သားအမိနှစ်ဦး အသတ်ခံရမှု အထူးအမှုစစ်အဖွဲ့ဖြင့် ဖော်ထုတ်နေ


(Unicode)⤵⤵⤵
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာရှိ နှစ်ထပ်တိုက် နေအိမ်တစ်အိမ်မှာ ဇွန် (၂၃)ရက်၊ နေ့လယ်ပိုင်းက သားအမိနှစ်ဦး အသတ်ခံရတဲ့ အမှုကို အထူးအမှုစစ်ဖွဲ့ပြီး ကျူးလွန်သူကို စုံစမ်းဖော်ထုတ်နေတယ်လို့ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး စိန်ဝင်းကပြောပါ တယ်။

 အခင်းဖြစ်ရပ်ကို ပထမဦးဆုံးတွေ့ရှိသူဟာ သေဆုံးသူနှစ်ဦးရဲ့ မိသားစုဝင်တစ်ဦးဖြစ်ပြီး အသက် (၈၆)နှစ်အရွယ်အဖွားအိုကို နေအိမ်အောက်ထပ်နဲ့ အသက်(၅၄)နှစ်အရွယ်အမျိုးသမီးကို နေအိမ်အပေါ် ထပ်မှာတွေ့ရှိတာဖြစ်တယ်လို့လည်း ဒုတိယရဲမှူးကြီး စိန်ဝင်းက ပြောပါတယ်။

ရဲတပ်ဖွဲ့စစ်ဆေးချက်တွေအရ သေဆုံးသူနှစ်ဦးဟာ ရိုက်နှက်ခံထားရတာဖြစ်ပြီး ဖူးရောင်၊ ညိုမဲ နဲ့ ချိုင့်ဝင် ဒဏ်ရာတွေ ရရှိထားသလို  သေဆုံးသူတွေနေအိမ်ကနေ ပျောက်ဆုံးနေတဲ့ဆိုင်ကယ်ကိုလည်း ထားဝယ် ကမ်းနားဈေးအနီးမှာတွေ့ရှိခဲ့တယ်လို့ဒုတိယရဲမှူးကြီး စိန်ဝင်းကပြောပါတယ်။

အဲဒီသားအမိနှစ်ဦးအသတ်ခံရတဲ့အမှုကို လောင်းလုံးမြို့မရဲစခန်းမှာ လူသတ်မှု၊ လုယက်မှုပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်(၁၃)ရက်ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ မိသားစုဝင်(၃)ဦး အသတ်ခံရတဲ့အမှုဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း- ဝေယံထက်ဝင်း - Photo   -dawei watch / One News Myanmar
--------------------------------------------
(Zawgyi)⤵⤵⤵
သားအမိႏွစ္ဦး အသတ္ခံရမႈ အထူးအမႈစစ္အဖြဲ႕ျဖင့္ ေဖာ္ထုတ္ေန

တနသၤာရီတိုင္းေဒသႀကီး၊ ေလာင္းလုံးၿမိဳ႕နယ္၊ သေျပေရွာင္ေက်း႐ြာရွိ ႏွစ္ထပ္တိုက္ ေနအိမ္တစ္အိမ္မွာ ဇြန္ (၂၃)ရက္၊ ေန႔လယ္ပိုင္းက သားအမိႏွစ္ဦး အသတ္ခံရတဲ့ အမႈကို အထူးအမႈစစ္ဖြဲ႕ၿပီး က်ဴးလြန္သူကို စုံစမ္းေဖာ္ထုတ္ေနတယ္လို႔ တနသၤာရီတိုင္းေဒသႀကီးရဲတပ္ဖြဲ႕က ဒုတိယရဲမႉးႀကီး စိန္ဝင္းကေျပာပါ တယ္။

 အခင္းျဖစ္ရပ္ကို ပထမဦးဆုံးေတြ႕ရွိသူဟာ ေသဆုံးသူႏွစ္ဦးရဲ႕ မိသားစုဝင္တစ္ဦးျဖစ္ၿပီး အသက္ (၈၆)ႏွစ္အ႐ြယ္အဖြားအိုကို ေနအိမ္ေအာက္ထပ္နဲ႔ အသက္(၅၄)ႏွစ္အ႐ြယ္အမ်ိဳးသမီးကို ေနအိမ္အေပၚ ထပ္မွာေတြ႕ရွိတာျဖစ္တယ္လို႔လည္း ဒုတိယရဲမႉးႀကီး စိန္ဝင္းက ေျပာပါတယ္။

ရဲတပ္ဖြဲ႕စစ္ေဆးခ်က္ေတြအရ ေသဆုံးသူႏွစ္ဦးဟာ ႐ိုက္ႏွက္ခံထားရတာျဖစ္ၿပီး ဖူးေရာင္၊ ညိဳမဲ နဲ႔ ခ်ိဳင့္ဝင္ ဒဏ္ရာေတြ ရရွိထားသလို  ေသဆုံးသူေတြေနအိမ္ကေန ေပ်ာက္ဆုံးေနတဲ့ဆိုင္ကယ္ကိုလည္း ထားဝယ္ ကမ္းနားေစ်းအနီးမွာေတြ႕ရွိခဲ့တယ္လို႔ဒုတိယရဲမႉးႀကီး စိန္ဝင္းကေျပာပါတယ္။

အဲဒီသားအမိႏွစ္ဦးအသတ္ခံရတဲ့အမႈကို ေလာင္းလုံးၿမိဳ႕မရဲစခန္းမွာ လူသတ္မႈ၊ လုယက္မႈပုဒ္မေတြနဲ႔ အမႈဖြင့္ထားပါတယ္။ ၿပီးခဲ့တဲ့ ဇြန္(၁၃)ရက္ကလည္း တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္မွာ မိသားစုဝင္(၃)ဦး အသတ္ခံရတဲ့အမႈျဖစ္ပြားခဲ့ပါေသးတယ္။

သတင္း- ေဝယံထက္ဝင္း - Photo   -dawei watch / One News Myanmar
https://www.facebook.com/onenewsmyan
သားအမိနှစ်ဦး အသတ်ခံရမှု အထူးအမှုစစ်အဖွဲ့ဖြင့် ဖော်ထုတ်နေ သားအမိနှစ်ဦး အသတ်ခံရမှု အထူးအမှုစစ်အဖွဲ့ဖြင့် ဖော်ထုတ်နေ Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.