတႏွစ္ကေန ထပ္ၿပီး သက္တမ္းတိုးေပးမယ္ဆိုတဲ့ အရိပ္လကၡဏာေတြလည္း စေတြ႕ေနရတယ္ေပါ့။ ဒါေတြကို ေပါင္းၿခဳံလိုက္ရင္ က်ေနာ္ထင္တာေတာ့ ၀.၅ ဆိုတာ ဒါ ျပင္လို႔ေတာ့ ရပါတယ္။ သူတို႔ (ကမာၻ႔ဘဏ္) ကလည္းေျပာတာ ျဖစ္ႏိုင္ေျခရွိတယ္လို႔ပဲ ေျပာတဲ့သေဘာလို႔ က်ေနာ္ထင္တယ္။”

ျမန္မာအစိုးရက က႑တခ်ိဳ႕မွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တိုးခ်ဲ႕ေနတာျဖစ္လို႔ လာမယ့္ ကမာၻ႔စီးပြားေရးလည္း အလ်င္အျမန္ျပန္ေကာင္းလာမယ္ဆိုရင္ လာမယ့္ဘ႑ာႏွစ္မွာ ျမန္မာ့စီးပြားေရးတိုးတက္မႈက ၇.၂ ရာခိုင္ႏႈန္း အထိ ျပန္ေရာက္လာႏိုင္တယ္လို႔ ပုံမွန္အေျခအေနအေပၚမွာကမာၻဘဏ္ကေတာ့ တြက္ဆထားပါတယ္။

ျမန္မာအစိုးရကေတာ့ CERP လို႔ေခၚတဲ့ စီးပြားေရး သက္ေရာက္မႈမ်ား ျပန္လည္ကုစားေရး အစီအစဥ္ကို အခ်ိန္မီ ေဆာင္႐ြက္ခဲ့ပါတယ္။ ဒါရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ တိုင္းျပည္စီးပြားေရး တည္ၿငိမ္ဖို႔၊ စီးပြားေရးလုပ္ငန္းေတြကို ပံ့ပိုးဖို႔၊ ခ်ိဳ႕တဲ့သူေတြကို အကာအကြယ္ေပးဖို႔၊ ၿပီးေတာ့ ျဖစ္လာနဲ႔ အႏၲရာယ္ေတြကေန ႀကိဳတင္ကာကြယ္ႏိုင္ဖို႔ ျဖစ္ပါတယ္။ အခုအက်ပ္အတည္းက က်န္းမာေရးနဲ႔ စီးပြားေရး ဒီက႑ႏွစ္ခုမွာ ညႇိႏႈိင္းေဆာင္႐ြက္မႈေတြ အေရးတႀကီးလိုအပ္တယ္ဆိုတာကို မီးေမာင္းထိုးျပခဲ့တယ္လို႔ ကမာၻ႔ဘဏ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အေျခခံအေဆာက္အအုံမွာ ရင္းႏွီးတာ၊ ဝန္ေဆာင္မႈက႑ တိုးခ်ဲ႕တာ၊ ပို႔ကုန္တိုးလာတာ၊ တဦးခ်င္း ဝယ္ယူစားသုံးတဲ့ႏႈန္း ျပန္တက္လာတာ ဒီအခ်က္ေတြနဲ႔ ကမာၻစီးပြားေရးပုံမွန္အေျခအေနအေပၚ မူတည္ၿပီး ျမန္မာ့စီးပြားေရးဟာ လာမယ့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ စီးပြားေရးတိုးတက္မႈ ၇.၂ ရာခိုင္ႏႈန္းကို ျပန္ေရာက္လာမယ္လို႔ ကမာၻ႔ဘဏ္က ခန႔္မွန္းတာပါ။ ဒါေပမဲ့ စိန္ေခၚမႈ ႀကီးႀကီးရွိေနတာကေတာ့ ကမာၻ႔စီးပြားေရး အေျခအေနနဲ႔ ခန႔္မွန္းရခက္တဲ့ COVID ကပ္ေရာဂါ အေျခအေနလို႔ ကမာၻ႔ဘဏ္က ေထာက္ျပပါတယ္။

 ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-business-world-bank/5477129.html
ကိုဗစ်ကြောင့် မြန်မာ့စီးပွားရေး ကျဆင်းမယ့်အရေး ကမ္ဘာ့ဘဏ် သတိပေး ကိုဗစ်ကြောင့် မြန်မာ့စီးပွားရေး ကျဆင်းမယ့်အရေး ကမ္ဘာ့ဘဏ် သတိပေး Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.