ရှမ်းပြည်နယ် ဂုတ်တွင်းလမ်းပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီး တောင်ပတ်လမ်းအောက်ပြုတ်ကျ ၊ လူ၃ဦးသေဆုံး ၁၃ ဦး ဒဏ်ရာရရှိ

ဂုတ်တွင်းလမ်းပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီး တောင်အောက်ပြုတ်ကျပြီး တိမ်းမှောက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)
(Unicode)⤵⤵⤵
ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် မန္တလေး-လားရှိုးသွားကားလမ်းပိုင်း၏ ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်း၊ မိုင်တိုင်အမှတ်(၈၃/၈၄)ကြားတွင် ယနေ့ နံနက် ၃နာရီခွဲက Express ခရီးသည်တင်ယာဉ်(၁)စီး ဘရိတ်ပေါက်၍ တောင်ပတ်လမ်းအောက်ကွေ့သို့ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ လူ ၃ဦးသေဆုံးပြီး အခြား ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော မီးသတ်ဦးစီးဌာနထံမှ သိရသည်။

" ဟိုးအပေါ်ကနေ ကုလားမကွေ့အထိပြုတ်ကျလာတာ၊ ယာဉ်တစ်စီးလုံးကျေသွားတယ်၊ ဒဏ်ရာရတဲ့လူတွေလည်းများတယ်၊ မင်းသားကြီးယာဉ်လိုင်းက ကား၊ ခု ကယ်ဆယ်ရေးဆောင်ရွက်ပြီးလို့ အဆင်းကားတွေ ပြန်လွှတ်နေပါပြီ"  ဟု ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရသူများအား ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် ဖြူစင်မေတ္တာပရိဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် (၁၆)ဦးအနက် ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း(၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူ ကျား(၈)ဦး၊ မ(၅)ဦး စုစုပေါင်း(၁၃)ဦး ရှိကြောင်း နှင့် ဒဏ်ရာရရှိသူများအား နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

(Xinhua)
----------------------------------

(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ ဂုတ္တြင္းလမ္းပိုင္း၌ ခရီးသည္တင္ယာဥ္တစ္စီး ေတာင္ပတ္လမ္းေအာက္ျပဳတ္က် ၊ လူ၃ဦးေသဆုံး ၁၃ ဦး ဒဏ္ရာရရွိ

ရန္ကုန္၊ ဇြန္ ၁၇ ရက္ (ဆင္ဟြာ)

ရွမ္းျပည္နယ္ ေက်ာက္မဲခ႐ိုင္ ေနာင္ခ်ိဳၿမိဳ႕နယ္ မႏၲေလး-လားရႈိးသြားကားလမ္းပိုင္း၏ ျပည္ေထာင္စုလမ္းမႀကီး ဂုတ္တြင္းလမ္းပိုင္း၊ မိုင္တိုင္အမွတ္(၈၃/၈၄)ၾကားတြင္ ယေန႔ နံနက္ ၃နာရီခြဲက Express ခရီးသည္တင္ယာဥ္(၁)စီး ဘရိတ္ေပါက္၍ ေတာင္ပတ္လမ္းေအာက္ေကြ႕သို႔ ထိုးက် တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ ယာဥ္ေပၚပါ လူ ၃ဦးေသဆုံးၿပီး အျခား ၁၃ ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း ကယ္ဆယ္ေရးေဆာင္႐ြက္ေပးေနေသာ မီးသတ္ဦးစီးဌာနထံမွ သိရသည္။

" ဟိုးအေပၚကေန ကုလားမေကြ႕အထိျပဳတ္က်လာတာ၊ ယာဥ္တစ္စီးလုံးေက်သြားတယ္၊ ဒဏ္ရာရတဲ့လူေတြလည္းမ်ားတယ္၊ မင္းသားႀကီးယာဥ္လိုင္းက ကား၊ ခု ကယ္ဆယ္ေရးေဆာင္႐ြက္ၿပီးလို႔ အဆင္းကားေတြ ျပန္လႊတ္ေနပါၿပီ"  ဟု ယာဥ္တိမ္းေမွာက္မႈတြင္ ဒဏ္ရာရသူမ်ားအား ကယ္ဆယ္ေရးေဆာင္႐ြက္ေပးေနသည့္ ျဖဴစင္ေမတၱာပရိဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ယာဥ္ေပၚပါ ခရီးသည္ (၁၆)ဦးအနက္ က်ား(၂)ဦး၊ မ(၁)ဦး စုစုေပါင္း(၃)ဦး ေသဆုံးၿပီး ထိခိုက္ဒဏ္ရာရွိသူ က်ား(၈)ဦး၊ မ(၅)ဦး စုစုေပါင္း(၁၃)ဦး ရွိေၾကာင္း ႏွင့္ ဒဏ္ရာရရွိသူမ်ားအား ေနာင္ခ်ိဳၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com/myanmar/environment-disasters-accidents/28036-2020-06-17-04-15-55
ရှမ်းပြည်နယ် ဂုတ်တွင်းလမ်းပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီး တောင်ပတ်လမ်းအောက်ပြုတ်ကျ ၊ လူ၃ဦးသေဆုံး ၁၃ ဦး ဒဏ်ရာရရှိ ရှမ်းပြည်နယ် ဂုတ်တွင်းလမ်းပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီး တောင်ပတ်လမ်းအောက်ပြုတ်ကျ ၊ လူ၃ဦးသေဆုံး ၁၃ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.