ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ မရှိသေးဟု တပ်မတော်ပြောကြား

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ၂၀၂၀ ဇွန် ၂၃ ရက်နေ့က သတင်းစာရှင်းလင်းစဉ် / Photo: Thet Su Aung/RFA
(Unicode)⤵⤵⤵
စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ လူမျိုးရေး အမုန်းတရားတွေကို အင်တာနက်ကနေ လှုံ့ဆော်မှုတွေ ရှိနေတာကြောင့် ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ အစိုးရကို တိုက်တွန်းမှာ မဟုတ်သေးဘူးလို့၊ တပ်မ တော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောလိုက်ပါတယ်။ ရခိုင် လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့၊ ဒီယူဆချက်ကို လက်မခံဘဲ ငြင်းပယ်လိုက် ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၇ မြို့နယ်နဲ့၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက် ဖြတ် တောက်ထားတာ တစ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက်၊ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုကို အဆုံးသတ်ပေးဖို့ ဒေသခံတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေက ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြတာပါ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရခိုင်မှာ အင်တာနက် ဖြတ်တောက်ထားတာကို အဆုံးသတ်ဖို့ အစိုးရကို အဆိုပြုတိုက်တွန်းမှာ မဟုတ်ဘူးလို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

"ကျနော်တို့ကတော့ အခုလောလောဆယ်ထိတော့ ဒါနဲ့ပတ်သက်ပြီး အဆိုပြုစရာအကြောင်း မရှိသေးပါဘူး၊ ဒါနဲ့ပတ်သက်ပြီးတော့ အင်တာနက်ပေါ်မှာ ရခိုင်ဒေသနဲ့ပတ်သက်ပြီး တက်လာတာ၊ ယခင်ကတည်းက သိ ပြီးသားပါ။ စစ်ရေးဆိုင်ရာလျို့ဝှက်ချက်တွေ တက်လာတယ်၊ လူမျိုးရေးနဲ့ပတ်သက်ပြီး အမုန်းတရား ဖြစ်စေတဲ့ဟာတွေတက်လာတယ်။ ပြီးရင် လူမျိုးရေးအစွန်းရောက်ကိစ္စတွေ တက်လာတာမျိုးရှိပါတယ် ဒီလူမျိုးရေးနဲ့ ပတ်သက်ပြီး အမုန်းတရားနဲ့ပတ်သက်ပြီး လှုံဆော်မှုတွေ ဒါတွေရှိလာတဲ့အခါ အဲဘက်မှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ အမုန်းတရားတွေ ပိုပြီးတော့ အစွန်းရောက်မှုတွေ ပိုပြီများလာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့က ပိတ်ပင်ရခြင်းဖြစ်ပါတယ်။"


သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း “ရခိုင်မှာ လုံခြုံရေး အခြေအနေတွေကြောင့် အင်တာနက် ဖြတ်တောက်ပေးဖို့၊ တပ်မတော်က တောင်းဆိုခဲ့တဲ့အတွက် အစိုးရက ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ ဒီလို အင်တာနက် ဖြတ်တောက်မှုက အကျိုးရှိပါတယ်” လို့ မကြာသေးခင်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ဖူး ပါတယ်။

ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ထုမေကတော့ တပ်မတော်ရဲ့ ဒီအကြောင်းပြချက်က ယုတ္တိမတန်ဘူးလို့ ချေပပါတယ်။

"အင်တာနက် ပိတ်ထားလိုက်တဲ့အတွက်ကြောင့်မလို့ အမုန်းတရား ဘယ်လိုများလျော့သွားသလဲဆိုတာကို ဘယ်လိုမှတိုင်းတာလို့မရတဲ့အတွက်ကြောင့်မလို့ ဒါဟာယုတ္တိရှိတဲ့ ယူဆချက်မဟုတ်သလို ယုတ္တိရှိတဲ့အဖြေ လည်း မဟုတ်ပါဘူး၊ ဒါကြောင့်မလို့ ကျမတို့အနေနဲ့ ဒါကို ဘယ်လိုမြင်လဲဆိုလို့ရှိရင် အကြောင်းပြတာပဲဖြစ် ပါတယ်ရှင့်၊ ပြည်သူလူထုကနေပြီးတော့ အခုဆိုလို့ရှိရင် တစ်နှစ်ကြာခဲ့ပြီ၊ အင်တာနက်ပိတ်တာကြားထဲမှာ အမုန်းတရားတွေလျော့သွားတဲ့အတွက်ကြောင့်မလို့ ပြည်သူလူထု ထိခိုက်မှုတွေ လျော့သွားသလား။ နောက် တစ်ခုက တိုက်ပွဲတွေလျော့သွားသလား။ ဒါဟာ ခွဲခြားဆက်ဆံပြီးတော့ ပြောတဲ့စကားဖြစ်သလို ဒါဟာ ဘယ်လိုမှ ယုတ္တိမရှိသလို အခြေအမြစ်မရှိတဲ့ သုံးသပ်ချက်ပဲဖြစ်တယ်ရှင့်"

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ခြောက်ဦးသာရှိသေးပေမယ့်၊ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့်၊ အရပ်သား သေဆုံးမူက ၂၀၀ ကျော်ရှိနေပါပြီ။ အင်တာနက်ဖြတ်တောက် ပြီးနောက်ပိုင်း အရပ်သားထိခိုက်သေဆုံးရတဲ့ အရေအတွက်နဲ့ မဖြတ်တောက်ခင် ထိခိုက်သေဆုံးရမှုကို၊ နှိုင်းယှဉ် ကြည့်ရင် ကွာခြားတာကို တွေ့နိုင်တယ်လို့ ဒေါ်ထုမေက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉  ဇွန်လကစပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက်ပိုင်း၊ အစိုးရက လုံခြုံရေးအကြောင်းပြချက်နဲ့ ရခိုင်မြောက်ပိုင်းမှာရှိတဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေမှာ အင်တာနက်ပိတ်ခဲ့ပါတယ်။

မေလ ၉ ရက်နေ့မှာ မောင်တောမြို့နယ်ကို အင်တာနက် ပြန်ဖွင့်ပေးခဲ့ပေမယ့်၊ ကျန်တဲ့မြို့နယ်တွေကို အင်တာ နက် ဆက်ပိတ်ထားခဲ့တာဟာ အခုဆိုရင် တစ်နှစ်ရှိနေပြီဖြစ်ပါတယ်။

လူ့အခွင့်ရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က နစ်ကီဒိုင်းမွန်းက၊ အင်တာနက်ဖြတ်တောက်ထားတာဟာ ရခိုင်ပြည်သူတွေနဲ့ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေ၊ သတင်းမီဒီယာတွေအတွက် ဘယ်လိုကောင်းကျိုး မှ ရှာမတွေ့ဘူးလို့ ထောက်ပြ‌ဝေဖန်ပါတယ်။

"အင်တာနက်ဖြတ်တောက်ထားတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုလို့ရှိရင် စစ်တပ်က ကျနော်တို့ ဒီခြေ လွန်လက်လွန် ခုနတုန်းက သတ်ဖြတ်လိုက်တာပဲဖြစ်ဖြစ်၊ ဖမ်းဆီးချုပ်နှောင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်လို့ရှိရင် သူတို့ အရပ်သားတွေနေထိုင်တဲ့ရွာတွေ အိမ်တွေကို မီးရှို့တာပဲဖြစ်ဖြစ် လုပ်လာတဲ့အခါမျိုး ဖြစ်လာပြီဆိုလို့ ရှိရင် ကျတော်တို့ နိုင်ငံတကာ သတင်းမီဒီယာတွေကော နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကော လွယ်လွယ်ကူကူ သတင်းမရတော့ဘူးပေါ့နော်၊ အောက်ခြေမှာ ဘာတွေဖြစ်နေလဲဆိုတာ လက်လှမ်းမမှီသလို ဖြစ်နေတယ်ပေါ့၊ ဒီအင်တာနက် ဖြတ်တောက်ထားတဲ့အတွက်ကြောင့် အင်တာနက်ဖြတ်တောက်လို့ ဆိုးကျိုး တွေပဲရှိတယ် ကောင်းကျိုးမရှိဘူးပေါ့နော်၊ ဒေသခံ ရခိုင်တိုင်းရင်းသားတွေအတွက်လည်း ကောင်းကျိုး မရှိဘူး။"

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း က‌တော့၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ အင်တာနက် ဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ “ဆက်သွယ်ရေးဥပဒေအရ အများပြည်သူအကျိုးကို မထိခိုက်ဘူးလို့ သုံးသပ်နိုင်တဲ့အချိန်မှသာ အင်တာနက် ပြန်ဖွင့်ပေးမှာဖြစ်ပြီး၊ လောလောဆယ် သြဂုတ်လ ၁ ရက်နေ့ထိ အင်တာနက် ဖြတ်တောက်ထားမယ်” လို့ ဇွန်လ ၁၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ တိုက်ပွဲအခြေအနေပေါ် မူတည်ပြီး၊ တိုက်ပွဲတွေ လျော့နည်းသက်သာလာမှသာ အင်တာနက်ပြန်ဖွင့်ဖို့ကို စဉ်းစားမယ်လို့လည်း သူက ဆိုပါတယ်။

နိုင်ငံတကာ လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ကတော့ “ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ဖြတ်တောက်မှုကြောင့်၊ ဒေသခံ တစ်သန်းကျော်လောက် ထိခိုက်နစ်နာမှုတွေ ခံစားနေရတဲ့အတွက်၊ ပြန်ဖွင့်ပေး” ဖို့ ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

HRW ရဲ့ အာရှဥပဒေရေးရာအကြံပေး Linda Lakhdhir က ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာအစိုးရရဲ့ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုဖြစ်သလို ချက်ချင်းပြန်ဖွင့်ပေးသင့်ကြောင်းနဲ့ ဒေသခံတွေ လုံခြုံစွာနေထိုင်နိုင်ဖို့ သတင်းအချက်အလက်ရရှိဖို့ဟာ အရေးကြီးကြောင်း တိုက်တွန်း ပြောကြားထားပါတယ်။

HRW အဖွဲ့ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး၊ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့်၊ တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီနေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ သတ်ဖြတ်မှု ကိစ္စအပေါ်  စစ်တရားရုံးက ဆောင်ရွက်နေတဲ့ အခြေအနေ၊ AA နဲ့ ပတ်သတ်မှုရှိတယ်ဆိုတဲ့သူတွေ ရိုက်နှက်ခံရ တဲ့ကိစ္စအပေါ် စုံစမ်းစစ်ဆေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ၊ အဲဒီကိစ္စတွေကို စစ်ခုံရုံးက ပိုပြီးတိတိကျကျ စစ်ဆေးနေဆဲဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသွားပါတယ်။

သီဟထွန်း၊ သက်စုအောင် / RFA Burmese
-----------------------------------------------------------
(Zawgyi)⤵⤵⤵
ရခိုင္မွာ အင္တာနက္ျပန္ဖြင့္ေပးဖို႔ မရွိေသးဟု တပ္မေတာ္ေျပာၾကား

စစ္ေရးဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားမႈနဲ႔ လူမ်ိဳးေရး အမုန္းတရားေတြကို အင္တာနက္ကေန လႈံ႕ေဆာ္မႈေတြ ရွိေနတာေၾကာင့္ ရခိုင္ျပည္နယ္မွာ အင္တာနက္ျပန္ဖြင့္ေပးဖို႔ အစိုးရကို တိုက္တြန္းမွာ မဟုတ္ေသးဘူးလို႔၊ တပ္မ ေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာလိုက္ပါတယ္။ ရခိုင္ လႊတ္ေတာ္အမတ္ေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကေတာ့၊ ဒီယူဆခ်က္ကို လက္မခံဘဲ ျငင္းပယ္လိုက္ ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္နဲ႔၊ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ အင္တာနက္ ျဖတ္ ေတာက္ထားတာ တစ္ႏွစ္ျပည့္ၿပီျဖစ္တဲ့အတြက္၊ ကမာၻေပၚမွာ အရွည္ၾကာဆုံး အင္တာနက္ ျဖတ္ေတာက္မႈကို အဆုံးသတ္ေပးဖို႔ ေဒသခံေတြ၊ ႏိုင္ငံေရးသမားေတြ၊ တက္ႂကြလႈပ္ရွားသူေတြက က်ယ္က်ယ္ေလာင္ေလာင္ ေတာင္းဆိုေနၾကတာပါ။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ရခိုင္မွာ အင္တာနက္ ျဖတ္ေတာက္ထားတာကို အဆုံးသတ္ဖို႔ အစိုးရကို အဆိုျပဳတိုက္တြန္းမွာ မဟုတ္ဘူးလို႔ ဒီေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

"က်ေနာ္တို႔ကေတာ့ အခုေလာေလာဆယ္ထိေတာ့ ဒါနဲ႔ပတ္သက္ၿပီး အဆိုျပဳစရာအေၾကာင္း မရွိေသးပါဘူး၊ ဒါနဲ႔ပတ္သက္ၿပီးေတာ့ အင္တာနက္ေပၚမွာ ရခိုင္ေဒသနဲ႔ပတ္သက္ၿပီး တက္လာတာ၊ ယခင္ကတည္းက သိ ၿပီးသားပါ။ စစ္ေရးဆိုင္ရာလ်ိဳ႕ဝွက္ခ်က္ေတြ တက္လာတယ္၊ လူမ်ိဳးေရးနဲ႔ပတ္သက္ၿပီး အမုန္းတရား ျဖစ္ေစတဲ့ဟာေတြတက္လာတယ္။ ၿပီးရင္ လူမ်ိဳးေရးအစြန္းေရာက္ကိစၥေတြ တက္လာတာမ်ိဳးရွိပါတယ္ ဒီလူမ်ိဳးေရးနဲ႔ ပတ္သက္ၿပီး အမုန္းတရားနဲ႔ပတ္သက္ၿပီး လႈံေဆာ္မႈေတြ ဒါေတြရွိလာတဲ့အခါ အဲဘက္မွာ ျဖစ္ေနတဲ့ စစ္ေရးပဋိပကၡနဲ႔ပတ္သက္ၿပီးေတာ့ ပိုၿပီးေတာ့ အမုန္းတရားေတြ ပိုၿပီးေတာ့ အစြန္းေရာက္မႈေတြ ပိုၿပီမ်ားလာတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔အေနနဲ႔က ပိတ္ပင္ရျခင္းျဖစ္ပါတယ္။"

သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကလည္း “ရခိုင္မွာ လုံၿခဳံေရး အေျခအေနေတြေၾကာင့္ အင္တာနက္ ျဖတ္ေတာက္ေပးဖို႔၊ တပ္မေတာ္က ေတာင္းဆိုခဲ့တဲ့အတြက္ အစိုးရက ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး၊ ဒီလို အင္တာနက္ ျဖတ္ေတာက္မႈက အက်ိဳးရွိပါတယ္” လို႔ မၾကာေသးခင္ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာခဲ့ဖူး ပါတယ္။

ရခိုင္ျပည္နယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္သူ ေဒၚထုေမကေတာ့ တပ္မေတာ္ရဲ႕ ဒီအေၾကာင္းျပခ်က္က ယုတၱိမတန္ဘူးလို႔ ေခ်ပပါတယ္။

"အင္တာနက္ ပိတ္ထားလိုက္တဲ့အတြက္ေၾကာင့္မလို႔ အမုန္းတရား ဘယ္လိုမ်ားေလ်ာ့သြားသလဲဆိုတာကို ဘယ္လိုမွတိုင္းတာလို႔မရတဲ့အတြက္ေၾကာင့္မလို႔ ဒါဟာယုတၱိရွိတဲ့ ယူဆခ်က္မဟုတ္သလို ယုတၱိရွိတဲ့အေျဖ လည္း မဟုတ္ပါဘူး၊ ဒါေၾကာင့္မလို႔ က်မတို႔အေနနဲ႔ ဒါကို ဘယ္လိုျမင္လဲဆိုလို႔ရွိရင္ အေၾကာင္းျပတာပဲျဖစ္ ပါတယ္ရွင့္၊ ျပည္သူလူထုကေနၿပီးေတာ့ အခုဆိုလို႔ရွိရင္ တစ္ႏွစ္ၾကာခဲ့ၿပီ၊ အင္တာနက္ပိတ္တာၾကားထဲမွာ အမုန္းတရားေတြေလ်ာ့သြားတဲ့အတြက္ေၾကာင့္မလို႔ ျပည္သူလူထု ထိခိုက္မႈေတြ ေလ်ာ့သြားသလား။ ေနာက္ တစ္ခုက တိုက္ပြဲေတြေလ်ာ့သြားသလား။ ဒါဟာ ခြဲျခားဆက္ဆံၿပီးေတာ့ ေျပာတဲ့စကားျဖစ္သလို ဒါဟာ ဘယ္လိုမွ ယုတၱိမရွိသလို အေျခအျမစ္မရွိတဲ့ သုံးသပ္ခ်က္ပဲျဖစ္တယ္ရွင့္"

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံမွာ ေသဆုံးသူ ေျခာက္ဦးသာရွိေသးေပမယ့္၊ ရခိုင္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က တိုက္ပြဲေတြေၾကာင့္၊ အရပ္သား ေသဆုံးမူက ၂၀၀ ေက်ာ္ရွိေနပါၿပီ။ အင္တာနက္ျဖတ္ေတာက္ ၿပီးေနာက္ပိုင္း အရပ္သားထိခိုက္ေသဆုံးရတဲ့ အေရအတြက္နဲ႔ မျဖတ္ေတာက္ခင္ ထိခိုက္ေသဆုံးရမႈကို၊ ႏႈိင္းယွဥ္ ၾကည့္ရင္ ကြာျခားတာကို ေတြ႕ႏိုင္တယ္လို႔ ေဒၚထုေမက ေထာက္ျပပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉  ဇြန္လကစၿပီး၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ျပင္းထန္ခဲ့တဲ့ေနာက္ပိုင္း၊ အစိုးရက လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ ရခိုင္ေျမာက္ပိုင္းမွာရွိတဲ့ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံၿမိဳ႕နယ္ေတြမွာ အင္တာနက္ပိတ္ခဲ့ပါတယ္။

ေမလ ၉ ရက္ေန႔မွာ ေမာင္ေတာၿမိဳ႕နယ္ကို အင္တာနက္ ျပန္ဖြင့္ေပးခဲ့ေပမယ့္၊ က်န္တဲ့ၿမိဳ႕နယ္ေတြကို အင္တာ နက္ ဆက္ပိတ္ထားခဲ့တာဟာ အခုဆိုရင္ တစ္ႏွစ္ရွိေနၿပီျဖစ္ပါတယ္။

လူ႔အခြင့္ေရးလႈပ္ရွားသူ Fortify Rights အဖြဲ႕က နစ္ကီဒိုင္းမြန္းက၊ အင္တာနက္ျဖတ္ေတာက္ထားတာဟာ ရခိုင္ျပည္သူေတြနဲ႔ ႏိုင္ငံတကာက ေစာင့္ၾကည့္ေလ့လာသူေတြ၊ သတင္းမီဒီယာေတြအတြက္ ဘယ္လိုေကာင္းက်ိဳး မွ ရွာမေတြ႕ဘူးလို႔ ေထာက္ျပ‌ေဝဖန္ပါတယ္။

"အင္တာနက္ျဖတ္ေတာက္ထားတဲ့ အဓိကရည္႐ြယ္ခ်က္က ဘာလဲဆိုလို႔ရွိရင္ စစ္တပ္က က်ေနာ္တို႔ ဒီေျခ လြန္လက္လြန္ ခုနတုန္းက သတ္ျဖတ္လိုက္တာပဲျဖစ္ျဖစ္၊ ဖမ္းဆီးခ်ဳပ္ေႏွာင္တာပဲျဖစ္ျဖစ္ ဒါမွမဟုတ္လို႔ရွိရင္ သူတို႔ အရပ္သားေတြေနထိုင္တဲ့႐ြာေတြ အိမ္ေတြကို မီးရႈိ႕တာပဲျဖစ္ျဖစ္ လုပ္လာတဲ့အခါမ်ိဳး ျဖစ္လာၿပီဆိုလို႔ ရွိရင္ က်ေတာ္တို႔ ႏိုင္ငံတကာ သတင္းမီဒီယာေတြေကာ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕ေတြေကာ လြယ္လြယ္ကူကူ သတင္းမရေတာ့ဘူးေပါ့ေနာ္၊ ေအာက္ေျခမွာ ဘာေတြျဖစ္ေနလဲဆိုတာ လက္လွမ္းမမွီသလို ျဖစ္ေနတယ္ေပါ့၊ ဒီအင္တာနက္ ျဖတ္ေတာက္ထားတဲ့အတြက္ေၾကာင့္ အင္တာနက္ျဖတ္ေတာက္လို႔ ဆိုးက်ိဳး ေတြပဲရွိတယ္ ေကာင္းက်ိဳးမရွိဘူးေပါ့ေနာ္၊ ေဒသခံ ရခိုင္တိုင္းရင္းသားေတြအတြက္လည္း ေကာင္းက်ိဳး မရွိဘူး။"

ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးစိုးသိန္း က‌ေတာ့၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္း မွာ အင္တာနက္ ျဖတ္ေတာက္ထားတာနဲ႔ ပတ္သက္လို႔ “ဆက္သြယ္ေရးဥပေဒအရ အမ်ားျပည္သူအက်ိဳးကို မထိခိုက္ဘူးလို႔ သုံးသပ္ႏိုင္တဲ့အခ်ိန္မွသာ အင္တာနက္ ျပန္ဖြင့္ေပးမွာျဖစ္ၿပီး၊ ေလာေလာဆယ္ ၾသဂုတ္လ ၁ ရက္ေန႔ထိ အင္တာနက္ ျဖတ္ေတာက္ထားမယ္” လို႔ ဇြန္လ ၁၀ ရက္ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းရဲ႕ တိုက္ပြဲအေျခအေနေပၚ မူတည္ၿပီး၊ တိုက္ပြဲေတြ ေလ်ာ့နည္းသက္သာလာမွသာ အင္တာနက္ျပန္ဖြင့္ဖို႔ကို စဥ္းစားမယ္လို႔လည္း သူက ဆိုပါတယ္။

ႏိုင္ငံတကာ လူအခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ HRW ကေတာ့ “ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အင္တာနက္ ျဖတ္ေတာက္မႈေၾကာင့္၊ ေဒသခံ တစ္သန္းေက်ာ္ေလာက္ ထိခိုက္နစ္နာမႈေတြ ခံစားေနရတဲ့အတြက္၊ ျပန္ဖြင့္ေပး” ဖို႔ ဇြန္လ ၂၁ ရက္ေန႔က ထုတ္ျပန္ေတာင္းဆိုခဲ့ပါတယ္။

HRW ရဲ႕ အာရွဥပေဒေရးရာအႀကံေပး Linda Lakhdhir က ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ျမန္မာအစိုးရရဲ႕ ကမာၻ႔အရွည္ၾကာဆုံး အင္တာနက္ ျဖတ္ေတာက္မႈျဖစ္သလို ခ်က္ခ်င္းျပန္ဖြင့္ေပးသင့္ေၾကာင္းနဲ႔ ေဒသခံေတြ လုံၿခဳံစြာေနထိုင္ႏိုင္ဖို႔ သတင္းအခ်က္အလက္ရရွိဖို႔ဟာ အေရးႀကီးေၾကာင္း တိုက္တြန္း ေျပာၾကားထားပါတယ္။

HRW အဖြဲ႕ရဲ႕ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး၊ ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကို RFA က ဆက္သြယ္ ေမးျမန္းခဲ့ေပမယ့္၊ တစ္စုံတစ္ရာ ျပန္လည္ေျပာဆိုျခင္း မရွိေသးပါဘူး။

ဒီေန႔ တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာ၊ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ဂူတာျပင္ေက်း႐ြာ သတ္ျဖတ္မႈ ကိစၥအေပၚ  စစ္တရား႐ုံးက ေဆာင္႐ြက္ေနတဲ့ အေျခအေန၊ AA နဲ႔ ပတ္သတ္မႈရွိတယ္ဆိုတဲ့သူေတြ ႐ိုက္ႏွက္ခံရ တဲ့ကိစၥအေပၚ စုံစမ္းစစ္ေဆးေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး RFA က ေမးျမန္းရာမွာ၊ အဲဒီကိစၥေတြကို စစ္ခုံ႐ုံးက ပိုၿပီးတိတိက်က် စစ္ေဆးေနဆဲျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ျပန္လည္ေျဖၾကားသြားပါတယ္။

သီဟထြန္း၊ သက္စုေအာင္ / RFA Burmese
https://www.rfa.org/burmese/news/zawmintun-says-army-still-block-internet-in-rakhine-state-06232020071026.html
ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ မရှိသေးဟု တပ်မတော်ပြောကြား ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ မရှိသေးဟု တပ်မတော်ပြောကြား Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.