ပန်းတနော်မြို့တွင် ကျောင်းအုပ်ဆရာမတစ်ဦးဓားထိုးခံရမှု ဖြစ်ပွား


(Unicode)⤵⤵⤵
ပန်းတနော် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ယမန်နေ့ ညနေ ၆ နာရီအချိန်က ခတ္တိယရွာသစ် အ.မ.က(မူလွန်) ကျောင်းအုပ် ဆရာမတစ်ဦး ဓားထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခတ္တိယရွာသစ် အ.မ.က (မူလွန်) ကျောင်းအုပ်ဆရာမ မယဉ်နွယ်စိုး၏ နေအိမ်၌  ညီအကိုမောင်နှမများနှင့်အိမ်ရှေ့ ကုလားဖျင်းထဲတွင် စကားထိုင်ပြောနေရာမှ ခဏအကြာတွင် အော်သံကြား၍ ခင်းပွန်းဖြစ်သူမှဆင်းကြည့်ရာ ဇနီးဖြစ်သူမ ယဉ်နွယ်စိုးနှင့် မျိုးညီညီလတ်တို့က လွန်ခဲ့သော (၁၀)နှစ်ခန့်က မယဉ်နွယ်စိုး၏ မိဘများမှ မျိုးညီညီလတ်အားပေးရန် ကျန်ရှိသော ငွေရှစ်သောင်းကိစ္စနှင့် ပတ်သက်ပြီးစကားများရန်ဖြစ်ရာမှ တရားခံက အသင့်ပါလာသော ဓားမြှောင်ဖြင့်ထိုးခဲ့ရာ မယဉ်နွယ်စိုး၏ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ)၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာတစ်ချက်(မစိုးရိမ်ရ)၊ ယာလက်ဖဝါး ပြတ်ရှဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံးကြီးသို့ အချိန်မီပို့ဆောင် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မယဉ်နွယ်စိုး၏ ခင်ပွန်းဖြစ်သူမှ တရားဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ ပန်းတနော် မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ (၂၄)နာရီအတွင်း တရားခံ မျိုးညီညီလတ် အား ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်) / Myanmaalinn
-----------------------------------------
(Zawgyi)⤵⤵⤵
ပန္းတေနာ္ၿမိဳ႕တြင္ ေက်ာင္းအုပ္ဆရာမတစ္ဦးဓားထိုးခံရမႈ ျဖစ္ပြား

ပန္းတေနာ္ ဇြန္ ၁၇

ဧရာဝတီတိုင္းေဒသႀကီး ပန္းတေနာ္ၿမိဳ႕နယ္ အေနာက္ပိုင္းရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္း၌ ယမန္ေန႔ ညေန ၆ နာရီအခ်ိန္က ခတၱိယ႐ြာသစ္ အ.မ.က(မူလြန္) ေက်ာင္းအုပ္ ဆရာမတစ္ဦး ဓားထိုးခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ခတၱိယ႐ြာသစ္ အ.မ.က (မူလြန္) ေက်ာင္းအုပ္ဆရာမ မယဥ္ႏြယ္စိုး၏ ေနအိမ္၌  ညီအကိုေမာင္ႏွမမ်ားႏွင့္အိမ္ေရွ႕ ကုလားဖ်င္းထဲတြင္ စကားထိုင္ေျပာေနရာမွ ခဏအၾကာတြင္ ေအာ္သံၾကား၍ ခင္းပြန္းျဖစ္သူမွဆင္းၾကည့္ရာ ဇနီးျဖစ္သူမ ယဥ္ႏြယ္စိုးႏွင့္ မ်ိဳးညီညီလတ္တို႔က လြန္ခဲ့ေသာ (၁၀)ႏွစ္ခန္႔က မယဥ္ႏြယ္စိုး၏ မိဘမ်ားမွ မ်ိဳးညီညီလတ္အားေပးရန္ က်န္ရွိေသာ ေငြရွစ္ေသာင္းကိစၥႏွင့္ ပတ္သက္ၿပီးစကားမ်ားရန္ျဖစ္ရာမွ တရားခံက အသင့္ပါလာေသာ ဓားေျမႇာင္ျဖင့္ထိုးခဲ့ရာ မယဥ္ႏြယ္စိုး၏ ဝမ္းဗိုက္ထိုးသြင္းဒဏ္ရာတစ္ခ်က္(စိုးရိမ္ရ)၊ ဝဲလက္ဖ်ံျပတ္ရွဒဏ္ရာတစ္ခ်က္(မစိုးရိမ္ရ)၊ ယာလက္ဖဝါး ျပတ္ရွဒဏ္ရာတစ္ခ်က္(မစိုးရိမ္ရ) ဒဏ္ရာမ်ားရရွိခဲ့ၿပီး ပန္းတေနာ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံးႀကီးသို႔ အခ်ိန္မီပို႔ေဆာင္ ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ မယဥ္ႏြယ္စိုး၏ ခင္ပြန္းျဖစ္သူမွ တရားဥပေဒအရ အေရးယူေပးပါရန္ တိုင္တန္းခဲ့ရာ ပန္းတေနာ္ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ (၂၄)နာရီအတြင္း တရားခံ မ်ိဳးညီညီလတ္ အား ဖမ္းဆီးရမိခဲ့ၿပီး တရားဥပေဒအရ အေရးယူေဆာင္႐ြက္ ထားေၾကာင္း သိရသည္။

ျပည့္ၿဖိဳးေက်ာ္(ပန္းတေနာ္) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပန်းတနော်မြို့တွင် ကျောင်းအုပ်ဆရာမတစ်ဦးဓားထိုးခံရမှု ဖြစ်ပွား ပန်းတနော်မြို့တွင် ကျောင်းအုပ်ဆရာမတစ်ဦးဓားထိုးခံရမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 21:54 Rating: 5
Powered by Blogger.