COVID-19 ရောဂါ ကင်းရှင်းကြောင်း နယူးဇီလန်ကြေညာ

နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern
(Unicode)⤵⤵⤵
နယူးဇီလန်နိုင်ငံမှာ COVID-19 ရောဂါကင်းရှင်းသွားပြီလို့ နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

COVID-19 တိုက်ဖျက်ရေးမှာ နယူးဇီလန်အနေနဲ့ အောင်မြင်မှု တခုရအောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဒီဗိုင်းရပ်စ်ကို ချေမှုန်းဖို့ အားလုံး တစည်းတလုံးထဲ ညီညီညွှတ်ညွှတ်လုပ်ဆောင်ခဲ့တာပါ။ ဒီကပ်ရောဂါကြောင့် သေဆုံးသွားခဲ့ရသူတွေကိုလည်း အသိအမှတ်ပြုပါတယ်။ ကျမတို့ အားလုံး လက်တွဲဆောင်ရွက်ခဲ့ကြသလို တတ်နိုင်သမျှ ဖေးမပေးခဲ့ကြပါတယ်။

COVID-19 နဲ့ ဆေးရုံတက်ကုသမှုခံယူနေတဲ့ နောက်ဆုံးလူနာကို ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး ကူးစက်မှု အသစ်ထပ်မတွေ့ကြောင်း ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် Ashley Bloomfield က ကြေညာချက်ထုတ်ပြန်ပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ် က ကြေညာခဲ့တာပါ။ ဖေဖော်ဝါရီလ နှောင်းပိုင်းက စပြီး ရောဂါကူးစက်မှုဖြစ်ပွားခဲ့တဲ့ နယူးဇီလန်မှာ အတည်ပြုလူနာသစ် မရှိတာ ၁၇ ရက်ဆက်တိုက်ရှိပြီလို့ ညွှန်ကြားရေးမှူးချုပ် Bloomfield ကပြောပါတယ်။ ဒါပေမဲ့ ဆက်ပြီး သတိနဲ့ နေထိုင်ကြဖို့ လိုအပ်ကြောင်းလည်း သူကပြောပါတယ်။

မတ်လကတည်းက စပြီး နိုင်ငံတွင်း အသွားအလာ ထိန်းချုပ်ကန့်သတ်ထားတာတွေကို အဆင့် ၄ ဆင့်ခွဲ ဖြေလျှော့ပေးသွားမယ်လို့ ကျန်းမာရေးဌာနက ရတဲ့ စာရင်းတွေကို အခြေခံပြီး ဝန်ကြီးချုပ် Ardern ကပြောပါတယ်။ ဒါပေမဲ့ နယ်စပ်ကိုတော့ ဆက်ပြီးပိတ်ထားမယ်လို့ ပြောပါတယ်။

နယူးဇီလန်မှာ ရောဂါကူးစက်မှု စတွေ့တဲ့ အချိန်ကတည်းကစပြီး အရေးပါတဲ့ လုပ်ငန်းတွေကလွဲလို့ ကျန်စီးပွါးရေးလုပ်ငန်းတွေအားလုံးကို ပိတ်ထားခဲ့တာပါ။ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းခရီးသွားလာခွင့်ကို မေလက စပြီးဖွင့်ပေးခဲ့သလို ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ ကျောင်းတွေကို တဖြည်းဖြည်း ပြန်ဖွင့်ပေးခဲ့တာပါ။

လူဉီးရေ ၅,၀၀၀,၀၀၀ လောက်ရှိတဲ့ နယူးဇီလန်မှာ COVID-19 ကူးစက်သူ ၁,၁၅၄ ယောက်ရှိပြီး၂၂ ယောက်သေဆုံးခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
COVID-19 ေရာဂါ ကင္းရွင္းေၾကာင္း နယူးဇီလန္ေၾကညာ

နယူးဇီလန္ႏိုင္ငံမွာ COVID-19 ေရာဂါကင္းရွင္းသြားၿပီလို႔ နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ Jacinda Ardern က တနလၤာေန႔က ေၾကညာခဲ့ပါတယ္။

COVID-19 တိုက္ဖ်က္ေရးမွာ နယူးဇီလန္အေနနဲ႔ ေအာင္ျမင္မႈ တခုရေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ပါၿပီ။ ဒီဗိုင္းရပ္စ္ကို ေခ်မႈန္းဖို႔ အားလုံး တစည္းတလုံးထဲ ညီညီၫႊတ္ၫႊတ္လုပ္ေဆာင္ခဲ့တာပါ။ ဒီကပ္ေရာဂါေၾကာင့္ ေသဆုံးသြားခဲ့ရသူေတြကိုလည္း အသိအမွတ္ျပဳပါတယ္။ က်မတို႔ အားလုံး လက္တြဲေဆာင္႐ြက္ခဲ့ၾကသလို တတ္ႏိုင္သမွ် ေဖးမေပးခဲ့ၾကပါတယ္။

COVID-19 နဲ႔ ေဆး႐ုံတက္ကုသမႈခံယူေနတဲ့ ေနာက္ဆုံးလူနာကို ေဆး႐ုံဆင္းခြင့္ျပဳလိုက္ၿပီး ကူးစက္မႈ အသစ္ထပ္မေတြ႕ေၾကာင္း က်န္းမာေရးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ Ashley Bloomfield က ေၾကညာခ်က္ထုတ္ျပန္ၿပီး မၾကာခင္မွာပဲ ဝန္ႀကီးခ်ဳပ္ က ေၾကညာခဲ့တာပါ။ ေဖေဖာ္ဝါရီလ ေႏွာင္းပိုင္းက စၿပီး ေရာဂါကူးစက္မႈျဖစ္ပြားခဲ့တဲ့ နယူးဇီလန္မွာ အတည္ျပဳလူနာသစ္ မရွိတာ ၁၇ ရက္ဆက္တိုက္ရွိၿပီလို႔ ၫႊန္ၾကားေရးမႉးခ်ဳပ္ Bloomfield ကေျပာပါတယ္။ ဒါေပမဲ့ ဆက္ၿပီး သတိနဲ႔ ေနထိုင္ၾကဖို႔ လိုအပ္ေၾကာင္းလည္း သူကေျပာပါတယ္။

မတ္လကတည္းက စၿပီး ႏိုင္ငံတြင္း အသြားအလာ ထိန္းခ်ဳပ္ကန႔္သတ္ထားတာေတြကို အဆင့္ ၄ ဆင့္ခြဲ ေျဖေလွ်ာ့ေပးသြားမယ္လို႔ က်န္းမာေရးဌာနက ရတဲ့ စာရင္းေတြကို အေျခခံၿပီး ဝန္ႀကီးခ်ဳပ္ Ardern ကေျပာပါတယ္။ ဒါေပမဲ့ နယ္စပ္ကိုေတာ့ ဆက္ၿပီးပိတ္ထားမယ္လို႔ ေျပာပါတယ္။

နယူးဇီလန္မွာ ေရာဂါကူးစက္မႈ စေတြ႕တဲ့ အခ်ိန္ကတည္းကစၿပီး အေရးပါတဲ့ လုပ္ငန္းေတြကလြဲလို႔ က်န္စီးပြါးေရးလုပ္ငန္းေတြအားလုံးကို ပိတ္ထားခဲ့တာပါ။ ေဆာက္လုပ္ေရးလုပ္ငန္းေတြနဲ႔ ျပည္တြင္းခရီးသြားလာခြင့္ကို ေမလက စၿပီးဖြင့္ေပးခဲ့သလို ေစ်းဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြ၊ ႐ုပ္ရွင္႐ုံေတြနဲ႔ ေက်ာင္းေတြကို တျဖည္းျဖည္း ျပန္ဖြင့္ေပးခဲ့တာပါ။

လူဉီးေရ ၅,၀၀၀,၀၀၀ ေလာက္ရွိတဲ့ နယူးဇီလန္မွာ COVID-19 ကူးစက္သူ ၁,၁၅၄ ေယာက္ရွိၿပီး၂၂ ေယာက္ေသဆုံးခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid-new-zealand/5453725.html
COVID-19 ရောဂါ ကင်းရှင်းကြောင်း နယူးဇီလန်ကြေညာ COVID-19 ရောဂါ ကင်းရှင်းကြောင်း နယူးဇီလန်ကြေညာ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.