တရုတ်မယားအဖြစ်ရောင်းစားခံထားရသူ ၂ ဦးထပ်မံကယ်ထုတ်နိုင်

ကယ်ထုတ်နိုင်ခဲ့တဲ့ အဲဒီအမျိုးသမီး ၂ဦးကို ဇွန်လ ၁၇ရက်နေ့မှာတစ်ဦး၊ ဇွန်လ ၂၁ရက်နေ့မှာတစ်ဦး မြန်မာနိုင်ငံကို အသီးသီး ပြန်ပို့ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
(Unicode)⤵⤵⤵
တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ်နဲ့၊ ဟဲနန်ပြည်နယ်က ကျေးရွာပိုင်းတွေအထိရောင်းစားခံရပြီး တရုတ်မယား အဖြစ်နေထိုင်နေရသူ အသက် ၁၈နှစ်နဲ့ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ မြန်မာအမျိုးသမီး ၂ ဦးကို ကယ်တင်နိုင် ခဲ့တယ်လို့ မြန်မာသံရုံးဘေဂျင်းက ဇွန်လ ၂၄ရက် ညပိုင်းကထုတ်ပြန်ပါတယ်။

အဲဒီအမျိုးသမီး ၂ဦးကို တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ရမယ်ဆိုပြီးခေါ်ယူကာ ၂၀၁၉ ခုနှစ် အစောပိုင်းနဲ့ နှောင်းပိုင်းကတည်းက အသီးသီးရောင်းစားခဲ့တာလို့ ဖော်ပြပါတယ်။ သူတို့ ၂ဦးလုံးက ရန်ကုန်တိုင်း အတွင်းမှာနေထိုင်ကြသူတွေဖြစ်ပါတယ်။

သူတို့ နှစ်ဦးလုံးက မြန်မာနိုင်ငံလူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ဆက်သွယ်အကူအညီတောင်း ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီကတဆင့် ရဲတပ်ဖွဲ့က သံရုံးနဲ့ ချိတ်ဆက်ကာ သူတို့နေထိုင်ရာကို တရုတ်အာဏာပိုင်တွေနဲ့အတူ ကူညီရှာဖွေပြီး ကယ်ထုတ်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကယ်ထုတ်နိုင်ခဲ့တဲ့ အဲဒီအမျိုးသမီး ၂ ဦးကို ဇွန်လ ၁၇ရက်နေ့မှာတစ်ဦး၊ ဇွန်လ ၂၁ ရက်နေ့မှာတစ်ဦး မြန်မာနိုင်ငံကို အသီးသီး ပြန်ပို့ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ကိုဗစ်ကာလအတွင်းမှာပဲ တရုတ်မယား အဖြစ် ရောင်းစားခံရသူတွေကို ကယ်တင်နိုင်တာနဲ့ သူတို့ကိုယ်တိုင် နိုင်ငံအတွင်း ပြန်ဝင်လာသူတွေ ဒီရက်ပိုင်းအတွင်းမှာ သုံးဦးအထိရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှာ အမေဖြစ်သူနဲ့ အမေရဲ့နောက် အိမ်ထောင်အမျိုးသားတို့ကိုယ်တိုင်က တရုတ်မယား အဖြစ်ရောင်းစားခဲ့သူ အမျိုးသမီးတစ်ဦးကလည်း နှစ်နိုင်ငံ ပြန်လည်လွှဲပြောင်းပေးရာမှာ ပါလာပြီး၊ သူ့နေရပ် ရှမ်းပြည်နယ်အတွင်း ပြန်ရောက်ချိန်မှာပဲ အမှုဖွင့်တိုင်တန်းတာမျိုးလည်း ရှိခဲ့ပါတယ်။

BBC Burmese
--------------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္မယားအျဖစ္ေရာင္းစားခံထားရသူ ၂ ဦးထပ္မံကယ္ထုတ္ႏိုင္

တ႐ုတ္ႏိုင္ငံ ရွန္းတုန္းျပည္နယ္နဲ႔၊ ဟဲနန္ျပည္နယ္က ေက်း႐ြာပိုင္းေတြအထိေရာင္းစားခံရၿပီး တ႐ုတ္မယား အျဖစ္ေနထိုင္ေနရသူ အသက္ ၁၈ႏွစ္နဲ႔ အသက္ ၂၄ ႏွစ္အ႐ြယ္ရွိတဲ့ ျမန္မာအမ်ိဳးသမီး ၂ ဦးကို ကယ္တင္ႏိုင္ ခဲ့တယ္လို႔ ျမန္မာသံ႐ုံးေဘဂ်င္းက ဇြန္လ ၂၄ရက္ ညပိုင္းကထုတ္ျပန္ပါတယ္။

အဲဒီအမ်ိဳးသမီး ၂ဦးကို တ႐ုတ္ႏိုင္ငံမွာ အလုပ္လုပ္ကိုင္ရမယ္ဆိုၿပီးေခၚယူကာ ၂၀၁၉ ခုႏွစ္ အေစာပိုင္းနဲ႔ ေႏွာင္းပိုင္းကတည္းက အသီးသီးေရာင္းစားခဲ့တာလို႔ ေဖာ္ျပပါတယ္။ သူတို႔ ၂ဦးလုံးက ရန္ကုန္တိုင္း အတြင္းမွာေနထိုင္ၾကသူေတြျဖစ္ပါတယ္။

သူတို႔ ႏွစ္ဦးလုံးက ျမန္မာႏိုင္ငံလူကုန္ကူးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ကို ဆက္သြယ္အကူအညီေတာင္း ခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီကတဆင့္ ရဲတပ္ဖြဲ႕က သံ႐ုံးနဲ႔ ခ်ိတ္ဆက္ကာ သူတို႔ေနထိုင္ရာကို တ႐ုတ္အာဏာပိုင္ေတြနဲ႔အတူ ကူညီရွာေဖြၿပီး ကယ္ထုတ္ႏိုင္ခဲ့တာလို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ကယ္ထုတ္ႏိုင္ခဲ့တဲ့ အဲဒီအမ်ိဳးသမီး ၂ ဦးကို ဇြန္လ ၁၇ရက္ေန႔မွာတစ္ဦး၊ ဇြန္လ ၂၁ ရက္ေန႔မွာတစ္ဦး ျမန္မာႏိုင္ငံကို အသီးသီး ျပန္ပို႔ေပးခဲ့တယ္လို႔ ေဖာ္ျပပါတယ္။

ကိုဗစ္ကာလအတြင္းမွာပဲ တ႐ုတ္မယား အျဖစ္ ေရာင္းစားခံရသူေတြကို ကယ္တင္ႏိုင္တာနဲ႔ သူတို႔ကိုယ္တိုင္ ႏိုင္ငံအတြင္း ျပန္ဝင္လာသူေတြ ဒီရက္ပိုင္းအတြင္းမွာ သုံးဦးအထိရွိပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကမွာ အေမျဖစ္သူနဲ႔ အေမရဲ႕ေနာက္ အိမ္ေထာင္အမ်ိဳးသားတို႔ကိုယ္တိုင္က တ႐ုတ္မယား အျဖစ္ေရာင္းစားခဲ့သူ အမ်ိဳးသမီးတစ္ဦးကလည္း ႏွစ္ႏိုင္ငံ ျပန္လည္လႊဲေျပာင္းေပးရာမွာ ပါလာၿပီး၊ သူ႔ေနရပ္ ရွမ္းျပည္နယ္အတြင္း ျပန္ေရာက္ခ်ိန္မွာပဲ အမႈဖြင့္တိုင္တန္းတာမ်ိဳးလည္း ရွိခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53160420
တရုတ်မယားအဖြစ်ရောင်းစားခံထားရသူ ၂ ဦးထပ်မံကယ်ထုတ်နိုင် တရုတ်မယားအဖြစ်ရောင်းစားခံထားရသူ ၂ ဦးထပ်မံကယ်ထုတ်နိုင် Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.