အာရှနိုင်ငံတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်လက်ဖြစ်ပွား

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဘတ်စ်ကားစီး သွားလာနေကြသူများ။ (ဇွန် ၁၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရတဲ့ အာရှနိုင်ငံတွေထဲက ဖိလစ်ပိုင်နိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့ အတည်ပြုလူနာသစ် ၅၅၅ ယောက်နဲ့ စုစုပေါင်း ၂၁,၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ သေဆုံးသူ ၉ ယောက်ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၁,၀၀၀ ကျော်ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ဒီကနေ့ အတည်ပြုလူနာသစ် ၈ ယောက် တွေ့ရတဲ့အတွက် ကုးစက်သူ စုစုပေါင်း ၃,၁၀၀ ကျော်နဲ့ သေဆုံးသူ ၅၈ ယောက် ရှိပါတယ်။ ကူးစက်မှုအသစ်တွေက UAE၊ ကူဝိတ်နဲ့ အိန္ဒိယနိုင်ငံတွေက ပြန်လာတဲ့ စောင့်ကြည့်ထားတဲ့ လူတွေထဲ တွေ့တာပါ။

အခုလတ်တလော ကူးစက်မှု အတော်များများက ပြည်ပကပြန်လာတဲ့ သူတွေထဲက ဖြစ်တယ်လို့ ထိုင်း COVID-19 ထိန်းချုပ်ရေးစင်တာ လက်ထောက်ပြောခွင့်ရ Panprapa Yongtrakul က ပြောပါတယ်။ ပြည်တွင်းကူးစက်မှု မရှိတာ ၁၃ ရက်ဆက်တိုက် ရှိပြီလို့လည်း သူက ပြောပါတယ်။

မလေးရှားမှာ ကပ်ရောဂါကာလ ပိတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို လာမယ့် ဗုဒ္ဓဟူးနေ့ကစပြီး ပြန်ဖွင့်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ၃ လနီးပါး အသွားအလာတွေ ကန့်သတ်ထားပြီးတဲ့နောက် နိုင်ငံတွင်း ခရီးသွားလာခွင့်ကို ပြန်ခွင့်ပြုမှာဖြစ်ပေမယ့် နယ်စပ်တွေကိုတော့ ဆက်ပြီး ပိတ်ထားမှာ ဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်းနဲ့ သြဂုတ်လ ၃၁ ရက်နေ့ နောက်ပိုင်း လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့ စတင်လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က ဒီကနေ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

မလေးရှားမှာ ပြီးခဲ့တဲ့လကတည်းက ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ငန်းတွေကို တဖြည်းဖြည်း ပြန်စနေတာပါ။ လက်ရှိ ရောဂါကူးစက်ခံထားရသူ ၈,၃၀၀ ကျော်နဲ့ သေဆုံးသူ ၁၁၇ ယောက် ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
အာရွႏိုင္ငံတခ်ိဳ႕ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ဆက္လက္ျဖစ္ပြား

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈေတြနဲ႔ ဆက္လက္ရင္ဆိုင္ေနရတဲ့ အာရွႏိုင္ငံေတြထဲက ဖိလစ္ပိုင္ႏိုင္ငံမွာ ဒီကေန႔ တနဂၤေႏြေန႔ အတည္ျပဳလူနာသစ္ ၅၅၅ ေယာက္နဲ႔ စုစုေပါင္း ၂၁,၀၀၀ ေက်ာ္ရွိတယ္လို႔ က်န္းမာေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ဒီကေန႔ ေသဆုံးသူ ၉ ေယာက္ရွိတဲ့အတြက္ စုစုေပါင္း ေသဆုံးသူ ၁,၀၀၀ ေက်ာ္ၿပီ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာေတာ့ ဒီကေန႔ အတည္ျပဳလူနာသစ္ ၈ ေယာက္ ေတြ႕ရတဲ့အတြက္ ကုးစက္သူ စုစုေပါင္း ၃,၁၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၅၈ ေယာက္ ရွိပါတယ္။ ကူးစက္မႈအသစ္ေတြက UAE၊ ကူဝိတ္နဲ႔ အိႏၵိယႏိုင္ငံေတြက ျပန္လာတဲ့ ေစာင့္ၾကည့္ထားတဲ့ လူေတြထဲ ေတြ႕တာပါ။

အခုလတ္တေလာ ကူးစက္မႈ အေတာ္မ်ားမ်ားက ျပည္ပကျပန္လာတဲ့ သူေတြထဲက ျဖစ္တယ္လို႔ ထိုင္း COVID-19 ထိန္းခ်ဳပ္ေရးစင္တာ လက္ေထာက္ေျပာခြင့္ရ Panprapa Yongtrakul က ေျပာပါတယ္။ ျပည္တြင္းကူးစက္မႈ မရွိတာ ၁၃ ရက္ဆက္တိုက္ ရွိၿပီလို႔လည္း သူက ေျပာပါတယ္။

မေလးရွားမွာ ကပ္ေရာဂါကာလ ပိတ္ထားတဲ့ စီးပြားေရးလုပ္ငန္းေတြကို လာမယ့္ ဗုဒၶဟူးေန႔ကစၿပီး ျပန္ဖြင့္ခြင့္ျပဳမွာ ျဖစ္ပါတယ္။ ၃ လနီးပါး အသြားအလာေတြ ကန႔္သတ္ထားၿပီးတဲ့ေနာက္ ႏိုင္ငံတြင္း ခရီးသြားလာခြင့္ကို ျပန္ခြင့္ျပဳမွာျဖစ္ေပမယ့္ နယ္စပ္ေတြကိုေတာ့ ဆက္ၿပီး ပိတ္ထားမွာ ျဖစ္ပါတယ္။

COVID-19 ကပ္ေရာဂါကို ထိန္းခ်ဳပ္ထားႏိုင္ၿပီ ျဖစ္ေၾကာင္းနဲ႔ ၾသဂုတ္လ ၃၁ ရက္ေန႔ ေနာက္ပိုင္း လုပ္ငန္းေတြ ပုံမွန္လည္ပတ္ဖို႔ စတင္လုပ္ေဆာင္ေတာ့မွာ ျဖစ္ေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က ဒီကေန႔ ႐ုပ္သံမိန႔္ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။

မေလးရွားမွာ ၿပီးခဲ့တဲ့လကတည္းက က်န္းမာေရး လမ္းၫႊန္ခ်က္ေတြနဲ႔အညီ လုပ္ငန္းေတြကို တျဖည္းျဖည္း ျပန္စေနတာပါ။ လက္ရွိ ေရာဂါကူးစက္ခံထားရသူ ၈,၃၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၁၇ ေယာက္ ရွိပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid19-asia/5452720.html
အာရှနိုင်ငံတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်လက်ဖြစ်ပွား အာရှနိုင်ငံတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်လက်ဖြစ်ပွား Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.