ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲတရားရုံးတွင်ဆက်လက်စစ်ဆေးနေ


(Unicode)⤵⤵⤵
ရဲတပ်ဖွဲ့ဝင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်ဆိုပြီး တိုင်ကြားခံထားရတဲ့ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲတရားရုံးမှာ ဆက်လက်စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟကပြောပါတယ်။

စုံစမ်းစစ်ဆေး ရေးခုံရုံး၊ သက်သေခံအကျဉ်းချုပ်နဲ့ စစ်ဆေးပြီးနောက် ရဲတရားရုံးကို တင်ပို့ကာ ဆက်လက် စစ်ဆေးနေတာဖြစ်တယ်လို့လည်းရဲမှူးကြီး ကျော်သီဟကပြောပါတယ်။

ရဲတရားရုံးမှာ စစ်ဆေးနေဆဲဖြစ်တာကြောင့် ပြစ်ဒဏ်ချမှတ်တဲ့အပိုင်းကိုတော့ မသိနိုင်သေး ဘူးလို့ ရဲမှူးကြီးကျော်သီဟကပြောပါတယ်။

ရဲမှူးချုပ် ဇော်မိုးသန်းဟာ အရင်က ရဲလေ့ကျင့်ရေးအရာရှိချုပ်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ် ဧပြီလအတွင်းကရဲရာထူးခန့်ချုပ်အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အခုအချိန်ထိ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် လက်ထက်မှာ အရေးယူခံရတဲ့ ထိပ်တန်းအဆင့် ရဲမှူးချုပ်နှစ်ဦးရှိနေပါတယ်။

သတင်း- ဝေယံထက်ဝင်း - ဓာတ်ပုံ   - မြန်မာနိုင်ငံရဲတပ်ဖွဲ့  / One News Myanmar
------------------------------------

(Zawgyi)⤵⤵⤵
ရဲရာထူးခန႔္ခ်ဳပ္ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို ရဲတရား႐ုံးတြင္ဆက္လက္စစ္ေဆးေန

ရဲတပ္ဖြဲ႕ဝင္ အမ်ိဳးသမီးေတြကို လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္တယ္ဆိုၿပီး တိုင္ၾကားခံထားရတဲ့ ရဲရာထူးခန႔္ခ်ဳပ္ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို ရဲတရား႐ုံးမွာ ဆက္လက္စစ္ေဆးေနတယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီးေက်ာ္သီဟကေျပာပါတယ္။

စုံစမ္းစစ္ေဆး ေရးခုံ႐ုံး၊ သက္ေသခံအက်ဥ္းခ်ဳပ္နဲ႔ စစ္ေဆးၿပီးေနာက္ ရဲတရား႐ုံးကို တင္ပို႔ကာ ဆက္လက္ စစ္ေဆးေနတာျဖစ္တယ္လို႔လည္းရဲမႉးႀကီး ေက်ာ္သီဟကေျပာပါတယ္။

ရဲတရား႐ုံးမွာ စစ္ေဆးေနဆဲျဖစ္တာေၾကာင့္ ျပစ္ဒဏ္ခ်မွတ္တဲ့အပိုင္းကိုေတာ့ မသိႏိုင္ေသး ဘူးလို႔ ရဲမႉးႀကီးေက်ာ္သီဟကေျပာပါတယ္။

ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းဟာ အရင္က ရဲေလ့က်င့္ေရးအရာရွိခ်ဳပ္အေနနဲ႔တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ၿပီး ၿပီးခဲ့တဲ့(၂၀၁၈)ခုႏွစ္ ဧၿပီလအတြင္းကရဲရာထူးခန႔္ခ်ဳပ္အျဖစ္ ေျပာင္းေ႐ႊ႕တာဝန္ ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ အခုအခ်ိန္ထိ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ လက္ထက္မွာ အေရးယူခံရတဲ့ ထိပ္တန္းအဆင့္ ရဲမႉးခ်ဳပ္ႏွစ္ဦးရွိေနပါတယ္။

သတင္း- ေဝယံထက္ဝင္း - ဓာတ္ပုံ   - ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕  / One News Myanmar
https://www.facebook.com/onenewsmyan
ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲတရားရုံးတွင်ဆက်လက်စစ်ဆေးနေ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲတရားရုံးတွင်ဆက်လက်စစ်ဆေးနေ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.