ကိုဗစ်ကုသရေး ရှေ့တန်းက ဆရာဝန်တွေကို ဆေးကုသခွင့်လိုင်စင်ကြေး တစ်နှစ်စာကင်းလွတ်ခွင့်ပြု

ကိုဗစ်ကုသရေးမှာ ရှေ့တန်းက ဆောင်ရွက်နေတဲ့ အထွေထွေရောဂါကုဆရာဝန်တွေအပြင် အထူးကုတွေပါ အခုကင်းလွတ်ခွင့်မှာ အကျုံးဝင်မှာပါ။
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေး ရှေ့တန်းက ဆောင်ရွက်နေတဲ့ ဆရာဝန်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆေးကုသခွင့် လိုင်စင်ကြေး တစ်နှစ်စာ ကင်းလွတ်ခွင့်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆေးကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ကြေညာပါတယ်။

ဒီကင်းလွတ်ခွင့်ပေးတဲ့အစီအစဉ်မှာ ၂၀၂၀ ပြည့်ှနှစ်၊ ဇူလိုင်လ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်အတွင်း အထွေထွေဆေးကုသခွင့်လိုင်စင် သက်တမ်းတိုးခြင်း၊ အထူးဆေးကုသခွင့်လိုင်စင် လျှောက်ထားခြင်း၊ အထူးဆေးကုသခွင့်လိုင်စင် သက်တမ်းတိုးခြင်း ဆောင်ရွက်ရမယ့် အထွေထွေရောဂါကုဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေပါဝင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမတိုင်ခင် ဆေးကုသခွင့်လိုင်စင်ရရှိထားသူ ဆရာဝန်တွေအားလုံးလည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ဒီကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ် သတင်းကြားသိထားရကြောင်းနဲ့ တရားဝင်ညွှန်ကြားစာတော့မရသေးဘူးလို့ ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်သူလူထုပူးပေါင်းပါဝင်ကူညီမှုနဲ့ ကပ်ရောဂါ ကို ကြိုးပမ်းတိုက်ဖျက်နေတာကြောင့် မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ရောဂါပျံ့နှံ့မှုနှုန်း အလွန်နည်းပါးတာကိုတွေ့ရတယ်လို့လည်း ဆေးကောင်စီကြေညာချက်က ဆိုပါတယ်။

ဆေးကုသခွင့်လိုင်စင်ကြေးမှာ သုံးနှစ်တစ်ကြိမ် သက်တမ်းတိုးရတာဖြစ်ပြီး တစ်ကြိမ်သက်တက်တမ်းတိုးရင် သောင်းဂဏန်းဝန်းကျင်ရှိတယ်လို့ ဆရာဝန်တချို့က ပြောပါတယ်။ အဲဒီလိုသုံးနှစ်တစ်ကြိမ် တိုးရတဲ့အထဲက တစ်နှစ်စာကိုအခုလိုကင်းလွတ်ခွင့်ပေးတာဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အာင်ဆန်းစုကြည်က ကိုဗစ်-၁၉ ကာကွယ်ကုသရေးမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုကျေးဇူးတင်ကြောင်းနဲ့ ဆရာဝန်တွေကို ထောက်ပံ့ပေးနိုင်မယ့်အစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ လပိုင်းတွေက ပြောကြားထားပါတယ်။

BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ကုသေရး ေရွ႕တန္းက ဆရာဝန္ေတြကို ေဆးကုသခြင့္လိုင္စင္ေၾကး တစ္ႏွစ္စာကင္းလြတ္ခြင့္ျပဳ

ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ကုသေရး ေရွ႕တန္းက ေဆာင္႐ြက္ေနတဲ့ ဆရာဝန္ေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေဆးကုသခြင့္ လိုင္စင္ေၾကး တစ္ႏွစ္စာ ကင္းလြတ္ခြင့္ေပးခဲ့တယ္လို႔ ျမန္မာႏိုင္ငံေဆးေကာင္စီက ၿပီးခဲ့တဲ့ ရက္ပိုင္းက ထုတ္ျပန္ေၾကညာပါတယ္။

ဒီကင္းလြတ္ခြင့္ေပးတဲ့အစီအစဥ္မွာ ၂၀၂၀ ျပည့္ွႏွစ္၊ ဇူလိုင္လ ၁ ရက္ကေန ၂၀၂၃ ခုႏွစ္၊ ဇြန္လ ၃၀ ရက္အတြင္း အေထြေထြေဆးကုသခြင့္လိုင္စင္ သက္တမ္းတိုးျခင္း၊ အထူးေဆးကုသခြင့္လိုင္စင္ ေလွ်ာက္ထားျခင္း၊ အထူးေဆးကုသခြင့္လိုင္စင္ သက္တမ္းတိုးျခင္း ေဆာင္႐ြက္ရမယ့္ အေထြေထြေရာဂါကုဆရာဝန္ေတြ၊ အထူးကုဆရာဝန္ေတြပါဝင္တယ္လို႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

ဒါ့အျပင္ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လမတိုင္ခင္ ေဆးကုသခြင့္လိုင္စင္ရရွိထားသူ ဆရာဝန္ေတြအားလုံးလည္း အက်ဳံးဝင္တယ္လို႔ ဆိုပါတယ္။

ပုသိမ္ၿမိဳ႕နယ္ေဆး႐ုံအုပ္ႀကီး ေဒါက္တာသန္းမင္းထြဋ္က ဒီကိစၥနဲ႔ပတ္သက္ၿပီး ေလာေလာဆယ္ သတင္းၾကားသိထားရေၾကာင္းနဲ႔ တရားဝင္ၫႊန္ၾကားစာေတာ့မရေသးဘူးလို႔ ဘီဘီစီကိုေျပာပါတယ္။

ျမန္မာႏိုင္ငံက က်န္းမာေရးဝန္ထမ္းေတြဟာ ျပည္သူလူထုပူးေပါင္းပါဝင္ကူညီမႈနဲ႔ ကပ္ေရာဂါ ကို ႀကိဳးပမ္းတိုက္ဖ်က္ေနတာေၾကာင့္ ျမန္မာႏိုင္ငံဟာ တျခားႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ ေရာဂါပ်ံ႕ႏွံ႔မႈႏႈန္း အလြန္နည္းပါးတာကိုေတြ႕ရတယ္လို႔လည္း ေဆးေကာင္စီေၾကညာခ်က္က ဆိုပါတယ္။

ေဆးကုသခြင့္လိုင္စင္ေၾကးမွာ သုံးႏွစ္တစ္ႀကိမ္ သက္တမ္းတိုးရတာျဖစ္ၿပီး တစ္ႀကိမ္သက္တက္တမ္းတိုးရင္ ေသာင္းဂဏန္းဝန္းက်င္ရွိတယ္လို႔ ဆရာဝန္တခ်ိဳ႕က ေျပာပါတယ္။ အဲဒီလိုသုံးႏွစ္တစ္ႀကိမ္ တိုးရတဲ့အထဲက တစ္ႏွစ္စာကိုအခုလိုကင္းလြတ္ခြင့္ေပးတာျဖစ္ပါတယ္။

ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ေဒၚအာင္ဆန္းစုၾကည္က ကိုဗစ္-၁၉ ကာကြယ္ကုသေရးမွာ ေရွ႕တန္းက ပါဝင္ေဆာင္႐ြက္ေနတဲ့ က်န္းမာေရး ဝန္ထမ္းေတြကိုေက်းဇူးတင္ေၾကာင္းနဲ႔ ဆရာဝန္ေတြကို ေထာက္ပံ့ေပးႏိုင္မယ့္အစီအစဥ္ေတြ ေဆာင္႐ြက္ေနတယ္လို႔ ၿပီးခဲ့တဲ့ လပိုင္းေတြက ေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53074650
ကိုဗစ်ကုသရေး ရှေ့တန်းက ဆရာဝန်တွေကို ဆေးကုသခွင့်လိုင်စင်ကြေး တစ်နှစ်စာကင်းလွတ်ခွင့်ပြု ကိုဗစ်ကုသရေး ရှေ့တန်းက ဆရာဝန်တွေကို ဆေးကုသခွင့်လိုင်စင်ကြေး တစ်နှစ်စာကင်းလွတ်ခွင့်ပြု Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.