ပုဏ္ဏားကျွန်းမှာ တပ်အရာရှိတစ်ဦး ဓားထိုးခံရပြီး မြို့ပေါ်မှာ ထိတ်လန့်နေ

ရခိုင်ပြည်နယ် မောင်တောမြို့မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ်တပ်ဖွဲ့ဝင်များ။ (အော်တိုဘာ ၂၁၊ ၂၀၁၆)
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ်မှာ နယ်မြေခံစစ်တပ်အရာရှိ တဦးလုပ်ကြံရပြီး သူနဲ့ပါလာတဲ့ တပ်သားတဦး ကတော့ ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒီဖြစ်စဉ်အပြီး ပစ်ခတ်မှုကြောင့် မြို့ပေါ်အရပ်သားတွေလည်း ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

ဒီနေ့ မနက် ပုဏ္ဏားကျွန်းမြို့ အေးစေတီအနီး ဈေးအနားမှာ အရပ်ဝတ်နဲ့ ဈေးဝယ်ထွက်လာတဲ့ နယ်မြေခံ ၅၅၀ တပ်ရင်းက တပ်မတော်အရာရှိ တဦး ဓားထိုးခံရပြီး တပ်သား တဦးဖမ်းဆီးခံရကြောင်း တပ်မတော်ပြောခွင့်ရဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“ဒီမနက်မှာ ၈ နာရီလောက်မှာပေါ့။ ပုဏ္ဏားကျွန်းမြို့က ဒေသခံတပ်က အရာရှိတဦးနဲ့စစ်သည်တဦး ကျနော်တို့ ပုဏ္ဏားကျွန်းမြို့ဈေးကို အရပ်ဝတ်နဲ့ပဲ ဈေးဝယ်ပါတယ်။ ဈေးအနီးနားလေးမှာပဲ AA အကြမ်းဖက်သောင်းကျန်းသူနဲ့ သူ့အမာခံအဖွဲ့က ဝိုင်းဝန်းပြီးတော့က ဖမ်းချုပ်ပြီးတော့က တိုက်ခိုက်ခဲ့တာရှိတယ်။ ဓားနဲ့ ထိုးခဲ့တာရှိတယ်။ ပုဏ္ဏားကျွန်းက ဓားအထိုးခံရတဲ့အရာရှိက မသေသေးဘူးတဲ့ ဆေးကုသမှုခံယူနေဆဲပဲလို့ ပြောတယ်။ သာမန်အရာရှိပဲ။ ဒုတိယဗိုလ်မှူးကြီးတို့ ဘာတို့ မဟုတ်ပါဘူး။ စစ်သည်ကတော့ အခုချိန်ထိပျောက်ဆုံးနေဆဲပဲ ဖြစ်ပါတယ်။”

ဒီမနက် ၈ နာရီမှာ မော်တော်ဆိုင်ကယ်နဲ့ ဈေးဝယ်လာတဲ့ တပ်မတော်အရာရှိကို အရပ်ဝတ်နဲ့ လူတစုက ဓားနဲ့ ထိုးခဲ့ကြောင်း မြို့ခံ ကိုခိုင်ဦးက ဆိုပါတယ်။

“နှစ်ပွင့်နဲ့ လူကိုတော့ အရပ်သားပုံစံနဲ့ လာပြီးတော့ ဓားနဲ့ ထိုးသွားတာ။ သာမန်အရပ်သားအဝတ်နဲ့ ပေါ့။”

ဓားနဲ့ အထိုးခံရတဲ့ တပ်မတော်အရာရှိဟာ သေဆုံးသွားပြီလို့ ကနဦး သတင်းပေါ်ထွက်နေပေမဲ့၊ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကတော့ သူ့ကို အရေးပေါ် ဆေးကုသမှု ပေးနေတဲ့အကြောင်း ပြောပါတယ်။ အဖမ်းဆီးခံရတဲ့ တပ်သားပြန်လည်လွတ်မြောက်ရေးအတွက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲလို့ တပ်မတော်ဘက်ကပြောပါတယ်။

တပ်မတော်အရာရှိနဲ့ စစ်သည်တွေကို လုပ်ကြံဖမ်းဆီးတဲ့ဖြစ်စဉ်ဟာ AA ရခိုင်လက်နက်ကိုင်ဘက်က လုပ်ဆောင်တာလို့ တပ်မတော်ဘက်က ပြောဆိုမှုအပေါ် AA ဘက်က တုံ့ပြန်ပြောဆိုတာမရှိသေးသလို၊ ဆက်သွယ်မေးမြန်းလို့လည်း မရသေးပါဘူး။

တပ်အရာရှိ တစ်ဦး ဓါးထိုးခံရပြီး နောက်ပိုင်း ပုဏ္ဏားကျွန်းမြို့ပေါ်မှာ တပ်မတော်ဘက်က ပစ်ခခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီလိုပစ်ခတ်မငကြောင့် အရပ်သားသေဆုံးမှု ရှိကြောင်း မြို့ခံတဦးကပြောပါတယ်။

“အရပ်သားတယောက် စစ်တပ်နားမှာ ပစ်ထားတယ်လို့ ကြားတယ်။ အဲဒါလည်း ထွက်ကြည့်လို့ မရဘူး။ ဆိုင်ကယ်သမားသေနတ်နဲ့ ပစ်သွားတယ်သူတို့။ ဘယ်သူမှ သွားကြည့်လို့ မရဘူး။ လုံးဝတယောက်မှ မသွားဘူး ... သေနတ်နဲ့ ပစ်တယ်။

ဒီလိုပစ်ခတ်နေမှုကြောင့် ပုဏ္ဏားကျွန်းမြို့က ဈေးဆိုင်များအားလုံး ပိတ်လိုက်ပြီး လမ်းမပေါ်မှာ လူသွားလူလာ ကင်းမဲ့နေပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို၊ ဒေသခံအရပ်သားတွေအကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေလည်း တိုးလာနေပါတယ်။

မနေက မြေပုံနဲ့ အမ်းမြို့နယ်ဘက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားကြောင်း တပ်မတော်ပြောခွင့်ရဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ရခိုင်ဘက်ထိတွေ့မှု အခြေအနေကတော့ မြေပုံမှာရှိတဲ့ ကြိမ်ချောင်းမှာ ထိတွေ့တိုက်ခိုက်မှု တကြိမ်ရှိခဲ့တယ်။ ကဇုူးကိုင်းဘက်မှာ ဒလက်ရွာနားလေးမှာ ထိတွေ့တိုက်ခိုက်မှု တကြိမ်ရှိခဲ့တယ်။ မနေ့ကဖြစ်တာ။”

မနေ့ကလည်း မင်းပြားမြို့နယ် ကျောက်ခုတ်နဲ့ သစ်ပုတ်တောင် ကျေးရွာကြားမှာ ပေါက်ကွဲမှုတခု ဖြစ်ပွါးအပြီး ပစ်ခတ် တိုက်ခိုက်သံတွေတွေကြောင့် ထောင်ချီတဲ့ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တနှစ်ကျော်အကြာ တိုက်ပွဲဖြစ်စဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ရွာသား ၂၀၀,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး ၂၅၀ ကျော် သေဆုံးခဲ့သလို ၅၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင် လူမှုအဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

ကိုနိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------
(Zawgyi)⤵⤵⤵
ပုဏၰားကြၽန္းမွာ တပ္အရာရွိတစ္ဦး ဓားထိုးခံရၿပီး ၿမိဳ႕ေပၚမွာ ထိတ္လန႔္ေန

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕ေပၚမွာ နယ္ေျမခံစစ္တပ္အရာရွိ တဦးလုပ္ႀကံရၿပီး သူနဲ႔ပါလာတဲ့ တပ္သားတဦး ကေတာ့ ဖမ္းဆီးေခၚေဆာင္ခံရတယ္လို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။ ဒီျဖစ္စဥ္အၿပီး ပစ္ခတ္မႈေၾကာင့္ ၿမိဳ႕ေပၚအရပ္သားေတြလည္း ထိခိုက္မႈရွိတယ္လို႔ သိရပါတယ္။ ဒီအေၾကာင္း ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါမယ္။

ဒီေန႔ မနက္ ပုဏၰားကြၽန္းၿမိဳ႕ ေအးေစတီအနီး ေစ်းအနားမွာ အရပ္ဝတ္နဲ႔ ေစ်းဝယ္ထြက္လာတဲ့ နယ္ေျမခံ ၅၅၀ တပ္ရင္းက တပ္မေတာ္အရာရွိ တဦး ဓားထိုးခံရၿပီး တပ္သား တဦးဖမ္းဆီးခံရေၾကာင္း တပ္မေတာ္ေျပာခြင့္ရဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။

“ဒီမနက္မွာ ၈ နာရီေလာက္မွာေပါ့။ ပုဏၰားကြၽန္းၿမိဳ႕က ေဒသခံတပ္က အရာရွိတဦးနဲ႔စစ္သည္တဦး က်ေနာ္တို႔ ပုဏၰားကြၽန္းၿမိဳ႕ေစ်းကို အရပ္ဝတ္နဲ႔ပဲ ေစ်းဝယ္ပါတယ္။ ေစ်းအနီးနားေလးမွာပဲ AA အၾကမ္းဖက္ေသာင္းက်န္းသူနဲ႔ သူ႔အမာခံအဖြဲ႕က ဝိုင္းဝန္းၿပီးေတာ့က ဖမ္းခ်ဳပ္ၿပီးေတာ့က တိုက္ခိုက္ခဲ့တာရွိတယ္။ ဓားနဲ႔ ထိုးခဲ့တာရွိတယ္။ ပုဏၰားကြၽန္းက ဓားအထိုးခံရတဲ့အရာရွိက မေသေသးဘူးတဲ့ ေဆးကုသမႈခံယူေနဆဲပဲလို႔ ေျပာတယ္။ သာမန္အရာရွိပဲ။ ဒုတိယဗိုလ္မႉးႀကီးတို႔ ဘာတို႔ မဟုတ္ပါဘူး။ စစ္သည္ကေတာ့ အခုခ်ိန္ထိေပ်ာက္ဆုံးေနဆဲပဲ ျဖစ္ပါတယ္။”

ဒီမနက္ ၈ နာရီမွာ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ ေစ်းဝယ္လာတဲ့ တပ္မေတာ္အရာရွိကို အရပ္ဝတ္နဲ႔ လူတစုက ဓားနဲ႔ ထိုးခဲ့ေၾကာင္း ၿမိဳ႕ခံ ကိုခိုင္ဦးက ဆိုပါတယ္။

“ႏွစ္ပြင့္နဲ႔ လူကိုေတာ့ အရပ္သားပုံစံနဲ႔ လာၿပီးေတာ့ ဓားနဲ႔ ထိုးသြားတာ။ သာမန္အရပ္သားအဝတ္နဲ႔ ေပါ့။”

ဓားနဲ႔ အထိုးခံရတဲ့ တပ္မေတာ္အရာရွိဟာ ေသဆုံးသြားၿပီလို႔ ကနဦး သတင္းေပၚထြက္ေနေပမဲ့၊ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ သူ႔ကို အေရးေပၚ ေဆးကုသမႈ ေပးေနတဲ့အေၾကာင္း ေျပာပါတယ္။ အဖမ္းဆီးခံရတဲ့ တပ္သားျပန္လည္လြတ္ေျမာက္ေရးအတြက္ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနဆဲလို႔ တပ္မေတာ္ဘက္ကေျပာပါတယ္။

တပ္မေတာ္အရာရွိနဲ႔ စစ္သည္ေတြကို လုပ္ႀကံဖမ္းဆီးတဲ့ျဖစ္စဥ္ဟာ AA ရခိုင္လက္နက္ကိုင္ဘက္က လုပ္ေဆာင္တာလို႔ တပ္မေတာ္ဘက္က ေျပာဆိုမႈအေပၚ AA ဘက္က တုံ႔ျပန္ေျပာဆိုတာမရွိေသးသလို၊ ဆက္သြယ္ေမးျမန္းလို႔လည္း မရေသးပါဘူး။

တပ္အရာရွိ တစ္ဦး ဓါးထိုးခံရၿပီး ေနာက္ပိုင္း ပုဏၰားကြၽန္းၿမိဳ႕ေပၚမွာ တပ္မေတာ္ဘက္က ပစ္ခခတ္မႈေတြ ရွိေနတယ္လို႔ ေဒသခံေတြကဆိုပါတယ္။

ဒီလိုပစ္ခတ္မငေၾကာင့္ အရပ္သားေသဆုံးမႈ ရွိေၾကာင္း ၿမိဳ႕ခံတဦးကေျပာပါတယ္။

“အရပ္သားတေယာက္ စစ္တပ္နားမွာ ပစ္ထားတယ္လို႔ ၾကားတယ္။ အဲဒါလည္း ထြက္ၾကည့္လို႔ မရဘူး။ ဆိုင္ကယ္သမားေသနတ္နဲ႔ ပစ္သြားတယ္သူတို႔။ ဘယ္သူမွ သြားၾကည့္လို႔ မရဘူး။ လုံးဝတေယာက္မွ မသြားဘူး ... ေသနတ္နဲ႔ ပစ္တယ္။

ဒီလိုပစ္ခတ္ေနမႈေၾကာင့္ ပုဏၰားကြၽန္းၿမိဳ႕က ေဈးဆိုင္မ်ားအားလုံး ပိတ္လိုက္ၿပီး လမ္းမေပၚမွာ လူသြားလူလာ ကင္းမဲ့ေနပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔အၾကား တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနသလို၊ ေဒသခံအရပ္သားေတြအၾကားမွာ စိုးရိမ္ထိတ္လန႔္မႈေတြလည္း တိုးလာေနပါတယ္။

မေနက ေျမပုံနဲ႔ အမ္းၿမိဳ႕နယ္ဘက္မွာ ႏွစ္ဘက္တိုက္ပြဲျဖစ္ပြားေၾကာင္း တပ္မေတာ္ေျပာခြင့္ရဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ရခိုင္ဘက္ထိေတြ႕မႈ အေျခအေနကေတာ့ ေျမပုံမွာရွိတဲ့ ႀကိမ္ေခ်ာင္းမွာ ထိေတြ႕တိုက္ခိုက္မႈ တႀကိမ္ရွိခဲ့တယ္။ ကဇုူးကိုင္းဘက္မွာ ဒလက္႐ြာနားေလးမွာ ထိေတြ႕တိုက္ခိုက္မႈ တႀကိမ္ရွိခဲ့တယ္။ မေန႔ကျဖစ္တာ။”

မေန႔ကလည္း မင္းျပားၿမိဳ႕နယ္ ေက်ာက္ခုတ္နဲ႔ သစ္ပုတ္ေတာင္ ေက်း႐ြာၾကားမွာ ေပါက္ကြဲမႈတခု ျဖစ္ပြါးအၿပီး ပစ္ခတ္ တိုက္ခိုက္သံေတြေတြေၾကာင့္ ေထာင္ခ်ီတဲ့ေဒသခံေတြဟာ နီးစပ္ရာ ေက်း႐ြာေတြကို ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔ တႏွစ္ေက်ာ္အၾကာ တိုက္ပြဲျဖစ္စဥ္အတြင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသက ႐ြာသား ၂၀၀,၀၀၀ နီးပါး စစ္ေဘးတိမ္းေရွာင္ေနရၿပီး ၂၅၀ ေက်ာ္ ေသဆုံးခဲ့သလို ၅၅၀ ေက်ာ္ ဒဏ္ရာရရွိခဲ့တယ္လို႔ ရခိုင္ လူမႈအဖြဲ႕အစည္းေတြက စာရင္းျပဳစုထားပါတယ္။

ကိုႏိုင္ကြန္းအိန္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/Rakhine-conflict/5458521.html
ပုဏ္ဏားကျွန်းမှာ တပ်အရာရှိတစ်ဦး ဓားထိုးခံရပြီး မြို့ပေါ်မှာ ထိတ်လန့်နေ ပုဏ္ဏားကျွန်းမှာ တပ်အရာရှိတစ်ဦး ဓားထိုးခံရပြီး မြို့ပေါ်မှာ ထိတ်လန့်နေ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.