မြင်းခြံမှာမိုးကြိုးထိမှန်လို့လူ၃ ဦးသေဆုံး၊ တိုင်းနဲ့ပြည်နယ်၁၀ခုမှာ ၂လကျော်အတွင်း မိုးကြိုးဘေးကြောင့်လူ ၃၀ကျော်သေဆုံး

မိုးကြိုးဘေးကြောင့် သေဆုံးသူတွေနှစ်စဉ် ပိုတိုးလာနေ
(Unicode)⤵⤵⤵
မြင်းခြံမြို့နယ်မှာ ဇွန် ၆ ရက်နေ့ ညနေ ၅နာရီခန့်က လူ ၆ဦး မိုးကြိုးပစ်ခံရပြီး သားအမိ ၂ ဦးအပါအဝင် ၃ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ မြင်းခြံမြို့ နာရေး ကူညီမှုအသင်းအတွင်းရေးမှူးကိုကျော်ဇင်ထွန်းက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့ကလည်း မြိတ်လေတပ်စခန်းဧရိယာတွင်းဘောလုံးပွဲကျင်းပတာကို ကြည့်ရှုနေသူ အချို့ မိုးကြိုးထိမှန်ခဲ့တဲ့အတွက် ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူအချို့လည်းရှိခဲ့ပါတယ်။

' ' မနေ့ကညနေပိုင်းမှာ မိုးတွေအုံ့လာပြီး ရွာတောင်မရွာသေးဘူး။ အဲ့အချိန်မှာ ပစ်ချလိုက်တာ။ ပစ်ခံရတဲ့သူတွေက နှမ်းရိတ်နေတာလို့ပြောတယ်။ ၆ ဦးမှာ ၃ဦးဆုံးသွားတယ်။ သားအမိ၂ ယောက်ရယ် တစ်ယောက်က တူတော်သူတစ်ယောက်ရယ်ပါ။ တစ်ယောက်ကတော့ ကျွန်တော်တို့ဆေးရုံသွားပို့တော့သတိလစ်နေတယ်။ ကျန်တဲ့ ၂ယောက်က ဘာမှမဖြစ်ဘူး။''လို့ ကိုကျော်ဇင်ထွန်းက မိုးကြိုးထိမှန်ခံရသူ တွေကိုသွားရောက်ကူညီခဲ့တဲ့အခြေအနေကိုပြန်ပြောပြပါတယ်။

သတိလစ်သွားသူဟာ ဇွန် ၇ ရက်နေ့မှာ ပြန်လည်သတိရလာပြီဖြစ်ပေမယ့် အောက်ပိုင်းလှုပ်မရသေးဘဲ အကြောထိသွားပုံရတယ်လို့လည်း ကိုကျော်ဇင်ထွန်းကဆက်ပြောပြပါတယ်။

' ' မိုးကြိုးပစ်ချလိုက်တဲ့အချိန်မှာ ကျွန်တော်တို့မြင်းခြံကလူတွေက လျှပ်ပြက်သွားတာကို မြင်လိုက်တယ်။ ဘာမှမဖြစ်တဲ့ ၂ယောက်ကို မေးကြည့်တော့ သူတို့လျှပ်ပြက်တာကို မမြင်လိုက် ဘူးလို့ပြောတယ်။ အဲဒီနေရာမှာလည်း မီးလောင်ထားတာတို့ဘာတို့ဘာမှထူးထူးခြားခြားတော့မတွေ့ရဘူး''လို့ မိုးကြိုးဒဏ် ကနေ အသက်ဘေးလွတ်လာသူအချို့ရဲ့ပြောပြချက်ကို ကိုကျော်ဇင်ထွန်းက ပြန်လည်ပြောပြပါတယ်။

ဇွန်လမတိုင်မီ မိုးကြိုကာလဖြစ်တဲ့ ဧပြီလနဲ့ မေလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်(၁၀)ခုမှာ မိုးကြိုးဘေးကြောင့် လူ ၂၅ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရပါတယ်။

အခုချိန်ဟာ မုတ်သုံကာလကိုရောက်ရှိလာပြီဖြစ်တဲ့အတွက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ အတူ မိုးကြိုးပစ်ခြင်းဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ အချက်တွေကိုလည်း သတိပေးနှိုးဆော်ထားပါတယ်။
သားအမိ ၂ ဦးအပါအဝင် ၃ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
မိုးကြိုးဘေးကြောင့် သေဆုံးမှုမရှိစေဖို့ သတိပြုသင့်တဲ့အချက်တွေကို သတိပေးထုတ်ပြန်ထား

မိုးကြိုးဘေးကြောင့် လူသေဆုံးထိခိုက်ဒဏ်ရာရမှု ပိုမိုများပြားလာတဲ့အတွက် လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများ၊ လျှပ်စီးလက်ခြင်းနဲ့ မိုးခြိမ်းခြင်းများဖြစ်ပေါ်နေချိန်မှာ

(၁) ဖုန်းများကိုအသုံးမပြုသင့်ကြောင်း

(၂) တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စတဲ့ လျှပ်စစ်နဲ့ ဆိုင်တဲ့ ပစ္စည်းတွေကို ခလုတ်ပိတ်၊ ပလပ်ဖြုတ်ထားသင့်ကြောင်း

(၃) သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင် မနေသင့်ကြောင်း နဲ့

(၄) အိမ်အပြင်ဘက်တွင်လူစုလူဝေးနဲ့ ဖြစ်နေပါက သီးခြားစီဖြန့်ခွဲနေထိုင်သင့်ကြောင်း စတဲ့အချက်တွေကို သတိပြုလိုက်နာကြဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အသိပေးထုတ်ပြန်ထားပါတယ်။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ျမင္းၿခံမွာမိုးႀကိဳးထိမွန္လို႔လူ၃ ဦးေသဆုံး၊ တိုင္းနဲ႔ျပည္နယ္၁၀ခုမွာ ၂လေက်ာ္အတြင္း မိုးႀကိဳးေဘးေၾကာင့္လူ ၃၀ေက်ာ္ေသဆုံး

ျမင္းၿခံၿမိဳ႕နယ္မွာ ဇြန္ ၆ ရက္ေန႔ ညေန ၅နာရီခန႔္က လူ ၆ဦး မိုးႀကိဳးပစ္ခံရၿပီး သားအမိ ၂ ဦးအပါအဝင္ ၃ဦးေသဆုံးၿပီး တစ္ဦးဒဏ္ရာရသြားခဲ့တယ္လို႔ ျမင္းၿခံၿမိဳ႕ နာေရး ကူညီမႈအသင္းအတြင္းေရးမႉးကိုေက်ာ္ဇင္ထြန္းက ဘီဘီစီကိုေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇြန္ ၃ ရက္ေန႔ကလည္း ၿမိတ္ေလတပ္စခန္းဧရိယာတြင္းေဘာလုံးပြဲက်င္းပတာကို ၾကည့္ရႈေနသူ အခ်ိဳ႕ မိုးႀကိဳးထိမွန္ခဲ့တဲ့အတြက္ ၅ ဦး ေသဆုံးၿပီး ဒဏ္ရာရသူအခ်ိဳ႕လည္းရွိခဲ့ပါတယ္။

' ' မေန႔ကညေနပိုင္းမွာ မိုးေတြအုံ႔လာၿပီး ႐ြာေတာင္မ႐ြာေသးဘူး။ အဲ့အခ်ိန္မွာ ပစ္ခ်လိုက္တာ။ ပစ္ခံရတဲ့သူေတြက ႏွမ္းရိတ္ေနတာလို႔ေျပာတယ္။ ၆ ဦးမွာ ၃ဦးဆုံးသြားတယ္။ သားအမိ၂ ေယာက္ရယ္ တစ္ေယာက္က တူေတာ္သူတစ္ေယာက္ရယ္ပါ။ တစ္ေယာက္ကေတာ့ ကြၽန္ေတာ္တို႔ေဆး႐ုံသြားပို႔ေတာ့သတိလစ္ေနတယ္။ က်န္တဲ့ ၂ေယာက္က ဘာမွမျဖစ္ဘူး။''လို႔ ကိုေက်ာ္ဇင္ထြန္းက မိုးႀကိဳးထိမွန္ခံရသူ ေတြကိုသြားေရာက္ကူညီခဲ့တဲ့အေျခအေနကိုျပန္ေျပာျပပါတယ္။

သတိလစ္သြားသူဟာ ဇြန္ ၇ ရက္ေန႔မွာ ျပန္လည္သတိရလာၿပီျဖစ္ေပမယ့္ ေအာက္ပိုင္းလႈပ္မရေသးဘဲ အေၾကာထိသြားပုံရတယ္လို႔လည္း ကိုေက်ာ္ဇင္ထြန္းကဆက္ေျပာျပပါတယ္။

' ' မိုးႀကိဳးပစ္ခ်လိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ျမင္းၿခံကလူေတြက လွ်ပ္ျပက္သြားတာကို ျမင္လိုက္တယ္။ ဘာမွမျဖစ္တဲ့ ၂ေယာက္ကို ေမးၾကည့္ေတာ့ သူတို႔လွ်ပ္ျပက္တာကို မျမင္လိုက္ ဘူးလို႔ေျပာတယ္။ အဲဒီေနရာမွာလည္း မီးေလာင္ထားတာတို႔ဘာတို႔ဘာမွထူးထူးျခားျခားေတာ့မေတြ႕ရဘူး''လို႔ မိုးႀကိဳးဒဏ္ ကေန အသက္ေဘးလြတ္လာသူအခ်ိဳ႕ရဲ႕ေျပာျပခ်က္ကို ကိုေက်ာ္ဇင္ထြန္းက ျပန္လည္ေျပာျပပါတယ္။

ဇြန္လမတိုင္မီ မိုးႀကိဳကာလျဖစ္တဲ့ ဧၿပီလနဲ႔ ေမလအတြင္း တိုင္းေဒသႀကီးနဲ႔ ျပည္နယ္(၁၀)ခုမွာ မိုးႀကိဳးေဘးေၾကာင့္ လူ ၂၅ ဦး ေသဆုံးၿပီး ၉ ဦးဒဏ္ရာရခဲ့တယ္လို႔ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ထားတဲ့အခ်က္အလက္ေတြအရသိရပါတယ္။

အခုခ်ိန္ဟာ မုတ္သုံကာလကိုေရာက္ရွိလာၿပီျဖစ္တဲ့အတြက္ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးသည္းထန္စြာ ႐ြာသြန္းျခင္းနဲ႔ အတူ မိုးႀကိဳးပစ္ျခင္းျဖစ္စဥ္ေတြ ျဖစ္ေပၚႏိုင္တဲ့အတြက္ သတိျပဳေနထိုင္ၾကဖို႔ အခ်က္ေတြကိုလည္း သတိေပးႏႈိးေဆာ္ထားပါတယ္။

မိုးႀကိဳးေဘးေၾကာင့္ ေသဆုံးမႈမရွိေစဖို႔ သတိျပဳသင့္တဲ့အခ်က္ေတြကို သတိေပးထုတ္ျပန္ထား

မိုးႀကိဳးေဘးေၾကာင့္ လူေသဆုံးထိခိုက္ဒဏ္ရာရမႈ ပိုမိုမ်ားျပားလာတဲ့အတြက္ ေလျပင္းတိုက္ခတ္မႈမ်ား၊ မိုး႐ြာသြန္းမႈမ်ား၊ လွ်ပ္စီးလက္ျခင္းနဲ႔ မိုးၿခိမ္းျခင္းမ်ားျဖစ္ေပၚေနခ်ိန္မွာ

(၁) ဖုန္းမ်ားကိုအသုံးမျပဳသင့္ေၾကာင္း

(၂) တီဗြီ၊ ေရဒီယို၊ လွ်ပ္စစ္ထမင္းအိုး၊ လွ်ပ္စစ္မီးပူႏွင့္ကြန္ပ်ဴတာ စတဲ့ လွ်ပ္စစ္နဲ႔ ဆိုင္တဲ့ ပစၥည္းေတြကို ခလုတ္ပိတ္၊ ပလပ္ျဖဳတ္ထားသင့္ေၾကာင္း

(၃) သစ္ပင္၊ ဓါတ္တိုင္ႏွင့္သံ/သတၳဳပစၥည္းမ်ားအနီးတြင္ မေနသင့္ေၾကာင္း နဲ႔

(၄) အိမ္အျပင္ဘက္တြင္လူစုလူေဝးနဲ႔ ျဖစ္ေနပါက သီးျခားစီျဖန႔္ခြဲေနထိုင္သင့္ေၾကာင္း စတဲ့အခ်က္ေတြကို သတိျပဳလိုက္နာၾကဖို႔ သက္ဆိုင္ရာဝန္ႀကီးဌာနေတြက အသိေပးထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52953279
မြင်းခြံမှာမိုးကြိုးထိမှန်လို့လူ၃ ဦးသေဆုံး၊ တိုင်းနဲ့ပြည်နယ်၁၀ခုမှာ ၂လကျော်အတွင်း မိုးကြိုးဘေးကြောင့်လူ ၃၀ကျော်သေဆုံး မြင်းခြံမှာမိုးကြိုးထိမှန်လို့လူ၃ ဦးသေဆုံး၊ တိုင်းနဲ့ပြည်နယ်၁၀ခုမှာ ၂လကျော်အတွင်း မိုးကြိုးဘေးကြောင့်လူ ၃၀ကျော်သေဆုံး Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.